အကယ်၍

မြစပဲရိုးJune 13, 20121min24636

ကွန်ပျူတာ မှာ ပရိုဂရမ်တစ်ခု ရေးရင် ဖြစ်နိုင်ချေ အကြောင်းတွေ အားလုံးကို စဉ်းစားပြီး ဒါဖြစ်ရင်ဒါလုပ် ဆိုပြီး If Pattern တွေ အများကြီး နဲ့စစ်ရပါတယ်။

များများ စဉ်းစားပြီး စစ်နိုင်လေ ကိုယ့် ပရိုဂရမ် မှာ လွဲချော်မှု နဲ ပြီး စိတ်ချရ လေ ဖြစ်ပါ တယ်။

ဒါပေမဲ့ ဘယ်လောက်စစ်စစ် မမြင်ခဲ့လိုက်တဲ့ ဟာကွက်တွေ အများကြီး တွေ့ ခဲ့ဘူးပါတယ်။

အခုရက်ပိုင်း ကျွန်မ ခေါင်းထဲမှာ အကယ်၍သာ ဆို တဲ့ If တစ်ခု ရှိပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီး စပါပြီ။

အဲဒီမှာ အများစု မေးမဲ့ အသေချာဆုံး ကိစ္စကတော့ ရိုဟင်ဂျာအရေး ပါဘဲ။

 

အကယ်၍များ

“ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဖြေ ကို မြန်မာပြည်သူ များ အားမရ ခဲ့ရင်”

ဆိုတာပါဘဲ။

ကြားနေရတယ်။

အဲလိုဖြစ်ခဲ့ရင် သူအပြန်မှာ ဆန္ဒပြ မယ်တဲ့။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ မြန်မာပြည်မှာ ရွှေရောင်တောက် တဲ့ နေ့တွေ ကုန်ပြီတဲ့။

 

အကယ်၍များ

အဲဒီလို လုပ်ရင် ဘယ်သူတွေ အကျိုးများမလဲ။

 

ဒီရိုဟင်ဂျာ အရေးက အခု မှစတာမဟုတ်ဘူး။

အဓိက နယ်စပ် တိုင်းရင်းသားတွေ ကို ပြည်မ နဲ့ ခွဲခံထားတာ အခုမှ မဟုတ်ဘူး။

မြန်မာပြည်မှာ ဥပဒေမဲ့ နေတာ အခု မှမဟုတ်ဘူး။

တိုင်းပြည် နိမ့်ကျ နေတာ အခု မှမဟုတ်ဘူး။

 

အာဏာကို အလွဲသုံးပြီး ကိုယ်ကောင်းစားရေး ကိုသာ ကြည့်နေတဲ့ မြန်မာပြည်က အုပ်ချုပ်သူလူတစ်စု ကြောင့် ဆိုတာ ကို မေ့မသွားကြပါနဲ့။

အာဏာ က သူတို့ လက်ထဲ ရှိနေဆဲ ဆိုတာ မေ့မသွားကြပါနဲ့။

ရခိုင်တိုင်းရင်းသား တွေမှာတင်မဟုတ် တစ်ခြားနယ်စပ် တိုင်းရင်းသား တွေမှာလဲ ကျွန်မတို့ သိမနေတဲ့ဒုက္ခတွေ နဲ့ ဆိုတာကို မေ့မသွားပါနဲ့။

သူတို့ ဒေါ်အောင်ဆန်းစုကြည် ကိုမုန်းနေတာဟာ ကျွန်မတို့ ရိုဟင်ဂျာ အကြမ်းဖက် တွေ ကို မုန်းနေတာ ထက် အများကြီး ပိုတယ် ဆိုတာ မေ့မသွားပါနဲ့။

 

ကျွန်မတို့ ကာကွယ် နေတာ ကိုယ့်သွေးချင်း လို့သာပြောတာ။ ကိုယ်ကိုယ်တိုင် ရဲ့ အိုးအိမ်၊ စည်းစိမ် ကို ထိနေတာ မဟုတ်ဘူး။

သူတို့ က သူတို့ ရဲ့ အာဏာ နဲ့ စည်းစိမ် တွေ ကို ထိတော့ မဲ့ အရေးမှာ ကျွန်မတို့ ရခိုင်သားချင်း တွေ ကို ကာကွယ် မဲ့ အကြံ ထက် သူတို့ ကိုယ်သူတို့ ကာကွယ်ဖို့ အကြံ  ပိုပြီး ထက်မြက်နေတော့ မယ် ဆိုတာကို သိထားကြပါ။

 

အကယ်၍

“ဒီအချိန် မှာ အနောက်တိုင်း က သွေးထိုးပြီး မြန်မာပြည် မတိုးတက်အောင် လုပ်နေပြီ” ဆိုတဲ့ စကား ဟာ ဖြစ် တယ် လို့ ဘဲထားဦး။

ပြည်တွင်းမှာ လက်ရှိ မတိုးတက်နေတာ အဲဒီ အနောက်တိုင်းနိုင်ငံ တွေ ကြောင့်လား၊

ပြည်တွင်းက အာဏာရူး တွေကြောင့်လား။

ပြန်ကြည့်ပါ။

 

ပြည်ပ က  ဘယ်လောက်အော်အော် တိုင်းပြည်မဆင်းရဲဘူး။

ပြည်တွင်းက သံယံဇာတ တွေ ကို ပြည်သူမသိအောင် ရောင်းစားပြီး ကိုယ်ကျိုး အတွက်သုံး နေသူတွေကြောင့်သာ တိုင်းပြည် ဆင်းရဲတာ။

အဝေး ကို လမ်းလွှဲ ပြီး အနီးကပ် ဒုက္ခပေးနေသူတွေ ကို မြင်ကွင်းထဲ က မပျောက်ကြ ပါစေနဲ့။

 

အကယ်၍

ဒီ ရိုဂျင်ဂျာ အရေး နဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ဝိုင်းပြီး အပြစ်တင်ရင် ဒီ စစ်အစိုးရနဲ့ ဘဲ ဆက်ပြီး နှစ်ပါးသွားရ မှာပါ။

ပြီး ရင် အဲဒီ ရိုဟင်ဂျာအရေး ပြီး သွားမယ် မထင်ပါနဲ့။

ပိုဆိုးပါမယ်။

တရုတ် ရဲ့ ချယ်လှယ်မှု ကို ပိုခံရပါမယ်။

အာဏာရှင်ရဲ့ ခရိုနီ တွေ ပိုများလာပါမယ်။

တိုင်းပြည် မှာ လူတန်းစား ပိုပိုပြီး ကွာဟ လာပါမယ်။

 

