စဉ်းစားကြစေလိုပါတယ် ( ၂၈ ) ( လူသားချင်းစာနာထောက်ထားကြရာဝယ် )

Foreign ResidentJune 13, 20125min30577

 စဉ်းစားကြစေလိုပါတယ် ( ၂၈ )

( လူသားချင်းစာနာထောက်ထားကြရာဝယ် )

 

ဒီ Post ကတော့ ၊

ကိုကြောင်ဝတုတ် ရဲ့

“လူသားချင်းစာနာထောက်ထားကြရာဝယ်”

Post မှာ အဘကို ရည်ညွန်းထားတဲ့ အတွက် ၊

ပြန်လည် ရှင်းပြတဲ့ Post ဖြစ်ပါတယ် ။

 

အဲဒီတော့

ကိုကြောင်ဝတုတ် ရဲ့

“လူသားချင်းစာနာထောက်ထားကြရာဝယ်”

Post နှင့် တွဲဖတ်မှ ၊

အဆင်ပြေမှာ ဖြစ်ပါတယ် ။

 

ကိုကြောင်ဝတုတ်ရေ ။

ကိုကြောင်ဝတုတ် က ၊

အဘ နှင့် သူကြီးကို တိုင်တည်ပြီး ရေးလာတဲ့ အတွက် ၊

အဘ လည်း ပြန်လည်ဖြေကြားပေးရတော့မှာပေါ့ကွယ် ။

 

ပထမ ဦးစွာ ကိုကြောင်ဝတုတ် ရဲ့ ၊

လူမျိုးရေး ၊ ဘာသာရေး ၊ အသားအရောင် ခွဲခြားမှု မရှိစေလိုတဲ့ ၊

ဦးတည်ချက်အတွက် ၊ ကျေးဇူးတင်ပါတယ် လို့ပဲပြောရမှာပါပဲ ။

 

ပထမအချက် အနေနှင့် ၊

အဘ ရဲ့ ရပ်တည်ချက်ကို ပြောရပါမယ် ။

လူမျိုးရေး ၊ ဘာသာရေး ၊ အသားအရောင် ၊ ကျားမ ခွဲခြားမှု မရှိပါဘူး ။

ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို ကိုးကွယ်ပါတယ် ။

တစ်ချက်တည်းပြောရမယ် ဆိုရင်တော့ ၊

အဓိက တရားမျှတမှု Fair Go ကို ကိုးကွယ်ပါတယ် ။

 

ဒုတိယ အနေနှင့် ၊

အဘ က တရားမျှတမှု ကိုသာ ကိုးကွယ်တာဖြစ်တဲ့အတွက် ၊

ရခိုင်လွန်ရင် ရခိုင်ကို ၊ ဗမာလွန်ရင် ဗမာကို ၊ ရိုဟင်ဂျာလွန်ရင် ရိုဟင်ဂျာကို ၊

တရုတ် လွန်ရင် တရုတ် ကို ၊ အပြစ်ပြောမှာ ဖြစ်တယ် ။

 

အေး ကိုယ်က တရုတ်စကား ၊ မွန်စကား တွေလည်း မတတ်ပဲ ၊

ဗမာ စကား တစ်မျိုးတည်းသာတတ်ပြီး ၊

ရန်ကုန်မှာ မွေးတဲ့ ထေရ ဝါဒ ဗုဒ္ဓ ဘာသာဝင် ဖြစ်တဲ့ အတွက် ၊

ကိုယ့်ဖာသာကိုယ် ဗမာ လို့ပဲ အဓိက ယူဆတယ် ။

အဲဒီတော့ ဗမာ ရဲ့ အပြစ်တွေကိုတွေ့ရင် ၊

ဆန်ရင်းကို နာနာ နှင့် ရဲရဲ ထောင်းတယ် ။

 

