ရခိုင် ဖြစ်ရပ်များနောက်ကွယ်က စံနစ်ကျနမှုများ

black chawJune 13, 20121min26935

(သိကြဘို့က မြန်မာ့ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုကို မနာလိုမရှိစိမ့်နိုင်ကြတဲ့ အိမ်နီးချင်းအချို့ ရှိတာကိုသတိချပ်ကြဘို့လိုပါတယ်။)

သူကြီးရဲ့ ပို့စ် Clinton on Violence in Burma’s Rakhine State ပို့စ်မှာ ဆရာမောင်မိုးညိုပေးတဲ့ ကွန်းမန့်ထဲမှာ ပါတဲ့ စကားလုံး တချို့ပါ။
ပညာရှိ တွေးတာ ပြေးကြည့်တာထက်မှန်သတဲ့။
ဆရာမောင်မိုးညို စကားနဲ့ အလားတူတဲ့ စာတချို့ကို ပြီးခဲ့တဲ့ ဧပြီလ ၃ဝ ရက်နေ့ထုတ် Favourite Journal ထဲမှာ ဆရာဖိုးသောကြာလည်း ရေးခဲ့ဘူးပါတယ်။ နည်းနည်းလေး ထုတ်နှုတ်ပြပါရစေဦး…။

မြန်မာနိုင်ငံခေါင်းထောင်လာမှာကို “မနာလိုမရှုစိမ့်တဲ့ စိတ်” မျိုးထက် အဆများစွာ ဆိုးရွားယုတ်မာတဲ့ “စိမ့်ဝင်ဖျက်ဆီးနည်းဗျူဟာ” ကို သုံးနေသလားလို့တော့ သံသယဝင်မိတယ်ဗျာ။
“သိတ်မှန်တာပေါ့ဗျာ။ အနောက်ကမ္ဘာဟာချမ်းသာကြွယ်ဝပြီး မြင့်မားတဲ့နည်းပညာကို ပိုင်ဆိုင်တယ်။ နိုင်ငံသားတွေရဲ့ အရည်အသွေး (IQ) က မြင့်မားတယ်။ အရှေ့ကမ္ဘာက လူဦးရေများတယ်။ ဆင်းရဲတယ်။ နည်းပညာနိမ့်ပါးတယ်။ နိုင်ငံသားတွေရဲ့ အရည်အသွေးက သာမာန်လူသားအဆင့်ပဲ ရှိတယ်။ အာဖရိက အရှေ့အလယ်ပိုင်းမှာ စွမ်းအင်သယံဇာတက စုပြုံနေတယ်။ လူသားအရင်းအမြစ်က ဘာသာရေးအယူသည်းကြတယ်။ ကမ္ဘာကို ပတ်ခြုံထားတဲ့ ဘာသာရေးက မွတ်ဆလင် (စွန်နီ နဲ့ ရှီရာ) (Sunni & Shi’a) ၊ ခရစ်ယာန် (ကက်သလစ်နဲ့ ဘက်ပ်တစ်) (Catholic & Baptist) ၊ ဟိန္ဒူ နဲ့ ဗုဒ္ဓဘာသာ (ထေရ နဲ့ မဟာယန) တို့ဖြစ်ကြတယ်။ အဲဒီတော့ နယ်ချဲ့ပုံတစ်မျိုးဖြစ်တဲ့ ကမ္ဘာကို ဩဇာညောင်းဖို့ တစ်နည်း အဝေးထိန်းခလုတ် (Remote) နဲ့ ထိန်းနိုင်ဖို့ ဘာသာရေးမဟာဗျူဟာကို အသုံးချကြတယ်။ အီရတ်၊ အာဖဂန်နစ္စတန်၊ အီရန် စစ်ပွဲတွေဟာ သက်သေပဲ။ ရေနံကြွယ်ဝတဲ့ အရှေ့အလယ်ပိုင်း ဘုရင်နဲ့ စော်ဘွားနိုင်ငံတွေဟာ အနောက်ကိုလည်း စီးပွားရေးနဲ့ နည်းပညာအရ မှီခိုရတယ်။ ဘာသာရေးအရလည်း မွတ်ဆလင် (စွန်နီနဲ့ ရှီရာ) ကို တိတ်တိတ်ပုန်း ကူညီနေရတယ်။ စစ်ရေးမဟာဗျူဟာက ပေါ်တင်ကြီးဖြစ်လို့ ထစ်ကနဲဆိုရင် ကမ္ဘာကသိတာပဲ။ အခု အီရန် နြူကလီးယားနဲ့ မြောက်ကိုရီးယား နြူကလီးယား ကိစ္စတွေက အထင်အရှားပဲ။ စိမ့်ဝင်လာတဲ့ ဘာသာရေး မဟာဗျူဟာက ညက်တယ်။
မြန်မာနိုင်ငံကိုလည်း အဲသလို မဟာဗျူဟာနဲ့ ကြံစည်နေကြတဲ့ ဖောင်ဒေးရှင်း အမည်ခံတွေ မရှိဘူးလို့ မဆိုနိုင်ဘူးပေါ့။ မြန်မာပြည်ထဲက မြေတွေကို ဥပဒေလက်တစ်လုံးခြားနဲ့ အပိုင်ဝယ်သိမ်း၊ မြို့ပေါ်က တိုက်ခန်းတွေကို ဝယ်ပစ်၊ ကန်ထရိုက်တိုက်ဆောက်ပြီးသိမ်း၊ နယ်စပ်တွေမှာလူမွေး၊ နိုင်ငံရေးဆိုင်းဘုတ်တပ်၊ သယံဇာတတွေကို စိတ်ကြိုက်နှိုက်ယူနေကြတာတွေဟာ ကိုယ့်တိုင်းပြည်ကို အနုနည်းနဲ့ အကျူးကျော်ခံနေရတာပဲ မဟုတ်လားဗျ။

မဆီမဆိုင် ဆွဲစေ့တယ်လို့ ပြောရင်လည်း ခံရမှာပါပဲ။
ဆရာမောင်မိုးညို ကွန်းမန့်နဲ့ ဆရာဖိုးသောကြာ ရေးတဲ့စာတွေဖတ်ပြီးတဲ့အခါ အခုဖြစ်နေတဲ့ ရခိုင်ဒေသက အရေးအခင်းတွေဟာ ဇာတ်ညွှန်းကြိုတင်ရေးထားတဲ့ ထိုးဇာတ်တွေဖြစ်နေမလားဆိုတာ သံသယ စိတ်ဖြစ်မိပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနဲ့အတူ ကြီးမားလှတဲ့ မြန်မာဈေးကွက်ကြီး လက်လွှတ်ရနိုင်တဲ့ အိမ်နီးချင်းနိုင်ငံတချို့ကလည်း ရှိနေတယ်မဟုတ်လားဗျာ။
ဆရာဖိုးသောကြာရေးတဲ့ အနောက်ကမ္ဘာ နေရာမှာ ဆရာမောင်မိုးညိုကွန်းမန့်ထဲက အိမ်နီးချင်း တချို့ဆိုတာကို ထည့်ကြည့်ကြစေချင်ပါတယ်။
ကျွန်တော်တစ်ခါက ရေးခဲ့ဘူးပါတယ်။
ဗရမ်းဗတာ ဘလက် ဆိုတဲ့ စာလေးတစ်ပုဒ်ကို သတိရမိကြဦးမလား မသိပါဘူး။

ဗရမ်းဗတာတွေမြင်တိုင်း ဗရမ်းဗတာတွေပါကွာလို့ အလွယ်တကူ မှတ်ချက်ပေးခြင်းမျိုးထက် ဗရမ်းဗတာတွေနောက်မှာ ကပ်ပါလာတတ်သော စံနစ်ကျနမှုလေးတွေကို မြင်တတ်အောင်ကြိုးစားစေချင်ပါတယ်။

ဟုတ်ပါတယ် ရခိုင်ဒေသမှာ ဖြစ်နေတဲ့ ဗရမ်းဗတာတွေနောက်မှာ စံနစ်ကျနမှုတစ်ခုခု ရှိနေနိုင်တယ် ဆိုတာလေး ….။
ဒီအချိန်မှာ ဗီးရှင်းအရေးကြီးပါတယ် ဆရာတို့ရေ…။
ဟိုလျှောက်ဖတ် ဒီလျှောက်ဖတ်
ဟိုလျှောက်တွေး ဒီလျှောက်တွေး
ဘလက်

35 comments

  • etone

    June 13, 2012 at 10:37 am

    ဦးဘလက်ရေ .. ကိုယ့်ထက်ပိုပြီး အသက်ကြီးသူ ၊ ဝါကြီးသူ ၊ အတွေးခေါ်ရင့်သန်သူ၊ အမျှော်မြင်ရှိသူတွေရဲ ့ဝေဖန်သုံးသပ်ချက်တွေကို .. ဖတ်ရတာ …. အရမ်းပဲ အရသာ ရှိလှပါတယ် …….. ။

