အမှိုက်ကရွှေဖြစ်မဖြစ်တော့ မသေချာ ၊မြောင်းကိုမှီပြီး ဆီထုတ်လို့ ရသတဲ့ …

etoneJune 13, 20121min37935

ဟိုးတလောက(ကြာတော့ကြာပြီ) အီးမေးလ်ထဲကနေ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ခု ဖတ်ခဲ့ရတယ် …. တရုတ်နိုင်ငံမှာ လမ်းဘေးရေဆိုးရေညစ်တွေနဲ့နောက်ဖေးလမ်းကြားက ထမင်းဟင်းကျန်တွေကနေ ကြိုချက်ပြီး အဆီပြန်ချက်ယူတဲ့ သတင်းပါပဲ …ဓါတ်ပုံနဲ့ တကွပြုလုပ်ပုံအဆင့်ဆင့် ပါတာကြောင့် အကြံပက်စက်လေချင်းဆိုပြီး … အော့နှလုံးနာခဲ့မိပါတယ် ။ အဲ့ဒီလို ညစ်ပတ်နေတဲ့ ရေဆိုးမြောင်းတွေထဲက စစ်ယူပြီး… ကြိုချက်ထားတဲ့ အမှိုက်တွေထဲက ဆီတွေ ၊ ကျွန်မတို့နိုင်ငံရဲ့ ဈေးကွက်ထဲ ပါကင်ကောင်းကောင်းနဲ့ ရောက်နေမလားလို့လည်း စိတ်ပူမိခဲ့ပါသေးတယ် အဲ့ဒီဆီတွေက အကြော်ခံပြီးပုံးလိုက်ရောင်းတာမျိုးလို ့လည်း အဲ့ဒီမေးလ်ထဲရေးထားတာ ဖတ်လိုက်ရသေးတယ် … ။ ဈေးနှုန်းအားဖြင့်လည်း သက်သာတယ်ရေးထားပေးမယ် … ဘယ်လောက်ဈေးရှိသလဲဆိုတာ ရေးသားထားခြင်းမရှိပါဘူး … အဲ့ဒီစာဖတ်ပြီးကတည်းက တရုတ်ကအဖြစ်ပျက်ပေမယ့် … အပြင်စာတွေစားတိုင်း ဆီသန့်ရဲ့လားဆိုတဲ့ စိတ်မျိုးနဲ့ ဇီဇာကြောင်ခြင်းတွေ ကျွန်မကိုယ်ထဲ စွဲကပ်လာခဲ့တယ် … ။

 

သုံးလလောက်ကြာတော့ … ဆီသန့်မသန့် ဇီဇာကြောင်တဲ့စိတ် မေ့မေ့ပျောက်ဖြစ်နေတုန်း…. တစ်ရက်မှာ ရယ်ဒီမိတ် ဘာလချောင်ကြော်တစ်ထုတ်ဝယ်စားမိပါတယ် …. တထိုင်တည်းစားရင်း လေးငါးလုတ်အပြီးှမှာတော့ လျှာပေါ်စေးကပ်ကပ်ခံစားမှုမျိုးဖြစ်လာခဲ့တယ် …. ။ စားခါစကတော့ သံသယမရှိပါဘူး … ကြွတ်ရွတဲ့ခံစားမှုနဲ့ မွှေးပျံ ့တဲ့ အနံ ့တွေကြောင့် နာမည်လည်းမရှိ…exp လည်းမပါပေမယ့် ….. တန်ကြေးပေးပြီးဝယ်စားမိပါတယ် ။ ကြာတော့စေးကပ်လာတဲ့လျှာပေါ်ကခံစားမုုက … ဆပ်ပြာဝါးနေရသလိုမျိုးချည်း ခံစားလာရတယ် … ဒီအစားသောက်ထဲတော့ ဆပ်ပြာပါမယ်မထင်ဘူး…. ကို်ယ့်စိတ်ကပဲ ထင်နေတာများလား တကယ်လားလု့ိသေချာအောင် အိမ်ကလူတွေကိုလည်း စားခိုင်းကြည့်တော့ … သူတို့လည်း ဒီလိုခံစားရကြောင်းပြောပါတယ် … ဒီလိုပါပဲ သူတို့လည်း အစားသောက်ထဲတော့ ဆပ်ပြာထည့်မယ်မထင်ကြဘူးလေ …. အရသာကတော့ ဆပ်ပြာအရသာမို့နောက်ဆုံး အားလုံးဝိုင်းတွေးကြတာ ဆီကြောင့်ဖြစ်မယ်ဆိုတဲ့အဖြေမျိုး တညီတညာထွက်ခဲ့ပြန်တယ် ….။ ဈေးကွက်ထဲက တချို့သော ဆီတွေ မခဲအောင် ဆပ်ပြာမှုန့်ထည့်သုံးတယ်ဆိုလား ဘာလား…. အဲ့ဒီကြားခဲ့ဖူးတာလေး ုပြန်တွေးရင်း …. ကြက်သီးမွှေးထမိသွားပါတယ် …. ။

ပြီးခဲ့တဲ့ နှစ်ပတ်ကျော်ကလည်း …  ကိစ္စတစ်ခုကြောင့် သူငယ်ချင်းတယောက်နဲ့ချိန်းရင်း လှိုင်သာယာက မန်းမြို့တော်ပေါက်ဆီဆိုင်မှာ ထိုင်ဖြစ်ခဲ့တယ် …. ။ လ္ဘက်ရည်သောက်ပြီးအပြန်မှာမန်းမြို့တော်ဆိုင်ရဲ့ ဘေးဘက်က အမှိုက်တွေနဲ့ ရွံ ့မဲတွေပြည့်နေတဲ့ မြောင်းမှာ လူတယောက်  မရွံမရှာ ကုန်းနှိုက်နေတာတွေ့တော့ …. အမှိုက်ကောက်တဲ့လူများ …. ရေထဲနစ်နေတာတောင် မရွံမရှာ လုပ်စားရတယ်ပါးစပ်ကလည်းရွတ်ပြီး….. ကရုဏာသက်နေမိသေးတယ် …ကျွန်မရေရွတ်သံကိုကြားရတော့မှ …ငြိမ်နားထောင်နေတဲ့ သူငယ်ချင်းက … အဲ့ဒါအမှိုက်ကောက်တာမဟုတ်ဘူးတဲ့ … ဆီထုတ်မလို့ဆိုပဲ ….. ။ ကြားရတာတောင် မယုံချင်လောက်အောင်ပါပဲ ……. ကျွန်မသိခဲ့ဖူးတဲ့ တရုတ်နိုင်ငံက ရေမြောင်းထဲက ဆီထုတ်သလို ၊ ထုတ်စားတော့မယ်တဲ့လေ …. ။ စိတ်ပူနေတဲ့ကိစ္စက တကယ်ဖြစ်လို့လာပါပြီ … ဒါကြောင့် ကျွန်မသိသလို တခြားလူတွေကိုလည်း သိစေချင်တာကြောင့် ဓါတ်ပုံရိုက်ဖို့ ကြိုးစားပါတယ် … ပထမအကြိမ်မအောင်မြင်ပါဘူး … ဒါပေမယ့် …  မန်းမြို့တော်နားက ဖယ်ရီဖြတ်တိုင်း … အခွင့်သာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ …. ။