အဘ ရဲ့

စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး ) Post နှင့်

စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ ) Post တွေကို

လူမျိုးရေး လှုံ့ဆော်တဲ့ Post တွေလို့ မယူဆဘူး ၊

ယဉ်ကျေးတဲ့ ကမာ္ဘကြီးက စံသတ်မှတ်ထားတဲ့ ၊

တိုင်းရင်းသားတွေရဲ့ ရသင့်တဲ့ ရပိုင်ခွင့် နှင့်

တရားမျှတမှု ဆိုတာ ဘာလဲ ၊ ယဉ်ကျေးမှု ဆိုတာ ဘာလဲ လို့ ၊

ပွင့်ပွင့်လင်းလင်း မျက်စိ ဖွင့်ပေးတဲ့ Post တွေပဲ ။

( ထိရောက်စေခြင်လို့ ခပ်ပြင်းပြင်း ပြောခဲ့တာသာ ရှိချင်ရှိမယ် )

 

အခုထိလည်း အဘ အဲဒီ Post နှစ်ခုထဲက အယူအဆတွေကို ၊

ခိုင်ခိုင် မြဲမြဲ ကိုင်စွဲထားတယ် ။

 

နောက်တစ်ခုက ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ နှင့် ၊

ကြမ်းတမ်းစွာ ဆဲဆိုမှုတွေ မပါဝင်သရွေ့ ၊

အိုင်ဒီယာချင်း နက်နက် နဲနဲ ငြင်းခုန်မှုတွေကို ကြိုဆိုတယ် ။

အဲဒါတွေက အမှန်တရားကို ဖေါ်ထုတ်ပေးတယ် ။

 

OK တတိယ အချက် ။ ဒီ Post ရဲ့လိုရင်းကို ပြန်သွားမယ် ။

 

ဒီကိစ္စမှာ သမိုင်းကြောင်း ပြန်ကောက်ရရင် ။

 

၁ ။ ကျောက်နီမေါ် လူသတ် ၊ မုဒိန်းမှု ။

ရှင်းပါတယ် ၊ အဘ ၊ ရာဇဝတ်မှု လို့ပဲ ယူဆပါတယ် ။

ဒါပေမယ့် ဆတ်ဆတ်ထိ မခံနိုင်တဲ့ နေရာမှာ ဖြစ်ခဲ့တယ် ။

ကျူးလွန်ပုံ ရက်စက် ကြမ်းကြုတ်လွန်းတယ် ။

 

၂ ။ တောင်ဂုတ် လူသတ်မှု ။

ဘာသာရေး ၊ လူမျိုးရေး စပါလာပါပြီ ။

ဒါပေမယ့် ၊ ဘာသာရေး ၊ လူမျိုးရေး ၊

အရေးအခင်းကြီး အသွင် မဆောင်သေးပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ နေရာတစ်ခုတည်းမှာ ၊

တိုတောင်းတဲ့ အချိန် ကာလ ပဲ ဖြစ်ပျက်ခဲ့လို့ပါ ။

 

တောင်ဂုတ်သားတွေ လွန်တယ်လို့ ယူဆပါတယ် ။

မြန်မာလူမျိုး ဗုဒ္ဓဘာသာ အနေနှင့် ကိုယ်စားပြုပြီး ၊

အဘ ကိုယ်တိုင် တောင်းပန်ခဲ့တယ် ။

 

၃ ။ မောင်တော ရခိုင် ရိုဟင်ဂျာ အကြမ်းဖက်မှု ။

ဗလီက ထွက်လာတဲ့ ရိုဟင်ဂျာ အစွန်းရောက် လူစုက ၊

လူနည်းစု မြန်မာလူမျိုးတွေရဲ့ အသက် အိုးအိမ်တွေကို

လူမျိုးရေး အရေးအခင်းကြီး အသွင်ဆောင်ပြီး စတင် တိုက်ခိုက်ပါပြီ ။

ရွာ ၁၄ ရွာမှာပါ တစ်ပြိုင်နက် နီးနီး ဖြစ်တဲ့အတွက် ၊

ကြိုတင် ကြံစည်ပြီး တိုက်ခိုက်တယ်လို့ ထင်ပါတယ် ။

 

အဘ ဘေးကနေ ထိုင်ကြည့်နေတာတော့ မဟုတ်ဘူး ။

အဘ သိရှိရတဲ့ သတင်း အချက်အလက် တွေအပေါ် မူတည်ပြီး သုံးသပ်ရတာပဲ ။

အခုထိတော့ အဲဒီ အချက်အလက် တွေ မှန်တယ်လို့ ယူဆတယ် ။

 