ကွန်ပျူတာထဲ မှာ ဗိုင်းယပ်စ် ဆိုတာ တစ်ခါတစ်ခါ ဖြတ်ခနဲ မသိလိုက်ဘဲ ဝင်ပါတယ်။

တစ်ခါတစ်ခါ “မင်း ကွန်ပျူတာ ဗိုင်းယပ်စ် ဝင်နေပြီ။ ကာကွယ်ရအောင် ဒါကို နှိပ်လိုက်” ဆိုတာ ပေါ်လာပြီး ယုံလို့ နှိပ် မိလိုက်ရင် အဲဒီ စက်ကို အမျှသာ ဝေလိုက်ပါ။

 

အခုလဲ ဒီလိုပါဘဲ။

တိုင်းပြည် အတွင်းမှာ ရှိနေတဲ့ ဗိုင်းယပ်စ် တွေ ကို ဗိုင်းယပ်စ်တွေ မှန်း သိနေပါရက် နဲ့ မယုံပါနဲ့။

အဲဒီ ဗိုင်းယပ်စ်တွေ ဟာ နာမည် နဲ့ ကို ဗိုင်းယပ်စ်တွေမှန်း ကျွန်မတို့ သိပါတယ်။

သူတို့ ရှိနေသေးသ၍ ဘယ်လိုမှ စိတ်မချပါနဲ့။

သတိ နဲ့နေပါ။

မယုံမရှိပါနဲ့။

စီးပွါးရေးလုပ်ပိုင်ခွင့် တွေ ကို တစ်ဦးထဲ လက်ဝါးကြီး အုပ်ထားသူတိုင်း ဒီမိုကရေစီ ရမှာ ကို မလိုလားပါဘူး။

ဒီမိုကရေစီ မလိုချင်ဘူးလို့ ကျွန်မ နားနဲ့ ဆတ်ဆတ် ကြားခဲ့တာပါ။

သူတို့ အပြိုင်အဆိုင် တွေ နဲ့ အလုပ်မလုပ်ရဲကြဘူး။

အများ ကို လုပ်ငန်းတွေ မျှမပေးချင်ဘူး။

 

ဒီမိုကရေစီ ဆိုရာမှာလဲ အကောင်းအဆိုး ဒွန်တွဲပါပါမယ်။

အဓိက ကတော့ လူသားချင်းစာနာထောက်ထား ခြင်း ဆိုတာတွေ၊

လူမျိုး ဘာသာ မရွေး လွတ်လပ်စွာ ကိုးကွယ် နိုင်ခွင့် ဆိုတာတွေ တွဲပါလာမယ်။

ငါ့ဘာသာ၊ သူ့ဘာသာ အချင်းချင်း ရိုသေ ရမယ်။

သေချာတာပေါ့။ ဘာသာရေး နဲ့ အကြောင်းပြ လူမသတ် ရအောင်လဲ ကောင်းတဲ့ ဥပဒေ ရမှာပါ။

 

အကယ်၍

အဲဒါတွေ အတွက် တကယ်ဘဲ သဘောထားကြီးနိုင်ကြမှာလား။

 

အကယ်၍

မကြာခင် အချိန်အတွင်းမှာ အဲဒီ ရိုဟင်ဂျာ အရေးအတွက် လူသားချင်း စာနာထောက်ထား ဖို့ စကားတွေ ကို ကြားလာခဲ့ကြ ရင်

 

အကယ်၍

ရိုဟင်ဂျာ အရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ကို ဝိုင်းအပြစ်တင်ကြ မယ် ဆိုရင်

 

အကယ်၍

ဦးသိန်းစိန် ကလဲ ၂၀၁၅မှာ အနားယူဖို့ ရှိနေပြီ ဆိုရင် တော့

 

ကျွန်မတို့ တရုတ် နဲ့ ရိုဟင်ဂျာ တွေ ရဲ့ လက်အောက် က ဘယ်လို ရုန်းထွက်မလဲ။

 

အရေးကြီးဆုံး ကတော့

ကျွန်မတို့ ရဲ့ ချက်စ် ကစားခုံပေါ် မှာ တစ်ဖက်က ဘုရင်မ ကို စားဖို့ အတွက် အကွက်ရနေပြီ ဆိုတာပါဘဲ။

ကျွန်မတို့ တစ်ချိန်လုံး တင်းခံလာပြီမှ ဒီအကွက် မှာ ဘုရင်မကို ထိုးကျွေး သင့်သလား။

မြင်ကြည့်ကြပါရှင်။

 

မျိုးချစ်စိတ်ဆိုတာ ထက်သန်သင့်ပါတယ်။

အစွန်းမရောက်ဖို့တော့ လိုမယ်။

မျက်ကန်းပြီး ချစ်လွန်းရင် ကျွန်မတို့  အခု လက်ညိုးထိုး စွတ်စွဲ နေတဲ့ အစွန်းရောက် အကြမ်းဖက်သမား ဆိုတာ ကိုယ်တိုင်ဖြစ်သွားမယ်။

ကျွန်မ အိမ်ကို လာအကြမ်းဖက် ရင် လက်တုံ့ပြန်ဖို့  ဝန်မလေးဘူး။
ဒါပေမဲ့ သူတောင်းစား နဲ့ ဓားပြ ကို ခွဲနိုင်ဖို့တော့ လိုပါမယ်။

 

36 comments

  • htet way

    June 13, 2012 at 4:54 pm

    တော်တော်ကို တွေးတော စရာ ကိုမီးမောင်းထိုးပြလိုက်တဲ့ ပို့စ်ပါ
    ကျေးဇူးတင်ပါတယ် အရီး ခင်ဗျား။
    ချီးကျူး မိပါတယ် ။

  • ကိုလတ်ရေ
    ကျနော်တို့ ဘုရင်မကြီးကို အကာအကွယ်ပေးမယ့် ပွန်းလေးတွေက သူတို့ချက်ကွက်ကို ပိတ်ဘို့အဆင့်သင့်။
    ရဲတိုက်ကလဲ ဒေါင့်ဖြတ်လိုင်းကို ဦးထားပါတယ်။
    ဘိရှော့တွေကလဲ ကန့်လန့်ဖြတ်ခံဘို့ နေရာယူပြီးသား။
    သူတို့က မြင်းနဲ့ချက်မယ်ဆိုရင်လဲ ဂယ်ပေါက်လေးတစ်ပေါက်ချန်ထားပါတယ်။
    (အကယ်၍များ

    “ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဖြေ ကို မြန်မာပြည်သူ များ အားမရ ခဲ့ရင်”

    ဆိုတာပါဘဲ။

    ကြားနေရတယ်။

    အဲလိုဖြစ်ခဲ့ရင် သူအပြန်မှာ ဆန္ဒပြ မယ်တဲ့။)