သိပ်တောင်မစောင့်လိုက်ရပါဘူး …ဒီနေ့တော့…. ဟိုလူပဲဖြစ်မယ်ထင်တယ် မြောင်းနှိုက်နေတာထပ်တွေ့လို့ ဖယ်ရီပေါ်ကဆင်းပြီး ကိုယ့်ဘာသာကိုယ်ပြန်မယ်ဆိုတဲ့ စိတ်နဲ့ ဓါတ်ပုံဆင်းရိုက်မိပါတယ် … အခုလိုတွေ့ရတော့တာပါပဲ …. ။ ဘယ်မှာ ဆီချက်မှာလဲ ၊ ဘယ်သူတွေကို ပြန်ရောင်းမှာလဲဆိုတာကတော့ … မေးကြည့်ချင်ပေမယ့် .. ဓါတ်ပုံတောင် ခိုးရိုက်ရတဲ့အနေထားမို့ မေးမကြည့်ခဲ့မိပါဘူး … ။သူဆီစစ်ယူနေတဲ့အနေထားက … ကျွန်မ အီးမေးလ်ထဲကနေကြည့်ဖူးတဲ့ပုံစံမျိုးနဲ့လည်း ဆင်နေလို့ …မယုံချင်ပေမယ့် … ဆီထုတ်ဖို ့ကြိုးစားနေတာလို့ … မြင်မိပါတယ် ။ ရွာသူရွာသားတို့ရော ကျွန်မနေရာမှဆို …. သူဘာလုပ်နေတယ်လု့ိ ထင်မလဲဟင် …. ။

လူတွေလောဘစိတ်နဲ့ အတ္တစိတ်ပြင်းထန်တဲ့အခါ လူစိတ်ပျောက်လာတတ်တဲ့အကြောင်း လက်ခံထားသူမို့ … ကိုယ်ကောင်းစားဖို့ ၊ ကိုယ်ချောင်လည်ဖို့ .. လုပ်သင့်လားမလုပ်သင့်လား နားမလည်ပဲ …ဘာမဆို လုပ်မယ့် လူသဏ္ဍန်သတ္တဝါတွေရှိတယ်ဆိုတာ … ယုံကြည်ပါတယ် ။ ကျွန်မတို့ရဲ့ ဈေးကွက်ထဲမှာ အစားသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနရဲ့ ထောက်ခံချက်မပါပဲ … ခွင့်ပြုမိန့်အမှတ်သားမပါတဲ့ တချို့သောစားသောက်ကုန်တွေ ၊ ဆိုင်ပေါ်ရောက်နေတာ ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိတော့ပါဘူး ။ တန်ကြေးပေးပြီး ဝယ်စားရတဲ့ စားသောက်ကုန်တွေ လိပ်ပြာသန့်သန့်မျိုကျကျ စားချင်ပါတယ်…. ဈေးကွက်ထဲ အုတ်ရောရော  ၊ကျောက်ရောရော ရောင်းချနေတဲ ့စားသောက်ကုန်တွေကို ရှောင်တခင်ဝင်ပြီး … ထိထိရောက်ရောက် စစ်ဆေးတာမျိုးရှိသင့်ပါတယ် ။ အ န္တရာယ်ဖြစ်စေမယ် အသုံးပြုမှုတွေ ၊ ပစ္စည်းပါဝင်မှုတွေတွေ့တဲ့အခါ ၊ မျက်နှာမလိုက် လာဘ်မစားပဲ …. တားမြစ်သင့်တာ တားမြစ်သင့် ၊ အရေးယူသင့်တာ အရေးယူသင့်ပါတယ် ….. ဒါမှသာ အစားသောက်လိုနေ့စဉ်ပြုမူနေရတဲ့ ကိစ္စမျိုးကရလာမယ့် …. ဘေးဥပဒ်တွေ ၊ရောဂါဖြစ်ပွားမှုတွေ အထိုက်လျောက်ကာကွယ်နိုင်မှာပါ  ….. အဲ့လိုမှ မဟုတ်လျှင်တော့ …. ပါးစပ်ကို ပလာစတာကပ်ရင်း ကိုယ်တိုင်ဆန်စိုက်  ၊ ကိုယ်တိုင်ဆီဖွတ်စားရမယ့် အခြေနေမျိုး ပြန်ရောက်လေမလားလို့ … တွေးလို့တောင် ရင်မအေးနိုင်ဖြစ်ရပါတော့တယ် …. ။ ။

 

ဒါကတော့ ရေမြောင်းထဲမှာ ပိတ်စပါးကို ဖြန့်ခင်းပြီး ကပ်လာတဲ့ ဆီတွေရော ၊ ရေညစ်တွေကိုရောဒီပုံးထဲ ညစ်ထည့်တာပါ ... ။ လစ်တုန်းလေး မြန်မြန်ရိုက်ခဲ့ရတယ်

 

ခပ်ဝေးဝေးကပဲ ရိုက်ရဲပါတယ် ... ပြေးလို့ရအောင်လေ ..ဟိဟိ ... မယောင်မလည်နဲ့ အနားတော့ကပ်ကြည့်ခဲ့ပေမယ့် ... ဓါတ်ပုံတော့ အနားကပ်မရိုက်ရဲဘူး ... ဟီး 😛

 

 

35 comments

  • မောင်ပေ

    June 13, 2012 at 9:14 pm

    ပြည်သူားတွေ ကျန်းမာရေးအတွက် စီဂျေ အိတုန် အိ ရိုက်ချက်… ပေါ့ဗျာ ။
    အခုလို ဓါတ်ပုံနဲ ့အတူ သတိပေးလာတဲ့အတွက် ကျေးဇူးပါ ။ အရင်က ဂျာနယ်တစ်စောင်မှာ ဖတ်ဖူးခဲ့တာ က ၊ ရန်ကုန်က မြို ့သစ်တွေမှာ ၊ ဟင်းချက်ဖို ့ဝယ်လာတဲ့ ဝက်သား ၊ ငါး က ပါတဲ့ အဆီတွေ ကို ဆီအဖြစ် ချက်ပြီး ၊ ရက်ကွက် ထဲမှာ ပြန်ရောင်းတယ် လို ့ဖတ်ခဲ့ဖူးတာပါ ။ ငါးကနေချက်ရောင်းတဲ့ ဆီ က ဝက်ကနေချက်ရောင်းတဲ့ ဆီ ထက် ဈေးနဲနဲပိုပေးရပါသတဲ့ ။ တစ်နေ ့လုပ်မှ တစ်နေ ့စားရတဲ့ အခြေခံ လူတန်းစားတွေ အတွက်ကတော့ ၊ ဆမ်းလိုက်ရင် ငါးအနံ ့လေး ၊ ဆမ်းလိုက်ရင် ဝက်အရသာလေးနဲ ့မို ့၊ အဲဒီဆီတွေဟာ ဈေးကွက်တစ်ခုရှိပါသတဲ့ဗျာ ။

