နေပြည်တော် အမြန်လမ်းပေါ်မှာ အမြန်ယဉ်တစ်စီးကို သေနတ်နှင့် ပစ်ခတ်မှု ဖြစ်ပွား

black chawJune 14, 20121min24825

အင်း ဒီရက်ပိုင်း လုပ်ကိုင်စားသောက်ရတာ တယ်မလွယ်ဘူး ကျောင်းဒကာကြီးတို့ရေ။
ဘာသာရေးလိုလို လူမျိုးရေးလိုလို အသွင်ယူထားတဲ့ ပဋိပက္ခသတင်းတွေနဲ့ မွန်းကျပ်လှောင်အိုက်လို့…။
ပြီးတော့ ရာဇာရွှေတိုက်တို့ ရာဇာဖက်ကက် တို့ ရဲ့
စိတ်မကောင်းစရာ သဘောထားကွဲလွဲမှုသတင်းတွေကလည်း လူတွေကို
ဖီလင်အမျိုးမျိုးပေးလို့…။
ဟေးဟေး…။
နောက်တစ်ခုက
ရခိုင် ဒေသ က လူတွေ (လူတွေလို့ ရှင်းရှင်းလင်းလင်းကြီး ရေးထားတယ်နော် ဝတုတ်ရေ) ကို
ကူညီတဲ့အနေနဲ့ လက်ဆောင်ပေးကြမယ်ဆိုပြီး နှိုးကြဆော်ကြတော့
ကက်ပ်တိန် FR ကြီးက သူ့ လစာ သိန်းတစ်ရာလောက်ထဲက
ရက်ရက်ရောရော ငါးသိန်း ဆိုပြီး မတည်လိုက်ပါလေရော ကျောင်းဒကာရေ။
အဲဒါနဲ့ ဟိုက တစ်သိန်း၊ ဒီက တစ်သိန်း တွေကလည်း ပါဝင်လာကြပါလေရောဗျာ။
ကဲ ဒီလောက် ထက်သန်တက်ကြွနေကြတဲ့ လူတွေထဲတော့
ဘလက်လည်း ပါတီကိုစီပိတ်မယ်လုပ်ပြီး ဖြစ်ချင်ရာဖြစ်ကွာဆိုတဲ့အတွေးနဲ့
ကျပ်ငွေ ငါးသောင်းတိတိကို လူကြားကောင်းအောင် အော်ဟစ်ပြောဆိုပြီးသကာလ
ကယ်တင်ရှင်ကြီး အလှူရှင်ကြီး ပုံစံမျိုးနဲ့ ခန့်ခန့်ကြီးပေါ့ခင်ဗျာ…။
မျက်စိစုံမှိတ် လှူ ပစ်လိုက်တယ်ပေါ့…။
ဒါတောင် အကြွေးနော်..။ ချက်ခြင်းကြီးပေးရသေးတာမှမဟုတ်တာ…။ ဟေးဟေး။
ပြီးတော့မှ ငါးသောင်းရဖို့ကို ပလန်ချပြီး ကြံရဖန်ရပေတယ်ပေါ့ဗျာ…။
ရပေါက်ရလမ်းကြည့်လိုက်တော့ အမေရိကားမှာ ခန့်ခန့်ကြီးထိုင်ပြီး
ကီးဘုတ်တစ်လုံးကို အဝေးထိန်း ရီမုတ်ကွန်ထရိုးလေးလို သုံးပြီး