  • အဂျစ်

    June 13, 2012 at 11:19 am

    အရင်က မြောက်ဦးအကြောင်း ရခီုင်အကြောင်း ရှာရင်း အတော်များများ ရခိုင် sait တွေမှာ တူညီတဲ့အကြောင်းအရာတခုဖတ်မိတယ် ၊ အခုပြဿနာမှာ အချိန်ဆွဲနေပုံက ရိုဟင်ဂျာတွေကိုအသုံးချ ပြီ ရခိုင်ကိုနှိပ်ကွပ်နေသလားလို့ (တမျိုးတွေးကြည်တာပါ) ။ နောက်ဆုံး မှ ရိုဟင်ဂျာတွေကို ရှင်း လိုက် နှုပ်ပိတ်လိုက် ။ ဒီလူစုလောက်ကိုဗျာ လေ့ကျင့်ထားတဲ့ လူ ၂ဝ လောက် သနပ် မပါပဲ ထိန်းလို့ရပါတယ်၊ အခုဟာကဗျာ ပွဲကြည်နေသလိုမျိုးကြီး

  • ထာဝရ

    June 13, 2012 at 11:24 am

    ကိုဘလက်ရေ ကျွန်တော်တို.ကသာ ရခိုင်အရေး
    တွေးပြီး သောကရောက်နေတာ..
    အစိုးရသတင်းစာမှာတော. ရခိုင်အရေးထက်ကို
    ဗမာ နဲ.မြန်မာ ကိစ္စရန်ဖြစ်ဘို.တာစူနေပြီ….

  • laypai

    June 13, 2012 at 11:25 am

    ဝေ့ ဝှိုက် ပြီးပြော မနေ ပါနဲ့ ကိုဘလက် ရယ်။
    မြန်မာ ပြည် မှာ လတ်တလော ( လပိုင်း ရက် ပိုင်း လေးမှာ ) ကြီးမား တဲ့ အခက် အခဲ နှစ်ခု ရင်ဆိုင်ရတယ်။
    ၁။ လျှပ်စစ်မီး ပြတ်တောက် မလုံ လောက်မှု။
    ၂။ ခု ရခိုင် ပြည်နယ် အကြမ်း ဖက်မှု များ

    အဲ ဒီ အရေး နှစ် ခု လုံး မှာ ကို တရုတ် ကြီး ငွေအင်အား ကို အသာ ထား နှုတ်ဧ။် စောင်မခြင်း တောင် မတွေ့ရ တာ မထင်ရှား ဘူးလားဗျာ။သူ က မြန်မာ ပြည် နောက် ပြန် သွားဖို့ အဓိက လို လားသူ လို့ ကျနော် တော့ မြင်တယ်။

    • ရွာစားကျော်

      June 13, 2012 at 3:14 pm

      7days ရဲ့ ဖေ့စ်ဘွတ်မှ…..

      တည်ငြိမ်အေးချမ်းမှု့ရရှိရေးမြန်မာနိုင်ငံ၏ကြိုးပမ်းမှု့များကို တရုတ်နိုင် ငံထောက်ခံ
      ဘေဂျင်း-ဇွန် ၁၂
      မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားညီညွတ်ရေး ထိန်းသိမ်းစောင့်ရှောက်ရန် မြန်မာနိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှု့များကို တရုတ်နိုင်ငံက ထောက် ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိ သူတစ်ဦး ကပြောကြားသည်။
      ဇွန်လ၁၂ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် မြန်မာနိုင်ငံ၏ အခြေအနေကို မေးမြန်းစဉ် မစ္စတာလျူဝေမင်းက ယင်းသို ့ပြောကြား ခဲ့ခြင်းဖြစ်သည်။ . မြန်မာနိုင်ငံရှိ တရုတ်သံရုံးကလည်း သက်ရောက်မှု့ ရှိေ သာဒေသများ၌ သတိထား ကြရန် တရုတ်နိုင်ငံသားများနှင့် လုပ်ငန်းလုပ်ကိုင်နေသူများကို ခရီးသွားအကြံပေး ထုတ်ပြန်ထားကြောင်းနှင့် မြန်မာနိုင်ငံတွင်ရှိသော တရုတ်နိုင်ငံသားများကိုလည်း သံရုံးက လိုအပ်သော အကူအညီများပေးအပ်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ်ကပြောကြားသည်။

  • hein latt

    June 13, 2012 at 11:35 am

    ဟမလေးးးးးးးးးး……………ကုလားတွေနဲ.ဖြစ်လို.သာတော်တော့တယ်
    တရုတ်တွေနဲ.များဖြစ်ရင်မြန်မာတွေဘယ်လိုရှုံးမလဲမသိ
    ဟိုတလောက ဂျာနယ်တခုမှာ ကြံဖွံ ကလူက တရုတ်ကိုအဖေခေါ်ထားတာ မနည်းမနော။
    ဒီလိုလုပ်ပါလား….တရုတ်ကိုပါမောင်းထုတ်ရအောင်….
    အိမ်တွေကို..ပိုက်လိုင်းကတရုတ်တွေမီးရှို.ပါဒယ်ဆိုပီးးးးးးးး……ဆွဲထည်.ကြည်.ယင်
    ဘယ်လိုဖစ်မလဲမသိ….ဟိဟိ…စတာနော်။

  • komingalar

    June 13, 2012 at 12:02 pm

    ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

  • ဦးဦးပါလေရာ

    June 13, 2012 at 12:35 pm

    ကျုပ်ငယ်ငယ်က စုံထောက်ဝတ္ထုတွေအဖတ်များတော့
    တခုခုကိုအဖြေထုတ်ချင်ရင်…
    ဘယ်သူ အကျိုးရှိမှာလဲ … ဆိုတဲ့ဘက်က လှမ်းပြီးစဉ်းစားမိလေ့ရှိသဗျာ…။

    အားလုံးကို စီမံနေတာ..

    အကျိုးစီးပွား … ပဲ မဟုတ်လား….။

    • amatmin

      June 13, 2012 at 2:55 pm

      ဦးပါကိုပေးထားတဲ့..
      တပြင်လုံးစိမ်းကြီးကို ..
      အင်မတန် သဘောကျပါ၏..။ 🙂
      အားလုံးကို စီမံနေတာ အကျိုးစီးပွား…ဆိုပါလား

    • မိုးတိမ်

      June 13, 2012 at 5:26 pm

      အမျိုးသား အကျိုးစီးပွားရေးကို ဘယ်နိုင်ငံမှအထိခိုက်မခံနှိုင်ကြပါ။
      မည်သည့်နိုင်ငံမဆို မိမိနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားရေး အတွက် စစ်တိုက်ခြင်း၊ရင်းနှီးမြှုပ်နှံခြင်း…………..အစရှိသည့် မည်သည့်ကိစ္စကိုမဆိုလုပ်ဆောင်ပါသည်။

  • Shwe Phyu

    June 13, 2012 at 12:50 pm

    Dear Black Chaw,

    It is well planned terrorist attack by Rohingya to Rakhine/Myanmar.
    This is serious. They are not playing. We have to be very very catious this Friday. Please alert everyone in Yangon as well as Mandalay and elsewhere when Govt is concentrating only in Rakhine….

    This is from The Somokal News…

    Today acts of terror by Bengali terrorists are the result of systematic plot to penetrate inside Rakhine State that was conceived six months ago.

    This terror plot was published on 8 January 2012 by The Somokal News Agency of Bangladesh as below.

    Rohingya militants get freshly united

    The Somokal News

    Sunday, Dhaka 8 January 2012 ৮ জানুয়ারি ২০১২

    Abu Taher, Cox’s Bazar

    The divided Rohingya militants are freshly getting united. Accordingto a reliable source, they are collecting a fund of taka 500 (fivehundred) million for buying arms and ammunitions.

    According to the source, Rohingya Solidarity Organization (RSO),Arakan Movement, Arakan People’s Freedom Party, Arakan RohingyaNational Organization (ARNO), and some other parties includingHarkatul Zihad have decided to group into alliance and work together.Top leaders including RSO President Dr Muhammad Yunus, Rohingya leaderDr Wakar Uddin, Abul Fayaz Zilani, Nurul Islam, Salamat Ullah,Muhammad Shafi Ullah, Nazmul Alam, have attended a meeting in Riyadh,Saudi Arabia.

    Rohingya Leaders

    Wakar Uddin (2nd fr L) & Mohammad Yunus (Standing)

    In the meeting decision was reached to wage activities under thebanner of ‘the Arakan Rohingya Union’ (ARU) consisting of dividedRohingya militant outfits. The responsibility of the new outfit wasgiven to Dr Muhammad Yunus, Abul Fayaz Zilani, and Nurul Islam.Shortly after the meeting the top leaders have made moves forcollecting fund. The source has ensured that arms and ammunitionswill be bought with the fund.

