1 မူဆယ်အသွားလမ်းတိုးဂိတ်က ပန်းရောင်းသူလေးတွေပါ

2 ဟင်းသီးဟင်းရွက်ကို ဆိုင်ကယ်နဲ့လှည့်ရောင်းတာလေ

3 သယ်လာတာ မဆန့်မပြဲ ဘာတွေသယ်လာတယ်တော့ မသိဘူး

5 တရုပ်ပြည်က ဆိတ်ကျောင်းတဲ့ အဘိုးအို

6 တရုပ်ပြည်ခေါင်မိုးပေါ်က ရွှေမြန်မာ

 

7 ကျယ်ဂေါင်က သန့်ရှင်းရေးအလုပ်သမလေး ခဏနားရင်းမုန့်စားနေတာ မနက် ခြောက်နာရီ

 

8 ပုလင်းခွံအိတ်ခွံကောက်လာတဲ့ရွှေမြန်မာ

9 တရုပ်ပြည်က မီးသွေးသည်

10 ရွှေမြန်မာ မုန့်ဟင်းငါးသည်...........ကျယ်ဂေါင်မှာ

11 အလုပ် လုပ်ဘို့ လာခေါ်သူကိုစောင့်နေရှာတဲ့ရွှေမြန်မာ

 

12 သူတို့ဆီက ဆိုက်ကားဆရာ

13 ရွှေလီအဝေးပြေးကားစခန်းက သစ်သီးသည်

 

14 ဆိုက်တွဲနဲ့လည်ရောင်းတဲ့ပြောင်းဖူးပြုတ်သည်လေ ရွှေလီမှာပါ

15 ဟန်ကျပန်ကျ သစ်သီးသည်--------------ရွှေလီ

16 ဒိုးတူးဒိုး ဟင်းရွက်သည်

17 အရုပ်ငှားတဲ့ အသည် (မနောကွင်းထဲမှာ)

18 ရှားရှားပါးပါး ယောကျာ်းဆိုက်ကားဆရာ

19 ရွှေလီဘက်ကနေကျယ်ဂေါင်ဘက်ကို အလုပ်လာလုပ်ကြတဲ့ သူတို့ဆီကလူ

20 မြို့လှည့်ပြီးလေညှင်းခံချင်ရင် ရတယ်နော်

 

“ကျနော်တို့ဝမ်းတစ်ထွာနဲ့သူတို့ဝမ်းတစ်ထွာ အပိုင်းတစ်”

 

ကျနော်ဒီတစ်ခေါက် ရှမ်းမြောက်ကို ခရီးသွားဖြစ်ပါတယ်။

ဇွန်လဆန်းမှာပေါ့။

ခရီးကတော့ တရုပ်ပြည်နယ်စပ်ကျယ်ဂေါင်ထဲကိုသွားမှာပါ။

အဲတော့ တံတားလေးတစ်ခု မြစ်ကလေးတစ်စင်းကိုကျော်လိုက်တာနဲ့ရောက်သွားနိုင်တဲ့

ရွှေလီဆိုတဲ့မြို့ထဲကိုရောက်သွားနိုင်ပါတယ်။

ကျနော်က သာမန်လူတန်းစားတွေရဲ့နေမူ့ထိုင်မူ့တွေကို စိတ်ဝင်စားပါတယ်။

အထူးသဖြင့်စားဝတ်နေရေးထဲက ဝမ်းတစ်ထွာအတွက်ရုန်းကန်ရတာကိုပေါ့။

 

ဘယ်နိုင်ငံဘယ်ဒေသမှာမဆို ဘယ်လောက်တိုးတက်တိုးတက် တစ်နေ့လုပ်တစ်နေ့စား

ဘဝနဲ့ရုန်းကန်နေရသူတွေကရှိစမြဲ။

ကျနော် သူတို့မြေထဲရောက်တဲ့အခါမှာ ဝမ်းတစ်ထွာအတွက်ရုန်းကန်ရသူတွေကို သတိထားလို့မှတ်တမ်းတင်မိပါတယ်။

ကြယ်ဂေါင်မှာရွှေလီမှာ တရုပ်၊မြန်မာ၊ရှမ်း လူမျိုုးပေါင်းစုံရဲ့ ဝမ်းစာရှာဖွေရတာကိုသွားတွေ့ပါတယ်။

သူတို့တစ်တွေရဲ့ လှုပ်ယှားမူ့တွေကို လေးစားမူ့ စာနာမူ့တွေနဲ့မှတ်တမ်းတင်ဖြစ်ပါတယ်။

အခု တင်ထားတဲ့ပုံလေးတွေထဲမှာဆိုရင်

ပုံ၁        ကတော့ လမ်းဖြတ်သန်းခကောက်ခံတဲ့ဂိတ်မှာ ရိုးသားစွာပန်းရောင်းတဲ့ကလေးမလေး

ပုံ၂        ကတော့ရွာစဉ်လှည့်လို့ ဟင်းချက်စရာအသီးအနှံလေးတွေကို ဆိုင်ကယ်နဲ့လိုက်ရောင်သူ

ပုံ၃        မှာတော့ တရားဝင်တာ မဝင်တာ ကျနော်မသိပေမယ့် ကယ်ရီခနည်းနည်းလေးနဲ့သက်စွန့်ဆံဖျား

ပုံ၅        ကဆိတ်ကျောင်းသူကတော့ တရုပ်အဘိုးအို

ပုံ၆        တိုက်ခေါင်မိုးကိုဆေးသုတ်နေတဲ့ရွှေမြန်မာ သုံးထပ်တိုက်ကြီးပေါ်မှာ

ပုံရ        မနက်စောစော သန့်ရှင်းရေးလုပ်ရင်းမုန့်စားနေတဲ့သူ

ပ၈        ပစ္စည်းအဟောင်းတွေကို ဒိုင်သွားပို့မယ့်ရွှေမြန်မာ

ပုံ၉        မီးသွေးတွေကို ရွှေလီထဲသွားပို့မယ့်သူ

ပုံ၁၀      မုန့်ဟင်းငါးလည်ရောင်းတဲ့ရွှေမြန်မာ

ပုံ၁၁      အလုပ်လာခေါ်မယ့်သူကိုစောင့်နေတဲ့ရွှေမြန်မာ

ပုံ၁၂      ရွှေလီဈေးနားက ဆိုက်တွဲဂိတ်

ပုံ၁၃      အဝေးပြေးဂိတ်နားက သစ်သီးသည်

ပုံ၁၄      ပြောင်းဖူးပြုတ်သည်

ပုံ၁၅      လှည်းနဲ့ရောင်းတဲ့သစ်သီးသည်

ပုံ၁၆      ဟင်းသီးဟင်းရွက်ကို ဆိုက်တွဲနဲ့လိုက်ရောင်းသူ

ပုံ၁၇      ကစားကွင်းထဲမှာကလေးကစားစရာ ငှားစားသူ

ပုံ၁၈      ဆိုက်တွဲနင်းတဲ့သူ

ပုံ၁၉      ကျယ်ခေါင်ဘက်ကို အလုပ်လာလုပ်တဲ့ရွှေလီဘက်က လူစု

ပုံ၂၀      ဆိုက်တွဲနင်းတဲ့ယောက်ျား

ဝမ်းတစ်ထွာအတွက်ရိုးသားစွာရှာသူများ…………………………….

 

 

ကိုပေါက်လမ်းသလားနေသည်

(14-6-2012)

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။