    ဒါက သွေးတိုးစမ်းကြည့်တဲ့ စကားလုံးပါ။

    ကျနော်တို့ အဲလောက်မညံ့ကြတော့ဘူးလို့ ယုံကြည်လိုက်စမ်းပါ။

  • amatmin

    June 13, 2012 at 5:32 pm

    စိတ်မောရပါ့ အရီးရယ်..
    သတောင်းစားကလဲ လေပြေလေးနဲ့
    ချော့လို့ကိုမရတဲ့ သတောင်းစား..(အခုတောင် ဓါးထောက်လုချင်ချင်)
    ဓါးပြကလည်း တိုက်နေကြဆိုတော့ လက်နက်တောင်မသုံးတော့လို့..
    ဓါးပြတိုက်နေတာလို့တောင် မထင်ရတော့ဘူးရယ်…
    အန်တီစုအတွက်လည်း ..ဘေးကြပ်နံကြပ်..
    ဒို့ပြည်သူလည်း.. ဘေးကြပ်နံကြပ်..
    ဆိုတော့ ကြားလူအတွက်တော့ ..အမြတ် အမြတ်.. 🙂
    ဒါနဲ့ပြည်သူတွေ ဘယ်လိုပုံစံမျိုးနဲ့များ သဘောထားကြီးပြရမယ်မသိ..
    သေချာတာကတော့ အဖြေထုတ်ပေးနိုင်မဲ့ (ကြိုးစားနေမှာလည်းသေချာပါတယ်)
    ကိုယ့်တွေရဲ့ဘုရင်မကိုပဲ ထုံးစံအတိုင်း..
    ယုံကြည်ရင် နေလိုက်ရအုန်းမပေါ့လေ..

  • blackchaw

    June 13, 2012 at 5:59 pm

    အကြမ်းဖက်လာမယ့်သူတွေကို
    လက်တုန့်ပြန်တာ
    လူသားချင်းစာနာတဲ့စိတ်ကင်းမဲ့တာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်အစ်မရေ…။
    ဒေါ်အောင်ဆန်းစုကြည်ဟာ
    လောလောဆယ် ကျွန်တော်တို့ရဲ့ အနာဂတ် ပါ။
    ကျွန်တော်တို့ ရဲ့ အနာဂတ် ပျက်စီးမှာကို …
    ဘယ်လိုမှ အဖြစ်မခံနိုင်ပါ…။
    အကယ်၍
    ဒေါ်အောင်ဆန်းစုကြည်သာ
    အခုအချိန်မှာ ဘုရင်မဖြစ်နေခဲ့ရင်…။
    ဘယ်လိုဆုံးဖြတ်ချက်တွေချပြီး ဒီအခက်အခဲအကျပ်အတည်းကို
    ဖြတ်ကျော်ပြမလဲဆိုတာ မြင်ချင်စမ်းပါဘိ…။

  • စိန်ဗိုက်ဗိုက်

    June 13, 2012 at 6:07 pm

    နောက်ကွယ်က ခွေးကျင့်ခွေးကြံ ကြိုးကိုင် လှုံ ့ဆော်..မြှောက်ပေး ထောက်ပံ့ကြ
    ဒေါသကိုဆွပြီးသူတို ့နည်းတူ အစွန်းရောက်အောင် အမှောင်ထဲ ဆွဲ ထည့်..
    သခိုးက လူပြန်ဟစ်..အိမ်ရှင်တွေ ဘဝပျက်..
    ဒီမိုကရေစီကို ခုတုံးလုပ်ပြီး အခွင့်အရေးယူ..အင်း..
    ရှိပြီးသားလူကတော့ ပြဿနာမရှိ..
    ထပ် နယ်ချဲ ့လာမဲ့ ချီးဘရိန်းကောင်တွေကိုတော့ သေချာ စိစစ်သင့်တယ်..
    သေချာတာကတော့ ဘွားဒေါ်ကြီးက..တရားဥပဒေစိုးမိုးရေးနဲ ့ တန်းတူအခွင့်အရေးရရှိရေး ဆိုတာလောက်ပဲ ပြောဖြစ်မှာ..
    အဲဒီအခါ..ဘဝပျက်ခဲ့ရတဲ့လူတွေအတွက် ဘွားဒေါ်ကြီးက ချဉ်ဖတ်..
    ထိုင်းမှာ မြန်မာတွေကို နှင်လွှတ်လိုက်ပြန်ပြီ..သတင်း..မလေးမှာမြန်မာတွေ နှင်လွှတ်လိုက်ပြန်တဲ့သတင်း..ခဏခဏ ကြားခဲ့ရပေမဲ့
    ဒီအစွန်းရောက်ကောင်တွေကို ဘာကြောင့် နှင့်မလွှတ်နိုင်တာလဲ ဉာဏ်မမီတော့ဘူး
    သူများကို အစွန်းရောက်လို ့ပြောလို ့..မြန်မာတွေကော အစွန်းမရောက်ဘူးလား မေးရင်… 😕
    အစွန်းတော့ မရောက်ဘူး..အသဲပေါက်ရင်တော့ အချင်းချင်းတောင် ခေါင်းဖြတ်ဝံ့တဲ့လူတွေ..
    ဒီလိုလူတွေကို အစိုးရအနေနဲ ့ ဘယ်လိုစနစ်တကျ ကိုင်တွယ် ဖြေရှင်းမလဲ..
    ဒီလိုလူတွေရဲ့အကျင့်ကို သိထားတဲ့လူကြီးမင်းတို ့အနေနဲ ့ ငြိမ်ဝပ်ပိပြားအောင် စနစ်တကျ မဖြေရှင်းပေးတတ်ဘူးလား..
    မူ မကောင်းတာလား လူမကောင်းတာလား..
    လူအကြောင်းသိထားမှတော့ မူကို စနစ်တကျ ဖော်ဆောင်ထားလို ့မရဘူးလား..ဟူးရား..ရူးလား..ဘူးလား..( စဉ်းစားရင်း ဂေါက်သွားသည် )

  • Pitbull

    June 13, 2012 at 6:12 pm

    နိူင်ငံရေးအကြောင်း နားလည်အောင် ကြိုးစားတုန်းမို့ အသေအချာလေး ဖတ်ရှုလေ့လာသွားပါတယ်။ ဒါကြောင့်မို့လဲ ဂေဇက်ဆိုတာ နာမည်ကြီးတာလို့ အတိအလင်းလက်ခံ သွားပါတယ်။ ဖတ်ရတာ အတွေးအခေါ် ဗဟုသုတ အားလုံးရပါတယ်။
    မေးကြည့်ချင်တာ တစ်ခုတော့ ရှိပါတယ် အမေစုက ဒီကိစ္စကို ပြန်ဖြေတဲ့ အခါမှာ ဆီနိတ်တာတစ်ယောက် အနေနဲ့လား၊ လူထုခေါင်းဆောင် တယောက် အနေနဲ့လား ဆိုတာလေးပါ
    အသစ်တယောက်မို့ မှားတာရှိရင် ခွင့်လွှတ်ပါ။