    Nurul Islam, Leader of the Rohingya Terrorists

    The top leader Salamat Ullah returned from Saudi Arabia to Bangladeshlast month for newly organizing the Rohingya militants. At present heis residing at Chunoti of Chittagong in Bangladesh. On the other handNazmul Alam went back to Bangkok from Riyadh. Abu Siddiq Arman hasbeen given new responsibility as coordinator in Cox’s Bazar area.Besides that some top Rohingya militant leaders are in Cox’s Bazarnow. A Rohingya militant leader, Nur Muhammad, was spotted a few daysago in Cox’s Bazar.

    The source said, in recent years the Rohingya groups got split into anumber of smaller groups because of internal feud. In thiscircumstance they have united under one banner and got engaged incollecting fund. They are also engaged in various forms of illegaltraffic, including drugs, human trafficking, and illegal arms. Lastweek an arms dealer was arrested from Gorzonia area with an AK-47assault rifle. The detained said that he bought the rifle for 3.5lakh taka and was meant for selling at 4 lakh taka, when he was nabbedin the trap.

    From more than one source it has been confirmed that the Rohingyamilitants are collecting fund through operation of NGOs. They havealready collected about taka 250 (two hundred and fifty) million inthe name of some NGOs in Cox’s Bazar and Bandarban, including, amongothers, “Muslim Aid,’ ‘Karuna,’ ‘Imam Muslim,’ ‘Darul Ansar,’‘Samannito Manabik Uddyog,’etc.

    Nurul Islam, Leader of the Rohingya Extremist Militants (extreme L)

    The money brought through HUNDI (illegal financial operation) goes tovarious religious institutions and the rest to militants’ pockets. Ina recent investigation it has been found that Imam Muslim IslamicCentre at Zhilongza, Cox’s Bazar, has been running by militantfunding. The director of the institution, Hafez Sala-ul Islam, is thechief coordinator of the military wing of the RSO.From the investigation it has become clear that, militancy has been upin Cox’s Bazar, Chittagong and Cox’s Bazaar, due to the activities ofthe top Rohingya militants in the areas through madrasas (Muslimseminaries), religious institutions, and NGOs.

    The former secretary of the Central Executive Committee of RSO,Salamat Ullah, established a madrasah named as Adarsha Shikkha Niketonat Kalatali, in Cox’s Bazar.

    Two more militants, Muhammad Zaber and Nur Muhammad are working here.Zaber is the vice president of the Central Executive Committee of RSO,and Nur Muhammad is a member. The Rohingya militants have beenutilizing two refugee camps in Cox’s Bazar as their network. Manyillegal militants have been illegally staying in the camps andconducting terrorist activities from inside the camps; mentionableamong them are, Ali Zohar, Haji Fazal, Rafiq Ahmad, Hafiz Nayan, LaluDaktar, Shamsu Majhi, Hafiz Zalal, Moulana Shafiullah, Nurul HaqueMazhi, Nur Mohammad, Abdul Rashid, Mohammad Sayed, Abu Qader, AbuYahiya, Hamid, Ruhul Amin, and Abdullah Mohammad.

    The source said that more than three hundred of these militants havebeen working as Imam or Muezzins across the country (Bangladesh).Many of them are Afghan-returnee militants.

    Assistant Police Super of Cox’s Bazar, Chatradhor Tripura has said,“the police is maintaining law and order situation in the camps withlimited number of forces. The refugee camps are very sensitive areas.There is a watch by international organizations inside the camps.The police do not conduct raids without specific information. This‘advantage’ may have been exploited by the Rohingya terrorists.”

    Original News (in Bengali language)

    http://www.samakal.com.bd/details.php?news=14&view=archiev&y=2012&m=01&d=08&action=&menu_type=&option=single&news_id=224178&pub_no=925&type=

  • aye.kk

    June 13, 2012 at 1:27 pm

    ဒီနေ ့….
    ဒီမိုဝေယံဆိုက်မှာတင်ထားတဲ့..
    ဓါတ်ပုံသတင်း၊စစ်တွေမြင်ကွင်းကစိတ်မချမ်းသာစရာပါ..
    နေ ့ခင်းကြောင်တောင်ကြီးတပ်မတော်သားတွေနေရာယူနေတဲ့ပုံ..
    စစ်တွေမြို ့ကြီးရဲ ့စိတ်ခြောက်ခြားစရာမြင်ကွင်းတွေကြည့်ပြီး..
    ရခိုင်တိုင်းရင်သားပြည်သူတွေကျောခြင်ကပ်ကြပါ..ညီညွတ်ကြပါလို ့
    ရေးသားထားတာဖတ်ရပါတယ်။
    ရခိုင်အရေး..
    ရင်ထဲလေးစွာဖြင့်…
    ဘာဆက်ဖြစ်လာနိုင်မလဲဟုသာ…
    လောလောဆယ်ဒုက္ခရောက်နေကြတဲ့ရခိုင်တိုင်းရင်းသားအရေး…
    အမြန်ဆုံးကူညီပေးနိုင်ဘို ့ရေးဆော်ဩမိပါသည်။။

  • ရွာစားကျော်

    June 13, 2012 at 2:35 pm

    ကန့်လန့်ကာ နောက်ကွယ်က ကြိုးဆွဲသူ တကယ်ပဲ ရှိနေသလား..?
    ရှိခဲ့ရင် ကြိုးဆွဲသူ ဘယ်သူဖြစ်မလဲ..?

    • aye.kk

      June 13, 2012 at 6:03 pm

      စစ်တွေကဒေသခံတိုင်းရင်းသားများပြောနေတာကြားရ…
      နားဝတော့မချမ်းသာပါ…..။
      အရင်ကရခိုင်ဒေသကိုလုပ်စားသွားတဲ့….
      ရိုဟင်ဂျာဖက်ပါပြီးငွေနဲ ့အာဏာတခုထဲကြည့်ပြီးလုပ်စားသွားတဲ့..
      စနေနံ(-)အမည်ပါတဲ့ဟာက၊နောက်ကွယ်ကကြိုးဆွဲတဲ့သူဆိုပဲ..
      မယုံရင်တော့………စစ်တွေမှာအမျိုးရှိရင်မေးကြည့်ကြပါဗျို ့။
      ဖနောင့်နဲ ့တင်ပါးတသားတည်းကြအောင်……ပြောပြီး…..ပြေးပြီဗျို ့…….။

  • Shwe Ei

    June 13, 2012 at 2:56 pm

    ဦးဘလက်ပြောမှ ပိုတောင်ရင်လေးစရာကောင်းနေဘီ။ ကြားထဲက ဓါးစာခံဖြစ်ရရှာတဲ့ ရခိုင်ပြည်သူတွေကို သနားတယ်ဗျာ။ 🙁

  • kai

    June 13, 2012 at 3:02 pm

    ဒီလထုတ်သတင်းစာထဲထည့်လိုက်တာလေးပါ..။ :mrgreen:
    တခါတလေကျတော့လည်း.. ဒီလိုဖြစ်စဉ်တွေကို.. ဘုတ်တခုပေါ်..နေ့စွဲနဲ့ စီချရေးလိုက်ရင်.. အဖြေတခုရတတ်တယ်ဗျ..
    အက်ဖ်ဘီအိုင်တို့လုပ်သလိုပေါ့..။

    တယောက်ယောက်များ.. Timeline နဲ့.. ချရေးတာမြင်ချင်သား..။

    မြန်မာပြည်အနောက်ဖက်ကမ်းခြေ အရေးအခင်းဖြစ်စဉ် (မေ-၂၈ မှဇွန် ၁၃အထိ)

    မေလ ၂၈ ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေးအား “အဓမ္မကျင့်၊ လူသတ်၊ ပစ္စည်းလု” မှုဖြစ်ပွားသည်။

    ဇွန်လ ၃ ရက်။ သံတွဲ- တောင်ကုတ် ကားလမ်းဆုံတွင်မြန်မာနို်င်ငံသား၁ဝ ဦးအားလူအုပ်စုဖြင့်ဝိုင်းဝန်းသတ်ဖြတ်မှု ဖြစ်ပွားသည်။

    ဇွန်လ ၄-၅ ရက်။ နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြား နှင့် ရေဒီယို (FM ရေဒီယိုကွန်ယက်များ)များမှ လူမျိုးရေးဘာသာရေး အရေးအသားအသုံးအနှုန်းများဖြင့်ထုတ်လွှင့်ရေးသားဖေါ်ပြပါရှိသည်။

    ဇွန်လ ၆ ရက်။ အဖွဲ့ဝင်၁၆ဦးပါသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသည်။

