သစ္စာဆို တိုင်တည်ပါ့မယ်

wintayzahlaingJune 14, 20121min1223

ဒီမြေပေါ် ငါရပ်တာ

ငါပိုင်တဲ့ မြေမို့လို့ပေါ့

ဒီမြေမှာ ငါ ရပ်နိုင်တာ

ဒီမြေက ခွန်အားတွေပေးလို့

ဒီခွန်အားတွေ ပေးတဲ့ ဒီမြေကို

ဒီမြေကပေးတဲ့ ခွန်အားတွေနဲ့

ငါရပ်တည်ဖို့ ကာကွယ်ရမယ်

ငါ ကာကွယ်မှ ဒီမြေပေါ် ငါရပ်နိုင်မှာ

ငါ ရပ်နိုင်မှ ဒီမြေကို ငါ ပိုင်မှာပေါ့။

မင်းမပိုင်တာ မင်းလာတောင်းရဲတာ

မင်းလိပ်ပြာ မင်းလုံရဲ့လား

မင်းမဆိုင်တာ မင်းလာဆိုတာ

ဒီမြေမှာ မင်းသမိုင်းရှိလား

ဒီမြေကို တို့ဘိုးဘွားတွေ

ထုဆစ်ခဲ့ သူတို့ လက်နဲ့

ထမ်းတင်ခဲ့ သူတို့ ပုခုံးနဲ့

စိုပြေစေခဲ့ သူတို့ ချွေးနဲ့

ရေးချယ်ခဲ့ သူတို့ သွေးနဲ့

စောင့်ရှောက်နေခဲ့ သူတို့ ဝိညာဉ်နဲ့

ကြီးမြတ်တဲ့ ဒို့ဘုရားစေတီတွေ

ဒို့ဘိုးဘွားရဲ့ သမိုင်းသက်သေ

မြင့်မားတဲ့ ဒို့ အနုပညာတွေ

ဒို့ဘိုးဘွားရဲ့ သမိုင်းသက်သေ

ဝင့်ထည်တဲ့ တို့ယဉ်ကျေးမှုတွေ

ဒို့ဘိုးဘွားရဲ့ သမိုင်းသက်သေ

ဒို့မြေသာလို့ တို့ဆီဧည့်လာတာ

ဒို့တွေက ဝမ်းပမ်းတသာ

နွေးထွေးစွာ ကြိုတတ်တာပေါ့

ဒို့ကအိမ်ရှင် ဒို့ဝတ္တရား

ဒို့နားလည် ကျေစေရမယ်

မင်းကဧည့်သည် မင်းဝတ္တရား

မင်းနားမလည် စော်ကားတော့တယ်

ဖော်ရွေတာ ဒို့ဓလေ့

ကြိုတတ်တယ် အပြုံးနဲ့

ခင်တတ်တယ် ရိုးသားမှုနဲ့

သနားတတ်တယ် အရင်းခံနှလုံးသားနဲ့

ကူညီတတ်တယ် ကိုယ်ကျိုးမငဲ့ပဲနဲ့

စောင့်ရှောက်ဖေးကူတတ်တယ် နွေးထွေးစွာနဲ့

ခုတော့….

