ဘုမသိ ဘမသိ အသုံးချခံရသူများသို့…

Ko out of...June 13, 20121min14713

တခါက စားသောက်ဆိုင်တဆိုင်တွင် စားသောက်ဆိုင် မန်နေဂျာ တစ်ဦးက …

အရည်အချင်းပြည့်ဝပြီး တာဝန်နှင့် အခွင့်အရေးကို
မျှမျှတတ ခွဲဝေတတ်၊ အရာရာတွင် ချင့်ချိန်တတ်ပြီး အဂတိတရားကင်းကင်း လုပ်ကိုင်နိုင်သည့် လက်ထောက်စားပွဲထိုး
ဝန်ထမ်းတစ်ဦးကို မနာလိုဝန်တိုစိတ်များပြီး ထိုစားပွဲထိုးဝန်ထမ်းကို
ပျက်စီးစေလိုသည့် စိတ်ဖြင့် နေ့စဉ်နဲ့ အမျှ ထိုမန်နေဂျာသည်
အကြံထုတ်ကာ စဉ်စားလေ၏…

တနေ့တွင် စားသောက်ဆိုင် ပိုင်ရှင်သူဋ္ဌေးBoss ရောက်လာသဖြင့် နေလည်စာဖြင့်
ဧည့်ခံရန် မန်နေဂျာက စီစဉ်ပေးရသည်..

ထိုအခါ သူမနာလိုသည့် လက်ထောက် စားပွဲထိုးအား သူဋ္ဌေးပိုင်ရှင် Bossကို ဧည့်ခံရန် တာဝန်ပေးလေ၏..
ထိုတာဝန်ကို ယူရသောလူငယ်အား ပျက်းစီးစေ
လိုသည့် စိတ်ဖြင့် ပြဿနာ တခုဖြစ်အောင် ဖန်တီးရာ…

သူဋ္ဌေးမလာခင် သူဋ္ဌေးစားမည့် ပန်းကန်အောက်တွင် မသိမသာ ပင့်ကူအသေတစ်ကောင်ထည့်ရန်အခြားလူငယ်လေး တစ်ယောက်အား
ခိုင်းရာ ထိုလူငယ်သည် စိတ်ကောင်းရှိသောလူငယ်ဖြစ်သောကြောင့်
ဒါမျိုး မဟုတ်မတရားတာကို မလုပ်ချင်ပါဘူးဆိုပြီး စိတ်တွင်ငြီးတွား
ကာသူ့မန်နေဂျာအား လိမ္မာပါးနပ်စွာ ငြင်းဆိုလေ၏…

ထိုလူငယ်အား ခိုင်းလို့ရမည့်ပုံ မပေါ်သဖြင့်..” ရိုးသားပြီး အသော” တောင်ပေါ်သား လူငယ်လေးကို မက်လုံး အမျိုးမျိုးပေးပြီး ခိုင်းလေ၏..
ထိုလူငယ်လေးလည်း ဘုမသိ ဘမသိမင်းငါခိုင်းတဲ့အတိုင်း လုပ်ပေး
ရင်ရာထူးတိုးရအောင် သူဋ္ဌေးကို ပြောပေးမယ်..
သူဋ္ဌေးက တခုခု မလုပ်ပေးရင်လည်း မင်းကို ငါတခုခု လုပ်ပေးမယ်
စသည်ဖြင့် မက်လုံး အမျိုးမျိုးပေး ပြီးစည်းရုံး သိမ်းသွင်းကာ
ထိုလူငယ်လေးလည်း သဘောကျကာ တသွေမသိမ်း
လုပ်ပေးလေ၏…

ဒီလိုစီစဉ်အပြီးမရှေးမနှောင်းဆိုသလို…သူဋ္ဌေးလည်းရောက်လာလေ၏…ထို့နောက် သူဋ္ဌေး ထိုင်မည့်စားပွဲတွင် ထမင်းစားခါနှီး ထမင်းခူးထည့်ပေးရန် မှောက်ထားသည့်ပန်းကန်ကို
ဖွင့်လိုက်ရာ ပင့်ကူ အသေတစ်ကောင်ကို တွေ့ရလေသည်..
ထိုအခါ သူဋ္ဌေးသည် ဒေါကန်ပြီး ဒီပန်းကန်တွေကို
ခင်းကျင်းပြင်ဆင် လုပ်တာဘယ်သူလဲ?
ဒါဘယ်သူမှာ တာဝန်ရှိသလဲ? စသည်ဖြင့် မေးမြန်းရာ မန်နေဂျာမှ သူမနာလိုသည့် လက်ထောက် စားပွဲထိုး လူငယ်အား
လက်ညိုးထိုးကာ ထိုလူငယ်လည်း အထင်လွဲခြင်းခံရလေ၏..
အမျိုးမျိုး လည်းအစွပ်စွဲခံရလေ၏..