  • Knowledge Seeker

    June 13, 2012 at 6:35 pm

    အရီးခင်လတ် ခင်ဗျား

    အလွန်တန်ဘိုး ရှိသောတင်ပြချက်ပါဘဲ။ ချီး ကျူး မိပါသည်။

  • အဂျစ်

    June 13, 2012 at 6:38 pm

    မိမိ အိမ်ထဲ အတင်းဝင်လာတာခြင်းတူတယ် ၊ မိမိ ထံက ရယူသွားတာခြင်းလဲ တူတယ် (သူတောင်းစား နဲ့ ဓားပြ) “ဒါပေမဲ့ သူတောင်းစား နဲ့ ဓားပြ ကို ခွဲနိုင်ဖို့တော့ လိုပါမယ်” ဒီစကားကို အရမ်းကြိုက်သွားပါကြောင်း…

  • ထာဝရ

    June 13, 2012 at 6:45 pm

    အားလုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ. မိန်.ခွန်းကိုစောင်.နေကြပြီ…
    အခြေနေတွေဟာ ပေါက်ကွဲခါနီးဗုန်းတလုံးနဲ.တူနေမလား..
    အဖြေတခုက တဖက်ကို လိုက်ပြောရင်တဖက်ကပေါက်ကွဲမယ်.အခြေနေမျိုး
    ဒီကြားထဲမှာ ပွဲလန်.တုန်းဖျာခင်းမယ်စဆိုတဲ.စိတ်ဓါတ်ဆိုးတွေနဲ.နိင်ငံရေး
    သိက္ခာချဘို.စောင်.နေတဲ.လူတွေကတော. ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘက်လိုက်ပြောပြော
    ကြားက အမြတ်ထုတ်ဘို.အကြီးအကျယ်ကြံစည်နေကြပြီ…
    ကျွန်တော်တို.ရဲ.မျော်လင်.ချက်ဖြစ်တဲ. အမေစု ရဲ.နိင်ငံရေးပရိယာယ်ကြွယ်ဝမှု
    ကိုတွေ.ရမယ်လို.မျှော်လင်.မိ.ပါတယ်
    စောင်.ကြည်.နေမယ်.အထဲမှာမီဒီယာတွေသာမက သမ္မတကြီးလဲပါမယ်ထင်မိကြောင်း…..

  • Thel Nu Aye

    June 13, 2012 at 7:47 pm

    မှန်ပါတယ်အရီးလတ်ရေ။ ဒေါ်အောင်ဆန်းစုကြည် ကြိုးတန်းပေါ်လမ်းလျှောက်နေရပါတယ်။ သူ့အတွက်လဲတော်တော်တော့ မလွယ်မဲ့ ပြသနာပါ။ ရခိုင်တွေနဲ့ ဒီနေ့စကားပြောလိုက်တော့ ဒီပြသနာမှာ အမေစုရေငုံနေတာကို သူတို့လုံးဝမကျေနပ်ပါဘူးတဲ့။ ရိုဟင်ဂျာတွေဖက်ကပါနေတယ်လို့ သူတို့က စွပ်စွဲနေ ပါတယ်။ နောက်ပြီးအမေစုက လူနဲစုကိုလူများစုကအနိုင်ကျင့်နေတယ်လို့ပြောတာလဲ မကျေနပ်ပါဘူးတဲ့။ အဲဒါနဲ့ အမေစုမပြောကြောင်း ဆောင်းပါးတွေရှာပရင့်ထုပ်။ အဘဖောရဲ့ ရိုဟင်ဂျာအရေးပိုစ့်ကို ပရင့်ထုပ်ပြီးပေး လိုက်ပါတယ်။ သေချာဖတ်ပါ။ အထင်မလွဲပါနဲ့။ ရခိုင်ကလူတွေကိုလဲ ရှင်းပြပေးပါ ဆိုပြီးတော့။ တတ်နိုင်သလောက်တော့ လုပ်လိုက်ပေမဲ့ ရခိုင်လူထု ကြေနပ်ဖို့ဆိုတာ အတော်တော့လုပ် ယူရအုံးမှာပါ။ အမေစုသာစကားတခွန်းမှားလို့ကတော့ ဖြစ်လာမဲ့ပြသနာကိုရင်လေးမိပါတယ်။ ဒါကိုလဲ အမေစုကတော့သိလိမ့်မယ်လို့ယုံကြည်လိုက်ပါတယ်။ ပြန်လာမှပဲ အားလုံးသိနိုင်မှာမို့ ဒီ ရက် ၂ဝ လောက် ကိုတော့အိပ်ရေးဝဝတောင်အိပ်နိုင်မယ်မထင်ပါဘူး။

  • ဇောက် ထိုး

    June 13, 2012 at 7:57 pm

    အရီး.. ကျွန်တော်က နိုင်ငံအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အလွန်ဒုံးဝေးတယ်လို့ ဆိုရပါ့မယ်။ ခုအရီးပြော တာတွေကို ကျွန်တော် ဖတ်လိုက်ရတော့ ဘာမှန်းမသိပေမယ့် စိုးရိမ်ထိန့်လန့်မှုတွေတော့ ခံစားလိုက်ရတယ်။ အရီးရဲ့ ကျွန်မ အိမ်ကို လာအကြမ်းဖက် ရင် လက်တုံ့ပြန်ဖို့ ဝန်မလေးဘူး။
    ဒါပေမဲ့ သူတောင်းစား နဲ့ ဓားပြ ကို ခွဲနိုင်ဖို့တော့ လိုပါမယ် … ကြိုက်လိုက်တာ အရီးရယ်။

  • မိုးတိမ်

    June 13, 2012 at 8:30 pm

    အတော်တော့ စဉ်းစားဖို့ကောင်းတဲ့ ကိစ္စတွေပါအရီး
    ဘာပဲဖြစ်ဖြစ် နိုင်ငံတကာနဲ့ ဆက်ဆံရေးဆက်လက်တိုးတက်စေလိုပါတယ်။
    ခေါင်းဆောင်နှစ်ဦးလဲ ပူးပေါင်းဆောင်ရွက်ပြီး အမျိုး၊ဘာသာ၊သာသနာကို ကာကွယ်စောင့်ရှောက်စေလိုပါတယ်ခင်ဗျာ။
    အမိမြန်မာပြည်ကြီး အေးချမ်း၊တည်ငြိမ် တိုးတက်ပါစေ………