တစ်ကမ္ဘာလုံးက မြန်မာတွေကို စီစဉ်ညွှန်ကြားနေသော သူကြီး ကို သွားသတိရတယ်။
အင်း သူကြီးဆီကပဲ ပြန်ဖန်တော့မယ်လို့ ဆုံးဖြတ်ပြီး
အလှူငွေ ငါးသောင်း ရအောင် ဒီရက်ပိုင်း ပွိုင့်တွေနဲ့ ရှာရဖွေရတယ်ပေါ့ ကျောင်းဒကာတို့ရေ။
ဟိုတစ်နေ့က ရွာ့ဆယ်လဗျစ်တီ ပေါက်ဖေါ် မွေးနေ့တဲ့။ သတင်းအနံ့ရတာနဲ့ ဘာပြောကောင်းမလဲ..။
ဟက်ပီဘတ်ဒေးပေါ့။ ဆော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်တွေဘာတွေကို စာလေးဆယ်ကြောင်းလောက်ရေးချထည့်လိုက်ပြီး
ပို့စ်တစ်ပုဒ်တင်တယ်ပေါ့ဗျာ။
ဒီကောင်က လူချစ်လူခင်များတဲ့သူကိုးဗျ နော။
ပို့စ်တင်ခ က ၃၀။
ကွန်းမန့်တွေက ၇ဝ ကျော်ဆိုတော့ ၂၀ဝ နီးပါး စည်သွားတယ်ဗျာ။
သိတယ်မဟုတ်လား …။ ဒီလိုပဲ ရှာရဖွေရတာပဲလေ… နော့။
တစ်နေ့ကညက ဖက်ကက်နဲ့ ရွှေတိုက် နှစ်ယောက်သား လင်နဲ့မယား လျှာနဲ့သွားလို
စားရင်းသောက်ရင်း ကိုက်မိကြပြန်တယ်ပေါ့ဗျာ။
ဘလက်ကျွန်ုပ်ကလည်း တစ်ချက်တော့ဖြင့် ဟုတ်ပြီဆိုပြီး
မနေ့က မနက်က နှစ်ယောက်လုံးကို ဆီမာဆတ် နဲ့ ဖျာယောင်းပြီး
ဂရန်းမီးရထား ဟော်တယ်ထဲ ရောက်အောင် ကြံစည်…။
ပြီးတော့မှ … ဓါတ်ပုံတစ်ပုံရအောင် ထိုးဇာတ်ခင်းလုပ်ကြံပြီး
ပို့စ်တစ်ပုဒ်တင် .. ။ ဒါလည်း ကိုက်တာပဲ ဗျ။
အခုတင်ပဲ ကွန်းမန့်က ၅ဝ ကျော်။
နေ့တွက်လေးတွေလည်း စည်လို့ကားလို့…။
ဒီနေ့ဘာရေးပြီး ပွိုင့်ရှာရမလဲ စဉ်းစားပြန်တယ်ပေါ့ခင်ဗျာ..။
ဒီနေ့တော့ ခေါင်းစဉ်ကောင်းကောင်းတစ်ခုရှာပြီး လုပ်စားဦးမယ်လို့ ဆုံးဖြတ်ပြီး
ဒီပို့စ်ကိုတင်ပါတယ်ဗျာ။
အရဂါးနောက်ထှာ…။ အတည်ရေးမှာပါဗျ။
သတင်းထူးလေးတစ်ပုဒ်ဗျာ။
ကဲ သတင်းလေး က အန်ဗွိုင်းဂျာနယ်ထဲပါခဲ့တာဗျ။
သတင်းခေါင်းစဉ်က

