ဒီရက်ပိုင်း စိတ်မရွှင်စရာ  သတင်းများရဲ့ဖိအားပေးခံနေရခြင်းများ မှ တစွန်းတစ၊ တခဏ လွတ်မြောက်ရန် ဖော်ပြခြင်းဖြစ်ပါသည်။

ဗြိတိသျှ သတင်းစာများက  ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်သည် ရှစ်နှစ်အရွယ် သမီးလေးကို အရက်ဆိုင်တွင် ထားခဲ့ပြီး မိန်းကလေးဟာ သူ့ဇနီးနှင့်အတူရှိနေခဲ့တယ်လို့ထင်လျက် အိမ်ပြန်သွားခဲ့သည်ဟု ထုတ်ဖော်ခဲ့ကြပါသည်။ သူ့ဇနီးစမန်သာသည်လည်း သူမရဲ့ ကလေးနန်စီသည် သူ့အဖေနှင့်အတူရှိနေသည်ဟု ယုံကြည်လျက်  အရက်ဆိုင်မှ သီခြားထွက်ခွါသွားခဲ့သည်။ မစ်စတာကင်မရွန်းရော မစ်စ်ကင်မရွန်းပါ သူတို့၏ အိမ်တွင်ဆုံတွေ့သည့်တိုင်အောင် သူတို့ ကလေးကျန်နေခဲ့သည်ကို သတိမပြုခဲ့ကြပါ။ သူချက်ခြင်းဖုန်းဆက်ခဲ့ပါတယ်။  နန်စီလေးဟာ ဘားဝန်ထမ်းတွေနဲ့အတူ လုံလုံခြုံခြုံရှိနေတယ်လို့ ကြားရတဲ့  အကြောင်း  မစ်စတာကင်မရွန်းကပြောပါတယ်။ ၀န်းကြီးချုပ်တို့ဟာ ကားအသီးသီးနဲ့ မိနစ်အနည်းငယ်ခြားပြီး ထွက်သွားတဲ့အချိန်မှာ သူမဟာ အိမ်သာထဲမှာ ရှိနေခဲ့ပါတယ်။ ၀န်ကြီးချုပ်နဲ့ စမန်သာတို့ဟာ နန်စီလေးသူတို့နဲ့ အတူ ရှိမနေဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ စိတ်ခြောက်ခြားခဲ့ကြပါတယ်လို့  မစ်စတာကင်မရွန်းရဲ့  ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီးက ပြောပြပါတယ်။

ဒီအဖြစ်အပျက်ဟာ  ကင်မရွန်းရဲ့ မိဘအုပ်ထိန်းမှုဆိုင်ရာကျွမ်းကျင်းမှုနဲ့ ပတ်သက်လို့ ဗြိတိန်မှာ စကားစအခြေအတင်တစ်ခုကို စတင်ဖြစ်ပွါးစေခဲ့ပါတယ်။ သတင်းစာများကလည်း  အပြစ်ဖို့ရမည့်သူကို လက်ညှိုးထိုးနေကြပါတယ်။  အများကတော့  ၀န်ကြီးချုပ်ရဲ့ လုံခြုံရေးအဖွဲ့ဟာ  ယူကေခေါင်းဆောင်ရဲ့ ကလေးများ ဘယ်မှာရှိနေတယ်ဆိုတာကို  ပိုပြီး သတိပြုသင့်ပါတယ်လို့ ပြောကြပါတယ်။  ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ကတော့ ၀န်ကြီးချုပ် မိသားစုအတွက် နေရာမှာ လုံခြုံရေးအစီအစဉ်များရှိပါကြောင်း ပြောကြားသွားခဲ့ပါတယ်။ သို့သော်လည်း  ၀န်ကြီးချုပ်ဇနီးနဲ့ ကလေးများအတွက်ပေးထားသော ကာကွယ်ရေးပုံစံနဲ့ ပတ်သက်လို့ နောက်ထပ် အသေးစိပ်ကိုတော့ ပြောပြမသွားခဲ့ပါ။  သတင်စားတော်တော်များကတော့  မိဘတော်တော်များများဖြစ်တတ်သော ထိတ်လန့်စရာ အမှားတရပ်ဖြစ်တယ်လို့ပြောရင်း ကင်မရွန်းမောင်နှံကို  စာနာကြပါတယ်။ သို့သော် ဂါဒီးယန်းသတင်စာကတော့  သူ့ပြည်သူများ စီးပွါးရေး အခက်အခဲများခံစားနေရချိန်မှာ မစ်စတာကင်မရွန်းဟာ သိပ်ကို အေးဆေးလွန်းတယ်ဟု အကြံပြုထားကြောင်းပါ။

 

(breakingnewsEnglish.com)  မှယူပါသည်။ မူရင်းဖတ်လိုသူများ အောက်တွင်ကြည့်ပါ။  အင်္ဂလိပ်စာကျွမ်းကျင်သူများ ကျနော့်ရဲ့ မပြည့်စုံမချော မွေ့သော ဘာသာပြန်ချက်များကို ပြုပြင်ပေးကြပါရန်။ အင်္ဂလိပ်စာ လေ့လာဆဲဖြစ်ပါကြောင်း)

 

UK PM Leaves 8-Year-Old Daughter In Bar (12th June, 2012)

British newspapers have revealed that Prime Minister David Cameron left his eight-year-old daughter in a pub and went home, thinking the little girl was with his wife. His wife Samantha left the pub separately believing her child Nancy to be with her father. Neither Mr nor Mrs Cameron was aware they had left their child behind until they met each other at their house. Mr Cameron said he immediately phoned the pub and heard that Nancy was safe with the bar staff. She was in the toilet when the Camerons left a few minutes apart in different cars. Mr Cameron’s spokeswoman said “the prime minister and Samantha were distraught when they realized Nancy wasn’t with them”.

The incident has sparked a debate in Britain about Cameron’s parenting skills. Newspapers are also pointing the finger at who was to blame. Many say the prime minister’s security team should have been more aware of where the UK leader’s children were. A spokesperson said there “are security arrangements in place for the prime minister’s family,” but provided no further details on the type of protection given to the PM’s wife and children. Most newspapers are sympathetic towards the Camerons, saying it is a terrifying mistake that happens to many parents. The Guardian, however, suggested Mr Cameron was too relaxed at a time when most of his people were suffering

About kyawmonkhant

kyawmon khant has written 29 post in this Website..

I am kyawmonkhant.