ကိုယ်တွေ ကွင်းပြင်နေတဲ့ အချိန်မှာ သူတို့ က ပိုင်နယ်ဒီ သွင်းတော့မယ်

မိုခ်ိဳJune 13, 20121min714

ကျမ တို့ အရင်နေခဲ့တဲ့ တိုက်တွေ က ဖျက်ရတော့ မှာ မို့ လို့ အိမ်ပြောင်းထားတာ မကြာသေးပါဘူး။ အခုငှားနေတဲ့ အိမ်ရှင်က မလေး မွတ်ဆလင် ဆိုတော့ အိမ်ရှေ့မှာ မွတ်ဆလင် အမှတ်အသားတွေ ကို အသေကပ်ထားပါတယ်။ ဒါကြောင့် သူတို့ အဖွဲ့ အစည်းတွေ က အလှူ ခံတွေ မကြာ ခဏ လာတတ်ပါတယ်။ ကျမတို့ သားအမိက အိမ်မှာ အိမ် မှာ အမြဲ ရှိတော့ ဆာရာမာရေးဂိုး(အသံထွက် မှန် မမှန် မသိ) အစချီ မိတ်ဆတ် လာတဲ့ သူတွေ ကို အိမ်ရှင်တွေ မဟုတ်ကြောင်း ၊ အိမ်ငှားဖြစ်ကြောင်း၊ မလေး မဟုတ်ကြောင်း အမြဲ ရှင်းပြရ ပါတယ်။ ( ကျမ ရုပ် ကလည်း မလေးရုပ် နည်းနည်း ထွက်ပုံရတယ်)
ဒိနေ့ တော့ဂေဇတ်ထဲ ဝင် ပွားပြီးတဲတော့ တိုက်တိုက် ဆိုင်ဆိုင် ပါပဲ ဆာရာမာရေးဂိုး အစချီ တဲ့ သူတွေ အခန်းရှေ့ လာရပ်ပြီး သူတို့ ကိုင်ထားတဲ့ ဖိုင်လေးကို ပြပြီး မလေးလို ပြောပါတယ်။ ကျမလည်း ထုံးစံ အတိုင်းပြန်ရှင်းပြတော့ ဒီ တခါ ထူးထူးခြားခြား အိမ်ရှင်ရဲ့ လိပ်စာတောင်းပါတယ်။ ကျမလည်း အမှတ် တမဲ့ သူတို့ ကိုင် ထားတဲ့ ဖိုင်လေး ကို ကြည့် လိုက်တော့ မလေး စာတွေနဲ့ တွဲ ပြီးတွေ့ လိုက် ရတာ က ရခိုင် ဘက်က ဘင်္ဂါလီ မိသားစု ပုံ ဖြစ် နေတယ်။
သူတို့ တွေရဲ ့ စည်းရုံးမှု ၊လျှင်ပြန်မှု ကိုတော့ အံ့ လည်းဩတယ်၊ ချီးလည်းကျုးတယ်။ ကျမတို့ ကကော ဘယ်လိုလဲ။ ဒုက္ခရောက်သူ အားလုံးက လူသားတွေ ပါပဲ။ နှစ်ဦးနှစ်ဘက် လုံး ဒုက္ခရောက် ကြတာ မှန် ပေမယ့် ဘယ် သူတွေ က ပို လိုအပ်မယ်ထင်လဲ။
သူတို့အလှူခံတွေ လာပြီး ပြီး ချင်းပဲ ဒီစာကို ရေးပါတယ်။ ဒီနေ့ ကိုဖက်ကက် နဲ့ အဘဖော ပိုစ့်တွေမှာ ကျမရဲ့ အမြင် ကို ရေးပြီးပြီ မို့ လို့အခုကျမရဲ့ အမြင် ကို ရှည်ရှည် မရေး တော့ ပါဘူး ။ ဖြည့် စွတ်ရရင်တော့ ကျမမှာ လူမျိုးရေးခွဲ ခြားတဲ့ စိတ် မရှိပါဘူး။ ဒါပေမယ့် ရေများရာ မိုးရွာ တာမျိုးတော့ မဖြစ်စေချင်ပါဘူး။

4 comments

  • Thel Nu Aye

    June 13, 2012 at 7:22 pm

    ဟုတ်ကဲ့ပါ မမိုချို။ အခုကရခိုင်မှာ ရခိုင်ဒုက္ခသည်စခန်း ( ၃၃ ) ခုအပြင် ရိုဟင်ဂျာဒုက္ခသည်စခန်း ( ၂ ) ခုပါဖွင့် ထားပါတယ်။ ဒီကလှုလိုက်သမျှကို သာတူညီမျှခွဲဝေပေးနေပါတယ်။ သူတို့ကိုလဲ သက်ဆိုင်ရာ လူကြီး တွေမှသွားရောက်တွေ့ဆုံပြီး သူတို့ပြောတာကိုသေချာနားထောင်မှတ်သားခဲ့တယ်လို့လဲသိရပါတယ်။ အဲဒီမှာ အလှုခံတယ်ဆိုတာက ဒီကိုရောက်ချင်မှရောက်မှာပါ။ သူတို့ကိုလဲသိပ်မယုံရပါဘူး။ ဒီမှာကတော့ သာတူညီမျှကူညီနေပါတယ်။

  • အဂျစ်

    June 13, 2012 at 7:36 pm

    ကျွန်တော်လဲ မလေးကပါ မမိုးချို၊ ဒါမျိုးတွေကလုပ်စားနေကြပါ ၊ တနေရာမှာတခုခုပြဿနာ ဖြစ်ပြီဆို အဲသလိုမျိုးမျောက်ပြဆန်တောင်း ကိုယ်ကြိုးရှာတာပါ ၊ ဒီလူတယောက်ထဲ ပုံစံအမျိုးမျိုးနဲ တွေရမယ် …

  • မောင်ပေ

    June 13, 2012 at 9:15 pm

    “ ဆလမ်မာလေးကွန်း ” လို ့ပြောရင်
    “ မာလေးကွန်းဆလမ် ” လို ့ပြန်ပြောကြတာ ကိုတော့ ကြားခဲ့ဖူးတာပါဘဲ ။

  • မိုးတိမ်

    June 13, 2012 at 11:23 pm

    ဟေဟေ့ ဒီမှာရန်ဖြစ်ကောင်းနေကြတုန်း
    http://myanmargazette.net/129513/creative-writing
    ကျွန်တော့ဘက်ကတော့ တတ်နှိုင်သမျှလုပ်ပြီးပါပြီ လှုခဲ့ပါတယ်။
    ဘာမှမပြောပြနှိုင်တာ ခွင့်လွှတ်ကြပါခင်ဗျာ။အစွန်းရောက်ပဲ ခေါ်ချင်ခေါ်။
    တစ်ခုရှိတာက ခွေးစိတ်ဝင်နေတဲ့ ခွေးကောင်တွေအတွက် တစ်ကျပ်မှမရအောင် ကိုယ့်ဘာသာလုပ်ခဲ့မိတာပါဘဲ။sorry ပါ။
    မြန်မာဖြစ်တဲ့ အတွက်မြန်မာပဲ ချစ်ပါတယ်။မြန်မာ့တိုင်းရင်းသားတွေပဲ ကူညီနှိုင်ပါမယ်။

Leave a Reply