    ဇွန်လ ၈ ရက်။ မောင်တောနှင့်ဘူးသီးတောင်မြို့နယ်များတွင် ပုဒ် ၁၄၄ ထုတ်ပြန်သည်။

    ဇွန်လ ၁ဝ ရက်၊ သမ္မတမှ ရခိုင်ပြည်နယ်တစ်ခုလုံးအရေးပေါ်အခြေအနေကြေညာသည်။

    ဇွန်လ ၁၂ ရက်၊ တည်ငြိမ်မှုထိန်းသိမ်းရေးအဖွဲ့(ဗဟို)ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဖွဲ့စည်းလိုက်သည်။

    ဇွန်လ ၁၃ ရက်။ ရခိုင်ပြည်နယ်အတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများ ကြောင့် ဇွန်လ ၈ ရက်မှ ၁၁ ရက်အတွင်း လူနေအိမ် ၁၆၆၂ လုံး မီးလောင် ဆုံးရှုံး ခဲ့ကြောင်း၊ လူ ၂၁ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဆိုင်ကယ် ၁၈ စီး၊ ဆိုင်ခန်း၆ခန်း၊ ထော်လာဂျီ ၃စီး၊ စက်ဘီး ၉စီး ပျက်စီး ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။♦

    • hnin sai

      June 14, 2012 at 10:27 am

      ရခိုင်ပြည်နယ်တွင်ဖြစ်ပွါးနေသောပြဿနာများသည်လှည်စားချက်များဖြင့်ပြည့်နက်နေပါသည်။
      တောင်ကုတ်မှလူမျိုးရေးအမြင်ကျဉ်းမြောင်းမှုနှင့်၎င်းတို့မြို့အရေးယူမခံရရေးနှင့်၄င်တို့လူသတ်မှုတရား
      ခံမပေါ်ပေါက်ရေးအသုံးချကွက်များဟုမြင်ပါသည်။
      မေလ ၂၈ ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာ
      အုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေးအား “အဓမ္မကျင့်၊ လူသတ်၊ ပစ္စည်းလု” မှုဖြစ်ပွားသည်။
      ဒါကိုလူမျိုးရေးဘာသာရေး၊လူမျိုးရေးသုံးသပ်ချက်များနဲ့စတင်ပြီးတောင်ကုတ်မြို့တွင်စတင်ဝေငှပါသည်။
      တောင်ကုတ်မီဒီယာသမားတွေစဖွပါတယ်။တောင်ကုတ်မြို့ခံတွေအားလုံးပါသိပါတယ်၊မြို့ထဲမှာစာရွက်
      တွေအခင်းဖြစ်နေ့နံနက်ကတရားဝင်ဝေထားတာပါ။တောင်ကုတ်မှာရှိတဲ့စားသောက်ဆိုင်တွေမှာ
      အရက်အလကားလူတိုင်းရဲဆေးတင်တဲ့အနေနဲအလကားသောက်ခွင့်သောက်ခွင့်ပေးထားပါတယ်၊
      အဲဒါအပြင်အရက်ပုလင်းတွေကိုလဲအခမဲ့လိုသလောက်ယူခွင့်ပေးထားပါတယ်။
      လူရာနဲ့ချီတဲ့အုပ်လိုက်လှုပ်ရှာနေတာကိုအားလုံသိပေမဲ့တောင်ကုတ်ထုံးစံအတိုင်းအပြင်ကိုသတင်းမပေါက်ကြား
      ရဘူးတဲ့၊ရဲတွေ၊ထောက်လှမ်းရေးတွေမရှိတော့ဘူးလား၊မသိတော့ဘူးလား၊
      မြို့ခံထဲမရောသတင်းပေးနိုင်တဲ့လူတစ်ယောက်မှကိုမရှိ၊အင်တာနက်မှာ
      ဓါတ်ပုံတစ်ပုံတောင်မတက်လာတာမြို့လူမိုက်တွေဘယ်လောက်ညီတယ်ဆို
      တာပြတာပါ။နောက်ဆုံးကတော့လူမိုက်ကညီတော့သတင်းပေါက်တဲ့လူပြန်လမ်းမရှိတဲ့၊
      (၁)ကားကိုအချိန်မှီသံတွဲကမလာအောင်တားနိုင်ဖို့အချိန်ရတယ်ဖုန်းတွေအများကြီးရှိတယ်
      ဘာမှမပြောဘူး၊တမင်ဝင်လာအောင်တောင်ပြောသေးတယ်။
      (၂)ကားဝင်လာရင်တောင်ကုတ်ကခရီးသည်တင်ရမှာတောင်ကုတ်ခရီးသည်လုံးဝမတင်ဘူး၊
      (၃)တောင်ကုတ်တစ်မြို့လုံအပ်ကျတာကအစတောင်ကုတ်သိတဲ့ဂိုဏ်ချုပ်လူကြီးတွေရှိပေမဲ့သံတွဲခရိုင်အာဏာပိုင်တွေကို
      အသိမပေးခဲ့ဘူး
      (၄)လမ်းတစ်လမ်းထဲရှိပြီးဖြောင့်တန်းနေတဲ့လမ်းပေါ်မှာလူအုပ်နဲ့ချီပြီး
      နတ်ပင်ကြီးဆို့တဲနေရာမှာပိတ်ဆို့ဖျက်ဆီးဖို့နဲ့မြို့လယ်လမ်း
      ဆုံပြန်မောင်းခိုင်းတာရဲတွေတောင်ပါတယ်တဲ့၊ပြီးမှရှောင်ထွက်သွားတာတဲ့
      (၅)ကားပေါ်ကနေဆွဲချပြီးနိုင်ငံသားလူ(၁၀)ယောက်လုံးကိုရက်ရက်စက်စက်
      ဦးခေါင်းတွေကိုဖေါက်၊မျက်နှာတွေကိုဓါနဲလှီး မျက်လုံးတွေကိုထုတ်
      လက်တွေ၊ခြေတွေကိုတစ်ပိုင်စီအချိန်၂နာရီ(၃)နာရီကြာအောင်
      ရက်ရက်စက်လုပ်နေတာသေနတ်သံ၊ဟန့်တားထိမ်းတဲ့အသံတစ်ခွန်းမှ
      မတွက်လာဘဲမြှောက်ပေးတဲ့အသံတွေဘဲထွက်လာတယ်။
      (၆)တစ်မြို့လုံးနီးပါထွက်လာပြီးထိုးခုတ်ရိုက်နှက် တမီန်တွေဝတ်ပေး၊
      အောက်ခံဘောင်ဘီတွေပါးစပ်ထဲထည့်၊ဝက်ဆီလောင်းပြီမီးရှိုမလို့
      လုပ်နေတာမြို့ကလူကြီးတွေကမြို့ကလူတစ်ယောက်မှမပါဆိုတာအံဩ
      စရာလံကြုတ်ကြီးပါ၊ကလေးတွေကအစအကုန်သိတယ်
      (၇)သူတို့မပါပါဘူးအခြားနယ်တွေကလူတွေလာလုပ်တယ်ဆိုရင်လူ
      ၄၀၀၊ ၅၀ဝရာ ဘာတွေနဲဘယ်အချိန်ကဘဲရောက်လာလဲ
      ဇီးစေ့လောက်ရှိတဲ့မြို့မှာဘယ်မှာနေကြလဲ မြို့ခံတွေမသိတော့ဘူးလား
      ကို်ယ်မြို့ထဲမှာလူများကလာလုပ်ချင်တိုင်လုပ်လို့ရလားယုတ္တိမရှိတာတွေ
      အသံကောင်းလာဟစ်နေတယ်။
      (၈)ရှေ့အဆက်ဆက်အလဲအကြိမ်ကြိမ်တစ်မြို့လုံးဝိုင်းပြီးဘာသာရေး
      အဆောက်အဦးတွေကိုမီးရှို့လူတွေသတ်၊မြို့ခံဌာနဆိုင်ရာ
      ဝန်ထမ်းတွေမောင်းထုတ်အိမ်တွေဖျက်၊လူသတ်၊မုဒိမ်းကျင့်
      အကြိမ်ကြိမ်လုပ်ခဲ့တဲ့နောက်ကြောင်းရာဇဝင်တွေရှိနေတာဘဲ၊
      ဘယ်နှစ်ခါအမှုပေါ်ခဲ့လို့လဲ၊
      (၉)တပ်မကြီးတစ်ခုလုံးရှိနေလျှက် မြို့မှာခွေးအုပ်ယုန်လိုက်သလိုခရီးသည်
      လေအိတ်ကားကြီးပြေးနေရတာဓါတ်တိုင်(၁)တိုင်ကွာမှာရှိနေတဲ့
      တပ်မကြီးနဲ့မြေမြန်တပ်ရင်းကမသိဆိုတာအထူးအံဩစရာဖြစ်နေတယ်။
      လေအိတ်ကားကြီးကိုဆိုက်ကယ်တွေလူတွေအုံပြီးလိုက်နေတာမသိဘူး
      ဆိုရင်၊ရန်သူဝင်လာရင်ရောသိမှာလား၊အခုဟာကရန်သူကတောလမ်းမှာ
      သေနတ်နဲဝင်ပြစ်၊လက်ပစ်ဗုံးနဲပြစ်လို့သေတာမဟုတ်ဘူးနေ့ခင်း
      ကြောင်တောင်မျက်နှာဖုံးမစွတ်ဘဲစိမ်ပြေနပြေခန္ဓာကိုယ်တွေကိုတစ်စ
      စီခုတ်ပိုင်ပြီးလူထောင်နဲချီပြီးဝိုင်းလုပ်တာ တရားခံမမိဘူးမသိဘူး
      ဆိုရင်တော့မြန်မာပြည်အတွက်အထူးစိုးရိမ်စရာဘဲ။
      သူတို့အထက်ကခရိုင်မြို့ဖြစ်တဲ့သံတွဲခရိုင်အာဏာရှိသူတွေကိုအကြောင်းမကြားပါ။
      ဂိတ်မှုးလဲသိပါတယ်၊သူလဲအကြောင်းမကြားပါ၊လူအုပ်စုရာနဲ့ချိင်္ပြီးသွားလာလုပ်ရှား
      နေတာအာဏာပိုင်တွေမသိဆိုတာမရှိပါဘူး၊မြို့ခံတွေအားလုံးသိပါတယ်၊ဂိုဏ်ချုပ်လဲ
      သိပါတယ်၊ဖွါးတော်လဲသိပါတယ်၊ငွေတောင်အကုန်ခံထားပြီးသားပါ၊ဒီလောက်မြို့လည်ခေါင်မှာ
      ခရီးသည်ကားကိုလူအုပ်နဲ့ချီပြီးဝိုင်းရိုက်သတ်နေတာ(၃)နာရီကျော်ပါတယ်၊
      အလောင်းတွေကိုမြို့လယ်ခေါင်မှာတောင်ထားတာပါ။ကားဝင်ကတည်းက
      ဓါတ်ပုံတွေဝိုင်းရိုက်ကြတာပါ။အမှန်တကယ်လွတ်ချင်တယ်ဆိုလုံခြုံရေးပေး(သို့)
      မြို့မဝင်ခင်ကဘဲမြို့ဝင်ခွင့်မပေးဘဲပြန်လှည့်ခိုင်းရုံသာရှိပါတယ်၊
      သူတို့မြို့မှဒီလိုလူသတ်တာရိုးနေပါပြီ၊မုဒိန်းကျင့်ပြီး၊အလောင်းဖျောက်
      သတ်ပစ်တာလဲရိုးနေပါပြီ၊လူသတ်ပြီးရင်ရွာသူကြီးကိုယ်တိုင်ကသူ့ရွာကိုလူစိမ်း
      တစ်ယောက်မှမလာပါဘူးတဲ့၊(ကဲ့ဘာပြောအုံးမလဲ)(အခုလဲဒီအတိုင်ဘာဘဲ)
      တကယ့်အနက်ရောင်နယ်မြေပါ။ ကားလမ်းမပေါ်မှာမထားသင့်တဲ့မြို့ပါ၊
      တက္ကသိုလ်ဆိုတာလာလားမှမအပ်စပ်ပါ။မြို့ပါဖျက်ပြစ်သင့်ပါတယ်၊ပြီးတော့
      ကုလားသာမုန်းနေတယ်ဘင်္ဂလာဒေ့၊နဲ့အမြဲအဆက်အသွယ်လုပ်နွားမှောင်ခို၊ကျွန်း၊သစ်
      ဆန်မှောင်ခိုအဓိကလုပ်ဆောင်ရာဒုစရိုက်မြို့လဲဖြစ်ပါတယ်။တက္ကသိုလ်အတွက်
      တောင်မောင်တောမှလူများထံမှငွေသိန်းထောင်ချီအလှူငွေကောက်ခံထားကြောင်းသိရပါတယ်၊
      ကျေးဇူးမသိ၊သစ္စာမရှိ၊ဒုစရိုက်မြို့ဖြစ်ပါတယ်။၎င်းတို့မြို့ရွာတွင်ဖြစ်ပွားသော
      လူသတ်မှုကိုဖျောက်ဖျက်ရန်အခြားမြို့နယ်များသို့ဘာသာရေးလူမျိုးရေး
      သွေးထိုးမှုများကိုပြုလုပ်နေသောအဓိကတရားခံများစုနေထိုင်ကြပါကြောင်း
      သတင်းရရှိပါသည်။
      ၎င်းလူသတ်မှုကိုနိုင်ငံတော်သတင်းဌာနကလူမျိူးရေးဘာသာရေးရောပြီးတင်လိုက်ရော
      ဒါကိုနိုင်ငံတော်သမ္မတကြီးကစုံစမ်းရေးကော်မရှင်ဖွင့်မယ်လုပ်ရော ဟောသူတို့မြို့အရေးယူခံရမှာ
      စိုးတာနဲ့အစိုးရအဖွဲစိတ်ပြောင်းသွားအောင်သူတို့မှောင်ခိုချနေကြမောင်တောမှာပြသနာ
      ဖန်တီးကြပြန်ရော။မီဒီယာတွေကိုငွေပေးပြီးသတင်းပြောင်းပြန်တင်ခိုင်းရောပေါ့။လူမျိုးရေးပြဿနာ
      ဖန်တီး .ပြီးတော့စစ်တွေ . .၎င်းတို့ထွက်ထားတဲ့ဓါတ်ပုံကကောင်းကောင်းမွန်မွန်မပါ၊ဒါပေမယ်လူဗြိန်းတွေယုံ၏
      ဒါပေမယ်သိသူရှိ၏၊ကြည့်တတ်သူမြင်၏၊တရားခံတွေဓါတ်ပုံတိုင်းပါ၏ . .အောက်ခေါင်းစီး
      ကလူမျိုးခြားလုပ်တာ၊ကိုယ်အိမ်ကို်ယ်မီးရှိုသတဲ့၊ကိုယ်ဈေးကိုယ်ရှိုသတဲ့ယုံစရာသတင်းဆောင်းပါ . . ရသေ့တောင်မှလည်းဒီလို့ လူနည်းစုနေတဲ့ရွာကို တခြားလာမီးရှိတာကို ကိုယ်အိမ်ကိုယ်မီးရှိသတဲ့ရေးတဲ့နွားကရေး၊ယုံတဲ့နွားကယုံ၊
      ခင်ဗျားတို့သိလားဘာကြောင့်မာရှယ်လောထုတ်ထားပြီးမီးရှိုနေရတာလဲ၊ လုစုတာနဲ့ပစ်လို့ရနေတာ
      ဒါပေမယ်မလုပ်ဘူး . .ခင်ဗျားတို့သိအောင်လုပ် . .
      ွပြီးတော့ရန်ကုန် . . ပြီးတော့ ့ ့