  • blackchaw

    June 13, 2012 at 9:31 pm

    သူများ စီးပွားရေး ဒုတ်နဲ့ထိုးတဲ့
    မန်းဂဇက်က အီးတုန်ကို လမ်းမှာတွေ့ရင် ရိုက်ကြပါဗျို့…။
    :mrgreen:

  • water-melon

    June 13, 2012 at 9:33 pm

    အမလေး အမရဲ့
    ဘာမှတောင်စားချင်စိတ်မရှိတော့ဘူး
    ရွံတာဗျာ
    အန်တောင်အန်ချင်လာပြီ
    ကျွန်တော်တို့လဲ အဲလိုဆီတွေဘယ်နှစ်ပိသာလောက် စားမိနေပြီလဲမသိ
    သတင်းထောက်ကြီး ဒေါ်အီးပုံး ရှဲရှဲပါ

  • ရဲစည်

    June 13, 2012 at 9:35 pm

    တော်ပါပေ၏
    စီဂျေ အီးတုံးအား ချီးကျူးအပ်ပေ၏
    ဖြစ်နေတာ ကြာပီဟု သိထား၏
    တရုတ်နိူင်ငံ နယ်မြို့များတွင် ထိုကိစ္စကို လစ်လျူရှုထား၏
    အမှန်ပင်ဖြစ်၏
    စားသောက်ဆိုင်များမှာ စားကြွင်းးစားကျန်များအား လှည်းနှင့်တမျိုး ကားနှင့်တဖုံ သီးသန့် စုဆောင်းကာ ဆီပြန်လည် ချက်လုပ်သည့် လုပ်ငန်းရှိ၏
    သူတို့ပြန်ချက်သော ဆီကို သီးသန့် ဈေးကွက်တစ်ခု တင်ကာ ပြန်ရောင်း၏
    ပုံထဲကလို မြောင်းထဲကတော့ ပြန်မနှိုက်ကျ၏
    တရုတ်တွင် အမှိုက်သိမ်းစနစ် ကောင်း၏
    ရေဆိုးရေညစ် များအားလုံး အိမ်သာပိုက်လိုင်းထဲသို့ သွား၏
    မြန်မာပြည် တရုတ်ကို ဘာမှ အားမကျရင်တောင် အမှိုက်သိမ်း စနစ်နှင့် အမှိုက်ပစ် စနစ်ကို အဖွဲ့စည်းများနှင့် ပြည်သူကိုယ်တိုင် လိုက်နာကျင့်သုံး စေလို၏

  • ster

    June 13, 2012 at 9:51 pm

    ကျွန်တော်သာ ma etone နေရာမှာဆိုရင် ဓါတ်ပုံရိုက်ဖြစ်ဖို.တော. မသေချာဘူး၊ ဘာလုပ်ဖို.လဲဆိုတာတော. သေချာ မေးကြည်.ချင်တယ်။ အနားတောင် ကပ်ကြည်.ပြီးမှတော.။

    • etone

      June 14, 2012 at 11:41 am

      ster ရေ .. အဲ့အချိန်က အနားကပ်သွားပြီး မေးဖို့ထက် .. .ဓါတ်ပုံရိုက်နိုင်အောင် တပတ်လောက် စောင့်ဆိုင်းနေရတဲ့ အချိန်တွေကိုပဲ ..စိတ်ထဲရှိနေမိတယ် … ။ သူငယ်ချင်းကလည်း ဆီချက်ဖို့လို့ .. ပြောထားတာကြောင့်ရယ် ၊ ကိုယ်ဖတ်ဖူးတဲ့ မေးလ်ထဲက အကြောင်းရာနဲ့ ဆင်နေတာကြောင့်ရယ် .. သံသယမဝင်ပဲ ယုံလိုက်မိတယ် …… ။

      နောက်ပြီးသူ့ရဲ့ …. အပြုမူက … မြောင်းထဲ ဆီစစ်သလို ပိတ်ပါးနဲ ့စစ်ပြီး အပေါ်ယံက ကျန်တဲ့ ဆီတွေကို ပုံးထဲ ညှစ်ချနေတာဆိုတော့ … ။
      အနားကပ်ပြီး သွားမေးလျှင် ဓါတ်ပုံရိုက်ခွင့်ဆုံးရှုံးမယ်လို့လည်း …ထင်ထားခဲ့မိလို့ပါ ….. ။ 🙄

  • pan pan

    June 13, 2012 at 9:57 pm

    ဒတ်ပုံရိုက်ရတာ သက်စွန့်ဆံဖျာ့ပါလား
    ဒတ်ပုံကြည့်ရသလောက်ဆို တကယ်ဆီထုတ်ဖို့ထင်ပ့ါ
    ဒါ့ကြောင့်ထင်တယ်၊ တနေ့က ဆီကုန်လို့ ဈေးထဲဆီသွားဝယ်တာ ဆီဈေးကျသွားတယ်ဆိုပြီး ဝမ်းသာနေတာ
    အဲ့အမှိုက်ဆီတွေ ရောထားလို့လားမသိ အိ! 😕

  • ahnyartamar

    June 13, 2012 at 9:58 pm

    အစားသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနက ကြပ်ကြပ်မတ်မတ် မလုပ်နိုင်သေးသရွေ့တော့ စားသုံးသူတွေအတွက်ပဲ စိုးရိမ်မိပါတယ်။

  • သားဦး၊မြေးဦး

    June 13, 2012 at 10:17 pm

    မအိတုံကတော့ လက်တွေ ့ဆန်ဆန်နဲ ့ရအောင်ကို ယူတတ်၊ပညာပေးတတ်ပါပေတယ်ဗျ

  • unclegyi1974

    June 13, 2012 at 10:58 pm

    ဒီနည်းပညာမြန်မာနိုင်ငံထဲရောက်တာတကယ်လားဗျာ
    မြောင်းထဲကယူပြီးချက်တာတကယ်ဆိုတော်ဆိုးတဲ့လုပ်ရပ်ပါပဲ
    သက်ဆိုင်ရာကအမြန်ဖော်ထုတ်ပြီးနောင်မလုပ်ရဲတဲ့ပြစ်ဒါဏ်ပေးမှဖြစ်မယ်ဗျို့

  • surmi

    June 13, 2012 at 11:09 pm

    ရေလုံပြုပ်စားရမဲ.ကိန်းတော.ဆိုက်နေပြီ ။
    ဒါကြောင်.ပြောတာ ….ရီဆိုင်ကယ် လို.ဆိုရင် မြန်မာပြည်က တစ်ကမ္ဘာလုံးကိုအေးဆေးဘဲ ။
    ကဲ ကဲ ဘာဆက်လုပ်ကြမလဲ ။ သိပ်မပျံ.သေးဘူးဆိုပေမဲ. နောင်ဆို တနိုင်တပိုင် လုပ်လာကြတော.မယ် ။

