ကူညီကြပါ (Help Me)

linpin zawJune 13, 20121min17916

ဒီမှာရှိတဲ့ ရွာသူရွာသားတွေမှာ ဗဟုသုတပြည့်စုံကြလိမ့်မယ်လို့ ထင်ပါတယ်။အခုပြောချင်တာက မျက်နှာမှာရှိတဲ့ ကျောက်ပေါက်ခွက် ဒဏ်ရာကိုပျောက်အောင် ဘယ်လိုလုပ်ရမယ်ကို ပြောကြပါ။အကူအညီပေးကြပါ။ဒီမှာရှိတဲ့ ရွာသူရွာသား ထဲမှာ ကျောက်ပေါက်ခွက်ရှိတဲ့ ရွာသူရွာသား တွေ ပါပါ လိမ့်မယ်။အားလုံးရဲ့ကိုယ်စား ဆေးနည်းကိုတောင်းလိုက်ပါတယ်။

16 comments

  • water-melon

    June 14, 2012 at 10:14 am

    မပျောက်ဘူး မဟုတ်ပါဘူး ပျောက်ပါတယ်
    ငွေတော့ကုန်မယ်နော့
    အရေပြားအထူးကုနဲ့ပြကြည့်ပါလားတော့
    တွေ့ကရာဆေးနဲ့ လိမ်းနေရင် ပိုဆိုးမှာဆိုးလို့ပါ
    အဟီ linpin zaw ကြီး ကျောက်ပေါက်ခွက်တွေပျောက်ပြီး စော်ကြည်ပါစေ

    • linpin zaw

      June 14, 2012 at 3:36 pm

      ကျွန်တော်ပေါက်လို့ဟုတ်ပါဘူး။ကျွန်တော့်သူငယ်ချင်း အတွက်မေးပေးတာပါ။ရွာသူရွာသားတွေအတွက်လည်း ပါပါတယ်။

  • Thu Wai

    June 14, 2012 at 10:24 am

    အရင်ဘဝက မင်းကုသလိုပဲ ရဟန်းနာ ကိုလောင်းတဲ့ ပဲကပ်ကြော်ထဲက ပဲတွေဖဲ့စားပြီးမှ ချိုင့်ခွက်ကြီးတွေအတိုင်းလောင်းခဲ့လို့ ထင်တယ် ဘာမှစိတ်မပူပါနဲ့ ဆုတောင်းကောင်းခဲ့ရင် ပပဝတီလို စော်မျိုးနဲ့ ကြိုက်မှာပါ။

    • linpin zaw

      June 14, 2012 at 3:54 pm

      တောင်းတဲ့ဆုနဲ့ပြည့်ပါစေ။

  • hein latt

    June 14, 2012 at 10:50 am

    အခုခေတ်မှာ လေဆာကုထုံးတွေ ရှိနေပါပြီ။
    ပိုက်ဆံတော့ကုန်တယ် ခဏအတွင်းခြင်းပျောက်တယ်။
    သတင်းစာတွေထဲမှာ ဆိုင်ကြော်ငြာတွေပါတက်ပါတယ် ။
    ဘယ်လိုပျောက်တယ်ဆိုတာလဲ ပုံတွေပါတယ်။

    • mayjuly

      June 14, 2012 at 2:38 pm

      ကိုဟိန်းလတ်ပြောတာ ဟုတ်ပါတယ်…
      အတိအကျတော့မသိဘူးနော်..ပိုက်ဆံတော့ကုန်တယ်ပြောတယ်…

      အဲဒါများ လွယ်လွယ်လေး …
      မြန်မာပြည်က လမ်းတွေ အမြန်ချောပါစေလို့ နေ့စဉ်ဆုတောင်းလိုက် …
      မြန်မာပြည်က လမ်းတွေ ချောရင် ကျောက်ပေါက်ခွက်တွေလည်း ပျောက်မယ်ထင်တယ် …:D

    • linpin zaw

      June 14, 2012 at 3:56 pm

      ကျွန်တော့်ကိုကျေးဇူးပြုပြီးတော့ နေရာရယ် ဈေးနှုန်းရယ် တစ်ချက်စုံစမ်းပေးစမ်းပါ။

  • Lwin Aung

    June 14, 2012 at 1:45 pm

    If you are Buddhism, you should wash the face of Buddha at your house daily up to three months. After that your face must be changed.

