မမေးသင့်တဲ့ မေးခွန်း မရှိဘူး လို့စာနယ်ဇင်း ဂုရုကြီး လူထုစိန်ဝင်း တို့ မောင်ဝံသ တို့ကပြောလို့

chitJune 22, 20101min635

၂ပြားတစ်ပဲ လစာလေးကို သနားလို ့ဖြေနေတာ ဆိုတဲ့စကား ထက်ထက်ပြောကြောင်း

ဘာသက်သေအထောက်အထားမှမရှိပဲ
ယုံ နေတာကျတော့ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ညီလို့လားလို့ လူထုစိန်ဝင်း နဲ့
မောင်ဝံသ တို့ကို မေးလိုက်ချင်ပါသေး။တစ်ဖက်စကားကိ ုပဲ နားထောင်ပြီး
မှတ်ချက် မချသင့်ဘူးဆိုတာ ဉဏ်ကြီး ရှင်တို့ မေ့ချင်ဟန်ဆောင်နေ

တာလား၊ဒါမှမဟုတ် ငါတို့ပြောသမျှ အမှန် ပဲ လို့ ငါ တကော ကော

နေကြတာလား?လူကြီးတွေဖြစ်ပြီး
ဘက် လိုက်တတ်တာဟာ သမာဓိဂုဏ် မရှိကြောင်း ထင်ထင်ရှားရှား ပြလိုက်တာပါပဲ။
မမေးသင့်တဲ့ မေးခွန်း မရှိဘူးတဲ့။ လုံးဝ ကန့်ကွက်ပါတယ်။ သတင်းထောက်
တစ်ယောက် အနေနဲ့ ကိုယ် interview လုပ်တဲ့ အခါမှာ မိဘမဲ့ကလေး၊ ချစ်သောသူ
တစ်စုံ တစ်ဦးကို ဆုံးရှုံးသွားတဲ့သူ စတဲ့ သူတွေကို မစာနာတဲ့ မေးခွန်းတွေ
တော့ မမေးသင့်ပါဘူး။

သတင်းထောက်မလေး ခင်ဗျား

အရင်က ရည်းစား ဘယ်နစ်ယောက် ရှိခဲ့ဘူးလဲ?
ရည်းစားဦးနဲ. ဘယ်မှာတွေ.ပြီး ဘာတွေ ဖြစ်ခဲ.ကြသေးလဲ?
အိမ်ထောင်ပြုပြီး အိမ်ထောင် ပျက်သွားရင် နောက်ထပ် ထူထောင်ဦးမှာလား?
တစ်ပင်ပျက်မူ တစ်ပင်ထူ၊ ဘယ်နှစ်ပင်အထိ အစီအစဉ် ရှိပါသလဲ?

ဆံပင်ဆွဲ ပါးရိုက်ခံရပြီး ကျန်းမာရေး မကောင်းဘူးလို. ကြားရတယ်?
ကျန်းမာရေး မကောင်းတဲ့ ကြားက ကလေးယူဖို. အစီအစဉ် ရှိပါသလား?
ရလာတဲ့ ကလေး သေသွားရင်ရော နောက်ထပ် ယူမှာဘဲလား?
အဲဒါဘယ်တော့လဲ … ဟင်?
ဘယ်သူနဲ.လဲ ဆိုတာလေးပါ .. သိပါရစေ !

မမေးသင့်တဲ့ မေးခွန်း မရှိဘူး လို့စာနယ်ဇင်း ဂုရုကြီး လူထုစိန်ဝင်း တို့
မောင်ဝံသ တို့ကပြောလို့ ကျွန်တော်တို့ကလဲ ဝင်ပြီးမေးကြည့်တာပါ။