မောင်တောမြို့ အပါအဝင် ရွာ ၂ဝ ခန့် တိုက်ခိုက်ခံရတဲ့အတွက် ၊

လူမျိုးရေး အဓိကရုဏ်း ဖြစ်သွားပါပြီ ။

နိုင်ငံအနှံ့က မွတ်ဆလင် ဘာသာဝင်တွေ မပါဝင်တဲ့အတွက် ၊

ဘာသာရေး အဓိကရုဏ်း လို့ မယူဆပါဘူး ။

 

ဒါပေမယ့် လူမျိုးရေး အဓိကရုဏ်း စ ဖြစ်သွားပါပြီ ။

အဲဒီလို လူမျိုးရေး အဓိကရုဏ်းကြီးအဆင့်ကိုဖြစ်စေတာရဲ့ ၊

အဓိက တရားခံဟာ ရိုဟင်ဂျာ အစွန်းရောက်တွေလို့ ယူဆပါတယ် ။

စစ်တပ် နှင့် ရဲ က ပိုင်ပိုင် နိုင်နိုင် မဝင်ခင်အထိ ၊

ရခိုင် လူနည်းစု တွေဟာ အသတ်ဖြတ်ခံ ၊

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ၊ မတရားပြုကျင့်ခံရသူတွေ ဖြစ်ပါတယ် ။

 

အဲဒီအချိန်မှာပဲ ၊ သမီးလေး E Tone က ၊

အဘ ကို တိုင်တည်ပြီး Comment ပေးလာပါတယ် ။

အဲဒီတော့ ၊ အဲဒီအခြေအနေမှာ အဘ ရဲ့ သဘောထားကို ၊

ပြတ်ပြတ်သားသား ပြောကြားရဖို့ဖြစ်လာပါတယ် ။

 

အဲဒီ အချိန်တည့်တည့်မှာဖြစ်နေတဲ့ အခြေအနေကို ကြည့်ပါ ။

လူနည်းစု ရခိုင် လူမျိုးတွေဟာ အသတ်ဖြတ်ခံ ၊

အိမ် နှင့် ပစ္စည်းတွေ ဖျက်ဆီး မီးရှို့ ခံရပြီး ၊

တောတွေ တောင်တွေ ကြားထဲ ပြေးလွှား ပုန်းရှောင်နေရပါပြီ ။

 

အဘ ခံယူထားတဲ့ တရားမျှတမှု အမြင်အရပြောရရင် ၊

သမီးလေး E Tone က အဘ ကို တိုင်တည် လိုက်တဲ့ ၊

အဲဒီ အချိန်တည့်တည့်မှာ ဖြစ်နေတဲ့ အခြေအနေကို ကြည့်ရင် ၊

လူနည်းစု ရခိုင် လူမျိုးတွေဟာ မတရား ပြုကျင့်ခြင်းကို ခံနေရတယ် ။

ရိုဟင်ဂျာ အစွန်းရောက် လူစုဟာ မတရားပြုကျင့်သူ ဖြစ်ပါတယ် ။

 

ဒါကြောင့် အဲဒီ အချိန်မှာ အဘက ၊

မတရား ပြုကျင့်ခြင်းကို ခံနေရတဲ့ ၊ လူနည်းစု ရခိုင် လူမျိုးတွေကို ၊

သူတို့ရဲ့ ဖျက်စီးခံရတဲ့ အိမ်တွေကို အစား ပြန်ဆောက်ပေးတဲ့နေရာမှာ

ကူညီမယ် လို့ ဆုံးဖြတ်ပြီး စတင်ကမ်းလှမ်းလိုက်တာပါ ။

 

မတရားပြုကျင့်သူ ဟုတ်မဟုတ် မ သေချာသေးလို့ ၊

ရိုဟင်ဂျာ တွေကိုလည်း မထိခိုက် စေသလို ၊

ရိုဟင်ဂျာ တွေကို တိုက်ခိုက် စေလိုတဲ့ သဘော မပါတာကို ၊

သတိပြုမိမှာပါ ။

 

