ကမာ္ဘ့အရပ်အပုဆုံး လူသား မြန်မာဖြစ်နိုင် …

khinmintatthuJune 22, 20101min1245

ကမာ္ဘ့အရပ်အပုဆုံးလူသား ဖြစ်လာနိုင်မည်ဟု ယူဆရသော အသက် (၁၁)
နှစ်အရွယ် ဗလကြီး (ခ) ဇော်ဗလအောင် ဆိုသော ကလေးတဦးအား ယနေ့နံနက်တွင်
ရန်ကုန်မြို့ ကန်တော်ကြီး ကရဝိတ်ခန်းမတွင် မီဒီယာများနှင့်
တွေ့ဆုံရှင်းလင်းပွဲတရပ် ပြုလုပ်သည်။

အဆိုပါကလေးသည် လက်ရှိတွင် မြန်မာ့အရပ်အပုဆုံး လူသားဖြစ်ပြီး ဂင်းနစ်မှတ်တမ်းဝင်နိုင်ရန်
ပြုစုသွားမည်ဖြစ်ကြောင်း ကလေးငယ်ကို ရှာဖွေတွေ့ရှိခဲ့သူ
မှုခင်းသတင်းထောက်ဖြစ်သူ သတင်းထောက်ခင်က ယနေ့ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဇော်ဗလအောင်ကို ကျောင်းပန်းတောင်းမြို့နယ် ထန်းပေါက်ကုန်းရွာတွင် လွန်ခဲ့သော (၄) လခန့်က
သတင်းထောက်ခင်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဘ ဦးဝင်းလွင်၊ အမိ ဒေါ်ခင်လှတို့က ဇော်ဗလအောင်ကို ၁၃၆၁ ခုနှစ် တပေါင်း လဆန်း (၆) ရက်နေ့တွင်
မွေးဖွားခဲ့ပြီး မွေးချင်း (၄) ဦးနက် ဒုတိယမြောက်ဖြစ်ကာ
တဦးတည်းသောသားဖြစ်ကြောင်း သိရသည်။

ကလေး၏ လက်ရှိကိုယ်အတိုင်းအတာကို သတင်းစာရှင်းလင်းပွဲ တက်ရောက်သည့် ဇော်ဗလအောင်၏ ဖခင် ဦးဝင်းလွင်က
“ဦးခေါင်း ပတ်လည်က (၁၃) လက်မ၊ ခြေမက ဖနောင့်ထိ (၃) လက်မ (၂) စိတ်၊
ခြေကျင်းဝတ်က ဒူးဆစ်ထိ (၅) လက်မ (၂) စိတ်၊ ဒူးခေါင်းက ပေါင်ရင်းထိ (၅)
လက်မ၊ လက်ညှိုးက လက်ကောက်ဝတ်ထိ (၃) လက်မ၊ လက်ကောက်ဝတ်က တတောင်ဆစ်ထိ (၃)
လက်မ၊ တတောင်ဆစ်က ပုခုံးထိ (၃) လက်မ၊ ခြေဖနောင့်က ခေါင်းအထိ (၂၅) လက်မ၊ အခု
လက်ရှိပေါင်ချိန်က (၁၀) ပေါင်ရှိတယ်” ဟု ပြောကြားသည်။

ဇော်ဗလအောင်ကို မွေးဖွားစဉ်က လိမ္မော်သီးအရွယ်ခန့်ရှိသော လေပူပေါင်းအလုံးထဲတွင် ရှိခဲ့ပြီး
ခွဲစိတ်သောအခါ ထိုအလုံးထဲမှ ယခုပုံတွင်ပါသော ဇော်ဗလအောင် (ခ) ဗလကြီး၏
လက်ခလယ်အရွယ်ရှိ ဗလကြီးကို မွေးဖွားခဲ့ပြီး နို့သီးခေါင်းဖြင့်
ပါးစပ်မဆန့်သည့်အတွက် နို့ရည်ကို ဝါဂွမ်းဖြင့်ဆွတ်ကာ တိုက်ခဲ့ရကြောင်း၊
လည်ကုတ်ပခုံးတွင် ကျိုက်ထီးရိုးစေတီ အမှတ်ပါရှိကာ မြီးညှောင့်ရိုးတွင်
အဖြူအမှတ်အသား ပါရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဝေငှသော
စာရွက်မှတ်တမ်းအရ သိရသည်။

မှတ်ချက်။ ။ ခေတ်ပြိုင်မှ ပြန်လည်မျှဝေပေးလိုက်သည်။

5 comments

  • chitlay

    June 23, 2010 at 2:26 am

    အံ့ဩဖွယ်ရာပါလား ….

  • Pa Pa

    June 23, 2010 at 2:33 am

    He just copy from de yai blorg . No good he should not do like that.

  • Pa Pa

    June 23, 2010 at 2:35 am

    sorry for about that I make a some so sorry my friend..

  • wunnakoko

    June 23, 2010 at 4:27 am

    ခြေဖနောင့်က ခေါင်းအထိ (၂၅) လက်မ ဆိုတော့ ၂ ပေကျော်လောက်ရှိမှာပေါ့နော်။
    ဂရင်းနစ်စံချိန်ချိုးလို့ရအောင် လုပ်ပေးရင်ကောင်းမယ်

  • snow

    June 23, 2010 at 4:41 am

    အော်ဒီလိုဆိုတော့လဲ သနားပါတယ်

Leave a Reply