စိတ်အယားပြေ ပို့စ်မဟာကြီး

black chawJune 13, 20121min62860

ယနေနံနက်ခင်း ကျွန်ုပ်သည် မန်းဂဇက်မှပေးသော SRTESS များအား ပြေပျောက်စေခြင်း အလို့ငှာ
ဂရန်းမီးရထား ဟောတယ်ကြီး၏ ကော်ဖီဆိုင်အတွင်း နံနက်စာစားခြင်းအမှုကို ပြုခဲ့ပါလေ၏။ ထိုအချိန်တွင်
မန်းဂဇက် ရွာသူားများ အထူးစိတ်ဝင်စားကြမည့် သတင်းဓါတ်ပုံ တစ်ပုံကို NOKIA 5800 ဖုန်းဟန်းဆက်ပါ
ကင်မရာအစုတ်လေးဖြင့် ရိုက်ယူရရှိခဲ့ပါ၏။
သတင်းမှာ မန်းဂဇက်မှ ဆရာရွှေတိုက်စိုး သည် မန်းဂဇက်မှပင်ဖြစ်သော ဆရာ ကြောင်ဝတုတ်၏ လည်ပင်းအား
ညှစ်ခါ နောက်လုပ်ဦးမလား ဟု ပြောလျက်သာရှိနေခဲ့ပါ၏။ ကြောင်ဝတုတ် မှာလည်း ရွှေတိုက်စိုး၏ ကြီးမားသော
ကိုယ်လုံးကိုယ်ပေါက် ကြောင့် ရုန်းထွက်ခြင်းငှာ မစွမ်းသာပဲ နောက်မလုပ်တော့ပါဘူးဗျ၊ ကြောက်ပါပြီဗျ ဟုသာ
သနားစဖွယ် အော်ဟစ်လျက်သာ ရှိနေပါ၏။
မယုံရင် ဓါတ်ပုံကိုကြည့်ကြဗျာ…။

ရွှေတိုက်စိုး၏ ဒေါသ နှင့် ကြောင်ဝတုတ်၏ သနားစဖွယ်မျက်နှာ (ဓါတ်ပုံ မောင်မောင် ဘလက် - မန်းဂဇက်)

အင်း.. ခင်ဗျားတို့ ဒီပုံကို ကြည့်ပြီး အစားအသောက်ပျက်နေမှာစိုးလို့ ဒီတစ်ပတ်ထုတ် အန်ဗွိုင်းဂျာနယ်ထဲက ဓါတ်ပုံ မင်းချမ်းမွန် ရိုက်တဲ့
မော်ဒယ်လေး ဖူးပွင့်သခင် ရဲ့ ရေဆာရေငတ်စေမယ့် ဓါတ်ပုံလေးနဲ့ ဖြေဖျောက်ပေးလိုက်ပါတယ်။
ဒါလည်း မောင်မောင်ဘလက် – မန်းဂဇက် ရဲ့ NOKIA 5800 နဲ့ ရိုက်ချက်ပါဗျာ။
တကယ်လို့များ မောင်မောင်ဘလက် – မန်းဂဇက် နဲ့ ဓါတ်ပုံရိုက်ချင်သူတွေရှိပါက ဆက်သွယ်ကြပါရန်။

ဖူးပွင့်သခင် လေးရဲ့ မခို့တရို့ အလှလေးပါ။

ကဲ ..၊ စိတ်အယား နည်းနည်း ပြေသွားပြီမဟုတ်လား..။

60 comments

  • water-melon

    June 13, 2012 at 3:04 pm

    အပေါ်က လူကြမ်းတွေတော့ မကြည့်ချင်ပါဘူးဂျာ
    အောက်က ဖူးပွင့်သခင်လေးကိုသာ
    အဟီ ဖူးဖူးရင် ဖရဲကွယ်ရာမှာ ဆက်ဆီတွေ မရိုက်ပါနဲ့ကွယ်
    လိုသလောက်ထုတ်ပေးပါမယ်
    အပေါ်ကလူကြမ်းတွေကို မောင်တောပို့လိုက်ပါဗျို့

    • Azzurri

      June 13, 2012 at 3:06 pm

      ဂယ်လား …
      ဟို စိုင်လေး ဒွေ ပစ် ချင်လို့ပါ ….
      :mrgreen:

      • water-melon

        June 13, 2012 at 3:17 pm

        ဟာဂျာ အူးလေးတို့ကလည်း
        စိုင်လောက်ပစ်ချင်နေတာဘဲ
        အာရကေပေါရင် စိုင်ကြီးစိုင်ငယ်စိုင်လတ် ပစ်လို့ရတယ်ဗျ
        အဟီ :mrgreen:

  • water-melon

    June 13, 2012 at 3:06 pm

    ဒါနဲ့မေ့သွားလို့
    ကိုရွှေတိုက် တစ်ယောက်သားနားနေပါလား
    ဧကန အဟီ
    ကြောတော့ဘူး 😆

  • pooch

    June 13, 2012 at 3:19 pm

    အပြန်မှာ နှစ်ယောက်စလုံးကို ထမ်းထုတ်ရတယ်ဆို ဟုတ်လားဟင်????? :mrgreen:

    လေဒီဘလက်က ဒုတ်ကောက်ခဲ့ပါတဲ့ ကိုဘလက် 😆

    • ကြောင်ဝတုတ်

      June 13, 2012 at 4:16 pm

      မမပုချ်ရေ-
      အပြန်မှာ နှစ်ယောက်လုံးကို ထမ်းထုတ်ရတယ်ဆိုတာမှားပါတယ်…
      ကျွန်တော်က ကိုတိုက်ကို ထမ်းပြီးသွားတာပါ…ဟီးဟီး…
      ပိုစ့်ထဲမှာ အမြင်မတူကြ ချကြပေမယ့် အပြင်မှာတော့ ကျွန်တော်တို့က သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပါ…
      ထပ်ပြောဦးမယ်နော်… ပွိုင့်ရအောင်ဖန်တာတော့မဟုတ်ဘူး…
      ကျွန်တော်ကလဲ ကျွန်တော့်အယူအဆနဲ့ကျွန်တော် ဂေဇက်ကို ကောင်းသောလမ်းပေါ်ရောက်စေချင်သူပါ…
      လူတိုင်းအယူအဆကိုယ်စီနဲ့ မတူကြပေမယ့် အချုပ်အားဖြင့်ဆိုရသော် ကောင်းသောပန်းတိုင်သို့ မတူသောလမ်းက သွားကြတာဆိုတော့ နောက်ဆုံးကျပြန်တွေ့မယ့်သူငယ်ချင်းတွေပဲဗျာ… အရင်အတိုင်းချစ်လျက်…ခင်လျက်…ပါပဲ…

      ဟူး…ရှင်းပြရတာမောလိုက်တာ…လေးဘလက်ပေးထားတဲ့ အမောပြေလေးပြန်ကြည့်ဦးမှ….

      ကြောင်ဝတုတ်

  • ရွာစားကျော်

    June 13, 2012 at 3:27 pm

    ဟယ် ဒီဓာတ်ပုံ ရိုဟင်ဂျာတွေ လက်ထဲ ရောက်သွားမှဖြင့်..
    သူတို့ ဘင်္ဂလီကြောင်မျိုးကို အနိုင်ကျင့်နှိပ်စက်တယ် လုပ်နေအုံးမယ်နော်…
    😆

    • ကြောင်ဝတုတ်

      June 13, 2012 at 4:18 pm

      ကိုရွာစားကျော်ရေ…

      ကျွန်တော်က ဘင်ဂါလီကြောင်မျိုးမဟုတ်ပါဘူး… N ကိုင်ရာအသင်းဝင်ကြောင်ပါဗျာ…ဟီး

  • Shwe Ei

    June 13, 2012 at 3:32 pm

    ခေါင်းစဉ်လေးပြောင်းပေးပါလား ” ကြောင်သားချင်း စာနာထောက်ထားကြရာဝယ်” 😀

  • water-melon

    June 13, 2012 at 3:35 pm

    ခုခေတ်မှာ မဖော်တဲ့ မော်ဒယ် ခေတ်မမှီတဲ့
    မော်ဒယ်တွေကလည်း တစ်နေ့ထက်တစ်နေ့ပေါ
    မိန်းမ ၁ဝ ယောက်မှာ ၈ ယောက်လောက်က မော်ဒယ်ဖြစ်ချင်နေကြတာ
    ထိန်းထိန်းသိမ်းသိမ်းရှိတဲ့ မော်ဒယ်တွေကရှားပါတယ်
    ဒါကြောင့်လည်း ၃၇၆ အမှုတွေအရမ်းပေါနေတာ
    တိုရီးယားကလည်းဖော်
    မြန်မာတွေကလည်းဖော်
    အကုန်ဖော်နေတော့
    အင်း မလွယ် မလွယ်
    ဒါနဲ့ ကြားနေရတာ ကျော်ထွတ်ဆွေနဲ့နန်းသူဇာက ရည်းစားတွေဖြစ်နေပြီတဲ့

    ဖော်နေတဲ့ မန်းလေးက ဘိန်းစားဖရဲ

    • Shwe Ei

      June 13, 2012 at 4:04 pm

      “ဒါနဲ့ ကြားနေရတာ ကျော်ထွတ်ဆွေနဲ့နန်းသူဇာက ရည်းစားတွေဖြစ်နေပြီတဲ့” အဲဒါကြာဘီလေ ဘဘဖရဲ ရဲ့ အသေးစိတ်သိချင်ရင် FB မှာကြည့်။
      ဖွလိုသူ
      Shwe Ei 😀

  • Moe Z

    June 13, 2012 at 3:46 pm

    လည်ပင်းညှစ်နေတဲ့ပုံက သိပ်မပီပြင်ဘူး ဘဘ ဘလက်
    လျှာထွက်နေတာမဟုတ်ပဲ ပြောင်ပြနေတာ :mrgreen:

  • စိန်ဗိုက်ဗိုက်

    June 13, 2012 at 3:48 pm

    အူးလေး အန်ခယ်လ် ဘဘကြီး အူးဘလက်ခင်ဗျား..
    ပုရွက်ဆိတ်အုံကို ရှူရှူးနဲ ့ပန်းသလို…
    စိတ်ဒွေ ရွစိရွစိ ဖြစ်လာပြီခင်ဗျား..
    ခေးမလေးနဲ ့..မိတ်ချက်ပေးပါဒေါ့…

  • manawphyulay

    June 13, 2012 at 4:03 pm

    ဆက်တော့ ဆက်သွယ်ချင်ပါတယ်။ အောက်က မော်ဒန်လိုတော့ သရုပ်မဆောင်တတ်တော့လည်း ခက်သားလားရှင်… မှတ်ပြီးလား ကြောင်ဝတုတ်..