      ဒီလိုနဲ့ပြဿနာမီးခိုးကြွက်ရှောက်ဖြစ်ကုန်ရော . . .ပြီးတောသူတို့လိုချင်တာ
      ရခို်ပြည်နယ်သီးခြားခွဲထွက်ရေး၊ဟိုတလောကဘဲရခိုင်ကထွက်တဲ့ရွှေဓါတ်ငွေတွေမြန်မာအစိုးရ
      အဖွဲ့ရောင်းစားလို့ဆိုပြီးသီးခြားခွဲထွက်ဖို့ရခိုင်စာရေးဆရာတွေစု့ပြီးရခိုင်တပြည်နည်လုံး
      တရားဟောသေး ..ဒီလိုဒီလို့ပါ . .သိသူကြည့် . .ကြည်သူမြင်၏ .အမှန်တရားသင်တို့နဲ့အနီးလေး
      လှူဒါန်းမှုတွေကိုဒေါ်စုပြောသွား၏ နှစ်ဖက်စလုံးလှုပါ့တဲ့ ၊ဒါမှတရားမျှတမည်တဲ့၊
      လူသားအားလုံးငြိမ်းချမ်းပါစေ၊အားလုံးငြိမ်းချမ်းကြပါစေ၊တရားခံကိုထိထိရောက်ရောက်အမြန်
      အရေးယူပါ ပြဿနာငြိမ်းသွားပါလိမ့်မည်။