ကိုကြောင်ဝတုတ် သိစေချင်လို့ ပြောပြချင်တာ တွေကတော့ ။

 

ပထမ အချက် ။

အဘ တို့လည်း တကယ့် လူ့အခွင့်အရေး ကို ကိုးကွယ်သူတွေပါပဲ ။

အဘ ရေးခဲ့တဲ့ စာတွေကိုကြည့်ရင်လည်း ၊

အဘ သဘောထားကို သိလောက်ပါတယ် ။

 

ဒါပေမယ့် ၊ မှန်တာပြောမယ်နော် ၊ လွန်သွားရင် ခွင့်လွှတ် ။

အဘ ရေးခဲ့တဲ့ ၊

” စဉ်းစားကြစေလိုပါတယ် ( ၂ဝ ) ( ဘာကြောင့် မုန်းနေကြသလဲ ) “

ထဲကလို တဖက်ကလူတွေဟာ သူတို့ဟာ

၁ ။ ” ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ” နှင့် ထိုက်တန်ကြောင်း ၊

၂ ။ သူတို့ဟာ ယဉ်ကျေး ပျူငှာပြီး ၊ ရန်လိုတဲ့ သူတွေ မဟုတ်ကြောင်းကို ၊

( ပြသဖို့ လုံလောက်တဲ့ အချိန် ရှိခဲ့ / ရခဲ့သော်ငြားလည်း )

ယုံကြည်လောက်အောင် မပြသနိုင်ခဲ့ဘူးလို့ ၊

ပြသလိုတဲ့ စိတ်လည်း မရှိဘူးလို့ ၊

အဘ လည်း မြင်မိ ခံစားမိ နေခဲ့ပါတယ် ။

 

အဘ တင်မကဘူး ၊ အဲဒီလို ခံစားမှုကြီးကို မြန်မာပြည်သူ လူထုကြီးဟာလဲ ၊

( ထုတ်မပြောရင်သာရှိမယ် ) ရင်ထဲမှာ ကြိတ်ခံနေခဲ့တယ်လို့ထင်ပါတယ် ။

 

ဒုတိယ အချက် ။

ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ကိုချစ်လှပါပြီဆိုတဲ့ ၊

အဘ ကိုယ်တိုင် တောင်မှ ၊

( မဖြစ်ခင်က ယဉ်ကျေးမှုတွေ တရားမျှတမှုတွေကို ၊

ဘယ်လောက်ပဲ ပြခဲ့ ပြခဲ့ ၊ ဘယ်လောက်ပဲ ပြောခဲ့ ပြောခဲ့ )

တတ်နိုင်သလောက် ကြိုးစားပြီး တရားမျှတမှုကို စွဲကိုင်ခဲ့ပေမယ့် ၊

လူကြီးပီပီ အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း ပြောကြည့်ပေမယ့် ၊

 

နောက်ဆုံး ဖြစ်ကိုဖြစ်လာခဲ့ပြီ ၊ မိုးထဲရေထဲ ရောက်ပြီး ၊

လှေနံ တစ်ဖက်ထဲကိုပဲ နင်းခွင့်ပေးတော့တဲ့ အခါမှာတော့ ၊

( အရင် ခံစားခဲ့ရတာတွေရဲ့ အရှိန်တွေကလည်း ပါလေတော့ )

နောက်ဆုံးမှာတော့ ၊ တရားမျှတတယ်လို့လဲ ယောင်ယောင်လေး ထင်ရတဲ့ ၊

ကိုယ့် လူမျိုး ကိုယ့် ဘာသာဖက်က ရပ်ရတော့တာပဲလေ ။

 

တခုပြောပြမယ်နော် ကိုကြောင်ဝတုတ်ရေ ။

ပုထုဇဉ်မှန်ရင်လေ ၊ စိတ်ကူးလေး နှင့် ဆွဲထားတဲ့ ၊

မျဉ်းပါးပါးလေးရှိတယ် ကိုကြောင်ဝတုတ် ရ ။

Imaginary, A Thin Red Line ပေါ့လေ ။

 