သူဋ္ဌေးလည်း သေချုာစုံစမ်းမေးမြန်းခြင်း မပြုဘဲ ထိုမန်နေဂျာ ပြော
သည့်အတိုင်း အမှန်တကယ်ဟုတ်တယ် လို့သာထင်နေလေ၏…

နောက်ဆုံးအားမရလို့၊ ထိုလူငယ်အား ပျက်စီးစေလိုသည့် စိတ်တခုတည်းဖြင့် အမှုဖြစ်အောင် မတရားသဖြင့် ပုဒ်မအမျိုးမျိုးတပ်ကာ အချုပ်ထဲ ရောက်အောင်
ပို့ဆောင်လေ၏..

ထိုလူငယ်လည်း သူမဟုတ်ကြောင်း ခုခံ ငြင်းဆိုသော်လည်း ငြင်းဆို
ခုခံပိုင်ခွင့် မရှိအောင် အမျိုးမျိုးလုပ်ကြံဖန်တီးကာ ထိုလူငယ်ကို
တဖက်သတ် အနိုင်ကျင့်လေသည်…

ကနေ့ ဒို့မြန်မာနိုင်ငံတွင်လည်း ကိုယ့်ရဲ့ ရာထူးအဏာ၊ကိုယ့်ရဲ့ စည်းစိမ် တည်မြဲရေး အတွက်ပြဿနာကို မဖြစ် ဖြစ်အောင်လုပ်ကြံ ဖန်တီးကာယခုကဲ့သို့ ဖြစ်ရပ်မျိုး တွေ့နေရပါသည်…နောက်အပြစ်
မရှိတဲ့လူတွေကို တဖက်သတ် စွပ်စွဲ၊ လုပ်ကြံ၊ အနိုင်ကျင့် စသည်မတရားမှုတွေလည်း တွေ့မြင်နေရဆဲပါဘဲ… နောက်တဖက်သူရဲ့ ပြန်လည်ခုခံ ပြောဆိုနိုင်ဖို့ အခွင့်အရေးကို ကာကွယ်ပေးသည့် ဥပဒေဆိုတာလည်း အားနည်းနေတာ တွေ့ရပါတယ်…

မြန်မာပြည်မှာ တိရိစာ္ဆန်နဲ့ ထူးမခြား အင်အားကြီးသူက အင်းအားနည်းသည့် လူတွေကို အနိုင်ကျင့်သော လုပ်ရပ်မျိုးလည်းဘဲ နေရာ တကာတွင်တွေ့နေရပါတယ်..

တဖက်လူတွေရဲ့ အသံကိုနားမထောင်ဘဲ အနီးကပ် ကိုယ်နဲ့ နီးစပ်တဲ့လူတွေရဲ့ အသံ၊ အဏာနောက်၊ ငွေနောက်၊ အရေအတွက်
များတဲ့ နောက်ကိုသာ ဟုတ်တယ်လို့ ထင်နေတာတွေများတယ်၊
တကယ်ဟုတ်မဟုတ် သေချာစုံစမ်းခြင်းမျိုး သိပ်မလုပ်ဘဲလွယ်လွယ်
နဲ့ခေါင်းငြိမ့်တာများတယ်…

အိမ်တွင်းမိသားစု အချင်းချင်း ထင်ရောင်ထင်မှားဖြစ်အောင် အိမ်ကြက်ခြင်း အိုးမဲသုတ်ပြီးအချင်းချင်းခွပ်ခိုင်းတာတွေကို အခုထိ
လုပ်စားတဲ့လူတွေက လုပ်စားပြီး သင်ခန်းစာ မယူတတ်ဘဲ ခံရတဲ့
လူတွေလည်း ခံနေရတုံးပါဘဲ…

