နယ်2သိန်းဖုန်းရန်ကုန်မှာသုံးလိုမရဘူးတဲ့

k19June 13, 20121min8714

နယိကဝယ်လာတဲ2သိန်းဖုန်းကရန်ကုန်မှာသုံးမရဖြစ်နေတယ်လိုင်းမမိတာမဟုတ်ဘူးတမင်ပိတ်ထားတာလိုပြောကျတယ်။ ရန်ကုန် ကနောက်မှချရောင်တဲဖုန်းကျတနိုင်ှု့လုံးသုံးလိုရတယ်တဲ့..မတရားဘူးနော်.. နယ်ကလူတွေကိုမလေးစားရာကျပါတယ်.. ရန်ကုန်ကလူတွေမှာသိတယ်တတ်တယ်ထင်ပြီးကြောက်နေကျတာလား ASIA MEGA LINKကချရောင်ပေးတဲမန်းလေးဘက်ကဖုန်းတွေကရန်ကုန်မှာအကုန်သုံးလိုမရချသေးဘူးတဲ …ဖြေရှင်းပေးကျပါ

14 comments

  • Davit

    June 13, 2012 at 2:03 pm

    K19 ရေ….နယ်မှာဝယ်လာတဲ့ဖုန်းကို ကဒ်ချိုးပြီးချင်းချင်း ရန်ကုန်မှာသုံးတာလား…ဒါဆိုသုံးမရပါဘူး။ အရင်ဆုံး ကိုယ့်ဖုန်းနံပါတ်ကို ဝယ်လာတဲ့နယ်ရဲ့ Server မှာ Register လုပ်ပေးရပါတယ်။ အလွယ်ပြောရင်တော့ အကိုဝယ်လာတဲ့နယ်မှာ ကဒ်ကိုချိုးပြီးတော့ အဲ့ဒိဖုန်းကနေ အခြားသောဖုန်းတစ်လုံးကို 1 Call တော့ခေါ်လိုက်ပါ။ ခေါ်လို့ပြီးသွားရင် ရန်ကုန်မှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့ ဖုန်းကွန်ရက်ထဲမှာ ကြိုက်တဲ့နေရာကိုသယ်ဆောင်အသုံးပြုလို့ရပါပြီ။

    ဒါပေမဲ့
    ဥပမာ။ ။ ကိုကလည်းဝယ်ပြီးသွားပြီ၊ ကဒ်မချိုးသေးဘဲနဲ့ ရန်ကုန်ယူလာမိ၊ ဝယ်ခဲ့တာကလည်း ပြန်သွားရမှာအရမ်းဝေးတဲ့ နေရာမျိုးဖြစ်နေရင်တော့ ဆက်သွယ်ရေးကိုသွားပြီး ဖြေရှင်းခိုင်းရင် နေ့ချင်းရမယ်လို့ကြေငြာထားပါတယ်။

    ခင်တဲ့
    ဗစ်ဗစ် 🙂

  • ma haw

    June 13, 2012 at 4:16 pm

    အင်း Davit ပြောတာမှန်တယ် ကျွန်တော်လဲမိတ်ဆွေတယောက်အဲလိုဖြစ်တာကြုံဖူးတယ်
    အဲဒါနဲ့ နယ်မှပြန်မှတ်ပုံတင်ပြီးမှ ခေါ်တာရသွားတယ်
    မယုံရင် နံပါတ်ပါပေးမယ် အဲလောက်သေချာတယ်

  • Davit

    June 13, 2012 at 4:50 pm

    ကျွန်တော် အဲ့ဒိအကြောင်းလေးတွေနဲ့ပါတ်သက်ပြီး Post တစ်ခုရေးခဲ့ဖူးပါတယ်….ဟောင်းသွားတော့ ကိုK19 မသိလိုက်တာနဲ့တူပါတယ်….

    http://myanmargazette.net/121765/uncategorized-other/copypaste

    🙂

  • သားဦး၊မြေးဦး

    June 13, 2012 at 8:19 pm

    တချို့ ့ဖုန်းတွေများ အလိုလိုပွင့်နေတာလဲရှိနေတယ်ဗျ။မူရင်း baseမှာ ခေါ်ဆိုမှုပြုခဲ့မှ
    တခြားနေရာတွေ ယူသွားလို ့ရပါတယ် လို ့ကိုဗစ်ပြောထားသလိုပါဘဲ