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ မိုင်တိုင် (၇၂) အနီးတွင် အဝေးပြေးမော်တော်ယဉ်အား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟုဆို

တဲ့။
ယဉ်လိုင်းနာမည်တော့ ဘယ်သူ့ကိုကြောက်လို့လည်း မဆိုနိုင်ဘူးပေါ့ဗျာ။ မဖေါ်ပြထားဘူးဗျ။
ယဉ်ပေါ်ပါ ခရီးသည်တစ်ဦးရဲ့ အဆိုက ဒီလိုဗျ။

“ဒိုင်းကနဲ သေနတ်သံကြားလိုက်ရတယ်၊ အမြန်ကားပေါ်ပါလာတဲ့သူတွေအားလုံးခေါင်းတွေဝပ်ပြီး ကားသမားကလည်း
အတင်းမောင်းပြေးခဲ့ရတယ်။ ကျွန်တော့်ခေါင်းပေါ်က လေးလက်မလောက်ပဲကွာမယ်။ ကားကြီးရဲ့ဘေးမှန်တွေကို ဟိုဘက်ဒီဘက်
ထုတ်ချင်းပေါက်ကွဲထွက်သွားတာပဲ”

ခရီးသည်က နယ်ဘက်ဝန်ထမ်း တပ်မတော်အရာရှိတစ်ဦးတဲ့နော်။
ပစ်ခတ်တဲ့နေရာကလည်း မိုင်တိုင်အမှတ် ၇၂ လောက်မှာတဲ့ဗျ။
ကဲ ဘယ်သူပစ်တာလဲ။
ဘယ်အဖွဲ့အစည်းက ပစ်တာလဲ။
ဘယ်လိုရည်ရွယ်ချက်နဲ့ ပစ်တာလဲ။
ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့ဗျာ။
နေပြည်တော် လမ်းမကြီးပေါ်မှာတောင် သေနတ်ကိုင်ပြီး ရမ်းကားမယ့်သူ ရောက်နေပြီဆိုတော့ သိတ်တော့ မဟုတ်လှသေးဘူးဗျ။
တကယ်လို့များ သေနတ်ကျည်ဆံဟာ အရှိန်နဲ့မောင်းနေတဲ့ ကားရဲ့ ယဉ်မောင်းသူကိုသာ ထိလိုက်လို့ကတော့…။
ဆက်သာတွေးကြည့်တော့ဗျာ။
ကဲ ဒီပို့စ်ကို အဆုံးသတ်မယ်ဗျာ။
သတိလေးတွေနဲ့ သွားကြလာကြမယ်။
သတိလေးတွေနဲ့ နေကြထိုင်ကြမယ် ပေါ့ ကျောင်းဒကာတို့ရေ။
ဗီးရှင်းအရေးကြီးတယ်နော်…။
အင်း..။
ဒီရက်ပိုင်းတော့ ဆူလွယ်နပ်လွယ် ဒီလိုပဲ ရှာစားဖွေစားရတာပဲဗျာ။
အလှူရှင်ကြီး ဦးဘလက်…။

25 comments

  • water-melon

    June 14, 2012 at 10:24 am

    အမလေး အဲလိုတောင်ဖစ်နေပြီလား
    နာလဲ သေနပ်လည်း ဝယ်ထားအုန်းမှ
    သရက်သီးသနပ်ပြောတာပါ
    😀

  • hein latt

    June 14, 2012 at 10:36 am

    ဟယ်…….မမှတ်သေးဘူး……….
    ဟိုပိုစ့်ထဲဂလို…..မြှောင်းထဲဂဆီဒွေနဲ.လုပ်ထားမှဖြင့်……..

  • Mr. human

    June 14, 2012 at 10:41 am

    အင်း ..လုပ်ရပ်တွေက တော့ သဘောပေါက်လောက်ပါပြီ
    ဆရာကြီး ဦး ဘလက် နေပြည်တော် တောင် ရို ဟင်ဂျာ ရောက်နေပြီလား
    သေနတ်တွေ …။
    ဒီသေနတ်က ဘယ်ကရတာလဲ
    အကြမ်းဖက်က နေပြည်တော်နားတောင်ရောက်နိုင်တယ် ဆိုတော့ ဒီလူတော်တယ်ဗျာနော့

    ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ မိုင်တိုင် (၇၂) အနီးတွင်
    အဝေးပြေးမော်တော်ယဉ်အား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟုဆို
    တော်တော် စဉ်းစားရကြပ်သွားတယ်။ အင်းးးးးးးးးးးးးး

  • blackchaw

    June 14, 2012 at 10:44 am

    ကိုယ့်အတွေးနဲ့ ကိုယ်လို့ ရေးထားတယ်နော် မစ္စတာ ဟူးမန်းရေ.။
    အိုင်ကျူရှိသလောက်တွေးပေါ့ဗျာ။
    ဟိုညှိဒီညှိမလုပ်ပါနဲ့ ဆရာကြီး ဟူးမန်းရေ။
    :mrgreen:

  • Shwe Ei

    June 14, 2012 at 10:48 am

    နေပြည်တော်ရောက်တာတော့ ရောက်ပေ့စေဗျာ မတတ်နိုင်ဝူး ဟိုမှာခုခံမဲ့လူတွေအပုံဂျီး သူပစ် ကိုယ်ပစ်နဲ့ ပျော်စရာတောင်ကောင်းနေအုံးမယ်။ ဦးဦး ဘလက် အလှူငွေ တသိန်းလောက်ထဲ့နိုင်ပါစေ 😀