အဲဒီမျဉ်း ဟာလေ တဦးချင်းပေါ်မှာမူတည်ပြီး ပုံစံ အမျိုးမျိုး ရှိသပေါ့ ။

လူငယ်လေးတွေ စိတ်တိုတတ်သူတွေ အတွက် ဧရိယာကျဉ်းချင်ကျဉ်းမယ် ၊

အသက်ကြီးပြီး သည်းခံနိုင်သူတွေ အတွက် ဧရိယာကျယ်ချင်ကျယ်မယ် ၊

တချို့က နိုင်ငံရေးဘက်မှာ ဧရိယာကျယ်မယ် ၊ တချို့ ကျဉ်းမယ် ။

တချို့က ဘာသာရေးဘက်မှာ ဧရိယာကျယ်မယ် ၊ တချို့ ကျဉ်းမယ် ။

 

ဒါပေမယ့် မယုံမရှိနှင့် ကိုကြောင်ဝတုတ်ရေ ၊

အဲဒီမျဉ်းဟာ တကယ်ရှိသဗျ ။

အဘ မှာလည်းရှိတယ် ၊ အမေရိကန်ကြီး ဆီမှာလည်းရှိတယ် ၊

ဩဇီ မှာလည်းရှိတယ် ၊ အမေစု ဆီမှာလည်းရှိတယ် ၊ တကယ် ။

 

မြန်မာနိုင်ငံသား အများစုကြီးရဲ့ ၊

အဲဒီမျဉ်းလေးကို သူတို့ဖြတ်ခဲ့ကြပီထင်ပါတယ် ။

 

OK ပါ ။ ကိုကြောင်ဝတုတ် အနေနှင့် ၊

အဲဒီ အလှူငွေတွေကို မျှတအောင် ဆိုပြီး

ရခိုင် တင်မက ၊ ရိုဟင်ဂျာ တွေကိုလည်း လှူစေချင်တယ် ဆိုရင် ၊

အဘ အနေနှင့် ကတော့ ဒုက္ခ ရောက်ကြသူများ ချည်းသာဖြစ်တဲ့အတွက် ၊

ဘာမှ ကန့်ကွက်ရန် မရှိပါဘူး ။

အဘ ကတိပေးထားတဲ့အတိုင်း ငါးသိန်း ကို ထုတ်လှူမှာပါ ။

 

အေး ၊ ကျန်တဲ့ ရွာသူားတွေ စေတနာ ရှိ မရှိ ကတော့ ၊

အလှူ ဖြစ်မဖြစ် ၊ အောင်မြင် မအောင်မြင် ကတော့ ၊

ကိုကြောင်ဝတုတ် ဆက်လုပ်ပေတော့ပဲ ။

 

ဒီလို ရေးဖြစ်အောင် ဆွပေးတဲ့အတွက် ။ ကျေးဇူးပါ ။

Idea တွေကတော့ ခေါင်းထဲမှာ ခိုင်ခိုင်မာမာ ရှိပြီးသားမို့ ၊

လွယ်လွယ် ကူကူ ၊ ရှောရှော ရှုရှု နှင့်ထွက်နိုင်သော်ငြားလည်း ၊

မြန်မာစာ ရိုက်ရတာတော့ မျက်လုံး ညောင်းတယ် ။ L

 

amatmin says:

အဘဖောရေ..

ကိုကြောင်ဝတုတ်ကတော့ မေးထားသဗျ..

ကွင်းလေးကတော့ ကန်လို့ကောင်းမဲ့ပုံလေး..

 

Azzurri says:

တခါတခါ ကီးပလေယာ ကို

ခြွေတာထားပေးဖို့လည်း လိုပါသေးရဲ့

😛


မြို့မေတ္တာ ခံယူနေကျ ။

 

အဘ Foreign Resident ။

 

 

 

 

နောက်ဆုံး အနေနှင့်ကတော့ ၊

ရွာသူားတစ်ချို့ရဲ့ ထည့်သွင်း စဉ်းစားလောက်စရာ Comment တစ်ချို့ကို ၊

မှတ်တမ်း တင်တဲ့သဘောနှင့်  ဖေါ်ပြလိုက်ရပါတယ် ။

 

etone says:

ရခိုင်မွတ်စလင်ဖြစ်စေဦးတော့ …. သူလည်း တိမ်းရှောင်ရသူအဖြစ်နဲ့ ….