  • hnin phyu

    June 13, 2012 at 8:52 pm

    အရီးခင်လတ်ရေ
    Bravo နော်. အခုလိုအကျိုးရှိလွန်းတဲ့ပိုစ့်ကိုတင်ပေးလို့အရမ်းကိုကျေးဇူးတင်ပါတယ်။
    (သူတို့ဆိုသူတွေကိုလည်း ရွံကြောက်ကြီးဖြစ်မိတယ် )
    ကိုယ်တိုင်းပြည်အကြောင်းကိုတွေးပြီး. တော်တော်ကိုစိတ်မကောင်းဖြစ်မိပါတယ်။
    အမေစုကိုလည်းသနားမိတယ်။. သူတို့တွေကတော်တော်အကြံပက်စက်ကျတာနော်။
    တူသောအကျိူးပေးပါစေ။

  • မောင်ပေ

    June 13, 2012 at 8:55 pm

    အွန်လိုင်းမှာ စာလာဖတ်သူတွေ
    အထူးသဖြင့် “www.myanmargazette.net” ကို ဖတ်ဖြစ်တဲ့ သူတွေဟာ သူရို ့ဖတ်ရသမျှ ကို သူရို ့ပတ်ဝန်းကျင်မှာ ပြန်ဖောက်သည်ချလေ့ရှိပါတယ် ။
    အခုလောလောဆယ် အထက်မြန်မာနဲ ့အောက်မြန်မာအနေအထားဟာ အခုရက်ပိုင်းအတွင်း ဖတ်ကြရတဲ့ အကြောင်းအရာစုံများကြားမှာ ဘယ်ဘက် ကို ယိမ်းရမလဲ မသိ သံသယတွေ ဖြစ်ကောင်းဖြစ်နေမှာ ၅၀%ကျော် သေချာပါတယ် ။
    အရီးလတ် ပြောတဲ့ ရေးတဲ့ စာအားလုံးဟာ အနှစ်တွေ ၊ ဖတ်ပြီး မယုံသေးလို ့ပြန်စဉ်းစားတိုင်း အမှန်ပါလား ဆိုလား သိလာရတဲ့ စာတွေ ပါ ။
    အရီးလတ် ဆေး း
    “ကွန်ပျူတာထဲ မှာ ဗိုင်းယပ်စ် ဆိုတာ တစ်ခါတစ်ခါ ဖြတ်ခနဲ မသိလိုက်ဘဲ ဝင်ပါတယ်။
    တစ်ခါတစ်ခါ “မင်း ကွန်ပျူတာ ဗိုင်းယပ်စ် ဝင်နေပြီ။ ကာကွယ်ရအောင် ဒါကို နှိပ်လိုက်” ဆိုတာ ပေါ်လာပြီး ယုံလို့ နှိပ် မိလိုက်ရင် အဲဒီ စက်ကို အမျှသာ ဝေလိုက်ပါ။
    အခုလဲ ဒီလိုပါဘဲ။
    တိုင်းပြည် အတွင်းမှာ ရှိနေတဲ့ ဗိုင်းယပ်စ် တွေ ကို ဗိုင်းယပ်စ်တွေ မှန်း သိနေပါရက် နဲ့ မယုံပါနဲ့။
    အဲဒီ ဗိုင်းယပ်စ်တွေ ဟာ နာမည် နဲ့ ကို ဗိုင်းယပ်စ်တွေမှန်း ကျွန်မတို့ သိပါတယ်။
    သူတို့ ရှိနေသေးသ၍ ဘယ်လိုမှ စိတ်မချပါနဲ့။
    သတိ နဲ့နေပါ။
    မယုံမရှိပါနဲ့။
    စီးပွါးရေးလုပ်ပိုင်ခွင့် တွေ ကို တစ်ဦးထဲ လက်ဝါးကြီး အုပ်ထားသူတိုင်း ဒီမိုကရေစီ ရမှာ ကို မလိုလားပါဘူး။
    ဒီမိုကရေစီ မလိုချင်ဘူးလို့ ကျွန်မ နားနဲ့ ဆတ်ဆတ် ကြားခဲ့တာပါ။
    သူတို့ အပြိုင်အဆိုင် တွေ နဲ့ အလုပ်မလုပ်ရဲကြဘူး။
    အများ ကို လုပ်ငန်းတွေ မျှမပေးချင်ဘူး။” …………….
    အဲဒီလို ဥပမာကောင်းကောင်းနဲ ့စာဖတ်သူ ခေါင်းထဲမှာ ချက်ချင်း လင်းကနဲ ဖြစ်အောင် ရေးနိုင်သူများ ရှားနေပါတယ် ။
    ဂေဇက်ရှိမန်ဘာများနဲ ့ဂေဇက်လာ စာဖတ်သူများအတွက်
    ယခု ပို ့စ်လို မျိုး အများကြီး ထပ်ရေးပေးပါ လို ့….
    အရီးလတ် ကို အားပေးသူများကိုယ်စား နဲ ့၊ အရီးလတ်အား လေးစားသူ မောင်ပေ မှ ရိုသေစွာ တောင်းဆိုလိုက်ပါတယ် ။

  • padonmar

    June 13, 2012 at 9:14 pm

    မလတ်ရေ
    ဒေါ်စုနေရာကတွေးကြည့်ရင် တော်တော်လေး ဆင်ခြင်ပြီးပြောဆိုပြုမူနေရမှာ တွေးပြီး စာနာမိပါတယ်။
    လူထုခေါင်းဆောင်ဆိုတာ လွယ်လွယ်နဲ့ မဖြစ်နိုင်ပါလား။

    ကျမတို့တတွေ နိုင်ငံရေးဆိုတာနဲ့ ထိတွေ့ခွင့် မရတာ နှစ်ပေါင်းကြာတော့ အတွေ့အကြုံနုနယ်ပါသေးတယ်။
    တခါတလေ ဘာမှမပြောခြင်းဟာလည်း နိုင်ငံရေးပရိယာယ်ပါဘဲ။
    သူ့ဖက်ကကြည့်တော့ လက်ဖဝါး၊ကိုယ့်ဖက်ကကြည့်တော့ လက်ဖမိုးကိစ္စမျိုးမှာ အချိန်ကစကားပြောအောင်စောင့်ရမယ်ဆိုတာကို ကျမတို့ ကျင့်သားမရသေးပါဘူး။
    ဒါကို မျက်တောင်မွေးတစ်ဆုံးလေးကြည့်ပြီး မဝေဖန်သင့်ပါဘူး။