  • အဂျစ်

    June 13, 2012 at 3:38 pm

    သဂျီးကပဲ ဆက်လက် ရှင်းပြစေချင်ပါကြောင်း…

  • Aung Oo

    June 13, 2012 at 3:57 pm

    သို့
    အယ်ဒီတာခင်ဗျား……..
    ကျွန်တော်သည်စစ်တွေမြို ့နေတိုင်းရင်းသား ရခိုင်လူမျိုးတစ်ဦးဖြစ်ပါသည်။ ကျွန်တော်တို့စစ်တွေမြို ့တွင် ယနေ့ကြုံတွေ ့နေရသောအခြေအနေသည် စစ်မြေပြင်တစ်ခုသို့ရောက်ရှိသည့်ပုံစံအတိုင်းဖြစ်နေပါသည်။
    နေ့ရောညပါ ရိုဟင်ဂျာဘင်္ဂါလီကုလားများ၏ တိုက်ခိုက်မှုကိုခုခံတားဆီးနေရပါသည်။ အစိုးရလုံခြုံရေးရဲများကိုယ်တိုင် ရိုဟင်ဂျာဘင်္ဂါလီကုလားများ၏ သေနတ်ဖြင့်ပစ်ခတ်မှုကို ခုခံနေရပါသည်။ ယနေ့အခြေအနေသည် တိုင်းရင်းသားရခိုင်လူမျိုးများ၌ မည်သည့်လက်နက်မှမရှိဘဲ ရိုဟင်ဂျာဘင်္ဂါလီကုလားများ၌ RG-P များ မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပါသည်။

    ရိုဟင်ဂျာဘင်္ဂါလီကုလားများနှင့် ဆက်စပ်နေတိုင်သော ရခိုင်ရပ်ကွက်အချို ့တွင် ရိုဟင်ဂျာဘင်္ဂါလီကုလားများက ကိုယ့်အိမ်ကိုယ်မီးနှင့်ရှို ့ပြီး ရပ်ကွက်တစ်ခုလုံးမီလောင်စေရန်နှင့် ရခိုင်လူမျိုးများ မီးရှို့ဖျက်ဆီးသည့် ပုံစံပြုလုပ်ပြီး ထွက်ပြေးသွားကြပါသည်။ ယင်းရိုဟင်ဂျာဘင်္ဂါလီကုလားအင်အားကောင်းသောရပ်ကွက်များတွင် စုရုံးပြီးတိုက်ခိုက်ရန်အတွက် လာကြပါသည်။ ကုလားလူဦးရေသည် တစ်နှစ်ထက်တစ်နှစ်တိုးပွားမှုသည သာမန်မဟုတ်ဘဲ လူဦးရေပေါက်ကွဲနေသည့် ပုံစံမျိုးဖြင့် ကုလားတစ်ဦး မိန်းမလေးယောက်၊ တစ်နှစ် ခလေးလေးယောက်မွေးဖွားနှုန်းဖြင့် အဆမတန်လူဦးရေ တိုးပွားနေခြင်းဖြစ်ပါသည်။ ယနေ့လူဦးရေသည် ရခိုင်လူမျိုးများ၌ Family Planning အရ သားသမီးနှစ်ဦးသုံးဦးထက်မပိုဘဲ ရိုဟင်ဂျာဘင်္ဂါလီ ကုလားမိသားစုများ၌ သားသမီးဆယ်ဦးအထက်ရှိနေခြင်းကို ကြည့်ခြင်းဖြင့် ရခိုင်များသည် လူနည်းစုဖြစ်လာပြီး ကုလားများသာ လူများစုဖြစ်လာပါသည်။

    ဤပြဿနာ၌ ရိုဟင်ဂျာဘင်္ဂါလီကုလားများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုး (၁၁၅) မျိုးတွင် မပါဝင်ဟုနိုင်ငံတော်အစိုးရ၏ကြော်ငြာချက်ကို ယင်းရိုဟင်ဂျာဘင်္ဂါလီကုလားများမကျေနပ်၍
    ပြဿနာဖန်တီးကြခြင်းဖြစ်ပါသည်။ ထိုပြဿနာဖန်တီးမှုကို အဓိကအားပေးအားမြှောက်လုပ်နေသူများမှာ UNHCR မှ International Staff အချို ့နှင့် Local Staff အချို့ အပါဝင် INGO အချို ့မှ လက်နက်တင်သွင်းပေးပြီး တိုက်ခိုက်မှုကိုအားပေးနေခြင်းဖြစ်ပါသည်။ ဤကိစ္စကိုအစိုးရမှလည်း သက်သေအထောက်အထားခိုင်လုံစွာရရှိပြီး ဖြစ်ပါလိမ့်မည်ဟု ထင်ပါသည်။ သို့ပါ၍ ဤပြဿနာများကိုအမြန်ဆုံးရပ်ဆိုင်းစေရန်နှင့် နောက်နောင်ပြဿနာမပေါ်ပေါက်စေရန် UNHCR အပါအဝင် INGO များ အမြန်ဆုံးဤဒေသမှ ထွက်ခွာသွားရန်တောင်းဆိုပါသည်။ လက်နက်ကိုင်ပစ်ခတ်နေသော ရိုဟင်ဂျာဘင်္ဂါလီကုလားများသည် R.S.O နှင့် အယ်လ်ကိုင်ဒါသူပုန်များဖြစ်ကြပြီး ယင်းတို့အားအပြီးအပြတ်ချေမှုန်း၍ ပြည်သူလူထုအတွင်း မည်သည့်လက်နက်မှမရှိသော စစ်တွေမြို့ ဖြစ်စေရန်တောင်းဆိုပါသည်။

    ဤပြဿနာသည် ကြိုတင်စီမံပြီး အချိန်ယူဖန်တီးမှုဖြစ်ပါသဖြင့် ပြဿနာဖန်တီးသူခေါင်းဆောင်များအား လူမျိုးတုံးသတ်မှုစီစဉ်သူတရားခံများအဖြစ် အမြန်ဆုံးအရေးယူဆောင်ရွက်ပေးပါရန် တောင်းဆိုပါသည်။

    စစ်တွေသားတစ်ဦး

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 13, 2012 at 7:03 pm

      ဒီသတင်းမျိုးကိုကျုပ်က လိုက်နေတာ
      မြန်မာပြည်ရဲ့ ဖွဲ့စည်းပုံထဲမှာ လက်နက်ခဲယမ်းမီးကျောက်ဟာ အလွန်ကြီးမားတဲ့ပြစ်မှု့
      တစ်ခုဖြစ်တယ်ဆိုတာလေး ခင်ဗျားမသေမချင်းမှတ်ထားဘို့ ဦးစွာပထမ သတိပေးလိုပါတယ်
      ( ဗျောက်အိုးဖေါက်ရင်တောင် ထောင်ချလို့ရတဲ့သဘောရှိပါတယ် )
      သတင်းတွေမှာပြောပါတယ် ထွက်ပြေးကြတဲ့ ရခိုင်တွေကို အိမ်ပေါ်ကနေ ဘင်္ဂ ါလီတွေက သေနတ်နဲ့
      ပြစ်ရာကနေ ရဲဖက်ကသေနတ်နဲ့ ပြန်ပြစ်တယ်လို့ဆိုပါတယ်
      ( ဘယ်ဆိုဒ် လည်းဆိုတာတော့ မပြောစရာလိုမည်မထင် )
      ဆိုတော့ကာ
      ဆိုခဲ့ပြီးသလို အိမ်တစ်အိမ်ကနေ သေနတ်နဲ့ပြစ်တယ်ဆိုတဲ့အခါ ( ဘယ်အိမ်လည်း )
      မြန်မာပြည်ဖွဲ့စည်းပုံအရ သေနတ်နဲ့ပြစ်တာကိုဘေးချိတ်ထား သတင်းလေးရတာနဲ့
      အဲ့သည်လူ ပြာဖြစ်ပြီသာမှတ်
      ခုတော့ သေနတ်နဲ့ပြစ်တာကိုတွေ့တဲ့နောက်တော့ ဘယ်အိမ်လည်း ဘယ်သူပိုင်လည်း
      စွဲစိဘို့ဘာများခက်တာမှတ်လို့
      အထူးဆိုလိုခြင်တာက မြန်မာပြည်မှာ အိမ်ပေါ်ကနေ သနတ်နဲ့ပြစ်ဘို့ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ဘူး
      ဆိုတာရယ် ဒီလိုပြစ်တဲ့နောက်တော့ ဒီလိုဘဲ နေလို့ရမယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ
      နောက်တစ်ခုက
      လက်နက်ငါးထောင်လောက်တပ်ဆင်ထားတယ် ဆိုတဲ့စကားလေးပါ
      မြန်မာပြည်မှာ ဘယ်အဖွဲ့စည်းဟာ လက်နက်အင်အားဘယ်လောက်ရှိတယ်
      လက်နက်အင်အားဘယ်လောက်ရှိရင် ဘာအဖွဲ့စည်းခေါ်တယ် ဆိုတာ လူတိုင်းသိပါတယ်
      လက်နက်ငါးထောင်ကို ထိမ်းသိမ်းဘို့ဆိုတာ ဘာကြီးကြယ်လို့လည်းလို့ဆိုခြင်တာလား
      ကျုပ်အထင် အဲ့သည် လက်နက်ငါးထောင်ဆိုတာ
      ချီးကြုံးတဲ့ လက်အိပ်မဲမဲ ( ဒါလဲ လက်နက်ဘဲ ) တွေဘဲဖြစ်လိမ့်မယ်
      ခင်ဗျားရဲ့ ကော်မန့်ဟာ လူတွေအနေနဲ့ ဘင်္ဂလီကလားတွေကို ကြောက်စေဘို့
      မုန်းစေဘို့ ရန်စတစ်ခုကို စပေးလိုက်သလိုဘဲ
      ကျုပ်ဝါးတားတားဖြစ်နေတာက ဒုတ်ဓားလက်နက်တွေနဲ့ ကလားအုပ်ကို
      လုံခြုံရေးဆိုတဲ့လူတွေက ဘာ့ကြောင့်ကြွက်ခြောက်သလိုခြောက်နေတာလည်းဆိုတာပါ
      ကလားတွေကို ပြစ်ပါလို့ပြောနေတာမဟုတ်ဘူး
      ပြည်သူတွေကို တိုက်ခိုက်ဖျက်ဆီးနေတဲ့ လူအုပ်စုကို တွေ့နေရပါလျှက်နဲ့
      ဘာကို ထိမ်းထိမ်းသိမ်းသိမ်းလုပ်နေသလဲဆိုတာလေးပါ
      ပြောရရင်တော့ အောလပုံပေါ့ ငါလိုးမသားရယ် 😀 😀 😀