    ဒါတောင် မနော မလာသေးဘူးနော် မိတိုက်နဲ့ပဲ လွှတ်ထားလိုက်တာ… 😛

    • etone

      June 13, 2012 at 4:26 pm

      အစ်မမနော မလာနိုင်သေးတာ …ကုလားမခြေထောက် လိုက်ဝယ်နေရလို့ပါတဲ့ … ခွိခွိ …. ။ :mrgreen:

      (ပျော်လို့နောက်တာပါအေ …. စိတ်မဆိုးတတ်ဘူးဟုတ် 😆 )

  • စိန်ဗိုက်ဗိုက်

    June 13, 2012 at 4:09 pm

    ကိုကိုတိုက်ဒို ့ဂဒေါ့ တွေ ့ဒါနဲ ့ ညှစ်မယ်ဆိုဒါချီးဘဲ…..
    ဟိုတစ်ခါလဲ တူရဂျော်ကိုညှစ်ပြီးတွားဘီ..( လည်ဘင်း )
    ရှောင်မှ..ရှားမှ..

    • Shwe Tike Soe

      June 13, 2012 at 5:25 pm

      အေးဒီတခါတော့ ညည်းအလှည့်ပဲ မတွေ.အောင်သာရှောင်ထား… ညည်းတော့ လည်းပင်းမညှစ်ဘူး…ဟွင်းဟွင်းဟွင်း

  • shwe kyi

    June 13, 2012 at 4:18 pm

    ပေါ့ပေါ့ပါးပါးရယ်မောသွားပါတယ်။
    ခုလိုမြင်တွေ့ရတာ ဝမ်းသာပါတယ် ဦးကြောင်။

    • Moe Z

      June 13, 2012 at 4:22 pm

      မှားနေပြီဗျ ..

    • amatmin

      June 13, 2012 at 5:01 pm

      ဟုတ်တယ် မှားသဗျ..
      ဦးကြောင် ဆိုတာမူပို်င်ရှိပီးသား..
      ဒါကဘင်္ဂါလီကြောင်ဆိုးကြီး 😛

      • ကြောင်ဝတုတ်

        June 14, 2012 at 9:22 am

        ဒီမှာ…ကိုအမတ်မင်း
        ကျုပ်က ဘင်္ဂါလီကြောင်ဆိုးတင်မကဘူး Nကိုင်ရာ အသင်းဝင်… ဒါပဲ…

        Nကိုင်ရာရဲ့-
        ကြောင်ဝတုတ်

  • etone

    June 13, 2012 at 4:24 pm

    ဟာာာာာာာာာာာ …………. ဆင်ကျီစားတာ ဆိတ်မခံသာ ဆိုတဲ့ စကားပုံပြောင်းပစ်ရတော့မယ်ဟေ့ ….. ။ 😛

    ရွှေတိုက်ရေ .. တွေ့တုန်း .. သူ့အိတ်ထဲက .. ဆင်လေးတွေကို အလှူငွေအဖြစ်နဲ့ နှိုက်ယူထားလိုက်တာမဟုတ်ဘူး …. ။ အလှူအတူလုပ်ကြရင်း … နောင်ဘဝရေစက်ဆုံတဲ့အခါ သူမပါလာမှာ စိုးလို့ … ဟိဟိ 😛

  • Ma Ei

    June 13, 2012 at 4:28 pm

    ရေးချင်ရာရေးပြီး
    ရုပ်ပြောင်နေတယ်…
    ဘယ်လောက်အလှူကြီးမို့လို့
    ဟိုလူတွေမပါဘူးလား၊ဒီလူတွေမပါဘူးလားနဲ့ပြောရတာလဲ…
    တစ်ယောက်တစ်ကျပ်တောင်ဝေနိုင်ပါ့မလားဘဲစိုးရိမ်ပါ လို့
    ပြောချင်နေတာ…သိလား
    ခုမှဘဲပြောရဲတော့တယ်…