– Hide quoted text –

သတင်းသမားကကော အပျိုစစ်ရဲ့လားလို့မေးရင် ဘယ်လိုဖြေမလဲ…. သတင်းသမားကို
အားပေးတဲ့သူ ကိုယ့်နှမကို အဲ့ဒီလိုပြန်မေးကြည့်ပါလား …
မြန်မာ့ယဉ်ကျေးမှုကို အလေးပေး လေးစားဦးမှပေါ့…..
ဇာနယ်ဇင်းနဲ့သတင်းသမားများ ဟာ အနုပညာသမားများနဲ့ မကင်းတာကို
လက်ခံနိုင်တယ်ဆိုရင် ကိုယ့်စည်းကို စောင့်ကြစေချင်တယ်… ထက်ထက်ရဲ့
မကျန်းမာလို့ သေဆုံးသွားတဲ့ ကလေးအကြောင်းကို မညှာတာ မစာနာ ဘဲ
မေးခွန်းထုတ်တာတော့ ပါးရိုက်တာတောင် နဲသေးတယ်။မေးတဲ့အချိန်မှာလ ည်း
ဘယ်လိုမျက်နှာထားနဲမေးလဲမှ မသိတာ..လူတွေက ကိုယ် မဖြစ်သေးတော့ သူများကို
ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့.. မင်းသမီးလည်း လူဘဲ. .စော်ကားတာ ခံရပေါင်း
များလာတော့ ဘယ်သူမှ သည်းမခံနိုင်ဘူး.. ဘုရားရဟန္တာမှ မဟုတ်သေးတာ..
မစော်ကားရဲတဲ့ မင်းသမီးတွေ ကျတော့ ဘာလို့ မပြောရဲ မမေးရဲကြ
တာလည်း..သူများကို ချောင်ပိတ် မေးထားတဲ့ မေးခွန်းဘဲ.. ဖားအော်တာဘဲ
လူသိတယ်..မြွေ ကိုက်တာတော့ မသိဘူး ဆိုတာလိုပေါ့…

တေဇ မိန်းမနဲ့ ကိုင်ဇာနဲ့ ဖြစ်နေတာတွေ ရေပြသနာတွေ ကျတော့
ကိုယ်ရွှေစာနယ်ဇင်းတွေက နှာစေးနေတယ်
လူထုသိသင့်တာကို အသိပေးရမယ်ဆိုတဲ့ စာနယ်ဇင်းသမားတို့ မင်္ဂလာဈေး
မီးလောင်တာ ဝိုင်ယာရှော့ဖြစ်တာလို့ကြာ းတယ် အဲဒါကို သက်ဆိုင်ရာ
စွမ်းအင်နဲ့လျှပ်စစ် ဝန်ကြီးဌာန ကို သူတို့တာဝန်ပေါ့လျော့မှုအတွ က်
နစ်နာခဲ့ရသူတွေအပေါ် ဘယ်လို Responsibility ယူမလဲဆိုတဲ့
မေးခွန်းကိုမေးမလားဆိုတာမျိုးကိ ု စောင့်ကြည့်ရမယ် အဲဒီလိုကိစ္စတွေကရော
တိုင်းပြည်ရဲ့စတုတ္ထမန်ဒိုင ် အတွက်အရေးမကြီးဘူးလား အဲဒါတွေကျတော့
လစ်လျူရှုနေကြတယ် မမေးသင့်တဲ့မေးခွန်းကိုမေး လို့ ပြသနာဖြစ်တော့မှ
ထက်ထက်ကို နစ်နာအောင် အုံလိုက်ကျင်းလိုက် ဝိုင်းတိုက်ခိုက်နေတဲ့
မြန်မာပြည် စာနယ်ဇင်းလောကကိုလည်း စိတ်ပျက်မိပါတယ်

စာနယ်ဇင်းက ဂျာနယ်လစ် အမျိုးသမီးမေးလိုက်တာကိုက UDHR (Universal
Declaration of Human Rights) လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေးကြေငြာစာတန်း က အပိုဒ် ၁၂ ဖြစ်တဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့် ကို
ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲ လူထုကို အသိပညာပေးနေတဲ့
စာနယ်ဇင်းတွေ ကိုယ်တိုင်ကိုက လူ့အခွင့်အရေးနဲ့ သူ့အခွင့်အရေးကို
နားလည်သဘောပေါက်မှုမရှိတာ ကျွန်တော်တို့ နိုင်ငံအတွက်စိတ်မကောင်းစရ ာပါ