  • အရီး Khin Latt

    June 14, 2012 at 4:48 am

    တုံတုံ
    နောက်တစ်ခါတွေ့ရင် အင်တာဗျူးကြည့် ပါလား။
    ကြည့်ရတာ စီးပွါးဖြစ်အကြီးအကျယ် လုပ်နေတာ ဟုတ်ပုံရပါ့မလား လို့ တွေးမိတယ်။
    အဲဒီ ပုံး ကို ပြန်ကျို ရင် ရလှ နဲနဲ ဘဲ ဖြစ်မလားလို့။
    သူ့အိမ် မှာ သုံးဖို့ များလား။

    အားပေးတယ် တုံတုံရေ။
    အနဲ ဆုံး တို့ပြည်က လူတွေ တစ်ဝမ်းတစ်ခါး အတွက် ဘယ်လို ရုန်းကန်နေကြရတယ် ဆိုတဲ့ သရုပ်မှန်တွေ မြင်ရလို့။
    အမှန်က တကဲ့ကို ဝမ်းနဲစိတ်မကောင်းစရာ မြင်ကွင်းဘဲ။
    ညစ်ညစ်ပါတ်ပါတ် နဲ့ လုပ်နေရသူ အတွက် လဲမကောင်း၊ ပြန်သုံးရမဲ့ သူအတွက်လဲ မကောင်း။
    ပိုက်ဆံ ရဖို့ (ဒါမှမဟုတ်) ထမင်းစားရဖို့ ဘာဘဲ ဖြစ်ဖြစ် လုပ်မယ် ဆိုတဲ့ သဘောဖြစ်နေပြီ။

  • Ko out of...

    June 14, 2012 at 6:29 am

    အစိုးရမှာလည်း တာဝန်ရှိသလို ပြည်သူတစ်ဦးချင်းလည်း အသိတရားတွေရှိဖို့လိုတယ်…

    ဘဝရှင်သန်ရပ်တည်ဖို့ အတွက်တကယ်ခက်ခဲ ပြီဆိုတော့လည်း ကျန်မားရေးထိခိုက်တာ မထိခိုက်တာ ဘယ်မြင်တော့မလဲ? ဒီလိုလူတွေကို ကျတော့ အလုပ်အကိုင် အခွင့်အလမ်းတွေရအောင်ကူညီ စောင့်ရှောက်
    ရမှာပေါ့..

    နောက် စားမကုန်သုံးမကုန်တဲ့ ဝိသမလောဘသားတွေ အတွက်ကတော့ အစိုးရက စီမံကွပ်ကဲပြီး
    အရေးယူဖို့လိုမယ်ထင်တယ်…

  • Azzurri

    June 14, 2012 at 6:40 am

    ဆုံသင်းတုန်ရေ …
    အဲ့ဒါ ရပ်ကွက် အဆင့် မြို့နယ်အဆင့် …
    ထိန်းလို့ ချုပ်လို့ ရသင့်တဲ့ ကိစ္စပဲဗျာ …
    အုပ်ချုပ်ရေးမူး ဆိုတဲ့လူတွေ …
    ရပ်မိရပ်ဖ ခေါ်တဲ့လူဒွေ …
    ကိုယ့်ရပ်ကွက်ထဲ မြောင်းလာ နှိုက်နေရင်…
    မေးရမြန်းရမယ့် ထိန်းရသိမ်းရမယ့် အနေအထား ထင်တာပဲ….
    ဆင်းရဲတာ က ဆင်းရဲတာပဲ …
    ကိုယ် ထမင်းဝဖို့ ..ကိုယ့်လူမျိုးကိုယ် ပြန်သတ်တဲ့ အလုပ်
    လုပ်တာကို ခွင့် မပြုနိုင်တာ ကတော့ လူတိုင်း အဝဲယားနက် ရမယ့် ကိစ္စ ပဲ..

    ရေသန့်ဗူး ထည့်ကြော်တာ တွေ ကန်စွန်းရွက် မျှစ် နဲ့ ငါးပိ ဆေးဆိုးတာတွေ
    အရက်အတု ထုတ်တာတွေ … ရေလည် ချဉ်တယ်…
    ဒါမျိုးတွေက များများဖော်ထုတ် များများ လူသိအောင် လုပ်ပြီး
    ဆင်ခြင်အောင် နောင်ကျဉ်အောင် လုပ်ရမယ့် ကိစ္စ လို့ပဲ တွက်မိပါရဲ့ဗျာ..

    လက်မ (အမှန်အကန်) ထောင်သွားပါဂျောင်း…

    ခင်တဲ့

  • MaMa

    June 14, 2012 at 7:58 am

    CJ ပီသပါပေတယ်။
    ဓာတ်ပုံကို ရအောင် ရိုက်ယူလာခဲ့နိုင်တယ်။
    ကိုယ်တိုင်တော့ ဈေးသည်ဓာတ်ပုံသွားရိုက်တော့မှပဲ ဓာတ်ပုံရိုက်ရတာ ဘယ်လောက်ခက်ခဲသလဲဆိုတာ သိလိုက်ရတယ်။
    အကျိုးများမယ့် ပိုစ့်လေးတွေတင်တတ်တဲ့ အီတုံးရဲ့ စတိုင်ပေ့ါ။
    တွေ့ကရာ စားတတ်တာမို့ အပြင်စာ စားဖို့ကို ကြောက်တောင်လာမိတယ်။ 🙂

  • htoosan

    June 14, 2012 at 8:08 am

    ဆက်စပ် တွေးရင် ဒီလို လူမျိုးတွေ ဘယ်လောက်ရှိနေပြီလဲ .. သူတို့ က ရလှ နဲနဲ .. ဒါဘာပြန်လုပ်လဲဆိုတာကော သူတို့ သိရဲလားဆိုတာက မေးခွန်းတစ်ခု ..
    ငါပိုက်ဆံပေးမယ် .. ဒါတွေ ဒီလို စုခဲ့ ..တစ်ပုံးဘယ်လောက်ပေးမယ်ဆိုပြီး
    အခုလိုခပ်ခိုင်းခပ်နေတဲ့ သူ များစွာဆီက ပြန် စုဆောင်းပြီး ပြန်ချက် ဖြန့်ဝေ သူကို သေဒါဏ်ပေးရမှာ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 14, 2012 at 9:04 am

    ကြောက်ချာဂျီး
    ပုံရဲ့အောက်မှာ ခရမ်းရောင်လေးနဲ့ ရေးထားတဲ့ စာလုံးသေးသေးလေးဂ
    ဒေါက်တာရဲ့ ဆိုဒ်လား ဒေါက်တာ

    • etone

      June 14, 2012 at 11:18 am

      အဘပုပြောမှပဲ ကြည့်မိတယ် … ဘယ်ကစာတွေ ကပ်ပါလာပါလိမ့်နော် ……. ။ 🙁
      မနေ့ညက … ဖိုတိုရှော့ထဲကနေ ဖိုင်ကို ဆိုဒ်လျော့ပြီး ဒီတိုင်းတင်လိုက်တာပဲ ……. ဘာကြီးက အောက်မှာပါသွားမှန်း မသိဘူး ။ 🙁

      • Azzurri

        June 14, 2012 at 11:43 am

        ဘာဂျီးမှ မဟုတ်ဝူး …
        အဂ္ဂမဟာ ဒီမိုသဂျီး ရဲ့ ဝါးတားမာခ့် ရေစာ…
        မန်းဂေဇက်ဒေါ့ကွမ်း တဲ့…
        ဘယ်ပုံတင်တင် အဲ့လာဂျီး အော်တို ပြေးကပ်တယ်..