    • Shwe Tike Soe

      June 13, 2012 at 5:27 pm

      အော်အစ်မရယ် အရင်တုန်းကတည်းက ပြောရောပေါ့… ပြောရဲအောင် ကျင့်ထားနော်… ဟဟဟဟဟဟ

    • ကြောင်ဝတုတ်

      June 14, 2012 at 9:26 am

      မအိရေ-
      ကျွန်တော်ဟိုနေ့ကပိုစ့်ရေးရတာ အကြောင်းအရင်းတစ်ခုရှိပါတယ်…
      ဒါပေမယ့်… တစ်ခုတော့ပြောချင်တယ်…
      ကျွန်တော်သာအလှူကို ဖျက်လိုဖျက်ဆီးလုပ်ချင်ရင် တခြားအကောင့်တစ်ခုနဲ့ အခုထက်ပိုဆိုးအောင်ရေးမှာပေါ့…
      နှစ်ရှည်လများတည်ဆောက်ထားတဲ့ ကြောင်ဝတုတ်ဆိုတဲ့နာမည်ကို ချရင်းတယ်ဆိုကတည်းက အကြောင်းအရင်း တစ်ခုရှိလို့ပါ…နောက်ကြုံတော့ပြောကြတာပေါ့နော်…

      Nကိုင်ရာရဲ့-
      ကြောင်ဝတုတ်

  • htet way

    June 13, 2012 at 4:44 pm

    ကြောင်ဝတုန်ဆိုတာ သင်းကိုး
    ကိုယ်က ပိန်ပိန်လေး မှတ်တာ
    လူပျိုကြီးဆိုပြီး လူပြောများနေတာ …. ခုမှတွေ့ဖူးတယ်ဗျာ။
    ဟိုရွှေတိုက်စိုးဆိုတာ က ကလေးနှစ်ယောက်အဖေဆို တာလား
    အင်း ငယ်သေးတာပဲ .. အိမ်ထောင်ပြုစောတယ် ။
    လေးစားပါတယ် နှစ်ယောက်စလုံး စာရေးကောင်းတယ်ဗျာ။

    • Shwe Tike Soe

      June 13, 2012 at 5:29 pm

      ဟုတ်ပ ကိုထက်ဝေးကြီး ဖော်ပေးတဲ့ မျိုးအောင်တယ်ဆိုတဲ့ဆေး သုံးလိုက်တာ အခုတော့ ငါ့အချစ်တွေ အရပ်နိုင်းဘူးးးးးးးးးးးးးးးးးးးးးး ဖြစ်နေပီ ဟဟဟဟဟ လူဆိုးကြီး….
      သများကို မဦးမချွတ်တော် ဖွဟဲ့ဖြစ်ပါစေ မှန်ပါစေ တော်… ဟိဟိဟိ

      • water-melon

        June 13, 2012 at 5:36 pm

        အူးလေး တားကိုလည်း မျိုးအောင်တယ်ဆေးလေးပေးအုန်းနော်
        အဟီ ဘေးထွက်ဆိုးကျိုးရှိလားဟင်

        • ဦးဦးပါလေရာ

          June 14, 2012 at 9:40 am

          ရှေ့ထွက်ဆိုးကျိုးတော့ရှိသဟဲ့…
          နင့်ကိုပေးလိုက်လို့ကတော့ မြင်းကိုအတောင်တပ်ပေးသလိုဖြစ်တော့မယ်… 😀

  • Pitbull

    June 13, 2012 at 5:06 pm

    အဟီး ခေါင်းစဉ်ကြည့်ပီး ဝင်ဖတ်မိပါတယ်။ ဓာတ်ပုံတွေ့တွေ့ခြင်း အဆိုတော် ဘရိတ်ကီကို ဟော်တယ်က ဝိတ်တာက လည်ပင်းညှစ်နေတယ်ထင်တာ။ ဆရာတွေ ဆိုလို့ အသက်ကြီးကြီး ခန့်ခန့်တွေ ထင်နေတာ ဘယ်ဘက်က ဆရာတစ်ယောက်က သမီးတူလေးလောက်ဘဲ ရှိမယ်ထင်တယ် အရမ်းငယ်ပြီးနုတယ်နော်။ ညာဘက်က ဆရာကတော့ ခန့်ပါတယ် ဒါပေမဲ့ လျှာကြီးထုတ်နေတာကြည့်ပြီး အသည်းယားတယ်….အဟင့် ခစ်ခစ် 🙂 ဒါနဲ့ အဲဒီနေရာ သမီးရောက်ဖူးသလိုဘဲ နှစ်ခါလောက်ဘဲ ဆိုတော့ သိပ်မမှတ်မိတော့ဘူး။
    အောက်က ပုံကတော့ သမီးတို့ မြန်မာမိန်းကလေးတွေ အတွက် မသင့်တော်ပါဘူးရှင်…
    ဟူး………ရာသီဥတုက ပူလိုက်တာ ဝတ်ထားတဲ့ ကြိုးတစ်ချောင်း စွပ်ကျယ်လေး ခဏချွတ်ဦးမှ။ စတာပါရှင် သမီးတို့က ပွင်းလင်းလို့ပါ

    …………………………
    ဪ အခုလို ကြံကြံဖန်ဖန်တင်ပေးတဲ့ အရက်ပုလင်းနာမည်နဲ့ အစ်ကို့ကို ကျေးဇူးပါရှင့်။
    သမီးလဲ ဓာတ်ပုံရိုက်တာ ဝါသနာပါပါတယ် ဘယ်လိုများ ဆက်သွယ်ရမလဲ ပြောပြပေးပါရှင့်။