    ဒေါ်စုဟာ ရိုးသားတယ်၊အမြော်အမြင်ကြီးတယ်၊တိုင်းပြည်ကိုလည်း တကယ်ချစ်တယ်။
    ဒီ၃ချက်နဲ့တင် တိုင်းပြည်အတွက် သူအတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် အမြဲ လုပ်ပေးသွားမယ်လို့ ကျမတော့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။

  • htoosan

    June 13, 2012 at 11:09 pm

    ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ထွက်သွားတာ ကိုယ်ရေးအရာရှိရယ်၊ လုံခြုံရေး အရာရှိရယ် အပြင်မှာ လူငယ် နှစ်ယောက်ဘဲ ပါသွားတာတော့ အတော်ထူးခြားတယ် ပြောရမှာဘဲ။
    ရှေ့ရေးအတွက် လူငယ်တွေကို အခုထဲက မွေးထုတ်နေပြီထင်ပါသည်။

  • ရဲစည်

    June 13, 2012 at 11:32 pm

    အရီးလတ်ရေ……………
    ဆိုလိုရင်းကို တိုတိုနဲ့ ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်စေပါတယ်။
    တချို့များ အဲလို ရေးပြကြရင် သိပ်ကောင်းမှာ 🙁
    လက်မလေး ထောင်ပီး အားပေးသွားပါတယ်ဗျို့

  • အရီး Khin Latt

    June 14, 2012 at 4:14 am

    အခုလေးဘဲ ဖတ်လိုက်ရတယ်။

    Rohingya refugees call for Suu Kyi’s help
    http://www.channelnewsasia.com/stories/afp_asiapacific/view/1207475/1/.html
    “Our appeal is to the UN, foreign nations, the Myanmar government and especially to Suu Kyi,” Mohammad Islam, leader of Rohingya refugees living in Nayapara camp in the Bangladesh border town of Teknaf, told AFP.
    “Aung San Suu Kyi hasn’t done or said anything for us, yet the Rohingyas including my parents campaigned for her in the 1990 elections. Like most other Burmese people, she is silent about the rights of Rohingya,” he added.”

    👿
    ဒေါ်အောင်ဆန်းစုကြည် က အားလုံး ကို လက်ဖျောက်တစ်ချက်တီးပြီး ဖြေရှင်းပေးနိုင်တယ် ထင်နေကြလား မသိပါဘူး။
    ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ကို အားလုံးက သူတို့ အကျိုး ရရှိရေးအတွက် ခုတုံးလုပ်ပြီး သုံးနေကြတာ။
    သူတို့ အတွက် အကျိုးရရင် အမေခေါ်ပြီး အကောင်းပြောမယ်။
    သူတို့ အလို အတိုင်း မဟုတ်ရင် အသုံးမကျတဲ့ မိန်းမကြီး ဖြစ်မယ်။

    ရိုဟင်ဂျာ တွေ ရေ
    ဒီအစိုးရ လက်ထဲ မှာ ဥပဒေမဲ့ သေတာ ရှင်တို့ တင်မဟုတ်ဘူး။
    ကျွန်မတို့ ရဲ့ သွေးချင်းအစစ် တွေ လဲ ပါတယ်။
    ဖြစ်သင့်တာက ဒီမှာလာပြီး အသနားခံနေမဲ့အစား တစ်ခြားကို ရွှေ့တာကမှ ပိုပြီး အဆင်ပြေပါလိမ့်မယ်။
    လောလောဆယ်မှာတော့ သူ့နိုင်ငံသား အစစ် တွေ ကို အရင်ဆုံး ဦးစားပေး ကယ်တင်ပါစေ။
    စောင့်နိုင်ရင်လဲ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် နေပြီးစောင့်ပါ။
    တရား ဥပဒေ ကောင်းကောင်း ရှိလာရင် လူတွေရဲ့ စိတ်တွေ လုံခြုံလာရင် ရှင်တို့ အတွက် နေရာပေး စဉ်းစားလာကြပါမယ်။
    တစ်ခုသိထားဖို့ ကတော့ ကျွန်မတို့ ရဲ့ မြန်မာ refugees တွေ (ခေါင်းဆောင်ပိုင်းတော့ မသိ) လဲ တစ်ခြားနယ်စပ်တွေမှာ မျက်နှာငယ်နဲ့ ဆင်းဆင်းရဲရဲ နေရပါတယ်။
    ဒါပေမဲ့ ဘယ်သူကမှ မြန်မာဆိုတာကို သူတို့ခိုလှုံနေတဲ့ နိုင်ငံရဲ့ လူမျိုးစု စာရင်း ထဲကို မသွင်းခိုင်းပါဘူး။
    သူတို့တွေ ရဲ့ မြေ ကို ခိုးဖို့ မကြိုးစားပါဘူး။
    သူတို့ လူမျိုးတွေကို မစော်ကား ရဲပါဘူး။
    စော်ကား လို့လဲ မရပါဘူး။
    သူတို့ အစိုးရက သူတို့ လူမျိုးတွေ အတွက် ကာကွယ်ပေးနေတာကိုး။
    ရှင်တို့ ကတော့ ချစားနေတဲ့ လူတွေ နဲ့ ယိုယွင်း နေတဲ့ စနစ်ကြောင့် သားရေပေါ်အိပ်၊ သားရေနားစား လုပ်လို့ရနေတာ။
    ဒီတော့ မြန်မာ့ မြေပေါ်မှာ နေချင် ရင် ကောင်းတဲ့အမူအကျင့် ရှိတဲ့ ဧည့်သည်ကောင်း လို နေပါ၊
    အိမ်ရှင်ကို နှင်ထုတ်ဖို့ မကြိုးစားပါနဲ့။
    ဒေါ်အောင်ဆန်းစုကြည် ကို ဘန်းပြပြီးလဲ လုပ်စားမနေကြပါနဲ့။
    သူ့ကိုလဲ နားပူနားဆာ တိုက်ပြမနေကြပါနဲ့။
    ရှင်တို့ ကို သူ စာနာမှာပါ။
    ဒါပေမဲ့ ဧည့်သည် ထက်ပိုပြီး အခွင့်ပေးမယ် လို့ ကျွန်မတော့ မထင်ပါဘူး။

    • htoosan

      June 14, 2012 at 7:17 am

      အဟိ .. အရီးလတ် ပေါက်ကွဲတာ ဒီတစ်ခါဘဲ မြင်ဘူးသေးတယ် .. 😀

  • အရီး Khin Latt

    June 14, 2012 at 4:22 am

    မှတ်ချက် ပေးသူအားလုံး ကို ကျေးဇူး တင်ပါတယ်။
    တစ်ယောက်ချင်းကို ပြန်မဆွေးနွေး ပေးနိုင်တာ ခွင့်လွှတ်ပါ။

