သူတို့ဆီကစာ…………………..(ရွှေမြန်မာများအတွက်)

1 စာအမှတ်တစ်
2 စာအမှတ်နှစ်
3 စာအမှတ်သုံး
4 စာအမှတ်လေး

သူတို့ဆီကစာ……………………..

 

 

ကျယ်ဂေါင်ကိုရောက်တော့ ကျနော်မန်းလေးမှာလိုဘဲရုံးတက်ရပါတယ်။

သူတို့ဆီက အဆောက်အဦတွေက လမ်းမကြီးကို မျက်နှာပြုထားပါတယ်။

အတွင်းထဲမှာတော့ ဝင်းကြီးလိုအုဌ်တံတိုင်းတွေခတ်ထားပြီးဂိုဒေါင်တွေရယ်

ကား ဆိုင်ကယ်ထားတဲ့နေရာရယ်ရှိပါတယ်။

ဒီ ကျယ်ဂေါင်ဆိုတဲ့အရပ်မှာ ကျနော်တို့ရွှေမြန်မာတွေ အနေများပါတယ်။

တရုပ်စာသာ မတွေ့ရင် မြန်မာပြည်နဲ့အတူူတူ ထင်ရလောက်အောင်

နေရာအနှံ့အပြားမှာ ရွှေမြန်မာတွေရှိပါတယ်။

အဲတော့ ထုံးစံအတိုင်း ကျနော်တို့ ရွှေမြန်မာများက စည်းကမ်းမဲ့ပုံရတော့

မြန်မာစကား သိပ်မရေလည်ရှာတဲ့ သူတို့က ကျနော်တို့ ရွှေမြန်မာများကို ပိုစတာ တိုက်ပွဲဆင်နွဲလို့ထားပါတယ်။

ဖတ်ပြီး ဘာသာပြန်ကြည့်လိုက်ရအောင်နော်။

အဖြေမှန်ရင် သူကြီးဆီမှာ (25)မှတ်တောင်းယူပါ။

 

 

ကိုပေါက်လက်ဆောင် စနက်ရှော့ မဟုတ်တဲ့ လက်ဆော့

(13-5-2012)

 

 

19 comments

  • MaMa

    June 14, 2012 at 8:44 am

    ကိုပေါက်ကတော့ ဓာတ်ပုံရိုက်ပြီး မန်းဂေဇက်အတွက် စီဂျေတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်လိုက်တာပဲ။
    မြန်မာလို မရေလည်ပေမယ့် နားလည်အောင်တော့ ရေးနိုင်လား။ 😛

  • ဒါဖတ်ပြီးပြီးချင် ရီချင်သွားတယ်………………အော်သူတို့” တ”နဲ့ “သ” မကွဲဘူးပေါ့။
    သတ်ပုံလဲမ မမှန်ဘူးပေါ့။
    နောက်တော့ ဝမ်းနည်းသွားတယ် ငါတို့ကသူများမြို့ရွာမှာ စာရေးပြီးတားရလောက်အောင်ကို စည်းကမ်းမဲ့
    ကြပါလားဆိုတာကို။.

  • Thel Nu Aye

    June 14, 2012 at 9:38 am

    ဟားမိုက်တယ်။ တတ်သမျှမှတ်သမျှရေးထားတာပဲ။ သဂျီးက ပေးပါ့မလား ၂၅ မှတ်။ အခုတောင် ကော်မန့်တွေကို တခုပဲတောင် မနဲပေးထားတာ။ သဂျီးကအသစ်တွေဖက်ဘက်လိုက်တယ်။ အဟောင်းတွေကို နှိပ်ကွပ်တယ်။

  • အော် သူကြီးမပေးရင် ကျနော်တို့ကလဲ ရွာသူားတွေစုပြီး ဆန္ဒပြမှာပေါ့။
    ဆန္ဒဖော်ထုတ်ပွဲတွေလုပ်မှာပေါ့။

  • အဂျစ်

    June 14, 2012 at 10:02 am

    အန်ကယ်ပေါက်ကို ဝိုင်းထု နေအုံးမယ်.. မလေးမှာလဲတွေ့ဖူးတယ်၊KL မှာ၊ ရှိတယ် ကျွန်တော် အခုနေရာက ကနေ အရမ်းဝေးနေလို့ ကြုံရင် ရှိသေးရင် ရိုက်လာခဲ့မယ်..