  • Moe Z

    June 14, 2012 at 10:50 am

    ကျေးဇူး ဘဘ ဘလက် အခုမှသိရတဲ့သတင်းပဲ
    သတင်းကို သတင်းလိုဖတ်သွားပါတယ်
    (ကိုယ့်အတွေးနဲ့ကိုယ်)ဆိုရင်တော့ ရှော့ခ်ခ်ခ် :mrgreen:
    အဟိ .. တစ်ဆယ်ရပြီ

  • စိန်ဗိုက်ဗိုက်

    June 14, 2012 at 10:52 am

    သိဘီ..သိဘီ
    အဲဒါ ကြောင်ဝတုတ် စေခိုင်းချက်အရ ကားပေါ်မှာ ကြောင်ဂျီးပါဒယ်ဆိုတဲ့သတင်းရလို ့ အာဂကို စနိုက်ဗာနဲ ့ လန်ကြုတ်ခိုင်းတာ..
    စုံထောက် အောင်တိုက် အမြန်ဖော်ထုတ်ပေးပါလိ့မ်မယ်.
    တိန်…
    ကောင်းကော…

  • Thel Nu Aye

    June 14, 2012 at 11:07 am

    မြတ်မန္တလာထွန်းလို့ပြောပါတယ်။ ကြားတာပြောတာနော်။ ဖွတာမဟုတ်။ တချက်ထဲပေမဲ့လဲ အတော်တော့ စိုးရိမ်စရာပါ။ အဝေးပြေးလမ်းကလုံခြုံရေးကော၊ ကူညီရေးရေ၊ အရေးပေါ်အတွက်ကော အင်မတန်အားနဲ ပါတယ်။ အခုတလောခရီးမသွားတာပိုကောင်းမယ်ထင်တယ်။

  • htet way

    June 14, 2012 at 11:39 am

    ဒီရက်ပိုင်း ဆရာ ဘလက် တော်တော်ရေးနိုင်တာကိုတွေ့ရတယ်ဗျာ
    ဒီလို ဆိုတော့ လည်း ကျွန်တော် ဝမ်းသာမိပါတယ်
    ကျွန်တော် လည်း ခင်ဗျား စာတွေကို အားပေး နေပါတယ်
    ဆရာဘလက် ကျန်းမာရွှင်လန်းပါစေ။
    အေးအေးဆေးဆေး တွေ့ချင်သော်လည်း ခရီး မထွက်ဖြစ်သေးလို့
    ရန်ကုန် မရောက်နိုင်သေးတာပါ သတိရပါတယ်

  • blackchaw

    June 14, 2012 at 11:42 am

    ဒီရက်ပိုင်း ပို့စ်တွေတက်နေပေမယ့်
    ပေါ့ပေါ့ပါးပါး ရေးလို့ရတာလေးတွေပဲ တက်နေတာပါ ဆရာထက်ရေ။
    ကျွန်တော့် လက်ပ်တော့လေး ကတော့
    ရွှေတိုက်စိုးရဲ့ ကယ်တင်မှုနဲ့ ပြန်လည် အသက်ဆက်နိုင်ခဲ့ပါပြီ။
    သို့သော် အေးအေးဆေးဆေး ထိုင်ပြီး စာမရေးနိုင်သေးပါဘူး။
    ဆူလွယ်နပ်လွယ် မြန်မြန်ရေး မြန်မြန်တင်လို့ ရတာလေးတွေကိုပဲ
    ပို့စ်လုပ်ပြီးတင်နေတာပါ။
    ရွာသူားတွေအတွက် စိတ်ပြေလက်ပျောက် ဖြစ်ရင် တော်ပြီ ဆိုတဲ့ စိတ်လေးနဲ့ပါဗျာ။
    အားပေးတာ ကျေးဇူးပါ ဆရာထက်ရေ။
    😀

  • Azzurri

    June 14, 2012 at 11:50 am

    တသက်နဲ့တကိုယ်ဗျာ ..ပစ်သတ်မယ် ..ကြိမ်းခံ တခါပဲ ထိဖူးတယ်…
    အရပ် ခပ်ပြတ်ပြတ်နဲ့လေ … အင်း ….ဒင်းလက်ချက်လား မသိ..
    :mrgreen:
    အာဟိ…