ရခိုင်များနဲ့ အတူရှိနေလျှင်တော့ .. အခွင့်ရေး တန်းတူရပါလိမ့်မယ် … ။

ရခိုင်လိုမရှောင်တိမ်းပဲ …….. မွတ်စလင်တွေလို မီးဒုတ်ကိုင် ရမ်းကားနေလျှင်တော့ …..

အခြေနေချင်းမှ မတူတော့ပဲ ……. တန်းတူအခွင့်ရေးမရနိုင်ပဲ …….

လူထုမေတ္တာပဲ ခံယူရလိမ့်မယ်

 

ဦးဦးပါလေရာ says:

ကျုပ်သဘောထားလေးလဲ…..

တောင်းပန်ရမယ့်အချိန်မှာ တောင်းပန်စရာကို တောင်းပန်ပါမယ်။

အဲဒီအတွက် ဘယ်တော့မှ မှားတယ်လဲမထင်ဘူး။ နောင်တလဲမရဘူး…။

သို့သော်….

ကိုယ့်မိသားစုကို ကာကွယ်စရာရှိတဲ့အချိန်မှာ တင်းတင်းရင်းရင်းကာကွယ်ပါမယ်..။

အဲဒါ တမျိုးစီ တကန့်စီ ဖြစ်ပါတယ်။

 

amatmin says:

မူလအခြေချနေထိုင်သူတွေအပေါ်ရမ်းကားတဲ့..

ကျူးကျော်သူလို့သိသာထင်ရှားသူတွေအပေါ်ကို..

သဘောတွေ သိပ်ကောင်းမပြနိုင်ရင် ကွန်ဆာဗေးတစ်ဖြစ်မှာလား ဟင်င်..

 

မန်းဂေဇက်ရဲ့ရာဇဝင်မရိုင်းဖို့  ပြင်သင့်တာပြင်ရအောင်ဆိုရင်..

အမျိုးသားအကျိုးစီးပွားကို..အပျက်ခံပီးတော့ကို ကြားနေပါတယ်ဆိုတဲ့ ..

မီဒီယာတခု လောက်ဥပမာပေးပါလားဗျာ….

ကြားဖူးအောင်ပေါ့…

 

Oo Oo says:

ကျနော်ဟာ လူသားဆန်မှု ကိုအစဉ်တစ်စိုက်လေးစားခဲ့သူပါ..

ဒါပေမယ့် ကိုယ့်ကိုရိုက်သတ်မယ့် လူမဆန်သူတွေအပေါ်မှာတော့

လူသားဆန်စွာ ပြုံးပြပြီးမှလည်စင်းပေးဖို့အထိတော့

သဘောထားမကြီးနိုင်တာအမှန်ပါပဲ..
လုပ်နိုင်တဲ့လူတွေကိုတော့လေးစားပါတယ်…

ဒါပေမယ့် ကျနော်ပါဝင်ဖို့ရာဆန္ဒမရှိတော့လို့
လေးစားခဲ့ရပါသော ဂေဇက်အဖွဲ့သား အားလုံးကို

ဒီနေရာကနေ နှုတ်ဆက်ခဲ့ပါတယ်

 

blackchaw says:

အခုက ကိုယ့်မိသားစုထဲက ကိုယ့်အစ်ကိုတစ်ယောက် အပြင်မှာရန်ဖြစ်လာတယ်။
မှန်တာမှားတာ တရားဥပဒေက ဆုံးဖြတ်လိမ့်မယ်။
ဒဏ်ရာရလာခဲ့ရင် သူ့ကို ဆေးရုံပို့တန်ပို့ ဆေးခန်းပို့တန်ပို့ ဆေးကုရပါမယ်။
သူက မှားခဲ့တယ်ဆိုရင် တရားဥပဒေက အရေးယူပါလိမ့်မယ်။