ကိုယ်ကြီးပွါးရင် အဆင်ပြေရင်ပြီးတာဘဲ ကိုယ့်လက်အောက်ငယ်
သားတွေ ဘာဘဲဖြစ်နေဖြစ်နေ သေချုာမလေ့လာဘဲ ပိုက်ဆံသာ
ပေါပြီး အသိတရားနည်းတဲ့ သူဋ္ဌေးကဲ့သို့သော လူစားမျိုး၊
ကိုယ်ပိုင်စဉ်းစား ဉာဏ်မပါဘဲ သူများခိုင်းတိုင်း
လုပ်ပေးနေရတဲ့ ကျွန်စိတ်ပေါက်နေသည့် စားပွဲထိုးလေးလို လူစားမျိုး ဘယ်လောက်များမယ် လို့ထင်လဲ?…
သူတစ်ပါးကို ပျက်စီးစေလိုတဲ့ မကောင်းသည့် စိတ်ထားရှိတဲ့လူမျိုး ရောအများကြီးရှိမယ်လို့ ထင်လား?….

အထက်ပါ လူသုံးဦးတွင် အဓိကတရားခံက ဘယ်သူလဲ?…

ငါတို့ရဲ့ အားထုတ်မှု လုံးလ ပယောဂမပါဘူးဆိုပြီး ပိုင်ရှင်သူဋ္ဌေးနဲ့
စားပွဲထိုးလေးလို ကင်းကင်းရှင်းရှင်းနေမလား?…

သို့မဟုတ် သူတို့နဲ့ အတူ ဘုမသိ ဘမသိ ဒီအရှုပ်ထုတ်နဲ့အတူ
လိုက်မျှောနေမလား?…

ဒါမှမဟုတ် ဒီပြဿနာတွေ ပြေလည်အောင် ကိုယ်တတ်နိုင်တဲ့ဖက်
က ဝိုင်းဝန်းဖြေရှင်းကြမလား?…

အထက်ပါဖြစ်စဉ်လေးသည် ဘာမှမပြစ်မရှိသည့် လက်ထောက်စားပွဲးလေးအပေါ် ပုဂိ္ဂုလ်ရေး မုန်းတီးမှု စသည့်မကောင်းသည့် မနာလိုမှု စိတ်ထားက
သူ့ကိုရစ်ပတ်နှောင်ဖွဲ့လာရာ…. မှားပြီးရင်း ထပ်မှားကာ
အမှားသံသရာက ရုန်းမထွက်နိုင်ဘဲ တခြားလူများဖြစ်တဲ့ သူဋ္ဌေးနဲ့
တောင်ပေါ်သားလူရိုးလေးလည်း အသုံးချခံရကာ…မိမိရဲ့အမှား၊ မိမိရဲ့ အပူကို တခြားလူတွေပါ ကူးစက်စေပြီး
လောကကြီးပျက်စီးအောင် လုပ်ဆောင်နေသူတွေဖြစ်ပါတယ်…

ဒါကြောင့် မိမိ၏အမှား သံသရာဝဋ်ကြွေးကို နောက်ဘဝမှ စုပေါင်းပြီး အကြွေးဆပ်လိုက်မယ်လို့ ခံယူထားတဲ့ ဒဿနကို
ခေတ္တခဏဘေးဖယ်ပြီး ယခုလက်ရှိ လတ်တလောမကောင်းတဲ့
မိမိရဲ့စိတ်ထားလေးကို ပြုပြင်လိုက်မယ်ဆိုရင် လူ့လောကကြီးငြိမ်း
ချမ်းဖို့ အတွက် ပိုပြီးနီးစပ် လိမ့်မယ်လို့ ထင်မြင် မိပါကြောင်း ပွင့်လင်းရိုးသားစွာ ရင့်ဖွင့် လိုက်ရပါသည်….

13 comments

  • အဂျစ်

    June 13, 2012 at 7:44 pm

    စဉ်းစားသွားပါတယ်….