  • ster

    June 13, 2012 at 9:30 pm

    နယ်ကဒ်တွေကို ရန်ကုန်မှာဝယ်တော.လဲ ချက်ချင်း ပွင်.သား။ ဘာသဘောလဲတော. မသိဘူး။ ၄၂၅ဝ နဲ.စတဲ. ဖုန်းကို ရတနာပုံတယ်လီပို.(စ်)မှာ internet သွားလျှောက်တော.မှ နယ်ဖုန်းမှန်း သိခဲ.တော.တယ်။ နယ်ဖုန်းတွေကို မြန်မာ. ဆက်သွယ်ရေးမှာပဲ လျှောက်ရတယ်လို. ပြောပါတယ်။

  • blackchaw

    June 13, 2012 at 9:33 pm

    အော် ဒါလေးတောင် မသိဘူးလားကွယ်။
    Davit ပြောသလိုပါပဲ..။
    တစ်ဆယ်ရပြီ…။
    :mrgreen:

  • MaMa

    June 14, 2012 at 6:27 am

    အသိတစ်ယောက်ကတော့ နယ်မှာ သုံးနေတဲ့ဖုံးကို ယူလာတာ ရန်ကုန်လဲရောက်ရော ခေါ်မရတော့ဘူးလို့ ပြောတယ်။
    အဲလိုဖြစ်ရင်ကော ဘယ်လို လုပ်ရမလဲ။

  • k19

    June 14, 2012 at 9:40 am

    နောင်ကြီးတို့ကလဲမသိပဲကိုဗျ..လူကိုဘယ်ကတည်ကဩဘာပေးချင်နေကြတာလဲမသိဘူး
    နယ်မှာ1လခွဲလောက်သုံးလာခဲပြီးသားဗျ ရန်ကုန်မြုင့်ပြင်အမြန်လမ်းမပေါ်10မိုင်လောက်ရမှာလိုင်ပြန်သုံးလိုရတာဗျ အနော်စမ်းပြီးပြီး
    ကဲ ကူညီကျအုံးနောက်တနည်း 🙂

    • Davit

      June 15, 2012 at 9:45 am

      အဲ့ဒါဆိုရင်တော့ ဆက်သွယ်ရေးကိုသာပြေးပေတော့ အကိုရေ………

  • hein latt

    June 14, 2012 at 10:28 am

    အိမ်း(စ်)………..ဂလိုဆိုယင်ဒေါ့…….
    ြှဆာဂဘဲ..ယတြာလေးဒွေ..ပေးရမပေါ့….
    ဒါဂဒေါ့ လွယ်ပါဒယ်…..လက်ချိဂိုရောင်းပီး..ဆီးတီးအမ်အေ ဂလေးပြောင်းကိုင်
    လိုက်ပေါ့ဂွယ်………:P

  • blackchaw

    June 14, 2012 at 10:31 am

    အော် အဲဒီလို တစ်ခါတည်း ရှင်းအောင် ရေးပေါ့ကိုကို ရယ်။
    ဂျာနယ်ထဲမှာ ရေးထားတာ ဖတ်ဘူးထားလို့ ဝင်ပွားတာပါ။
    အဲဒါတော့ ကျွန်တော် လည်း မဖြေတတ်တော့ဘူးဗျို့။
    :mrgreen:

  • Shwe Ei

    June 14, 2012 at 10:41 am

    အခုနယ်က ၂သိန်းဖုန်းတွေ နယ်ကျော်သုံးချင်ရင် ဆက်သွယ်ရေးကိုအကြောင်းကြားရတယ်။ ပြီးတော့ ကိုယ်ဖုန်းဝယ်ထားတဲ့ဆိုင်ကိုလည်းအကြောင်းကြားရတယ်။ အဲဒီလိုလုပ်လို့မှ အကြောင်းမထူးရင် CDMA လေးဝယ်ကိုင်လိုက်ပါကွယ် 😛 (ပို့စ်ထဲမှာ မပြောဘဲ ထိန်ချန်ထားတာရှိသေးရင်တော့ ကိုယ့်အကြောင်းနဲ့ကိုယ်ဘဲနော်)

  • k19

    June 14, 2012 at 11:16 am

    စိတ်ညစ်ပါတယ်…အဟင့်.. : ‘(

Leave a Reply