ဘယ်တစ်ခုသုံးမလဲ ကိုယ့်လူတို့ ကြိုက်တာရွေး

Wai PhyoeJune 13, 20122min1748

ဘယ်Anti Virus ကိုဝယ်သူသုံးစွဲကြမလဲ၊ဘယ်Anti Virus ကကိုယ့်အတွက်အဆင်ပြေနိင်မလဲ?

ကွန်ပျူတာနည်းပညာကြီးတိုးတက်လာသည်နှင့်အမျှ Computer Virus များကလည်းတသီကြီးပါလာတတ်ကြသည်။တချို့ Virus များဆိုလျှင် Hard Disk ကိုအရည်ကျိုသလိုပျက်ဆီးသွားနိင်သည်
အထိကိုအဖျက်စွမ်းအားကြီးကြပါသည်။သို့နှင့်ပင်ထို Virus များကိုတိုက်ခိုက်ရန် Anti Virus များကလည်းဈေးကွက်တွင်းသို့တစ်မပာုတ်ခြင်းဝင်ရောက်လာကြသည်။Anti Virus တစ်ချို့ကလည်း
Performance မြင့်ကြသည်။တချို့ကလည်းအားနည်းချက်များရှိနေကြသေးသည်။ထိုထဲမှာမိမိအတွက်အဆင်ပြေမည့် AntiVirus များကိုယခုတစ်ပတ်အတွက်တင်ပြလိုက်ပါသည်။

1.Bitdefender Anti-Virus
Bitdefender ကတော့အကောင်းဆုံးစာရင်းဝင်ဖြစ်ပြီး တော်တော်လေးကိုလုံခြုံမှူပေးစွမ်းနိင်ပါသည်။သုံးစွဲရလွယ်ကူပြီးUserFriendly လည်းဖြစ်သည့်အတွက်အတော်လေးသုံးကြပါသည်။
နောက်ထပ်အားသာချက်မှာBitdefender သုံးသူများအတွက်မိမိစက်မလေးအောင် အထူးဒီဇိုင်းဆွဲထားခြင်းဖြစ်ပါသည်။သို့သော်စက်ကိုအနည်းငယ်တော့လေးစေပါသည်။KeyLogging တွေ
ကိုပါရှာဖွေနိင်သဖြင့် Hacker များရန်မှအတော်အတန်ကာကွယ်နိင်ပါသည်။

2.Kaspersky Anti-Virus
အကောင်းဆုံးစာရင်းဝင်ကာမြန်မာနိင်ငံတွင်အသုံးများဆုံးသောAnti-Virus ဖြစ်ပါသည်။Scan ဖတ်ရာတွင်လည်းမြန်ဆန်မှူတိကျမှူရှိပါသည်။Update တော့မှန်မှန်လုပ်ရန်အလွန်အရေးကြီးပါ
သည်။အားသာချက်မှာစက်လုံးဝမလေးခြင်းဖြစ်ပါသည်။သို့သော် License သက်တမ်းကုန်ခါနီးပါက စက်အချို့တွင် Refresh လုပ်ရန်ပင်၁၅second အထိကြာမြင့်တတ်သည်အထိစက်လေး
သည်မှာလည်း အားနည်းချက်တစ်ခုဖြစ်ပါသည်။မည်သို့ဆိုစေ Disabled လုပ်ပြီးစက်ကိုသုံးသည့်တိုင် Virus များကိုအကောင်းဆုံးရှာဖွေထိန်းချုပ်ထားပြီးစက်ကိုမလေးစေပါ။မြန်မာနိင်ငံတွင်
ဖြင့်နာမည်အရဆုံးအရောင်းရဆုံး Software တစ်ခုဖြစ်ပါသည်။

3.AVG Anti-Virus
အလွန်ပေါ့ပါးသည်မှာ AVG အားသာချက်တစ်ခုပင်ဖြစ်ပြီး သုံးလို့သုံးထားမှန်းတောင်မသိသာစေပါ။စက်ကိုပေါ့ပေါ့ပါးပါးအသုံးပြုလိုသူများအတွက် အကောင်းဆုံးအုပ်စုဝင် AVG ကိုသာသုံးကြ
ပါပာုအကြံပြုပါရစေ။

4.Panda Anti-Virus
အင်တာနက်နှင့်အဆက်မပြတ်သုံးနေရသောကွန်ပျူတာများအတွက်ဆိုလျှင် PANDA သည် နာမည်၇Software ပင်ဖြစ်ပါသည်။အချိန်ဆက်မပြတ်စောင့်ကြည့်မှူထိန်းချုပ်မှူတို့ကိုလုပ်ပေးနိင်ပါတယ်။

5.F Secure Anti-Virus
လူသုံးနည်းပါသည်။Virus များအားလုံးထက်စာလျှင် Malware,Spyware များကိုအဓိကပစ်မှတ်ထားချေမှုန်းသဖြင့် Malwawre နှင့် Spyware ကြောက်သူများကြားတွင်ရေပန်းစားပါသည်။အားသာ
ချက်မှာတခြား Antivirus များထက်ဖိုင် Size သေးငယ်သဖြင့် ပေါ့ပါးစွာလုပ်ဆောင်နိင်ပါတယ်။NetBook လေးတွေအတွက်ပိုအဆင်ပြေသည်ပာုအကြံပြုပါရစေ။