        ပိစိလေး တင်ထားတာ..မို့ သေချာ မမြင်ရဒါ

        😀

  • htoosan

    June 14, 2012 at 9:06 am

    နဲနဲလျှာရှည်လိုက်ဦးမယ် .. သူ့ကိုပိုပြီး ဝင်ငွေကောင်းနိုင်မဲ့ နေရာညွှန်လိုက်ရင်ကောင်းမယ်ထင်တယ် .. 😀
    ဆီဒိုးနား ဟိုတယ်တို့ . ထရိတ်ဒါးဟိုတယ် တို့လို့ ဟိုတယ်ကြီးများမှာ restaurant ကထွက်လာတဲ့ထုတ်လိုက်တဲ့ စွန့်ပစ်ရေ က မြောင်းထဲကို တိုက်ရိုက်မစွန့်ထုတ်ရပါဘူး ။ Grease Trap ဆိုတဲ့ ဆီတွေဖမ်းတဲ့ ကန်လေးကိုဖြတ်ပြီးမှ ထွက်ရတာပါ ။ အဲ့ဒီ့ဆီတွေက grease trap ထဲမှာအေးခဲပြီး အစိုင်အခဲများအဖြစ် ကျန်ခဲ့ပါတယ် ။ အဲ့ဒီ့ အစိုင်အခဲများကိုမှ မိလ္လာကားခေါ် ပြီးစုတ်ထုတ် လွှင့်ပစ်ရတာပါ ။ အဲ့ဒီ့ကို လမ်းညွှန်လိုက်မှနဲ့တူတယ် ။
    etone ပြောတဲ့ တရုတ်နိုင်ငံမှာ လုပ်တာဆိုတာ အဲ့ဒါမျိုးတွေ လိုက်စုပြီးလုပ်တာများလားလို့။

    စကာင်္ပူလိုနိုင်ငံ ဟိုတယ်တွေများတဲ့ စားသောက်ဆိုင်တွေများတဲ့နိုင်ငံဆို အဲ့ဒီ့ grease trap ကို သန့်ရှင်းရေး လုပ်တဲ့ ကုမ္မဏီတွေ ရှိတယ်လေ ။ အဟိ .. သူတို့ကော ပြန်များထုတ်နေလားမသိ။
    😀
    ဂျပန်နိုင်ငံမှာတော့ စားသောက်ဆိုင်များမှ အသုံးပြုပြီး သွန်ပစ်ရမဲ့ဆီတွေကိုလိုက်လံစုဆောင်းပြီး ကားတွေမှာ လောင်စာ အဖြစ်ပြန်အသုံးချရအောင်ပြုပြင်ပြောင်းလဲတယ်လို့ မှတ်သားမိကြောင်းပါ။

    • etone

      June 14, 2012 at 9:45 am

      ကိုထူးဆန်းရေ … ကျွန်မမေးလ်ထဲဝင်ခဲ့ဖူးတဲ့ တရုတ်က ဆီပြန်ချက်တဲ့ပုံက … အဲ့လို စနစ်တကျမဟုတ်ဘူးပဲ …. ဟင်းကျန်ဆီတွေရယ် ၊ ပန်းကန်ဆေးတဲ့မြောင်းလိုကရတဲ့ အမှိုက်နဲ့ ဆီရောတာတွေကို … အိုးတလုံးထဲ မီးမြှိုက်ရတာမျိုးပါ ..ပြီးမှ အပေါ်ကဆီကို ခပ်ထုတ်ပြန်ကျိုတာမျိုး …. ။ မေးလ်ဟောင်းကို ပြန်ရှာနေပါတယ် … တွေ့လျှင် ပို့ပေးပါဦးမယ် … ။

  • Thel Nu Aye

    June 14, 2012 at 9:47 am

    အောင်မယ်လေး ခေါင်းထဲမှာရော ရင်ထဲမှာပါဒိန်းကနဲ့ပဲ။ လုပ်ရက်လိုက်ကြတာ။ ဘယ်လိုဆီမျိုးရွေးစား ရမှန်းတောင်မသိတော့ဘူး။ လမ်းဘေးအကြော်တွေ ရေသန့်ထဲ့တယ်ဘာတယ်ဆိုတုန်းက အိမ်မှာပဲဆီသန့် တယ်ဆိုပြီး အိမ်မှာပဲအကြော်ကြော်စားတာ။ အခုတော့အိမ်ကဆီပါမသန့်တော့ဘူး ဆိုတော့ မြတ်စွာဘုရား။ ကြည့်ရတာ အဲလူကတော့ဆီထုပ်နိုင်မဲ့ပုံမရှိဘူး။ နောက်ကွယ်မှာ အဲလိုလူတွေဆီက ဆီဆိုးတွေ ကို ကောက်ပြီး ဆီထုပ်မဲ့ ဝိသမလောဘအဖွဲ့ရှိမှာပဲ။ အဲအဖွဲ့ကိုရှာဖွေဖမ်းဆီးဖို့လိုလိမ့်မယ်။ ထင်တာမမှား ရင် တော့တရုတ်နည်းပညာနဲ့လုပ်တာဆိုတော့ တရုတ်အဖွဲ့ပဲဖြစ်လိမ့်မယ်ထင်တယ်။ တုန်တုန်ရေ အဲဘက် မှာ နဲနဲတော့မျက်စိဖွင့်နားစွင့်ထားဖို့တော့လိုလိမ့်မယ်ထင်တယ်။ သတင်းရတာနဲ့ အမြန်ဆောင် ရွက်နိုင်အောင်လို့ပါ။

  • ကြောင်ကြီး

    June 14, 2012 at 10:13 am

    ရေလုံပြုတ်စားဖို့ နှိုးဆော်ပါလားကွယ်… ကြက်မဂျီးနဲ့လည်း ညီညွတ်၊ အကုန်အကျလည်း သက်သာ…။

  • etone

    June 14, 2012 at 10:14 am

    ကြည့်မြင်တိုင် ၊ သဲကွင်းမှတ်တိုင်နားမှာ ရပ်ထားတဲ့ ဆီကားတွေကို ဖြတ်သွားရင် မြင်လျှင် စူးစမ်းကြည့်ကြပါ … ။ ကျွန်မမြင်တာကတော့ … ဆီတိုင်ကီမှာ ကပ်နေတဲ့ဆီတွေနဲ့ ၊ ဖိတ်စင်နေတဲ့ ဆီတွေကို ရေမြှုပ်ဖော့တုံးသုံးပြီး စုပ်ယူလိုက် … ခွက်နဲ့ ခံပြီး ညှစ်လိုက်နဲ့ လုပ်နေတာ ခဏခဏမြင်ဖူးပါတယ် … ။