အလိုလိုက်လို့ အမိုက်စော်ကား

အစာကျွေးတဲ့လက် ပြန်ကိုက်သလိုပဲ

သီးခံတတ်တာ ဒို့ဘိုးဘွားတွေရဲ့

ဆုံးမမှုကြောင့် ယဉ်ကျေးမှု တစ်ခုလိုဖြစ်ခဲ့

ဒါပေမယ့်

စော်ကားတာကိုတော့ ခေါင်းငုံ့မခံ

ဘယ်သူစော်ကားတာကိုမှ

ဘယ်တုန်းကမှ

ဒို့ ရာဇဝင် အဆက်ဆက်

ဘာအကြောင်းကြောင့်နဲ့မှ မခံခဲ့

သဘောကောင်းတာကို

မင်းအခွင့်အရေးယူ

ငါ့ကို အ တယ်လို့မင်းထင်ခဲ့လို့

စော်ကားလာတာလား

ဖိနပ်ချွတ်မှာ နေစရာပေးခဲ့ပေမယ့်

အိမ်ဦးခန်းတက် မစင်စွန့် ချင်တဲ့ မင်းအကျင့်

ဒို့အရိပ်မှာ နေ

ဒို့အခက်ကိုချိုး

မင်းချိုးတဲ့ အဲဒီအခက်က

မင်းကို အရိပ်ပေးခဲ့တာ

မင်းမသိတတ်နိုင်ခဲ့

ဒို့ဓလေ့ ဒို့ထုံးစံ

ဒို့ဘာသာ ဒို့ယဉ်ကျေးမှု

ဘာတစ်ခု မှ မင်းမလေးစား

ဒါနဲ့များ…

ဒို့မြေကို မင်းပိုင်ချင်သတဲ့

မင်းကများ တိုင်းရင်းသားတဲ့

ငါဖော်တဲ့ ငါ့ရေကန်

ဒီရေကို မင်းသောက်ချင်သောက်

မင်းသုံးချင် သုံးလိုက်ပေါ့

ခုတော့… မင်းက ခြေဝင်ဆေးလိုက်ပြီလေ။

ငါစိုက်တဲ့ ငါ့သီးနှံ

ဒီသီးနှံ မင်းစားချင်စား

မင်းအာဟာရဖြည့်လိုက်ပေါ့

ခုတော့… မင်းက အညှောက်ကိုချိုးလိုက်ပြီလေ။

ငါ့ဘိုးဘွားတည်ဆောက်ခဲ့တဲ့ ငါပိုင်တဲ့မြေ

ဒီမြေမှာ မင်းနေချင်နေ

မင်းဘဝ မင်းမှီခိုရာပေါ့

ခုတော့… မင်းက ပိုင်ချင်သတဲ့လေ။

အရိပ်နေလို့ အခက်ကိုချိုး

မင်းလို လူမျိုးအတွက်..

သားရေးပေါ်အိပ် ဒီသားရေးကိုစား

မင်းလို လူမျိုးအတွက်..

ငါ့ဘိုးဘွား ဝိညာဉ်တွေကို ငါ့မျက်နှာ မပြရဲအောင် လုပ်ခဲ့တဲ့

မင်းလို လူမျိုးအတွက်..

နောက်တစ်ကြိမ် ဒုတိယမ္ပိ

အဖြစ်ခံလို့ မရတော့။

ဟော..ဟိုမှာ မင်းတွေ့လား

ငါ့တိုင်းရင်းသား ငါ့သွေးရင်းချာတွေ

ရှမ်း၊ ချင်း၊ ကချင်၊ ဗမာ၊ မွန်၊ ကရင်၊ ကယား လေ

ငါ့နောက်မှာ သူတို့ရပ်နေ

ဟော.. မင်းနားထောင်စမ်း

“ရခိုင်အရေး… ဒို့အရေး”

ငါ့ ညီနောင် သွေးချင်းတွေ ရဲ့

စုစည်းကာ အားပေးသံတွေ

 

ဒီနေ့ရတဲ့ မင်းပေးတဲ့ ဘဝသင်ခန်းစာ

တစ်ဘဝစာ လုံလောက်သွားတာမို့

ဒို့မြေကို ဒို့ကာကွယ်ဖို့

ဒို့သမိုင်း ဒို့သွေးနဲ့ရေးစို့

ဒို့လက်တွေနဲ့….

ဒီမြေကို ဆုပ်ကိုင်လို့

သစ္စာဆို တိုင်တည်ပါ့မယ်

ဒို့ ဒီမြေ ဘိုးဘွားသမိုင်း

သားတို့ ခေတ်မှာမှ မရိုင်းစေရပါဘူးလို့။

 

(သွေးချင်းညီနောင် ရခိုင်တိုင်းရင်းသား တို့ အတွက် ဂုဏ်ပြုရင်း ရေးလိုက်တာ

တောက်လျောက် ရေးမိတဲ့ အတိုင်းပဲ တင်လိုက်ပါတယ်

အမှားတွေ ဖြစ်ခဲ့ရင် ဖတ်ရတာ မချောမွေ့ရင် နားလည်ခွင့်လွတ်ပေးကြပါ)

3 comments

  • ဝေးလွင့်တိမ်

    June 14, 2012 at 1:52 pm

    ဒီမြေကိုတူးဆွကြည့်
    ငါတို့အဖိုးအဖွားတွေ
    ရှိသေးတယ် …
    ဒီမြေကရေတွေကို
    လေ့လာကြည့်
    ငါတို့သွေးတွေစီးဆင်းနေတယ် … ။

  • မိုးတိမ်

    June 14, 2012 at 1:57 pm

    အားပေးတယ်ဗျာ။ကြိုက်တယ်။
    ကူးသွားတယ် fb မှာတင်မလို့
    စော်ကားတာတော့ လက်မခံဘူးဟေ့….

Leave a Reply