      • အဂျစ်

        June 13, 2012 at 8:15 pm

        ရခိုင်ပြည်နယ် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲမှူးကြီးလှမိုးက “ဒီဖြစ်စဉ်က ရှင်းရှင်းလေးရယ်နဲ့ အခက်တွေ့နေတာပါ ပြည်နယ်အတွင်းမှာက ဟိုဘက်လုပ်လိုက်၊ ဒီဖက်ကလုပ်လိုက် သတင်းတွေ မကြာခဏကြားရတယ်၊ အချို့သတင်းတွေက မမှန်ကန်ဘူး၊ အခုဖြစ်စဉ်ဆိုရင်လည်း ရခိုင်အမျိုးသမီးတစ်ယောက်ကို အဲဒီသံတော်လီကျေးရွာက လူမျိုးခြားတွေ ဖမ်းခေါ်သွားတယ်ဆိုတဲ့ သတင်းကြောင့် မခံနိုင်တဲ့ ရခိုင်လူမျိုးတွေက တစ်ဖြည်းဖြည်းများလာပြီး အဲဒီဖမ်းခေါ်သွားတယ်ဆိုတဲ့ လူမျိုးခြားကျေးရွာတို့ကို ဝင်ပြီးတော့ နှစ်ဖက်ခိုက်ရန် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေက မွန်းလွဲ ၁၂း၃ဝ လောက်မှာ အဲဒီကျေးရွာ ပတ်ဝန်းကျင်မှာ တဖြည့်းဖြည်း များလာတဲ့အချိန်မှာပဲ ရဲကင်းက တာဝန်ရှိသူတွေက လူစုခွဲဖို့အတွက် မိုးပေါ်ထောင်ပြိး သေနတ်ပစ်ခဲ့တယ်။ အဲဒါကို သံတော်လီကျေးရွာထဲက လူမျိုးခြားတွေက ပစ်တယ်လို့ထင်ပြီးတော့ ပိုပြီး စိတ်မထိန်းနိုင်တော့ပဲ အခုလိုဖြစ်ခဲ့တာပါ”ဟု ရှင်းလင်းပြောကြားခဲ့သည်။

        ဖြစ်စဉ်တွင် ရဲတပ်ရင်းမှ ဝင်ရောက် ထိန်းပေးနေသည့်အချိန်တွင် သံတော်လီကျေးရွာအတွင်းမှ သေနတ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ရင်းမှ ခြောက်လှန့်သည့်အနေထားဖြင့် အကြိမ်ရေ ၁၅ ကြိမ်ခန့် ပြန်လည်ပစ်ခတ်ရကြောင်း သိရှိရသည်။ အဆိုပါရဲတပ်ရင်းမှ တာဝန်ရှိသူများသည် မွန်းလွဲပိုင်း (၁း၄၅)အချိန်တွင် အဆိုပါကျေးရွာထဲသို့ ဝင်ရောက်ပြီး ဘင်္ဂါလီရိုဟင်ဂျာများကို ခေါ်ယူ၍ ခိုက်ရန်မဖြစ်ကြရန် ဆွေးနွေးခဲ့ပြီး သံတော်လီကျေးရွာနှင့် ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကြားတွင် တပ်မ(၂၁၀)မှ တပ်ခွဲတစ်ခွဲလုံခြုံရေးယူကာ ငြိမ်းချမ်းစွာဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
        ဆက်လက်၍ ရဲမှူးကြီးလှမိုးက “ကောင်းမွန်စွာနေထိုင်၍ အေးအေးချမ်းချမ်းဖြစ်ဖို့အတွက် တာဝန်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက နာကျည်းတဲ့စိတ်တွေကို ရှေ့မထွက်ပဲ နေဖို့လိုတယ်။ တာဝန်ရှိတဲ့ နိုင်ငံတော်အစိုးရက ဥပဒေအရ အရေးကြောင်းအရ အရေးယူပေးသွားမှာပါ”ဟု ပြောကြားခဲ့သည်။
        ဇွန်လ ၁၂ ရက် နံနက် ၉း၅၃ နာရီ

        • အဂျစ်

          June 13, 2012 at 8:21 pm

          ဆိုဒ်တခုကကူးတာပါ မူရင်းတိုင်းပါပဲ အပေါ်အပိုဒ်နဲ့ အောက်အပိုဒ်လွဲနေတယ်ဗျ….. ဪ..စဉ်းစားရအုံးမယ်

    • သားဦး၊မြေးဦး

      June 13, 2012 at 8:30 pm

      RPJ လားမသိပါ သူပြောချင်တာ။ကျနော်ကြားသလောက်တော့ လုပ်သေနတ်လေးတွေ
      လို ့ကြားပါတယ်။
      ခုရက်ပိုင်း သတင်းတွေက အမှန်တဝက်၊အမှားတဝက်နဲ ့မို ့စဉ်းစား၍သာယုံကြပါရန်။

      • aye.kk

        June 13, 2012 at 11:01 pm

        ရခိုင်မှာနေတဲ့..
        ဒေသခံတိုင်းရင်းသားတွေက..
        နက်ပေါ်ကသတင်းတွေမှန်တယ်လို ့ပြောနေတာကြားသိရ..။

        • aye.kk

          June 14, 2012 at 8:26 am

          လုပ်သေနတ်တွေမဟုတ်..
          ကိုင်ထားတာကအစစ်တွေ..
          ဒေသခံတိုင်းရင်းသားတွေကို..
          တကယ်ပစ်လို ့တကယ်ထွက်ပြေးကြရတာပါ..။

        • Myo Min Oo

          June 15, 2012 at 5:00 pm

          ရခိုင်မှာ ဒီလိုအနေအထားနဲ့ အင်တာနက်သုံးလို့ရသေးတယ်လား၊ တယ်ဟုတ်ပါလား။
          ဖုန်းတွေရှိလို့နဲ့တူပါတယ်

  • Khin Kha

    June 13, 2012 at 4:04 pm

    ကိုဘလက်ရေ
    အတွေးနယ်ချဲ့လို့
    အရေးရယ်ဆို
    ပြေးဖို့မေ့နေအုံးမယ်နော်။

  • အလင်းဆက်

    June 13, 2012 at 6:02 pm

    ဗရမ်းဗတာတွေမြင်တိုင်း ဗရမ်းဗတာတွေပါကွာလို့ အလွယ်တကူ မှတ်ချက်ပေးခြင်းမျိုးထက် ဗရမ်းဗတာတွေနောက်မှာ ကပ်ပါလာတတ်သော စံနစ်ကျနမှုလေးတွေကို မြင်တတ်အောင်ကြိုးစားစေချင်ပါတယ်။