    အဲ့ဆီကရော ….. အပင်ပန်းခံပြီး ရေမြှုပ်တုံးနဲ့ စုပ်ထုတ်နေတာ ဘာလုပ်ဖို့ပါလိမ့် … 🙁
    ဟိုပြန်ချက်ထားတဲ့ ဆီထက်စာလျှင် .. ဒီဆီကတော့ .. နည်းနည်း တော်သေးတာပေါ့ … ။

    • Thel Nu Aye

      June 14, 2012 at 11:09 am

      အဲဒါကတော့အိမ်စားဖို့ဖြစ်လိမ့်မယ်။ သူက တော်တော်လေးသန့်တယ်ပြောရမယ်။ မြောင်းထဲ ကဟာကတော့သူ့အိမ်သူစားဖို့တော့မဖြစ်နိုင်ဘူး။

  • etone

    June 14, 2012 at 11:09 am

    Email ထဲမှာ ဝင်ခဲ့ဖူးတဲ့ ဆိုတဲ့ သတင်းလေး ပြန်ရှာတွေ့လို့ … ကူးတင်ပေးလိုက်ပါတယ် … ဓါတ်ပုံတွေလည်း ပါပြီး မြင်ရတာတော့ ကြက်သီးထစရာပါပဲ ……. Fake news လား … တကယ်လားကတော့ …… ကိုယ်တိုင်မျက်မြင်မဟုတ်လို့ ……….. အတပ်မပြောနိုင်ပါဘူး … ။ ဘာပဲဖြစ်ဖြစ် မြင်ရတာတော့ အော်ဂလီဆန်တယ် …. 😡

    %%%%%%%%%%%%%%%%%%%%%%

    Slop oil is “refined” from slop or swill, which is the leftover “food” that people and restaurants throw away. Another name is “地沟油”, “gutter oil” or “drainage oil”, because the oil is recovered from the sewer drains coming out of restaurants. Usually, slop or swill is fed to pigs but some unscrupulous people will gather the slop and “recycle” the oil in the slop to sell as cooking oil. Of course, this cooking oil is known as “slop oil” and it is cheaper than fresh cooking oil. Many street vendors who cook snacks (especially fried foods) may use this “slop oil” to save money and keep their costs low.

    Why has harmful slop oil once again flooded Wuhan?
    (The bold black-hearted boss even guarantees: “Slop oil is safe to eat”). In March of this year, the internet exposed the Wuhan slop oil public health safety incident (refer to relevant report: “My god! Malicious Wuhan oil factories selling slop oil guarantee safe to eat“).
    The problem attracted heated discussion and criticism from netizens around the country. The problem also very quickly attracted the Wuhan city government’s attention and the relevant department committed additional people and man hours, conducting a city-wide special rectification operation that lasted over a month and investigated a large amount of slop oil (refer to relevant report: “Wuhan emergency seige of slop oil scenes (follow-up report)“). Yet, right when the people feel they can relax, who would have thought that illegal refining of slop oil would stage a comeback, and flood Wuhan.
    At the end of September to beginning of October, 《王浩峰聚焦》[“Wang Hao Feng Focus”] once again conducted an undercover investigation, witnessing large numbers of hideouts for the illegal refining of slop oil, with the hideouts on one street in the HongShan district being so numerous as to be innumerable; when it comes to refining slop oil, there are no procedures, and whoever offers the highest price is whoever it will be sold to.
    Some people say that this is not surprising, see more, to be expected.

    ~~~~~~~~~~~~~~~~~~~~~~~~~~
    Fwd: မြောင်းထဲသို ့သွန်ပစ်လိုက်သည် ့အစားအသောက် များမှ ဆီများအားစစ်ယူကာဟင်းချက်ဆီအဖြစ် ပြန်ရောင်း…

    တရုတ်နိုင်ငံတွင် စားသောက်ဆိုင်များ၊ အိမ်များမှ ရောင်းမကုန်စားမကုန်၍ မြောင်းအတွင်းစွန် ့ပစ်ထား
    သည် ့စားကြွင်းစားကျန်များမှ ဆီများအားစစ်ယူခပ်ထုတ်ကာဟင်းချက်ဆီအဖြစ်ပြန်လည်ရောင်းချသည် ့သ
    တင်းတစ်ပုဒ်ကို လွန်ခဲ ့သည် ့သီတင်းပတ်က ဒူဘိုင်းထုတ်နေ ့စဉ်သတင်းစာတွင် ဖတ်ရှုမိခဲ ့ရာမှ ကာလအ
    တန်ကြာက ဖတ်ရှုခဲ ့ရပြီးဘာသာမပြန်ရသေးသည် ့သတင်းတစ်ပုဒ်အား ပြန်ဆိုတင်ပြလိုက်ပါသည်…
    နောက်ဆက်တွဲအနေဖြင် ့ထိုသို ့ကျန်းမာရေးနှင် ့မညီညွတ်သည် ့ဆီများအားထုတ်လုပ်သည် ့သတင်းအား
    စုံစမ်းဖော်ထုတ်သည် ့သတင်းထောက်အား အဆိုပါ လုပ်ငန်းရှင်ဟုယူဆရသူက ဓါးဖြင် ့ထိုးသတ်လိုက်
    သည် ့အကြောင်းကိုပါ လွန်ခဲ ့သည် ့သုံးရက်ခန် ့က သတင်းစာတွင်ထပ်မံဖော်ပြခဲ ့ပါတယ်…