 

အရီး Khin Latt says:

တစ်ခုရှိသေးတယ်။ –
ကိုယ့်အိမ်ထဲကို ဘလိုင်းကြီးဝင်လာပြီး ရန်မူလာရင်

ဓားနဲ့ ထိုးပစ် ဖို့လဲ ကျွန်မ သွေးမကြောင်ဘူး။

 

( ဒါလေးကတော့ သနားစရာ သူကြီးလေးရဲ့ စကား )

kai says:

ဒီမိုကရေစီရွာပါကွယ်..။

ရွာသူားတွေအများစုက သဘောတူရင်.. ကျုပ်ကသဘောမတူစရာမရှိပါ..။

တခုပဲ…

ကျုပ်ကိုတော့.. သူကြီးရာထူးကဆွဲမချပါနဲ့ဦး..

အခုက..

ကြားထဲက.. ကျုပ်ပါအလုပ်ပြုတ်ကိန်းမြင်နေပြီ…. :mrgreen:

 

amatmin says:

ဆိုတော့ ဒီအလှူကိုလုပ်မဲ့ကိစ္စက
ဘက်ကင်းမှ.ကြားနေမှကို ဖြစ်မယ်ဆိုရင် ..
လူသားချင်းစာနာမှုခေါင်းစဉ်တပ်ကူညီရင်တောင်
ရခိုင်လူမျိုးကိုပဲ ပြေးမြင်နေတတ်မဲ့
ကျနော်ကတော့ နောက်လိုက်လုပ်ဖို့တောင်
အဆင်မပြေလောက်တော့ဘူးထင်ပ ဗျာ…

 

Shwe Tike Soe says:

ခင်ဗျား သူများအလှူလုပ်တာကို လိုက်ပိတ်ပင်သလိုဖြစ်နေတယ်…

 

htoosan says:

နောက် တစ်ခါတစ်လေကျရင် လေသင့်ရာ ဖြစ်သင့်ရာ ယိမ်းတတ်ပါသည်။

ကျွန်တော်တို့သူကြီးလည်း ကြံ့ဖွံ့ နဲ့ NLD , NLD ဘက်ယိမ်းတာဘဲလေ ..

 

ကိုပေါက်(မန္တလေး) says:

(2) အကိုတို့ လှူတဲ့အခါမှာ လူမျိုး ဘာသာ မောင်ဖြူမောင်နီ မခွဲခြားဘူး။
(သို့သော် အဝေးကလာပြီး မီးရှို့တဲ့လူ မပါဘူး)

 

surmi says:

ရော. …ရခိုင်တစ်လုပ်စား
ရော. …..ရိုဟင်ဂျာတစ်လုပ်စား ……ဒီလိုတော.မလုပ်နိုင်သေးဘူး ။

 

 

 

 

 

*****
တချက်ကျန်ခဲ့လို့ အခုမှထပ် ဖြည့်ပြောပါရစေ ။

ကိုကြောင်ဝတုတ် စေတနာ မမှားဘူး လို့ထင်ရပေမယ့် ။
အချိန် မှားတယ် ၊ လို့အသိပေးလိုတယ် ။

 

 

 

 

 

 

 

 

 

77 comments

  • SkyHeart WinKo

    June 14, 2012 at 4:59 pm

    ဒါနောက်ဆုံးပါ အားလုံးရဲ့အင်အားတွေလိုပါတယ် အင်တာနက်မှာမဟုက်ပါဘူး ဗမာလူမျိုးတွေဖြစ်တဲ့အတွက် အလယ်အလတ်လမ်းစဉ်ကို လုပ်ကြမယ်ဆိုရင် အာလုံးကို လါတွေ့ချင်ပါတယ် အင်တာနက်တွင် ဘယ်သူတွေက ဘာတွေမှန်းမသိတဲ့အတွက် ရှင်းပြလို့မရပါထို့ကြောင့်တွေ့ဆုံမှသာလျှင် လက်တွေ့ပြောပြလို့ရပါမည်။
    အားလုံးကိုတောင်းပန်လျှက်။ ဝင်းကို ဝ၉၅ဝ ၈၂၈၀၈