    သဲနုရေ
    ရခိုင်က အမျိုးတွေ ကို ရှင်းပြပါ။
    အဲဒီ ရိုဟင်ဂျာ တွေကလဲ ဒေါ်အောင်ဆန်းစုကြည်က သူတို့ အတွက် ဘာမှ ပြောမပေးသေး လို့တဲ့။
    သူတို့မှာ တော့ ၁၉၉ဝ ထဲ က မြန်မာ လူထု တွေ လိုဘဲအားပေး ခဲ့ရတာတဲ့။
    ဒီတော့ ဒီလို ကိုယ့်အတွက် ဘဲကြည့် တဲ့ သူတွေ နဲ့ အတွေးချင်း မတူပါစေနဲ့လို့။
    တစ်တိုင်းတစ်ပြည်လုံး ကောင်းစား ရေးအတွက် သူလုပ်နေတာမို့ တစ်ပြည်လုံး တိုးတက်ကောင်းမွန်တာ နဲ့ ရခိုင် ဒေသ ဆိုတာလဲ တစ်ခါထဲ ပါလာမှာပါ လို့။
    စောင့်လက်စ နဲ့ နဲနဲလေး သည်းခံပေးကြပါလို့။

  • အရီး Khin Latt

    June 14, 2012 at 5:40 am

    Burmese pro-democracy leader Aung San Suu Kyi has arrived in Geneva, where she will address the United Nations at the start of a visit to Europe.

    မြန်မာစံတော်ချိန် – 4:38am

    http://www.bbc.co.uk/news/world-europe-18435374

  • MaMa

    June 14, 2012 at 7:20 am

    ခုမှပဲ ဖတ်မိတယ်။
    တခါတလေမှာ လှည့်ကွက်တွေ မြှုပ်ကွက်တွေက များလွန်းလို့ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားလို့ မမီဘူး။
    အဲဒါကြောင့် –
    ဉာဏ်အမြှော်အမြင်အားကြီးတဲ့
    စေတနာမှန်တဲ့
    အများအတွက် ကိုယ်ကျိုးစွန့်နိုင်/ခဲ့တဲ့
    အမေစုကို မျက်လုံးစုံမှိတ်ပြီး ထောက်ခံခဲ့/နေပါတယ်။ 🙂

  • Azzurri

    June 14, 2012 at 7:26 am

    အင်ဂလိကန် လာရင် အရီး တွားကြိုမှာ ရား ဟင်င်င်င်င်
    အနည်းဆုံးတော့ ရုံးမှာ မျက်နှာပွင့်ဦးမှာ မြင်ယောင်သေးတော့သဗျား..

    အပေါ်မှာ ပေါက်ကွဲတာတွေလည်း စိတ်လျှော့ပါ အရီးရယ်…
    ဒို့ကြီးမေ ကို (အကြွင်းမဲ့)ယုံတဲ့အပြင်….
    ဟိုလူဂျီးဒွေက နှစ်ပေါင်း ၂ဝလောက် ထရိန်နင်ပေးထားတဲ့ ပညာတွေ
    ပြည့်ဝလွန်း နေလို့…
    ယဉ်ကျေးတဲ့ ပညာတတ်တဲ့ ကိုယ်ချင်းစာတဲ့ လူ့အဖွဲ့အစည်းတွေနဲ့
    သိပ် ကို လှလှပပ ဆက်ဆံတတ်မှာ ယုံတယ်…

    ဇဂါးအတင်းစပ် ဘန်းဂိုခု မှာတုန်းက အဂ္ဂမဟာ ဖေ့စဘုတ်တော်
    အကြောင်း ဖြေသွားတဲ့ မျက်နှာချီ မျက်နှာမောင်း နဲ့ လေကျ ကို
    သိပ်သဘောကျတာပဲဗျို့ …

  • ဦးဦးပါလေရာ

    June 14, 2012 at 8:56 am

    ကွန်မင့်တွေ ရေးလိုက် ဖျက်ပြီးပြန်ထွက်လိုက်နဲ့ တော်တော်ကြာသွားပြီ…။ အခုမှတော့ တိုတိုလေးပဲ မန့်ပါတော့မယ်..။

    ဘက်မတူသူတွေကြားမှာ အခြေအနေ အချိန်အခါတွေကဖန်တီးတဲ့ ဘုံအကျိုးစီးပွားဆိုတာ အခါအားလျှော်စွာ ပေါ်ပေါက်တတ်ပါတယ်။

    ဒါလေး ထည့်လိုက်ရင် ဘယ်သူတွေအကျိုးရှိပြီး ဘယ်သူတွေအကျိုးမဲ့ မယ်…
    ဒါလေးနှုတ်လိုက်ရင်တော့ ဘယ်သူတွေအကျိုးမဲ့ပြီး ဘယ်သူတွေအကျိုးရှိမယ်ဆိုတာမျိုး….

    ပိုတွက်နိုင်ရင်တော့ ဘယ်အချိန်မှာထည့် ဘယ်အချိန်မှာနှုတ်ပြီး ဘယ်တော့မှ ပြန်ထည့်ရင် ဆိုတာမျိုး……

    ရှုပ်ထွေးတဲ့ ပြဿနာတွေကို အဖြေရအောင်စဉ်းစားရင် ဘယ်လိုတွေးရမလဲဆိုတော့..
    ရိုးရိုး ပဲ တွေးရပါမယ်။
    ဘာကြောင့်လဲဆိုတော့ …
    တခါတရံမှာ ပြဿနာ ကိုယ်တိုင် ထောက်ချောက်ပမာ အတွက်မှားစေတတ်ပါတယ်……

    ကျွန်တော်တို့ ဒေါ်စုကို ရိုးရိုးလေးတွေးပြီး ရိုးရိုးလေးမြင်ပြီး ရိုးရိုးလေး ယုံကြည့်ရအောင်……..
    …လို့ပဲ

  • ကြောင်ကြီး

    June 14, 2012 at 10:34 am

    အကယ်၍ အဲသလောက်တောင် သောက်သုံးမကျရင် ခံဂျပေါ့ကွာ….။

  • Foreign Resident

    June 14, 2012 at 11:00 am

    ၁ ။ အမေစု ကိုယုံပါတယ် ။
    သူ လိမ္မာ ပါးနပ်စွာ ကိုင်တွယ်မှာပါ ။

    ၂ ။ ဦးကြောင် ရေး သလိုပါပဲ ။
    အဲသလောက်တောင် သောက်သုံးမကျရင် ခံဂျပေါ့ကွာ ။

  • Shwe Ei

    June 14, 2012 at 11:49 am

    ဘဝနဲ့ရင်းပြီး ပြည်သူအကျိုးသယ်ပိုးလာတဲ့ အမေစုကို ဒီအဖြစ်အပျက်တခုထဲနဲ့တော့ အထင်မလွဲရက်ပေါင်ဗျာ။ ဒီလိုမတွေးတတ်လို့ မသိနိုင်ကြတဲ့လူတွေကိုတော့ တတ်နိုင်သလောက်ရှင်းပြရုံပါဘဲ။ မယုံရင်လဲ ခံဂျပေါ့ 😀