    ဒါကြောင် ့တရုတ်နိုင်ငံမှစားသုံးဆီများမြန်မာပြည်ဈေးကွက်သို ့ဝင်ရောက်နေသည်ဟုမကြားသိရသော်
    လည်း ထိုကဲ ့သို ့မသန် ့ရှင်းသောဆီများဖြင် ့ကြော်လှော်ထုတ်လုပ်နိုင်ဖွယ်ရှိသည် ့ကလေးသူငယ်များအ
    ကြိုက် အသင် ့စားသုံးနိုင်သည် ့ဆီကြော်မုန် ့များ ( အာလူးကြော်၊ ငါးမုန်ကြော် အစရှိသည်ဖြင် ့) ကတော ့
    ရွှေပြည်ကြီး၏ကျောင်းများ၊ ရပ်ကွက်ဈေးဆိုင်များ၊ ဆူပါမါးကက်၊ မီနီမါးကက် များတွင် ရောင်းချနေသည်က
    တော ့အသေအချာမို ့နိုင်ငံ၏အနာဂတ်ရင်သွေးလေးများအတွက် သတိပြုမိစေရန်တင်ပြအပ်ပါတယ်…
    အပြင်မှာတော ့ဒီလိုလှလှပပလေးတွေထုတ်ပြီး အထဲကအစားအစာတွေကတော ့
    မသန် ့တဲ ့ဆီတွေနဲ ့ကြော်ထားလျှင်…
    ( ဓါတ်ပုံကိုနမူနာအဖြင် ့ပြသရန် ရည်ရွယ်ပါတယ်…အမှန်တကယ်ထိုတံဆိပ်မဟုတ်ပါ…)
    ( အကောင်းဆုံးကတော ့ကျန်းမာရေးဝန်ကြီးဌာန၊ စားသောက်ကုန်ကြီးကြပ်စိစစ်ရေးဆိုင်ရာ ခွင် ့ပြုချက်မ
    ပါသည် ့မည်သည် ့အသင် ့စားသုံးနိုင်သည် ့ဆီကြော်မုန် ့မျိူးကိုမဆို ရောင်းချခွင် ့မပြုသင် ့ပါဘူး…)
    ဒီ ဒူဘိုင်းနဲ ့ယူအေအီးမှာတော ့မူလတန်းကျောင်းများမှာ ( Junk Food ) လို ့ခေါ်တဲ ့အသင် ့စားသုံးနိုင်
    သည် ့အဟာရမဖြစ်သောမည်သည် ့မုန် ့ကိုမဆိုရောင်းချခွင် ့မပြုပါဘူး…

    အကြော်ခံဆီ၊ ဟင်းချက်ဆီ ဆိုသည်ကား စားသောက်ဆိုင်များ၊ အိမ်များမှ ရောင်းမကုန်၊ စားမကုန်၍သွန်
    ပစ်လိုက်သည် ့အစားအသောက်အကြွင်းအကျန်များတွင်ပါဝင်သည် ့ဆီအား စစ်ထုတ်ခပ်ယူထားသည် ့ဆီ
    ကိုခေါ်ပါတယ်…
    တစ်နည်းအားဖြင် ့ဆိုလျှင် စားသောက်ဆိုင်များမှ အမှိုက်များစွန် ့ပြစ်သည် ့မြောင်း၊ ပိုက်များအတွင်းမှ စစ်
    ယူထားသည် ့ဆီပင်….

    ပုံမှန်အားဖြင် ့ဆိုလျှင် အဆိုပါစားကြွင်းစားကျန်များအား ဝက်စာအဖြစ်အသုံးပြုကာဝက်များအားကျွေးရန်
    ဖြစ်သော်လည်း တရုတ်နိုင်ငံမှ လူစိတ်မရှိသူ၊ ကိုယ်ကျင် ့တရားကင်းမဲ ့သည် ့လူ ့တိရိစာ္ဆန်များက အဆိုပါ
    စားကြွင်းစားကျန်များမှ ဆီများကိုစစ်ယူခပ်ထုတ်ကာ ဟင်းချက်ဆီအဖြစ်ဈေးနှုံးချိူသာစွာ ပြန်လည်ရောင်း
    ချလေ ့ရှိကြတာဖြစ်ပါတယ်…

    အလကားရတဲ ့ဆီမို ့ရောင်းတန်းဝင်ဆီသန် ့များထက်စာလျှင်တော ့ဈေးအပုံကြီးသက်သာပါတယ်…

    ဒီထက်ပိုပြီးစိုးရိမ်ထိတ်လန် ့ဖို ့ကောင်းတာကတော ့လမ်းဘေးအကြော်သည်များ၊ ကလေးငယ်များအကြိုက်
    အသင် ့စားသုံးနိုင်သည် ့အာလူးကြော်၊ ငါးမုန် ့ကြော်စသည် ့တရုတ်ပြည်မှလာသော မုန် ့ထုတ်များအနေ
    ဖြင် ့ထုတ်လုပ်ရောင်းချသူများက ကုန်ကျစားရိတ်သက်သာအောင် အဆိုပါ ဆီညံ ့များအားသုံးစွဲထားနိုင်
    တာပဲဖြစ်ပါတယ်…

    တရုတ်နိုင်ငံ၊ ဝူဟန်းမြို ့တော်မှ လူယုတ်မာစီးပွားရေးသမားတစ်ဦးကတော ့အကြော်ခံစစ်ထုတ်ဆီဟာ
    စားသုံးရန်သင် ့တော်ပါတယ် ( ဘေးအန ္တရယ်မရှိပါဘူး ) လို ့ပင်အာမခံလိုက်ပါသေးတယ်…
    ထိုကိစ္စကိုလွန်ခဲ ့သည် ့၂၀၀၉ ခုနှစ်ကတည်းကပင် တရုတ်နိုင်ငံတွင် တွေ ့ရှိဖော်ထုတ်နိုင်ခဲ ့ပါတယ်…
    ထိုသို ့ဖော်ထုတ်တင်ပြနိုင်ခဲ ့မှုကြောင် ့ဝူဟန်းမြို ့တော်အစိုးရနှင် ့သက်ဆိုင်ရာဌာနများအနေဖြင် ့ပြစ်
    မှုကျူးလွန်သူများကို တစ်လကျော်ကြာစုံစမ်းဖော်ထုတ်ခဲ ့လို ့အညစ်အကြေးဆီ အမြောက်အများအား
    တွေ ့ရှိသိမ်းဆည်းနိုင်ခဲ ့ပါတယ်….
    သို ့သော် လူအများစိတ်ဝင်စားမှုလျော ့နည်းသွားချိန်တွင် အဆိုပါအညစ်အကြေးဆီများပြန်လည်ပေါ်
    ထွက်လာလိမ် ့မည်ဟု အများစုအနေဖြင် ့မထင်မှတ်ထားခဲ ့ပေ…
    လွန်ခဲ ့သည် ့နှစ်စက်တင်ဘာလနှင် ့အောက်တိုဘာလများတွင်လျှိူ ့ဝှက်စုံစမ်းထောက်လှမ်းမှုကြောင် ့
    ဟုန်ရှန်းဒေသတွင် အဆိုပါ ညစ်ညမ်းဆီ အမြောက်အများအားလျိူ ့ဝှက်စွာရောင်းချနေသည်ကိုတွေ ့ရှိ
    ခဲ ့ရပြန်ပါတယ်…
    စားသုံးတစ်ချိူ ့ကတော ့ထိုဆီကိစ္စဟာအထူးအဆန်းမဟုတ်ပဲအားလုံးသိရှိနေကြတာပဲလို ့ဆိုပါတယ်..

    http://bbs.news.163.com/bbs/photo/153588014.html မှာ ဓါတ်ပုံတွေ သွားကြည့်လို့ ရပါသတဲ့ …. ။

    ထပ်ပြောပါမယ် … ဒီသတင်း အစစ်လား .. ဘာလား ညာလားဆိုတာတော့ …. အတပ်မပြောနိုင်ပါဘူး… Fake သာဖြစ်ခဲ့မယ်ဆိုလျှင် … အားနာစရာတွေဖြစ်ကုန်တော့မှာမို့ .. ကြိုတင်စကားခံထားခဲ့ပါတယ်နော် ….