  • Mလုလင်

    June 14, 2012 at 12:21 pm

    ကြားတာထပ် ပြောရရင် .. ညဘက် တွေမှာ အုတ်နီခဲ တို့ ကျောက်ခဲ အကြီးတွေ တို့ လမ်းပေါ် ချချ ထားတတ်ပါကြောင်း …။

    • amatmin

      June 14, 2012 at 12:31 pm

      ကိုလုလင်ပြောပုံအရဆို..
      ကားမှောက်ရင် ကူညီချင်တဲ့လူတွေများလားမသိ 🙂

      ကြားသမျှသတင်းနောက်ကို လို်က်ရင်းနဲ့ မောလှပီမို့..
      ကိုဘလက်ပြောသလို သတင်းကို သတင်းလို့ဖတ်ရင်း
      ကိုယ့်အတွက် ငွေတဆယ်ဖန်သွားပါတယ်ဗျ 😛

      • Mလုလင်

        June 14, 2012 at 12:49 pm

        ထပ် လိုက် … ရရင် .. ရွှေလုပ်သား တွေ ကလဲ …..

      • water-melon

        June 14, 2012 at 2:11 pm

        ကိုမတ် ၆ ကျပ်ဖြစ်သွားပြီဗျ
        သူကြီးအခုတလောဘိုင်ပြတ်နေတယ်လို့ သူ့တူမ ကျွန်တော်ချစ်ချစ်ကပြောတယ် 🙂

        • amatmin

          June 14, 2012 at 2:31 pm

          ကိုယ့်ညီ မသိသေးဘူးထင်တယ်..
          အခုက ပွိုင့်စနစ်ပြောင်းလိုက်သဟ..
          ဘယ်ပို့စ်မန့်မန့် စမန့်တာနဲ့ တဆယ်..
          ထိုပို့စ်မှာ ထပ်မန့်ရင် ပွိုင့်မပေးတော့ဘူး..
          ပို့စ်ပိုင်ရှင်ကတော့ အဲဗား ၂ ကျပ်ရမယ်..
          ဆိုတော့ ကိုဘလက်..ရော့ ၂ကျပ်.
          ကိုယ်ကတော့ ၇၅ရ ခုမြောက်ကွန်မန့်ဖြစ်ပါကြောင်း. 🙂

  • မောင်ပေ

    June 14, 2012 at 1:11 pm

    ဘုရား ဘုရား ဘုရား
    ကြားရတာ သဲထိတ်ရင်ဖို ဖြစ်မိသဗျာ
    အနိစ္စ ဒုက္ခ
    ဗုဒ္ဓ ကယ်ပါ့ ဘုရား ။

  • Ma Ei

    June 14, 2012 at 1:18 pm

    တကယ်လို့များ သေနတ်ကျည်ဆံဟာ
    အရှိန်နဲ့မောင်းနေတဲ့ ကားရဲ့
    ယာဉ်မောင်းသူကိုသာ ထိလိုက်လို့ကတော့…။
    ဆက်သာတွေးကြည့်တော့ဗျာ။….

    တွေးတောင်မတွေးရဲပါဘူး…

  • သားဦး၊မြေးဦး

    June 14, 2012 at 1:26 pm

    တော်သေးသဗျာ ဘယ်သူမှမထိခိုက်ကြပေလို ့။
    သေနတ်ရှိသူဆိုတော့ဗျာ—-!!!!

  • blackchaw

    June 14, 2012 at 2:33 pm

    အမတ်မင်းရေ။
    ဖရဲလေးနားလည်အောင် သေချာရှင်းပြပါဟ။
    အစ်ကို့ပို့စ်မှာ နားမလည်မခြင်း ရှင်းပြနော်။
    အားမနာနဲ့ဗျ.။
    ဒီလိုပဲ လုပ်ကိုင်စားသောက်နေရတာပါပဲ ဗျာ..။
    :mrgreen:

  • hein latt

    June 14, 2012 at 2:56 pm

    ဆီတိုင်ကီသာမှန်ရင် အမျိုးပြုတ်ဘဲဗျို………။

  • ရန်ကုန်သား

    June 14, 2012 at 5:13 pm

    အနော်တို့ဆီမှာလဲ မနက်ဖြန် ကလေးတွေကို ကျောင်းမပို့ ကြ ဘူးတဲ့…
    ကောလဟာလတွေ ထွက်နေတာကိုး…
    မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ… အားလုံးမှာတာဝန်ရှိပါတယ်ဗျာ…