6.NOD32 Anti -Virus
နာမည်ရှိ Anti-Virus ဖြစ်ပါသည်။သို့သော်အားနည်းချက်များစွာရှိပါသည်။အလုပ်လုပ်ပုံရှပ်ထွေးသဖြင့်အသုံးပြုသူအတွက်အဆင်ပြေစွာမသုံးစွဲနိင်ကြပါ။သို့သော် Email Virus များကိုတော့အကောင်း
ဆုံးရှင်းလင်းပေးနိင်ပါတယ်။

7.Norton
သုံးဖူးသူများသိပါလိမ့်မည်။တည်ဆောက်မှူအပိုင်းအလွန်အားသာပါသည်။ဒီဇိုင်းလည်းအထူးမွမ်းမံထားပါသည်။နိင်ငံအလိုက်အချိန်အလိုက် နေရာတဝှမ်း Virus တိုက်ခိုက်မှူများကိုပါပြုလုပ်ပေးနိင်
ပါသည်။အလွန်လည်းနာမည်ရပါသည်။သို့သော် Anti-Virus များတွင်အလေးဆုံးဖြစ်ပြီး Core i5 Processor စက်များတွင်ပင်အလွန်လေးသဖြင့်သာမန်စက်များတွင်အဆင်မပြေပါ။အလွန်လေးပါသည်း။
အလွန်လုံခြုံပါသည်။တခြား Anti-Virus များနှင့်အတော်လေးကွဲပြားပါသည်။အလွန်လေးသော်လည်း Uninstall မလုပ်ရက်လိုက်အောင်ဆွဲဆောင်မှူရှိသဖြင့်နာမည်ရပါသည်။

8.PC Cillin
PC Cillin ကိုတောဖြင့် Spyware များရှင်းလားရာတွင်အထူးသုံးကြပြီးအင်တာနက်မှာ Free Download ဆွဲလို့ရပါသည်။လိပ်စာမှာwww.trendmicro.com ဖြစ်ပါသည်။

8 comments

  • water-melon

    June 13, 2012 at 1:27 pm

    အနော်တို့လို့ ဖုန်းဆော့ဝဲသမားတွေအတွက်တော့
    virus software က တော်တော်အခိုက်တွေ့ရပါကြောင်း
    တစ်ချို့ virus software တွေက exe file တွေကို ဖျက်တတ်တော့ သိပ်အဆင်မပြေကြောင်း
    ခုတော့ Microsoft Security Essentials နှင့် ရွာထဲက သားလေးပေးထားတဲ့ avast ကိုလည်း သုံးပါကြောင်း
    ကျန်တာတွေတော့ မသိပ်ဘူးလို့ သိပ်မသိပါ
    exe file တွေ မဖျက်တတ်တဲ့ virus software လေးများသိရင် ပြောကြပါအုန်း

  • Davit

    June 13, 2012 at 1:41 pm

    ဖရဲမ ပြောတာဟုတ်တယ်ဗျ…..ကျွန်တော်တို့လို့ Program ပိုင်းကလူတွေကျတော့ MSE (Microsoft Security Essential) ပဲအဆင်ပြေတယ်ခင်ဗျ။ ဒင်းက အလကားလဲရတယ် သုံးရတာလည်းအဆင်ပြေတယ်…လုံလည်းလုံခြုံတယ်ဗျ။ အပေါ်ကပြထားတဲ့ဟာတွေကျတော့ သိပ်လုံခြုံလွန်းလို့လားမသိ။ ကိုယ့် Program Run လိုက်ရင် တက်လာတဲ့ ကိုယ့်ရဲ့ .dll တွေ .exe တွေကို ဗိုင်းရပ်ဆိုပြီး တီးပစ်လိုက်ရော။ ဒါကြောင့်မို့လို့ ကိုယ့် Customer တွေကိုမှားထားရတယ်။ သုံးမဲ့စက်တွေမှာ MSE ပဲတင်ပေးပါလို့…… 🙂

  • Thel Nu Aye

    June 13, 2012 at 7:35 pm

    အင်မတန်ကျေးဇူးတင်ပါတယ်။ အခုသုံးနေတဲ့ Kaspersky က Update အဆင်မပြေတော့လို့ ဖြုတ်ပြီး အသစ် ပြောင်းချင်နေတာ။ အခုပိုစ့်ကလေးက လိုအပ်နေချိန်ကွက်တိမို့ အထူးကျေးဇူးပါ။

  • ster

    June 13, 2012 at 10:28 pm

    (Trend Micro Titanium Internet Security 2012) ရောကောင်းလားဗျ။ အင်းလျားလမ်းက technoland မှာ တခြား anti-virus မတွေ.တာနဲ. အဲဒါစမ်းသုံးကြည်.နေတာ အခုထိတော. ok ပဲ။

  • SkyHeart WinKo

    June 14, 2012 at 12:29 pm

    Wai Phyoe သီချင်းဆိုဝါသနာပါပါသည်။ပိုက်ဆံမရှိသဖြင့်အခွေမထုတ်နိင်ပါ။ ငွေမလိုပါဘူးကွာ တိုင်းပြည်ကိုတကယ်ချစ်လျှင် လါခဲ့ပါ စိက်ဓါက်နဲ့လက်ဘဲလိုပါတယ်။
    http://www.facebook.com/media/set/?set=a.482823941733642.110392329.100000181218020&type=3&l=a6af18c97d

  • k19

    June 14, 2012 at 3:45 pm

    ဝေဖြိုးရေ..
    မင်ပြောတာတေါအကုန်သုံးချင်တယ်..
    တခုပဲ… …………..

    ………နာမှာ့ွန်ပျူတာမရှိဘူ….

  • Mr admin

    September 11, 2012 at 6:43 am

    Kaspersky ကို Vote တယ်ဗျိ်ု့

Leave a Reply