  • Shwe Ei

    June 14, 2012 at 10:25 am

    ဗမာပြည်မှာ ဗမာလိုရေးထားတဲ့ သတိပေးဆိုင်းဘုတ်တွေကိုတောင် အဖက်မလုပ်တာ နိုင်ဂံဂျားဆို ပိုဝေး။ ခွင့်လွှတ်လိုက်ပါဗျာ အကျင့်ပါနေလို့ပါ 😀

  • Thu Wai

    June 14, 2012 at 10:55 am

    ခက်ဆစ်အဖွင့်
    ၁. ကိုယ်ရှေ့ ပစ်စည်းမထားရ= ကုန်းကုန်းလုပ်မည့်သူတွေကိုဆိုလိုပါသည်
    ၂. သင်ကောင်းလျှင်ကျွန်ုပ်မစိုးပါ= သူမစိုးရိမ်တော့တာဖြစ်သည်
    ၃. ကားသေမရပ်ရ = ကားပြီး သေးရပ်မပေါက်ခိုင်းတာဖြစ်သည် ထိုင်ပေါက်ခွင့်ပြုသည်။
    ၄.ကိုယ့်တောင်းရှေ့ = တောင်ရှည် ပုဆိုးဝတ်သောမြန်မာ ကိုတောင်ရှည်
    ၅.ည၁၂နာရီးတိတိ သခါးမဖွင်ရ = သခါးဆိုသည်မှာ လင်ငယ်ဖြစ်သည်
    ဒီလောက်ဆို သဘောပေါက်ကြပြီထင်သည် ပေးလော့ ၂၅ မှတ်

  • စိန်ဗိုက်ဗိုက်

    June 14, 2012 at 10:59 am

    အဆိုပါဒေသမှ ပုတ်ဂိုများအား မြန်မာစာလုံးပေါင်း သတ်ပုံမှန်ကန်စွာ အသုံးပြုတတ်ကြစေရန် မီးရထားမမအား. သုံးနှစ်တိတိ
    သတ်ပုံသင်ပေးရန် အထက်မှ တာဝန်လွှဲအပ်လိုက်ပါသည်။
    ကိုယ့်စရိတ် ကိုယ်စား၍ သွားရောက် သင်ကြားလော့။

    • pooch

      June 14, 2012 at 10:24 pm

      အော် …ဗိုက်ဗိုက် ကြယ်က ဘီအီးနဲ့ ပြန်လဲခဲ့တာလား ။ နောက်တခါဆို သွားမပေါင်နဲ့တော့နော်။ လိုချင် သူကြီး ဆီက တောင်း။ 😀

    • MaMa

      June 15, 2012 at 9:11 am

      အမိန့်တော်မြတ်အတိုင်းပါ ဗိုလ်စိန်ဗိုက်။
      အကူဆရာမ မဒမ်ဗိုက်နှင့် အတူ သွားရောက်မည်ဖြစ်ပါသဖြင့်
      ်စတင်ထွက်ခွာရမည့်နေ့အား သတ်မှတ်ပေးပါရန် 😆

  • blackchaw

    June 14, 2012 at 11:03 am

    သရုတ်ပြည်က မြန်မာစာတွေကို
    မှတ်တားသွားပါတယ် တိုပေါက်ရေ…။
    :mrgreen:

  • ညလေး

    June 14, 2012 at 11:10 am

    တရုတ်တွေ မြန်မာစကားပြောတတ်တယ်နော်…….အတင်းတုပ်လို.မ၇ဝူး….
    ဂိတ်အဝင်မှာ စာအုပ်ပြရင် ဦးထုပ်မစောင်း ၇ဝူး နေကာမျက်မှန်မတပ်ဝူး..
    ဂိတ်စောင့်တွေ.
    ဦးထုပ်ချွတ်ခိုင်းတာက ( ဥတုပ်ကျွတ်) ။မျက်မှန် ချွတ်ခိုင်းရင်တော့(မျက်နှာကျွတ်)တဲ..

  • မမက သူ့လက်ထောက်အဖြစ် ဆံရှည်သခင်မ မနောဖြူလေးကို ခေါ်သွားချင်တယ်လို့ သတင်းပေးပါတယ်

  • မောင်ပေ

    June 14, 2012 at 1:21 pm

    သူတို ့ဆီ က စာတွေ ပြ ပြီးရင်
    သူတို ့ဆီ က “ စကီ အလန်းစား ” လေးတွေ ကို လဲ ပြအုန်းနော်

  • Wunna Aung

    June 14, 2012 at 7:11 pm

    မှတ်သားလောက်ပါတယ် လေးပေါက်ရယ်…….. မှတ်သားစရာလေးတွေကို အတွေးပွားနိုင်အောင် ရိုက်ကူး တင်ဆက်ပြသပေးတာပေါ့….

  • kai

    June 15, 2012 at 5:44 am

    မြန်မာတွေစွမ်းပုံက.. လွန်ခဲ့တဲ့.. ၂နှစ်က.. ယူအက်စ်.အင်ဒီယားနာပြည်နယ်.ဖို့ဝိန်းမြို့.. အဝတ်လျှော်ဆိုင်မှာ.. အောက်ကဆိုင်းဘုတ်ကပ်ခံရဘူးတယ်.
    ကွမ်းထွေးလို့ဖြစ်တာပါ..

    ယူအက်စ်မှာမို့.. နောက်ဆုံးတော့.. ဆိုင်ရှင်တောင်းပန်ရပါတယ်..။

  • အဲဒီဆိုင်းဘုတ်က လူတန်းစားခွဲခြားတာ ပါသူကြီးရေ။
    ကွမ်းမထွေးရလို့ရေးရင် ရရဲ့သားနဲ့………………………….

Leave a Reply