  • memeseku

    June 14, 2012 at 5:23 pm

    ကျနော်တော့ logical ကျကျတွေးပါတယ်…နေ ပြည်တော်… စစ်တပ်အသိုင်းအဝိုင်း ထိုနေရာမျိုးမှာသေနတ်ကိုင်တာ သူတို့တွေပါပဲ ထင်ရတာက sniper rifle ပုံစံပါ….
    ရိုဟင်ဂျာက စစ်တပ်ကိုပြဿနာရှာစရာမလိုပါ… နောက်ပြီးပစ်ခံရတာက တပ်မတော်သားကိုယ်တော်…
    တန်တော့သူတို့ဟာသူတို့ထောင်းတာပါ.. စောင့်ပစ်တာပေါ့နော်… ထင်တာပါ… နောက်တစ်ချက်က သတင်းအတိအကျရထားတယ်… ထင်တာပဲဒါလဲ… ကြိုစောင့်နေဖို့ဆိုတာ… နယ်မြေပိုင်… ကျောဖက်လုံခြုံရေးကြည့်ပေးမယ့်လူရှိမှဖြစ်မှာပါ… နယ်မြေကျွမ်း ..ပစ်ပြီ..ဆုတ်ခွာတတ်ဖို့ လက်စဖျောက်တတ်ဖို့ဆိုတော့ ကာ… စစ်တပ်ထဲက သေနတ်နဲ.စစ်တပ်ထဲက လူလို့ ပဲကောက်ချက်ချပါတယ်….
    ပြေးပြီ ဗျို..
    အူးဗိုက် မတွေ့တာကြာပေါ့..
    🙂 🙂

  • nozomi

    June 14, 2012 at 5:36 pm

    ဆရာချော ရေ တိုက်တိုက်ဆိုင်ဆိုင်
    ကျန်းမာရေး ဂျာနယ် တစ်စောင်ထဲမှာ မာဂျေ ရေးထားတာလေးတွေ့လို့

    နေပြည်တော် အမြန်လမ်း မှာ ကားကို သေနတ်နဲ့ ပစ်တယ် ဆိုတဲ့ သတင်း ကြားလို့ ၊ လိုက်စုံစမ်းကြည့်တော့
    လေးခွ ဖြစ်နေတယ်တဲ့

    ဘယ်ဟာ အမှန် ဆိုတာ မသိပေမဲ့ လေးခွသတင်း အမှန်ဆိုရင်တော့ သေနတ်လောက် တော့ မဆိုးသေးဘူးလို့ တွေးရမှာပဲ အမြန်လမ်းက ညဘက် သွားဘို့တောင် ခပ်လန့်လန့်ပဲ

    တစ်ခါတုန်း က JJ နဲ့ နေပြည်တော်သွားရင်း ကားကို ခဲနဲ့ ပစ်တာ ခံရဘူးတယ်
    ခဲထိတဲ့ နေရာက ပေါက်သွားတယ် ကားထဲကို ခဲကျတယ်
    ထိ တဲ့ ဘေးနေရာတွေ အက်ကြောင်းလိုက်လာပြီး လမ်းတဝက်လောက်ကျ ကြွေကျကုန်တယ်

    ဆရာချော လဲ သွားသတိ လာသတိလေးတော့ ထားဦးနော
    ဘင်္ဂါလီပေါက်ပေါက် ဆိုတာ ရန်ကုန်မှာ နာမည်ကြီးနေတယ်

    • pooch

      June 14, 2012 at 9:14 pm

      ဟော့တော်… တနေ့ကပဲ ဘင်္ဂါလီ ပေါက်ပေါက်က ထွက်ရပ်ပေါက်သွားပြီ ဆို အသေထွက်ဆိုလား အရှင်ထွက်ဆိုလား ။ ထွက်ရပ်ပေါက်ပွဲအတွက် ဆုတောင်းစာလေးတောင် ရေးပေးလိုက်သေးတယ်။
      ခုတော့ ဒင်းက လေးခွကိုင်နေတာလား ။ :mrgreen:

Leave a Reply