  • ကြည်ဆောင်း

    June 14, 2012 at 1:10 pm

    ဒီ Post ကိုဖတ်ပြီးတော်တော်စိတ်မချမ်းသာဖြစ်သွားရပါတယ် ။
    ကြည်ဆောင်းတို့လိုတောင် ထိုက်သင့်သလောက်လွတ်လပ်ခွင့် နှစ်ပေါင်းများစွာ မရရှိခဲ့ရတဲ့ အမေစု အပေါ် ဖြစ်သမျှ အကြောင်းတိုင်းကို ဘာဖြစ်လို့များခေါင်းခံ ခိုင်းနေရတာလဲ စဉ်းစားလို့တောင်မရဘူး။
    လူထုခေါင်းဆောင် ဖြစ်နေတာ နဲ့ဘဲ တစ်ခြားနိုင်ငံကခေါင်းဆောင်တွေလို အားလုံးတာဝန်ယူရတာလား ။
    ဒါဆိုရင် လုပ်ပိုင်ခွင့်ကရော တစ်ခြားနိုင်ငံကခေါင်းဆောင်တွေလို ဘဲလား။ နားမလည်နိုင်တော့ပါဘူး ။

  • kai

    June 14, 2012 at 1:28 pm

    အဟမ်း..
    ဒေါ်အောင်ဆန်းစုကြည်သည်.. ဒေါ်အောင်ဆန်းစုကြည်သာဖြစ်ပါကြောင်း…. 🙂

  • etone

    June 14, 2012 at 2:58 pm

    အရီးလတ်ရေ … အခုလို … ကောလဟာလနဲ့ မှိုင်းတိုက်ခံရပြီး ၊ လူတွေ စိတ်ထဲ ဒွိဟဖြစ်နေတဲ့ အချိန်မှာ အခုလို ဟိုက်လိုက်ဖြစ်စေမယ့် ပို့စ်လေးရေးပြတာ …အမိနိုင်ငံမှာမွေးခဲ့သူတစ်ယောက်အနေနဲ့ တိုင်းပြည်အပေါ် တတ်စွမ်းသမျှ အလုပ်ကျွေးပြုခြင်း ၊ တာဝန်ကျေခြင်းပါပဲ … ။ အရီးလတ်စာကိုဖတ်ပြီး .. တယောက်ယောက်ပဲ ဖြစ်ဖြစ် ၊ လူအများစုပဲဖြစ်ဖြစ် … နားလည်သဘောက်ပေါက်သွားတယ်ဆိုလျှင်ပဲ …… အရမ်းကို အဖိုးတန်သွားပြီ ……. ။ ဘရာကြော်ပါ အရီးလတ်ရေ 😉

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 14, 2012 at 3:19 pm

    ( အကယ်၍များ
    “ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဖြေ ကို မြန်မာပြည်သူ များ အားမရ ခဲ့ရင်”
    ဆိုတာပါဘဲ။
    ကြားနေရတယ်။
    အဲလိုဖြစ်ခဲ့ရင် သူအပြန်မှာ ဆန္ဒပြ မယ်တဲ့။
    ဒေါ်အောင်ဆန်းစုကြည် ရဲ့ မြန်မာပြည်မှာ ရွှေရောင်တောက် တဲ့ နေ့တွေ ကုန်ပြီတဲ့။)
    …………………………….
    ကြည့်ရတာ စမ်းကြည့်မယ်ဆိုတဲ့ပုံဘဲ လို့တွက်ကြည့်လို့ရနိုင်မလားမပြောတတ်
    ပြောလို့တော့မရဘူး ကလားအရေးခင်းမှာ ကျုပ်တို့ကခံထားပြီးသွားပြီ
    အဖွားကြီးပြန်လာလို့ ဆန္ဒပြခြင်ရင်ပြကြပစေ
    ဘယ်သူဦးဆောင်တယ် ဘယ်သူတွေပြတာလည်းဆိုတာကို သေခြာဓာတ်ပုံရိုက်မှတ်တမ်းတင်လိုက်
    ဒါလေးများဘာခက်တာမှတ်လို့
    ( အထူးအနေနှင့် သူတို့ဘာလုပ်တာကို ဘယ်သူမှမသွားကြဘို့ဘာ )

  • ရွာစားကျော်

    June 14, 2012 at 3:44 pm

    ဘဝနဲ့ ကြေးခေါ်ပြီး လောင်းရတဲ့ စစ်တုရင်ပွဲမှာ..
    အကယ်၍များ…
    အကွက်ရွှေ့မှားခဲ့ပါလျှင်….

  • အလင်းဆက်

    June 14, 2012 at 7:29 pm

    အကယ်၍…အရီးလတ်ရဲ ့ပိုစ်တစ်ခုကို…မဖတ်လိုက်ရသော်…
    တန်ဖို းကြီးသော..အတွေးစများ..လက်လွတ်ဆုံးရှုုံး.ရပါမည် ။

    အဟမ်း…
    အလင်းဆက် သည် လည်း..အလင်းဆက်သာ ဖြစ်ပါကြောင်း…
    သူကြီးပြောသလို လိုက်ပြောကြည့်တာနော် ။

  • kyeemite

    June 15, 2012 at 8:22 am

    ဒေါ်စုရဲ့ ပညာအရည်အချင်း အတွေ့အကြုံ
    လေ့လာမှု့အား..ဒါတွေကိုယုံကြည်တယ်ဗျာ..
    ခုထိတောင် အနောက်နိုင်ငံကြီးတွေက ထိတ်တန်း
    ခေါင်းဆောင်ကြီးတွေနဲ့ တွေ့ဆုံခဲ့တာဖြောင့်လို့ပါဘဲ..
    ဒီတော့ …ဒီတစ်ခေါက် ပြည်ပခရီးက တကဲ့အရည်အချင်းစစ်ပွဲဘဲ..
    ဒါပေမဲ့..ကျုပ်တို့လိုပါချီပါချက်တောင်တွေးနိုင်ရင်
    ဒေါ်စုလည်းကြိုတင်စဉ်းစားပီးဖြစ်မယ်လို့ယုံကြည်ပါတယ်
    စောင့်ကြည့်ကြပါစို့။

Leave a Reply