    • Shwe Tike Soe

      June 13, 2012 at 5:31 pm

      အမလေးလေး ပြောတော့ သမီးတဲ့ သများကိုကျတော့ သူ.တူလေးလောက်ဘဲရှိတယ်တဲ့… ဟေဟေ သများအသက်က ၃၅ နော်..ဒါဆို သမီးဆိုသူက ၅ဝနားကပ်နေရောပေါ့ ဟုတ်လားဟင်……. ခိခိခိ

    • Azzurri

      June 13, 2012 at 6:28 pm

      အောင်မယ်လေးလေးလေ့လေ…
      အသာလုပ်ပါ ခေးရယ်…
      အဘတို့က နှလုံးအခံ ရှိလို့ပါ ကွယ်
      😀

  • mipukay

    June 13, 2012 at 5:15 pm

    We feel very nervous on the present situation of the riots.
    This post make us ease and smile.
    This may called taking care of the Mandalay Gazette readers.
    Thanks Mr. Black.

  • htoosan

    June 13, 2012 at 6:29 pm

    ခွိ ခွိ .. လေးပေါက်တို့ အရီးလတ်တို့ ကစိုးရိမ်နေတယ် .. သူကြီးမလဲ မအိပ်ရဲဘဲ ညက ထကြည့်ရတဲ့ အဖြစ်ရောက်ပုံရောက်တယ် …
    သူတို့ က ကော်ဖီအိုးတစ်လုံး အတူခွဲသောက်ပြီး လည်ပင်းညှစ်နေကြတယ် ။။
    အလှုရှင်တွေက တော့ဆက်ဘဲံလှုရမလား ရပ်ဘဲ ရပ်နေရမလားယောင်ဝါးသွားတယ် ….
    အလှုရှင်တွေရေ .. သူကြီးရဲ့ ငြင်းခုန်ခြင်း အနုပညာ အောက် မျော ပါမသွားလေနဲ့ ..
    စာကစာ ..အလုပ်က အလုပ် ..ဆက်သာလုပ်.. 😀 😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 13, 2012 at 6:36 pm

    တယောက်ဂ တယောက်ရဲ့ အလယ်ဘင်းဂျီးဂို ညှစ်ထားတယ်
    ကျုပ်သာဆို
    အလယ်ဘင်းဂျီးဂို ညှစ်မှာဘဲ

  • MaMa

    June 13, 2012 at 7:23 pm

    ခါတော်မှီ သဂျီးလိုချင်တဲ့ပုံကို ကွက်တိပဲ။
    ကိုဘလက် ဘာမှ စဉ်းစာမနေနဲ့ –
    အခုလို လိုချင်တဲ့ပုံ ကွက်တိ ရဖို့ မလွယ်ဘူး။
    အဲဒီဓာတ်ပုံကို ဒေါ်လှ ၃၀၀ဝ နဲ့ သဂျီးကို ရောင်းစားဖို့သာ လုပ်ပေတော့။ (မူရင်း-မောင်ပေ)
    မြှောက်ပေးသူ
    ဒေါ်မမ
    (မူရင်း- ကြောင်ဝတုတ်)

  • မောင်ပေ

    June 13, 2012 at 9:02 pm

    သူငယ်ချင်းနှစ်ယောက် ချစ်ခင်နေကြတာ ကို မြင်ရတော့ ၊ ချက်ချင်းဘဲ ကိုယ့်သောက်ဖော် တွေ ဆီ ဖုန်းဆက်ဖြစ်သွားတယ် ။ ကိုယ်တွေလဲ သွားဂလုဦးမယ် ။
    မသွားခင် “ဖူးပွင့်သခင်” လေးကို တစ်ချက်သေချာ ထပ်ရှိုးတော့
    ဗူကလေးနဲနဲပိုက်နေသလားလို ့ပါ ။
    လေးစားပါတယ် ဘဘလက်

    • Shwe Tike Soe

      June 14, 2012 at 8:52 am

      အော်ကပေ့နှယ့် ထမင်းစားများသွားလို.နေမှာပါအေ… ဟိဟိဟိ

  • ကိုရင်စည်သူ

    June 13, 2012 at 9:38 pm

    ကိုကြောင်ဝတုတ်ကလည်း ကိုရွေတိုက်စိုးကိုတွေ့တိုင်း
    လည်ပင်းချည်း ညှစ်နေပါလားဂျ…
    ဟိုတခေါက်လည်း စိမ်းလန်းစိုပြေမှာလား မသိဘူး
    ညှစ်သေးတယ်… (ဂီ့ကြီးရိုက်ချက်မှ)
    အချစ်ကြမ်းရင် အညှစ်ကြမ်းတယ်… အဟီးးး 😀 😀

  • pan pan

    June 13, 2012 at 10:11 pm

    မနေ့ကတော့ သူတို့ပဲရန်ဖြစ်ပီးတော့
    ညက တရေးနိုးကြီး ရန်ဖြစ်ဝုန်းဒိုင်းကြဲစာတွေဖတ်လိုက်ရတော့ ရင်တွေပန်းတွေတောင် တုန်တက်သွားတယ်
    လူဇိုးဂျီးဒွေ ဟွင့် :mrgreen:

    • Shwe Tike Soe

      June 14, 2012 at 8:56 am

      ပန်ပန်ရေ ရင်တုန်တာကတော့ ထားပါတော့ ပန်းတုံတာတော့ မဖြစ်နိုင်ဘူးထင်တယ်နောာာာာာာာ အဟီးးးးးးးးး
      ပန်ပန်ပန်.ပန်ပန်..ရွှေစင် သားသားကြိုက်တဲ့ ရွှေစင် ပန်.ပန်ပန်ပန် 😛

  • အစက တကယ်ရန်ဖြစ်နေတာ
    ကျနော်တိုက်တဲ့ဘီယာနဲ့ ဖုန်းကင်စားပြီး အခုလို့တည့်သွားတာပါနော်။
    နောက်တစ်ခါရန်ဖြစ်တဲ့သူခေါ်ခဲ့ ဖုန်းကင်ကျွေးလွှတ်လိုက်မယ်………………..

    • ရဲစည်

      June 13, 2012 at 10:54 pm

      ဟိုက် လေးပေါက် ကိုယ့်စကား ကိုတာဝန်ယူနော်…..ဘာတဲ့
      “နောက်တစ်ခါရန်ဖြစ်တဲ့သူခေါ်ခဲ့ ဖုန်းကင် ကျွေးလွှတ်လိုက်မယ်”
      လူတွေက ဟသာင်္၉သောင်းပျက်တာ ဇာတ်တူသားစားလို့တဲ့ သများတို့ကငတ်လို့ဟာကို 🙂

      နှောက်တာ လေးပေါက်ရေ ခုတလော စိတ်ထဲ တော်တော်ပျော်နေပုံရတယ် ပေါက်ကရတွေဘဲ စဉ်းစားမိနေတယ်
      သဂျီးများ သနားလို့ ပို့စ်ရေးခွင့် ပြန်ပေးမယ် ဆိုရင်ဖြင့် ကောင်းတာလေးဒွေဘဲ ရေးပါတော့မယ်ဗျာ… 🙁

    • ကြောင်ဝတုတ်

      June 14, 2012 at 9:30 am

      ညက တကယ်ရန်ဖြစ်တာ…
      ဒါပေမယ့် ရိုးရိုးရန်ဖြစ်တာ လေးပေါက်ဖုန်းကင်တော့ ကျွန်တော်စားမသွားဘူး…
      ကိုတိုက်စားချင်စားလိမ့်မယ်….ဟိ

  • ရဲစည်

    June 13, 2012 at 10:37 pm

    အော် ဖြစ်ပုံ ဖြစ်ပုံ တို့များတော့ စိုးရိမ်လိုက်ရတာ ဘယ်လိုများဖြစ်တာတုန်းပေါ့…..အသာလုပ်ကြပါ ဆြာဒို့ရယ် တဂယ်ဘာ
    ဆက်စပ်မိလို့ဗျာ
    ဆရာဟိန်းလတ်ရဲ့ စာအုပ်ထဲ ဖတ်ဖူးတာလေး…ဂေါ်ဘာချော့ဖ်နဲ့ ဂျော့ချ်ဘွတ်ရှ်ကြီးတို့ အလွန်ခင်မင်ကြတယ် ဆိုဘဲ ဦးပြောင်ကြီး သမ္မတဖြစ်ချိန်မှာ ဘုရှ်က စီအိုင်အေ အကြီးအကဲဗျ အဲကတည်းက သူတို့တွေ နားလည်မှုယူထားတယ် နောင်ဘုရှ် သမ္မတဖြစ်လာတော့ တဖက်နဲ့တဖက် မကောင်းကြောင်းတွေ ပြောကြရတယ် ပြောပီးရင်လည်း သူူတို့မှာ ဖုန်းဆက်ပီး အပြန်အလှန် တောင်းပန်ကြ ရယ်ကြနဲ့ အတော်လေး အလုပ်ရှုပ်တယ်ဆိုဘဲ အခုလည်း ကြောင်ဘုရှ်နဲ့ ဂေါ်ဘာတိုက်တို့ ဒီအချိုးချိုးတယ်ထင်ပ ဘာလင်တံတိုင်းကြီး အတွက်မဟုတ်တောင် လေတံတိုင်းကြီး ခေါ်မလား အလုပ်မဖြစ်တဲ့ အယူအဆ တံတိုင်းကြီးခေါ်မလား ဒါကြီးကို ဖျက်ကြတဲ့ သဘောပေါ့……လေးစားပါတယ်ဗျာ ခင်ဗျားတို့ရဲ့ စွမ်းအားတွေကို တကယ်ပါ…
    ဪ…………
    ဒီနေရာမှာ ငြင်းစရာဖြစ်နေဦးမယ် ဆရာဟိန်းလတ် ရေးတာကို ကျနော်ပြန်ပြောတာ ဘာလင်တံတိုင်းကြီးကို သူတို့က ဖြိုဖျက်ခဲ့တယ်ဆိုဘဲ ပြောချင်တာက အဲအချိန် ကျနော်မမှီဘူးရယ် ဆိုတော့ တချို့များ သိတဲ့ တတ်တဲ့အပေါ် အသက်အရွယ်နဲ့စကားလုံးတွေ ပေါင်းပီး နောက်လူတွေကို နေဝင်းစတင်း(ဘီအေ ၉၄၊ ၉မမ မောင်းပြန် အူဇီပုံစံ)နဲ့ ပစ်ချင်ကြတာ လူငယ်တွေ ကျော်တတ်ခွတတ်တယ် ဆိုတဲ့ အကြောင်းလေး…..
    အခုလို အပုအကြီး အဲယောင်လို့ အဖြူအမည်း သဲကွဲစေလို့ ကျေးကျေးပါ လေးဘလက်ရေ