  • nozomi

    June 14, 2012 at 5:45 pm

    အဖေရော အမေရော မြန်မာနိုင်ငံသား မဟုတ်ဘဲ လာဘ်လာဘယူပြီး နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးတဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးအရာရှိ ဆိုသူများကို စစ်ဆေးတွေ့ရှိရပါက အလုပ်ဖြုတ်ခြင်း၊ ဥပဒေအရ တရားစွဲဆိုထောင်ချခြင်းများဖြင့် အရေးယူသွားမည်

    (First Weekly Journal သတင်းဖော်ပြချက်)

    • ကြောင်ဝတုတ်

      June 14, 2012 at 5:50 pm

      သိပ်မှန်တဲ့ကိစ္စပေါ့ဗျား…
      ဒါမှ ကျွန်တော်တို့လဲ ဘယ်ဟာကိုယ့်နိုင်ငံသားလဲဆိုတာ ကွဲကွဲပြားပြားသိပြီး မျှမျှတတဆုံးဖြတ်လို့ရမှာကိုး…
      အဘဖောကို ၂ကျပ်ပေးသွားသည်…

      ကြောင်ဝတုတ်

      • Foreign Resident

        June 14, 2012 at 7:09 pm

        ပေးကားပေး၏ မရပါ ၊ ကြောင်ဝတုတ် ရယ် ။
        သူကြီးက အဘ တို့ လို နိုင်ဂျံဂါး အခြေစိုက်တွေကို ၊
        ပိုက်ပိုက်ပေးမယ့် အထဲ မပါဘူးတဲ့ ၊ အဟင့် ။ 🙁

  • may flowers

    June 14, 2012 at 7:59 pm

    nozomi ရေသတင်းကောင်းတစ်ပုဒ်ကို ဝေမျှတဲ့အတွက်ကျေးဇူးပါ။ အဲလို လုပ်သင့်တာကြာပေါ့….။

  • ဆူး

    June 15, 2012 at 9:33 am

    ဘင်္ဂလားဒရှ် က လုံးဝ လက်မခံပဲ ပြန်ပြန် လွတ်နေတာ သူ့ အမျိုးနဲ့ သူတောင် လက်မခံတာ မြန်မာကို လာဖိအားပေးချင်နေသေးတယ်။

    ရိုဟင်ဂျာ နဲ့ ပတ်သတ်ပြီး နောက်က ကြိုးကိုင်နေသူတွေ အကုန် ဖော်နိုင်ရင် ကောင်းမယ်။

    ဖော်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။
    ဒီမနက် DVB ကြည့်လိုက်တာ ကုလားတစ်ကောင် စစ်ဆေး ခံရတာ မိန်းမကို အင်ဒါဗျူး ချက်ချင်း ပါလာတယ်။ မနေ့ည ၁နာရီက အစစ်ခံရဖို့ ခေါ်သွားတာ ဒီမနက် ၈နာရီ သတင်းမှာ အချိန်နဲ့ တပြေးညီ ကျွန်မ ယောကျားကို ဖမ်းခေါ်သွားပါတယ်။ ပစ္စည်းတွေ သိမ်းသွားပါတယ်။ ကွန်ပြူတာတွေ လက်ပဒေါ့တွေ ပါသွားပါတယ်။ စစ်ဆေးချင်လို့ ခေါ်မှတော့ အရေးကြီးတဲ့ ပစ္စည်းတွေ စစ်ဖို့ အတွက်တော့ ယူကြည့်ရမှာပေါ့။ UN ကလည်း အဲဒီ ကုလား ပါသွားတာ ဖိအားပေး ပြန်လွတ်ပေး လုပ်နေတယ်။
    ရိုဟင်ဂျာ နဲ့ ပတ်သတ်တဲ့ သူတွေကို အစိုးရ အမြစ်ပါမကျန် ဆွဲလန်နိုင်မှ ဖြစ်မယ် ထင်တယ်။
    အမျိုးများတော့ အထောက်အပံ့များတယ် ဆိုတာ အဲဒါမျိုးနေမှာ..

Leave a Reply