5 comments

  • လင်းဝေကျော်

    June 23, 2010 at 2:44 am

    ကျနော်က စာနယ်ဇင်းငကြောင်တွေဘက်ကလည်းမဟုတ်ဘူး၊ ရုပ်ရှင်ဟာမတွေက ဘာ သာသာမှန်းလည်းသိနေတဲ့သူ။
    ဒီကိစ္စက တကယ်အရေးမပါပေမယ့် ပြောနေကြတာကို အမြင်လွဲမှာ စိုးလို့ ဝင်ပြောပါရစေ။

    ၁။ မေးခွန်းမေးလိုက်တဲ့ကောင်မလေး က ရိုင်းတာမေးတာမဟုတ်ဘူးလေ “ဘဝကို အကြိမ်ကြိမ်ပြန်စ….” လို့မေးတာ။
    အခု ဥပမာပေးပြောနေတဲ့ ခပ်ရိုင်းရိုင်းမေးခွန်းမဟုတ်ဘူး။
    ၂။ လုပ်တဲ့ အလုပ်က လူလုံးပြစားပြီး လူတွေဆီက ပိုက်ဆံယူတာမျိုးဆိုတော့ သူ့အတင်းအဖျင်းကို လူတွေအတွက်ရေးကြပြောကြတာပေါ့။
    ဒီလို အလုပ်လုပ်တဲ့သူကို ဒီလိုမေးတာကတော့ မေးလို့ရပါတယ်။
    ၃။ သတင်းထောက်ဆိုတာ အမျိုးမျိုးရှိပါတယ်၊ ဒီကောင်မလေး ကတော့ ဒီလိုပဲမေးရမယ့် အဆင့်မျိုးကိုး။
    ဒါမျိုးဖတ်ချင်တဲ့သူဆိုတာ အမေရိက မှာရော ထိုင်ဝမ်မှာရော အာဖရိကမှာပါ နေရာတိုင်းရှိတယ်။
    ၄။ပုဂ္ဂလိက လွပ်လပ်ခွင့်မှာ အဲဒီလို မိန်းမ၊လူတွေ နဲ့ စာနယ်ဇင်း အင်တာဗျုးတွေက မဆိုင်ပါ။
    ၅။ တကယ်မဖြေချင်ရင် ပြန်လိုက်တော့ သွားသွား ပြောလိုက်ပြီးပြီလေ။ ဘာဖြစ်လို့ ရိုင်းတာတုန်း အတန်းက အကျင့်တွေ ပေါ်လာတာလား ?

    အဓိက ကတော့ လူလူချင်းစော်ကားတာကို မကြိုက်တာပါ။ ပါးရိုက်နားရိုက် လုပ်ပြီး နှိမ်ချင်တတ်တာကို မကြိုက်တာ။
    သူလည်း လမ်းဘေးက လာလို့ ဘဝပျက်ခံ ကြိုးစားလာပြီုး မိန်းမကောင်းလေးတွေသွားနှိမ်တာတော့ လက်မခံချင်လို့။

  • yannaingech

    June 23, 2010 at 3:49 am

    မမေးသင့်တဲ့မေးခွန်းမရှိ ဆိုတာကိုတော့ လက်မခံပါ။ သို့သော် ထက်ထက်ကိစ္စမှာတော့ ထက်ထက်မှားတာပိုများတယ်ထင်ပါတယ်…

  • snow

    June 23, 2010 at 4:19 am

    တယောက်နဲ့တယောက်နားလည်မှုမရှိကြတော့
    ဆိုးတယ်
    မာနတွေနဲ ့ပြိုင်နေတာကိုး

  • onlinezz

    June 23, 2010 at 7:33 am

    ဒါကလည်း မပြီးနိူင်ကြတော့ဘူး…
    ၂ယောက်လုံး သူတို ့အဆင့် သူတို ့ဖော်ပြနေတာ…တော်ကြရောပေါ့ကွယ်…

  • ayethidarzin

    June 23, 2010 at 8:27 am

    ရေးထားတာလေးကတော့ မှန်ပါတယ် ဒီလိုဘဲ ပြောသင့်တယ်လို့ ထင်တယ် လူတွေအားလုံးက ဒါဆို ကိုယ်လဲ လိုက်မှန်လိုက်တဲ့ သူမျိုးတွေဆိုရင်တော့ ကန့်ကွက်လိမ့်မယ် ဒီဆောင်းပါးကို..

Leave a Reply