    ခင်တဲ့
    မိုက်ကယ်ဂျက်ဆင်အား ဆန့်ကျင်သူ လေးဘလက်အား ထောက်ခံသူ

    မှောင်ဂိုမာရီ ဂျေအာ

  • surmi

    June 13, 2012 at 11:59 pm

    တော်တော် ဆိုးတဲ. ကလေးတွေ
    လူကြီးအိပ်ရေးပျက်အောင်လုပ်တယ်
    ဘောပွဲတောင်ဖြောင်.အောင်မကြည်.ရဘူး ….။

    • Shwe Tike Soe

      June 14, 2012 at 9:01 am

      စောတိပါ တိုချာမိ တားတားတို.က ဒီလိုပဲလေ.. ပို.စ်ထဲမှာရန်ဖြစ်ပေမယ့် အပြင်မှာ ခိခိခိ လုပ်နေကြ…
      အမြင်မတူတော့လဲ ချရတာပေါ့ဂျ တိုချာမိရ……..
      ဒါနဲ. တိုချာမိ ဘောပွဲကို ဘယ်လို ဖြောင်အောင်ကြည့်လဲဟင်…ဖြောင့်အောင်ကြည့်တတ်လားဟင် ဟီးဟီးဟီး……………..

    • ကြောင်ဝတုတ်

      June 14, 2012 at 10:00 am

      တောင်းပန်ပါတယ်… အစ်ကိုကြီးစာမိရယ်…
      ဘာပဲဖြစ်… ဘောပွဲနှစ်ပွဲ တစ်ပြိုင်ထည်းကြည့်လိုက်ရတယ်မဟုတ်လား…
      တစ်ဖက်နဲ့ တစ်ဖက် အပြိုင်နွဲတာများကိုလေ

  • အရီး Khin Latt

    June 14, 2012 at 5:03 am

    ကျက်သရေ ရှိလိုက်တဲ့ ပုံ (အပေါ်က ပုံကို ဆိုလိုပါသည်) ပါဘဲ ။
    ဒီလို မျိုး ဖန်တီးပေးချက် လေးအတွက် ကျေးဇူးပါဘဲ ကဘချောရေ။
    ကဲ – ခလေးနှစ်ယောက်
    မက်ကျူးရား ဖြစ်ကြောင်း ရွာ ထဲကို သက်သေပြ လိုက်ပြီမို့ ကွန်ဂရက်ကျူလေးရှင်း အကြီးကြီး ပါဘဲကွယ်။

    တစ်ခုသွားစဉ်းစားမိတယ်။
    မောင်တိုက်?
    သူ နဲ့ အုပ်ထိန်းသူလေး တို့ ငြင်းကြ၊ ခုံကြပြီ ဆိုပါတော့။
    ပြီးရင် သူက ဒီလို ဘဲ သူမ ကို ????????? 🙄

    • htoosan

      June 14, 2012 at 7:06 am

      သူမ ဆီက အကျင့်တွေ သူ ရလာတာဖြစ်မှာ အရီးရဲ့… 😀

      • etone

        June 14, 2012 at 9:23 am

        အဲ့ဒါကိုပြောရမယ်ဆိုလျှင် …. ရွှေတိုက် နားရွက်ရှည်ထွက်လာတာက စရမှာပဲ အရီးလတ်ရဲ့
        ပုံထဲမှာကြည့်ပါဦး ……. နားရွက်ကြီး တဖက်ရှည်နေတယ် … ခွိခွိ 😛

    • Shwe Tike Soe

      June 14, 2012 at 9:17 am

      အဟင့် အရီးလတ်တော့ လုပ်ပြီ.. အုပ်ထိန်းသူနဲ.ငြင်းစရာကို မလိုတာ ငြင်းလဲ မငြင်းရဲပေါင်ဗျာ… တော်ကြာ ကိုယ်ပစ်ထားသွားမှ မရမကလေး ကုတ်ကပ် တွယ်ကပ်ထားရတာ… ဒီအရပ် ဒီအသက်နဲ. နောက်တစ်ယောက်ရှာဖို.ဆိုတာ ………. ဘုရားပေးတဲ့ချစ်သူလေးကို ခွိခွိခွိ…..
      အရီးလတ်ကလဲ လည်ပင်းမညစ်ပါဘူး နားရွက်ပဲ ဆွဲလိမ်ပါတယ်ဆို ဟုတ်တယ်ဗျ…. မှတ်လဲမှတ်မထားဘူး ပြောရတာ ရှက်ထာအေ………. အဟင့်