  • စိန်ဗိုက်ဗိုက်

    June 14, 2012 at 2:43 pm

    ဟမလေး..
    အုပေဆိုတဲ့ ကျောက်ပွဲစားဖတ်မိရင် တစ်ကျောက်ကို ဘယ်ဈေးဆိုပြီး ကြေးလာဖြတ်နေဦးမှာ မြင်ယောင်သေး..အဟေး..ဟေး..
    စကားမစပ်..
    ကျနော်လဲ ဆေးနည်းလေး သိချင်ပါရဲ့ဗျား..

    • မင်းကန်စီ

      June 14, 2012 at 3:44 pm

      ကိုရင်ပေါက်ဖော်..
      ဆေးနည်းရလို့ ဖော်ပြီးရင် ကျုပ်လည်း တတို့လောက်ဗျာ..
      အခုရတဲ့ ပိုက်ပိုက်နဲ့ ဘီအီး တိုက်ပါ့မယ် 😛

  • k19

    June 14, 2012 at 3:33 pm

    ဘယ်လိုပြောရမလဲတောင်မသိတောဘူး
    ဆေးနဲပတ်သတ်တဲဆိုက်တွေရှိတယ်လေ
    အဲမှာလေ့လာပါလား

    • linpin zaw

      June 14, 2012 at 3:57 pm

      ပြောပြပါ

  • mipukay

    June 14, 2012 at 3:39 pm

    Let me check it out and will translate for you.
    May be later on tomorrow I may post on the site.

  • etone

    June 14, 2012 at 3:50 pm

    ဟီးရူးဒရိုက်ဆိုတဲ့ အမာရွတ်ပျောက်ဆေးကတော့ .. အမာရွတ်အပြင်အသားကိုနိမ့်တာ ၊ ဖုနေတာတွေပါ ..ပြန်တပြေးတည်းဖြစ်အောင်လုပ်ပေးနိုင်တယ် .. ဒါပေမယ့် ချိုင့်ခွက်တော့ မလိမ်းဖူးဘူး ။ ကြာနေတဲ့ အမာရွတ်တွေ ၊ ချိုင့်ခွက်တွေဆိုလျှင်တော့ … ဇွဲရှိရှိလိမ်းရမယ်ထင်တယ် … ဆေးဆိုင်မှာ လွယ်လွယ်ဝယ်လို့ရနေပါတယ် ဆိုဒ်က နှစ်မျိုးရှိပြီး ဘူးသေးက 1100လောက်ပဲပေးရပြီး ဘူးကြီးက 2500လောက်ပဲရှိတယ် … ။

    ငါးကြော်လို့ ဆီပေါက်တော့ ကျွန်မလက်မှာ ဆီစက် နှစ်စက်ထင်တယ် … ရေကြည်ဖုထပြီး … ကွဲသွားတာပေါ့ နောက်ပိုင်း ခြောက်သွားတော့မှ … အမာရွတ်ကို .. အဲ့ဒါလိမ်းတာ …. အခုဆို သိတောင် မသိသာတော့ဘူး .. ။
    မီးပူတိုက်ရင်း တီဗွီ ငေးမိလို့ မ ီးပူကပ်တုန်းကလည်း … အမာရွတ်ကို အဲ့ဒါပဲ လိမ်းဖြစ်တယ် ။
    ပြောရလျှင် ဇွဲရှိရှိလိမ်းလို့ကတော့ ပျောက်နိုင်ပါတယ် … ။ ကိုယ့်ဘက်ကသာ စိတ်ရှည်ပြီး အမြဲလိမ်းနေမှဖြစ်မယ် … ။

    • linpin zaw

      June 14, 2012 at 3:57 pm

      ကျေးဇူးတင်ပါတယ်။

    • Ma Ei

      June 14, 2012 at 4:07 pm

      Post နဲ့ မဆိုင်ပေမဲ့ အပူလောင်တဲ့အကြောင်းလေးပါလို့ ခွင့်ပြုနော်…
      အိတုန်လေးရေ…ဆီပူ မီးပူ လောင်ရင် ပန်းကန်ဆေးတဲ့ ဆပ်ပြာဆီကို
      ထူထူလေးလိမ်းထားရင် အဖုမထဘဲ အပူသက်သာတဲ့အကြောင်း
      နည်းကောင်းလေးပါနော်…

Leave a Reply