ဘယ်Anti Virus ကိုဝယ်သူသုံးစွဲကြမလဲ၊ဘယ်Anti Virus ကကိုယ့်အတွက်အဆင်ပြေနိင်မလဲ?

ကွန်ပျူတာနည်းပညာကြီးတိုးတက်လာသည်နှင့်အမျှ Computer Virus များကလည်းတသီကြီးပါလာတတ်ကြသည်။တချို့ Virus များဆိုလျှင် Hard Disk ကိုအရည်ကျိုသလိုပျက်ဆီးသွားနိင်သည်
အထိကိုအဖျက်စွမ်းအားကြီးကြပါသည်။သို့နှင့်ပင်ထို Virus များကိုတိုက်ခိုက်ရန် Anti Virus များကလည်းဈေးကွက်တွင်းသို့တစ်မပာုတ်ခြင်းဝင်ရောက်လာကြသည်။Anti Virus တစ်ချို့ကလည်း
Performance မြင့်ကြသည်။တချို့ကလည်းအားနည်းချက်များရှိနေကြသေးသည်။ထိုထဲမှာမိမိအတွက်အဆင်ပြေမည့် AntiVirus များကိုယခုတစ်ပတ်အတွက်တင်ပြလိုက်ပါသည်။

1.Bitdefender Anti-Virus
Bitdefender ကတော့အကောင်းဆုံးစာရင်းဝင်ဖြစ်ပြီး တော်တော်လေးကိုလုံခြုံမှူပေးစွမ်းနိင်ပါသည်။သုံးစွဲရလွယ်ကူပြီးUserFriendly လည်းဖြစ်သည့်အတွက်အတော်လေးသုံးကြပါသည်။
နောက်ထပ်အားသာချက်မှာBitdefender သုံးသူများအတွက်မိမိစက်မလေးအောင် အထူးဒီဇိုင်းဆွဲထားခြင်းဖြစ်ပါသည်။သို့သော်စက်ကိုအနည်းငယ်တော့လေးစေပါသည်။KeyLogging တွေ
ကိုပါရှာဖွေနိင်သဖြင့် Hacker များရန်မှအတော်အတန်ကာကွယ်နိင်ပါသည်။

2.Kaspersky Anti-Virus
အကောင်းဆုံးစာရင်းဝင်ကာမြန်မာနိင်ငံတွင်အသုံးများဆုံးသောAnti-Virus ဖြစ်ပါသည်။Scan ဖတ်ရာတွင်လည်းမြန်ဆန်မှူတိကျမှူရှိပါသည်။Update တော့မှန်မှန်လုပ်ရန်အလွန်အရေးကြီးပါ
သည်။အားသာချက်မှာစက်လုံးဝမလေးခြင်းဖြစ်ပါသည်။သို့သော် License သက်တမ်းကုန်ခါနီးပါက စက်အချို့တွင် Refresh လုပ်ရန်ပင်၁၅second အထိကြာမြင့်တတ်သည်အထိစက်လေး
သည်မှာလည်း အားနည်းချက်တစ်ခုဖြစ်ပါသည်။မည်သို့ဆိုစေ Disabled လုပ်ပြီးစက်ကိုသုံးသည့်တိုင် Virus များကိုအကောင်းဆုံးရှာဖွေထိန်းချုပ်ထားပြီးစက်ကိုမလေးစေပါ။မြန်မာနိင်ငံတွင်
ဖြင့်နာမည်အရဆုံးအရောင်းရဆုံး Software တစ်ခုဖြစ်ပါသည်။

3.AVG Anti-Virus
အလွန်ပေါ့ပါးသည်မှာ AVG အားသာချက်တစ်ခုပင်ဖြစ်ပြီး သုံးလို့သုံးထားမှန်းတောင်မသိသာစေပါ။စက်ကိုပေါ့ပေါ့ပါးပါးအသုံးပြုလိုသူများအတွက် အကောင်းဆုံးအုပ်စုဝင် AVG ကိုသာသုံးကြ
ပါပာုအကြံပြုပါရစေ။

4.Panda Anti-Virus
အင်တာနက်နှင့်အဆက်မပြတ်သုံးနေရသောကွန်ပျူတာများအတွက်ဆိုလျှင် PANDA သည် နာမည်၇Software ပင်ဖြစ်ပါသည်။အချိန်ဆက်မပြတ်စောင့်ကြည့်မှူထိန်းချုပ်မှူတို့ကိုလုပ်ပေးနိင်ပါတယ်။

5.F Secure Anti-Virus
လူသုံးနည်းပါသည်။Virus များအားလုံးထက်စာလျှင် Malware,Spyware များကိုအဓိကပစ်မှတ်ထားချေမှုန်းသဖြင့် Malwawre နှင့် Spyware ကြောက်သူများကြားတွင်ရေပန်းစားပါသည်။အားသာ
ချက်မှာတခြား Antivirus များထက်ဖိုင် Size သေးငယ်သဖြင့် ပေါ့ပါးစွာလုပ်ဆောင်နိင်ပါတယ်။NetBook လေးတွေအတွက်ပိုအဆင်ပြေသည်ပာုအကြံပြုပါရစေ။

6.NOD32 Anti -Virus
နာမည်ရှိ Anti-Virus ဖြစ်ပါသည်။သို့သော်အားနည်းချက်များစွာရှိပါသည်။အလုပ်လုပ်ပုံရှပ်ထွေးသဖြင့်အသုံးပြုသူအတွက်အဆင်ပြေစွာမသုံးစွဲနိင်ကြပါ။သို့သော် Email Virus များကိုတော့အကောင်း
ဆုံးရှင်းလင်းပေးနိင်ပါတယ်။

7.Norton
သုံးဖူးသူများသိပါလိမ့်မည်။တည်ဆောက်မှူအပိုင်းအလွန်အားသာပါသည်။ဒီဇိုင်းလည်းအထူးမွမ်းမံထားပါသည်။နိင်ငံအလိုက်အချိန်အလိုက် နေရာတဝှမ်း Virus တိုက်ခိုက်မှူများကိုပါပြုလုပ်ပေးနိင်
ပါသည်။အလွန်လည်းနာမည်ရပါသည်။သို့သော် Anti-Virus များတွင်အလေးဆုံးဖြစ်ပြီး Core i5 Processor စက်များတွင်ပင်အလွန်လေးသဖြင့်သာမန်စက်များတွင်အဆင်မပြေပါ။အလွန်လေးပါသည်း။
အလွန်လုံခြုံပါသည်။တခြား Anti-Virus များနှင့်အတော်လေးကွဲပြားပါသည်။အလွန်လေးသော်လည်း Uninstall မလုပ်ရက်လိုက်အောင်ဆွဲဆောင်မှူရှိသဖြင့်နာမည်ရပါသည်။

8.PC Cillin
PC Cillin ကိုတောဖြင့် Spyware များရှင်းလားရာတွင်အထူးသုံးကြပြီးအင်တာနက်မှာ Free Download ဆွဲလို့ရပါသည်။လိပ်စာမှာwww.trendmicro.com ဖြစ်ပါသည်။

About Wai Phyoe

Wai Phyoe has written 37 post in this Website..

သီချင်းဆိုဝါသနာပါပါသည်။ပိုက်ဆံမ၇ှိသဖြင့်အခွေမထုတ်နိင်ပါ။Web Developer ကောင်းတစ်ယောက်ဖြစ်လိုပါသည်။