  • သားဦး၊မြေးဦး

    June 13, 2012 at 7:58 pm

    အသုံးချခံရသူတွေထဲမှာ ကျနော်တို ့မပါဘို ့လိုနေပီ။ကျေးဇူးပါအကိုတော်ရေ။

    “””ကနေ့ ဒို့မြန်မာနိုင်ငံတွင်လည်း ကိုယ့်ရဲ့ ရာထူးအဏာ၊ကိုယ့်ရဲ့ စည်းစိမ် တည်မြဲရေး
    အတွက်ပြဿနာကို မဖြစ် ဖြစ်အောင်လုပ်ကြံ ဖန်တီးကာယခုကဲ့သို့ ဖြစ်ရပ်မျိုး တွေ့နေရပါသည်…နောက်အပြစ်
    မရှိတဲ့လူတွေကို တဖက်သတ် စွပ်စွဲ၊ လုပ်ကြံ၊ အနိုင်ကျင့် စသည်မတရားမှုတွေလည်း တွေ့မြင်နေရဆဲပါဘဲ…
    နောက်တဖက်သူရဲ့ ပြန်လည်ခုခံ ပြောဆိုနိုင်ဖို့ အခွင့်အရေးကို ကာကွယ်ပေးသည့် ဥပဒေဆိုတာလည်း အားနည်းနေတာ တွေ့ရပါတယ်…
    မြန်မာပြည်မှာ တိရိစာ္ဆန်နဲ့ ထူးမခြား အင်အားကြီးသူက အင်းအားနည်းသည့် လူတွေကို အနိုင်ကျင့်သော လုပ်ရပ်မျိုးလည်းဘဲ နေရာ တကာတွင်တွေ့နေရပါတယ်..””””

  • မောင်ပေ

    June 13, 2012 at 9:45 pm

    Ko out of တို ့လို ၊ အကွက်ကျော်မြင်သူတွေ က အဆက်မပြတ် လမ်းညွှန်ပြနေရမှာပေါ့ဗျာ ။

  • မောင်သုည

    June 14, 2012 at 1:02 am

    ကိုနာဂတို့ကိုပေတို့ရေ လောလောဆယ်တော့ အသုံးချခံလိုက်ရပြန်ပီဗျို့…။

  • kai

    June 14, 2012 at 3:02 am

    ပို့စ်အတွက်.. သာဓုပါဗျာ…
    မြန်မာ့အနောက်ကမ်းအရေးမှာ.. စစ်တပ်ဦးစားပေးအခြေခံဥပဒေဟာ.. မရှိမဖြစ်ပါဆိုတဲ့.. အတွေးကို.. လူထုမြန်မာခေါင်းထဲ..ရိုက်သွင်းလိုက်တယ်..

    ရခိုင်ပြည်နယ်ထဲ.. စစ်တပ်ကိုဆွဲသွင်းလိုက်တဲ့.. အဖြစ်ဆိုးကြီးပေါ့..
    စစ်တပ်ကို.. ထောင်မပစ်နဲ့လို့.. အော်နေကြသေး..
    တချိန်ချိန်မှာ.. ဒီသေနတ်ပြောင်းတွေ.. ဘယ်ကိုလှည့်လာမလည်း..
    ဒါက.. တနို်င်ငံလုံးနဲ့..ဆိုင်တယ်..

    တကယ်တော့..
    လူတွေဟာ.. သူတို့နဲ့တန်တဲ့.. အစိုးရပဲရပါတယ်..။ 😕

  • ဇောက် ထိုး

    June 14, 2012 at 6:33 am

    တကယ်တော့..
    လူတွေဟာ.. သူတို့နဲ့တန်တဲ့.. အစိုးရပဲရပါတယ်တဲ့။ မှန်ပါတယ် သူကြီးရယ်။
    ဘယ်အရာမှာပဲဖြစ်ဖြစ်.. လူတွေဟာ သူတို့နဲ့ တန်ရာကိုပဲ သူတို့ရကြတယ်။
    ဘုရားဖြစ်စက လူတွေကို တရားဟောချင်စိတ်မရှိတာမျိုးဖြစ်ခဲ့တယ်တောင် ဆိုတာပဲ။
    လူတစ်ယောက်ရဲ့ ဖြစ်တည်မှု.. ရပ်တည်မှု.. ဟာ သူနဲ့တန်တဲ့အတိုင်းဖြစ်နေတယ်လို့ မြင်မိပါတယ်။

  • အဂျစ်

    June 14, 2012 at 10:53 am

    အခုကိစ္စမှာ လူကြီးတွေ ( ဒေါ်စု သဂျီး ဦးဘလက် အရီး အဘ.. စသည် စသည်)… အတွေးခေါ်, သဘောထား, အတွေ့ကြုံ, ရင့်သန်သူများ၏ စကားကို လေ့လာမှတ်သားနေပါကြောင်း