      • ကြောင်ဝတုတ်

        June 14, 2012 at 9:37 am

        ဟုတ်တယ်အရီးလတ်ရဲ့…
        သူ့ခမျာ… အဲဒီတစ်ယောက်ကမှမယူရင် အရပ်တူမရှိလို့ မင်္ဂလာဆောင်ပွဲမထွက်ရဲ… လူပုံအလယ်တွဲမသွားရဲတဲ့ဘဝ ရောက်မှာမို့ တော်တော်လေးဆင်ခြင်နေရရှာတာပါ… ခဏခဏနားရွက်ဆွဲခံနေရတော့လဲ နားရွက်ရှည်ရှည်ပုပုအကောင် နဲ့တူမှာစိုးလို့…ဟိ…

  • အရီး Khin Latt

    June 14, 2012 at 5:08 am

    ကိုဘချော
    စကားအတင်းစပ် လို့ ဒုတိယ ပုံ ရဲ့ နောက် က စာတွေ က ဘာရေးထားတာလဲ။
    တစ်ပိုင်းတစ်စ ဖတ်ကြည့်ရတာ တော့ ဘာတဲ့ ထုတ်မပြရင် ဘာဖြစ်မှာစိုးလို့ ဆိုလား။ 😀

  • kyeemite

    June 14, 2012 at 10:19 am

    ဟုတ်ပါ့ ရဲဘော်ဘလက်ရာ..ပုံရိုက်မှတော့
    စာလေးပါဖတ်ရအောင်ရိုက်ရမှာ…
    ရဲဘော်ဘလက်ပဲ စာရွတ်ပြပေတော့..
    ခုလိုအချိန်မှာ ပျော်စရာလေးတွေ ဖန်တီးပေးတာကျေးကျေးပါဗျာ..

  • ကြောင်ကြီး

    June 14, 2012 at 10:28 am

    တယောက်က အပေါ်ညှစ်ရင် ကျန်တယောက်က အောက်ပြန်ညှစ်မှ ညီတော့ပေမပေါ့…။

  • blackchaw

    June 14, 2012 at 11:25 am

    အရီး Khin Latt says: (Edit)
    ကိုဘချော
    စကားအတင်းစပ် လို့ ဒုတိယ ပုံ ရဲ့ နောက် က စာတွေ က ဘာရေးထားတာလဲ။
    တစ်ပိုင်းတစ်စ ဖတ်ကြည့်ရတာ တော့ ဘာတဲ့ ထုတ်မပြရင် ဘာဖြစ်မှာစိုးလို့ ဆိုလား။

    ဟုတ်ကဲ့ အစ်မရေ။
    ဒီပုံလေးက အန်ဗွိုင်းဂျာနယ်ထဲမှာ ပါတဲ့ Sweet & Sexy ဆိုတဲ့ ခေါင်းစဉ်ကို
    သရုပ်ဖေါ်တဲ့ ပုံလေးပါ။
    စာကတော့

    Sweet ဖြစ်ခြင်းနဲ့ Sexy ဖြစ်ခြင်းကြားထဲမှာ
    ပိုင်းခြားထားတာကတော့
    ခံစားမှုကို ထုတ်ဖေါ်ပြသခြင်းပါပဲ။
    Sexy ဖြစ်နေရင်တောင် ခံစားမှုကို ထုတ်မပြရင်
    Sweet ဘက်ယိုင်သွားတတ်ပါတယ်

    တဲ့။
    ဟုတ်မဟုတ်ကတော့ ဓါတ်ပုံဆြာတွေဖြစ်တဲ့ ဂီဂီတို့ ကိုမှော်တို့ ကိုသော့တို့ လုလင်တို့ သိမှာပါ ခင်ဗျာ။
    :mrgreen:

    • Azzurri

      June 14, 2012 at 11:31 am

      ဟာဗျာ ..ကျနော် အဲ့လိုပုံတွေ မရိုက်တတ်ပါဘူးဗျာ…
      ဟိုလူဒွေကို မေးပါ …
      ဘုရားဖူးပီး ဘုရားဒါ့ပုံတွေ ရိုက်ပြန်လာတာ သိရဲ့သားနဲ့ကို
      :mrgreen:

  • ညလေး

    June 14, 2012 at 11:35 am

    အဟက်ဟက်……..မရိုက်တတ်ဖူးလဲကျောတယ်…
    ဟိုတလောကမှ…… ကိုယ်ဟန်ပြမယ် တစ်ယောက်ကို အလှဒါ့ပုံတွေရိုက်ပြီး…..
    အသေသတ်….အလောက်းဖျောက်ကိတ်စတောင်…
    အမှူမပျတ်သေးပဲနဲ…….(ကြုံတုန်းလေး ဝင်နောက်ထှာနော် ချိတ်ချိုးနဲ့)

  • yanway7

    August 10, 2012 at 9:39 pm

    ဘာပဲ ရိုက်ရိုက်ကျွန်တော်ကတော့ ဖတ်သမားသက်သက်ပါဗျာ…..

    ဒါပေမယ့် ဒီတစ်ခေါက်ဟာကတော့ကောင်းပါတယ်
    အဲရုပ်ရုပ်ဝယ်ပေးပါခင်ဗျ

Leave a Reply