    အဲဒါလေး..သဘောကျတယ်ဗျ။

  • maungmoenyo

    June 14, 2012 at 8:13 am

    (၈၈) အရေးအခင်းစတင်စဉ်က ကြို့ကုန်း RIT ရှေ့ကလဖက်ရေဆိုင်မှာ သီချင်းလုစကားများရာကစခဲ့တာမှတ်မိကြမယ်ထင်ပ။ အရေးအခင်းတွေအစပျိုးတတ်တဲ့ ကနဦးဖြစ်စဉ်တွေပြန်ကြည့်ရင် ဘာမဟုတ်တဲ့ကိစ္စကနေဖြစ်တတ်ပါတယ်။ ဒီလိုအစအနတွေကို ကြည့်နေတတ်တဲ့တောကြောင်တွေက အမြဲရှိနေတတ်ကြပါတယ်။ (၁၉၅၀-၇၀) ဝန်းကျင်တုံးက ဗကပ ကွန်မြူနစ်တွေရဲ့ စနက်လွှမ်းမိုးခဲ့ပေမဲ့ (၂၀)ရာစုမှာတော့ ဒီလို မြင်ရအကဲခပ်ရ ခက်တဲ့တောကြောင်တွေက အုံကြွမှုအတွက် အစကိုအမြဲချောင်းနေတတ်ကြပါတယ်။ လက်ရှိမြန်မာအစိုးရရဲ့ လျင်မြန်တဲ့ နိုင်ငံရေးပြောင်းလဲမှုအပေါ်မနာလိုမှုဖြစ်နေကြတဲ့ သူတွေထဲမှာ အိမ်နီးချင်းနိုင်ငံကအစိုးရတွေကမဟုတ်တောင် Al-quida လိုအဖွဲ့တွေက ချောင်းနေတတ်ကြပါတယ်။
    ကိုဘလက် ဆွေးနွေးသလို နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နဲ့ အိမ်နီးချင်းတွေရဲ့ မနာလိုမရှုစိမ့်နိုင်မှုတွေက ဖွားဖက်တော်တွေအနေနဲ့ ပေါ်ပေါက်လာရတာ စိတ်မကောင်းစရာပါ။ ဒါခုမှမဟုတ်ပါဘူး။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး လွတ်လပ်ရေးနဲ့အတူ ရောင်စုံသောင်းကြမ်းသူတွေ ပေါ်ပေါက်လာရတာကလည်း အိမ်နီးချင်းတွေရဲ့စနက်မကင်းပါဘူး။ တကယ်ခံရတာက တိုင်းရင်းသားတွေနဲ့လူထုတရပ်လုံးပါ။ အစိုးရဆိုတာကတက်ပြီးမကြာခင်ဆင်းသွားတာပါဘဲ။
    စစ်တလင်းအသွင်ပြောင်းနေတဲ့ ရခိုင်ဒေသကဓါတ်ပုံတွေကြည့်ပြီးရင်နင့်အောင်ခံစားရပါတယ်။ ဒါတွေကြည့်ပြီးအူမြူးနေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေကို မျက်စေ့ထဲ့ပြေးမြင်ယောင်နေမိပါတယ်။
    တိုင်းရင်းသားခေါင်းဆောင်တွေက လူထုကြားထဲရဲရဲဝံ့ဝံ့ဆင်းပြီး လူထုသဘောပေါက်အောင် နားချကြပါ။ တပ်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ တိုင်းရင်းသားတွေနဲ့တသားထဲဆိုတာကိုပြကြပါ။ ဒေသထူထောင်ရေး၊ လူတန်းစေ့ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး အတွက်လုပ်စရာအလုပ်တွေတလှေကြီးရှိနေတယ်ဆိုတာ သတိပြုကြပါ။
    ဘင်္ဂါလီတွေကြားထဲမှာ လက်နက်ကိုင်တဲ့သူတွေနဲ့ သွေးဆောင်နေသူတွေကို ရဲရဲဝံ့ဝံဖေါ်ထုတ်အရေးယူပါ။ ဒီသပ်သျှိုသမားတွေ က ရခိုင်ပြည်ငြိမ်းချမ်းရေးကို တကယ်ခြိမ်းခြောက်နေပါတယ်။ လိုအပ်ရင် ကွန်မင်ဒိုပြောက်ကျားနည်းဗျူဟာ သုံးပြီး နှိမ်နင်းသင့်ရင်နှိမ်နင်းပါ။ အဲ့ဒါတွေမလုပ်နိုင်သေးရင်၊ ရခိုင်မီးပွားက တခြားပြည်နယ်တွေကိုကူးစက်လာနိုင်ပါတယ် ဆိုတာ….။

  • hnin sai

    June 14, 2012 at 1:21 pm

    ဒီပုံကိုကြည့်ပြီးလူနည်းစုသောင်းကျန်တာလားဘယ်သူတွေမီးရှိနေတာလဲမသိရအောင်
    ခင်ဗျားတို့မျက်လုံးဘာတွေထိုးထားသလဲ၊သေသေချာချာချာကြည့်၊မီးရှိုနေတဲ့တရားခံတွေဓါတ်ပုံမှာအထင်းသားပေါ်တယ်
    ၊ဘာသေနတ်မှမရှိလိူဒီလိုသွားနေနိုင်တာ၊ရှေတန်းရောက်ဘူးလား၊ရှေတန်းမှာခေါင်းတောင်ဖေါ်ရဲတာမဟုူတ်
    ဘူး၊လက်နက်မရှိသူတွေကိုလက်နက်ကိုင်ပုံပါသောင်းကျန်းသူ တွေစော်ကားနေတာ၊
    ရခိုင်ပြည်နယ် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲမှူးကြီးလှမိုးက “ဒီဖြစ်စဉ်က ရှင်းရှင်းလေးရယ်နဲ့ အခက်တွေ့နေတာပါ ပြည်နယ်အတွင်းမှာက ဟိုဘက်လုပ်လိုက်၊ ဒီဖက်ကလုပ်လိုက် သတင်းတွေ မကြာခဏကြားရတယ်၊ အချို့သတင်းတွေက မမှန်ကန်ဘူး၊ အခုဖြစ်စဉ်ဆိုရင်လည်း ရခိုင်အမျိုးသမီးတစ်ယောက်ကို အဲဒီသံတော်လီကျေးရွာက လူမျိုးခြားတွေ ဖမ်းခေါ်သွားတယ်ဆိုတဲ့ သတင်းကြောင့် မခံနိုင်တဲ့ ရခိုင်လူမျိုးတွေက တစ်ဖြည်းဖြည်းများလာပြီး အဲဒီဖမ်းခေါ်သွားတယ်ဆိုတဲ့ လူမျိုးခြားကျေးရွာတို့ကို ဝင်ပြီးတော့ နှစ်ဖက်ခိုက်ရန် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေက မွန်းလွဲ ၁၂း၃ဝ လောက်မှာ အဲဒီကျေးရွာ ပတ်ဝန်းကျင်မှာ တဖြည့်းဖြည်း များလာတဲ့အချိန်မှာပဲ ရဲကင်းက တာဝန်ရှိသူတွေက လူစုခွဲဖို့အတွက် မိုးပေါ်ထောင်ပြိး သေနတ်ပစ်ခဲ့တယ်။ အဲဒါကို သံတော်လီကျေးရွာထဲက လူမျိုးခြားတွေက ပစ်တယ်လို့ထင်ပြီးတော့ ပိုပြီး စိတ်မထိန်းနိုင်တော့ပဲ အခုလိုဖြစ်ခဲ့တာပါ”ဟု ရှင်းလင်းပြောကြားခဲ့သည်။
    ပြီးသား။သွေးထိုးမနေကြနဲ့၊သေနတ်ရှိရင်ခင်ဗျားတို့ရပ်တောင်ရပ်နိုင်မှမဟုတ်ဘူး၊ကိုယ်ရပ်ကိုရွာ
    မီးရှိုခံထားရတာ၊ကိုယ်အိမ်မီးလောင်ခံရတာ၊ခင်ဗျားတို့နေနိုင်သလား၊ခင်ဗျားတိုအိမ်မီးရှိုခံရပြီးကိုယ်
    အိမ်ကိုယ်မီးရှိုတယ်လို့အပြောခံချင်လို့လား၊ခေါင်းမှာချီးတွေနဲ့ပြည့်မနေပါနဲ့၊ခဏကြာလာတော့မှာ
    ကုမ္မဏီကြီးတွေသူကန်ထရိုက်ယူမယ်၊ဝန်ကြီးဘယ်လောက်ပေးမလဲနဲ့
    နိုင်ငံတော်သမ္မတအိပ်ပျော်နေတာလား။နိုင်ငံတကာကအိပ်ပျော်နေတာလား။တရားခံဘယ်သူလဲစဉ်းစားတတ်ပါစေ

    • အဂျစ်

      June 15, 2012 at 3:17 pm

      ဆိုဒ်တခုကကူးတာပါ မူရင်းတိုင်းပါပဲ ..မီဒီယာ တခုထဲမှာပဲ ၂ ခု လွဲနေတာတွေ့လို့ ချင့်ချိန်လို့ရအောင် အထက်ကကျနတော့ comm မှာ ကူးတင်တာပါ

  • kyeemite

    June 15, 2012 at 1:31 pm

    ဟုတ်ပါတယ် ရခိုင်ဒေသမှာ ဖြစ်နေတဲ့ ဗရမ်းဗတာတွေနောက်မှာ စံနစ်ကျနမှုတစ်ခုခု ရှိနေနိုင်တယ် ဆိုတာလေး ….။တွေးချင့်စရာဖြစ်ပါဂျောင်း…

Leave a Reply