  • blackchaw

    June 14, 2012 at 10:59 am

    ဟိုက် ရှားပါး…။
    အသာလုပ်ပါ ဦးလေး အဂျစ်ရယ်။
    ဘယ့်နှယ့်
    ဒေါ်စု သဂျီး ဦးဘလက် အရီး အဘ ဆိုပြီး စာရင်းသွားတို့ထားရတာတုန်း
    ဦးလေးရေ။
    မိုးကြိုးတွေဘာတွေ ပစ်ကုန်ဦးမယ်…။
    ဒေါ်စု ဆိုတာ ဟိုးအမြင့်ကြီးက ကျွန်တော်တို့ ရဲ့ အနာဂတ်ကြယ်ပွင့်ကြီးပါဗျ။
    အဲလိုကြီးတော့ မကျည်စားပါနဲ့ ဦးလေးရယ်။
    ခင်ဗျားလုပ်မှ ငါနဲ့ ကိုင်တုတ်တာ ခံနေရပါဦးမယ်။
    :mrgreen:

    • Foreign Resident

      June 14, 2012 at 11:08 am

      ဟုတ်ပါ့ ။
      အသာလုပ်ပါ ကို အဂျစ်ရယ် ။
      အဘ တို့က လမ်းဘေးမှာ ၊
      ဘေးထိုင် ၊ ဘိုင်ကျ ၊ ဘုပြောတဲ့ အဆင့်လောက်ရှိတာပါကွယ် ။
      ဒေါ်စု က ဘယ့်နှယ် ပါလာသတုန်း ။
      မိုးကြိုးတွေ ပစ်ကုန် ပါ့မယ်ကွယ် ။

      • သားဦး၊မြေးဦး

        June 14, 2012 at 1:32 pm

        မိုးကြိုးမပစ်လောက်ပါဘူး အဘေဖောရေ
        အဘဖောတို ့ပို ့စ်တွေ အများကြီးအကျိုး
        ပြုနေတာ သိသာနေတာပါဘဲ။
        ဒါနဲ ့အဘဖောရေ. ဇွန်လ(၃)ရက်နေ ့က
        တောင်ကုတ်မှာ ဝေထားခဲ့တဲ့ စာတွေက
        မန္တလေးဂေဇက်က သီဟရာဇာ ပို ့စ်နော်။
        အဲဒါလေးးးး

        • kai

          June 14, 2012 at 1:45 pm

          ကွန်မန့်တွေကိုလည်း.. ကျုပ်က.. တဦးချင်းရေးထားတသမျှ… အစအဆုံး.. အကုန်စီပြီးကြည့်တတ်တယ်..
          အဲလိုလုပ်ရင်.. ဘယ်သူက.. ဘာလုပ်နေတယ်ဆိုတာ.. တော်တော်လေးကို ထင်ထင်ရှားရှားပေါ်ပါတယ်..

          ဆဲတဲ့သူက.. ဆဲနေတာပဲ..။
          အဲ.. သွေးထိုးတဲ့သူကလည်း.. ကွန်မန့်တိုင်းလိုလိုသွေးထိုးခွဲတဲ့.. စာပါတယ်..

          မြန်မာပြည်အနောက်ဖက်ကမ်းရိုးတန်းရဲ့.. အရေးအခင်းဟာ.. စနစ်တကျ.. လုပ်ကြံဖန်တီးထားတာ.. ပါကိုပါတယ်.. 😕

        • သားဦး၊မြေးဦး

          June 14, 2012 at 1:55 pm

          သူကြီး ကျနော်ဆဲဆိုခံထားရတဲ့ပို ့စ်ရယ် နောက်ဆက်တွဲဖြစ်ရပ်တွေ
          ဆက်စပ်နေတယ်လို ့ယူဆတယ်။

  • etone

    June 14, 2012 at 11:58 am

    Ko out of.. ရေ …. စိတ်ပုတ်တဲ့ မန်နေဂျာက … သူကိုယ်တိုင်လုပ်ဖို့ သတိ္တမရှိလို့ … သေဖော်တစ်ယောက်ညှိခဲ့တယ်နော် … ပြောရလျှင် ပေါင်းစားတယ်ပေါ့လေ … ။သူဌေးရဲ့ ဆင်ခြင်ဉာဏ်နည်းမှု၊ သေဖော်ညှိတဲ့ကောင်ရဲ့ လောဘနဲ့ … မန်နေဂျာရဲ့ ကောက်ကျစ်မှုတွေကြောင့် …. လူတော်တစ်ယောက်ဆုံးရှုံးရတာ ……… သူတို့ လုပ်ငန်းရဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ …….. ဒီလိုပါပဲ …………………………………………………………………….. ……………………………….. ……………………………….. ……………………. ………………………. ……………………. …………………… …………….. ………………….. ……….. 🙄

Leave a Reply