  • စိန်ဗိုက်ဗိုက်

    June 14, 2012 at 11:19 am

    တော်ပြီ..တော်ပြီ..
    ဘယ်ဆီကြော်မှ မစားတော့ဘူး..ဝယ်စားစရာလဲ ပိုက်ဆံမရှိဘူးဆိုတော့..ကန်စွန်းရွက်ရေလုံပြုတ် ဟင်းလုပ်လို ့ဆွဲမဟေ့..

  • htoosan

    June 14, 2012 at 12:45 pm

    etone ရေ.. ဒီအပါတ်ထုတ် မြန်မာတိုင်မ်းထဲမှာလည်း ရေးထားပါတယ် . တရုတ်ကနေ ရှောက်မိုင်းယန့် ၊ တာ့တုံးယုံ၊ဂျင်းလီတံဆိပ် တွေတဲ့ ။ etone ပြောသလို မြောင်းထဲက ပြန်ချက်တဲ့ဆီဆိုဘဲ။

    • etone

      June 14, 2012 at 1:13 pm

      ကိုထူးဆန်းရေ …
      အခုလို ပြည်တွင်းမီဒီယာ ၊ ဂျာနယ်တွေကနေ ဖော်ပြလာတာ ကောင်းတဲ့ အချက်ပါပဲ … ။
      ဒါပေမယ့်လည်း … တရုတ်ဈေးကွက်ကနေ မကောင်းကျောင်းပို့ဝင်လာတဲ့ … ကျွန်မတို့စားသောက်ကုန်တွေထဲ …. ဘယ်လောက်များရောပါခဲ့ပြီလဲနော် …. ။

      သူများနိုင်ငံတွေကို အင်ပို့လုပ်လျှင် သူတို့က စစ်ဆေးမှု အဆင့်ဆင့်လုပ်ပြီးမှ passed ပေးတာ … ။ ဒီမှာရော … အဲ့ဒီလို အဆင့်ဆင့် လုပ်ကြလား မသိဘူး ။ ဒီနိုင်ငံတွင်းမှာ တချို့သော အသေးစား စားသောက်ကုန်လုပ်ငန်းလေးတွေ ဈေးကွက်ထဲ ဖြန့် ဖြူးနေတာ .. ဘာထောက်ခံချက် ဘာသက်တမ်းကုန်ဆုံးရက်မှ မပါဘူး ။ ပြည်တွင်းက ပရုတ်လုံးလေးတွေဖြစ်ပေမယ့် …. ဒီလို အစားနဲ့ပတ်သတ်တာမျိုးကျတော့ … အထိန်းအကွပ်မရှိဖြန့် ဖြူးနေလျှင် .. ဒုက္ခတွေများကုန်မှာ စိုးတယ် …

  • Shwe Ei

    June 14, 2012 at 2:44 pm

    ဝှီး သာ့ဒ်ဝါးမှာ လူဖြစ်ရတာလဲ မလွယ်ထှာနော်။ ဟိုက ဂျောက်ချ ဒီက ထိုးချနဲ့ မျိုးမပြုတ်သေးတာကံကောင်း 🙁

  • ရွာစားကျော်

    June 14, 2012 at 3:34 pm

    ဂေဇက်ရဲ့ စီဂျေ ဆုန်သင်းတုံ.. လေးစားပါတယ်ဗျာ…
    လုပ်တဲ့လူလည်း အံ့ပါရဲ့ ဘယ်လောက်ငတ်ငတ် ဒီလောက်တော့ မလုပ်သင့်ပါဘူး…
    စားဖို့ပဲဖြစ်ဖြစ် ရောင်းဖို့ပဲလုပ်လုပ် မကောင်းတာ..
    ဒီဘဝလည်းမကောင်း နောက်ဘဝလည်းကောင်းမှာမဟုတ်..

  • Ma Ei

    June 14, 2012 at 3:49 pm

    အိတုန်လေးရေ…
    တရုတ်မှာဘဲ ဖြစ်နေတယ်ထင်တာ…
    ဒီမှာပါရှိလာပြီဆိုတော့ စိတ်မကောင်းစရာပါဘဲ…
    လုပ်သင့်တာလေးတွေ လုပ်ပေးနိုင်အောင် ဒီ Post ကို
    တာဝန်ရှိသူတွေ မြင်တွေ့ဖတ်မိပါစေ…

  • နွယ်ပင်

    June 14, 2012 at 4:16 pm

    etone ရေ တကယ့် သတင်းသမားစစ်စစ်ပါပဲ ချီးကျူးပါတယ် ….
    ဓာတ်ပုံတောင် ရအောင်ရိုက်ပြီး တင်ပေးတာ ကျေးဇူးတင်ပါတယ်နော် …
    နောက်ဆို ဆီကြော်တွေတောင် ဝယ်မစားရမလိုဖြစ်နေပြီ …
    လူတွေကလည်း ကိုယ့်အကျိုးစီးပွား တစ်ခုထဲကိုပဲ ကြည့်ပြီး လောဘစိတ်နဲ့
    လုပ်သင့်လား မလုပ်သင့်လားဆိုတာတောင် မစဉ်းစားနိုင်တဲ့အထိ
    အကျင့်စာရိတ္တတွေ ပျက်ပြားနေကျပါလားနော် …. 🙁

  • နေဝန်းနီ

    June 14, 2012 at 9:58 pm

    ခက်ပါ့လား …။ တစ်ခါကမန္တလေးမှာ နိုဗိုတယ်လ်က စားကျွင်းစားကျန်တွေစွန့်တာကိုလမ်းကနေဖြတ်ပြီး ဝက်ကျွေးဖို့ ဝယ်ကျတယ်…။ တစ်ချို့ကောင်းတာ လူပါစားတယ်လို့ ပြောတယ်…။ နောက်ကျတော့ သိသွားလို့ ဟိုတယ်က လူပါလိုက်ပြီး သေချာစွန့်ပစ်စေတယ်လို့ ကြားဖူးတယ်….။ နယ်မှာကတော့ အဲဒိလိုပုံးတွေနဲ့ စားကကြွင်းစားကျန်တွေကို ဝက်စာအဖြစ်သယ်တာတော့ ရှိတယ်…။ အိမ်တစ်အိမ်မှာ ထည့်စရာ တစ်ခုခုပေးထားရတယ်…။ အဲဒိအိမ်ရဲ့စွန့်ပစ်နိုင် မှု အပေါ်ကြည့်ပြီးနှစ်ရက်ခြား သုံးရက်ခြားလောက်သယ်ရတယ်…။ ဝက်စာအဖြစ်ပဲသုံးကြတယ်…။ နယ်မှာတော့ အိမ်တိုင်းလို ဝက်မွေးကြတာဆိုတော့ အစာရှားပါးပါတယ်…။ ဝက်မမွေးတဲ့ အိမ်က လိုက်တောင်းကျွေးကြတာပဲ…။

  • snow white

    July 8, 2012 at 7:20 pm

    ဝမ်းစာရေးတကယ်မလွယ်ပါလားနော် …..

Leave a Reply