အိုဘယ့် ယူရို

ムラカミJune 14, 20121min35748

ယူရို ၂၀၁၂ ကား စပြီ။
(ဟဲ့ တဝက်တောင် ကျိုးတော့မယ်လေ…)
သိဒယ် …ရှာရှေနဲ့ ဂလိုပဲ ရေးရတာပဲ….။

အုပ်စု အေ။ ပိုလန်၊ ဂရိ၊ ရုရှား၊ ချက်
အုပ်စု ဘီ။ ဟော်လန်၊ ဒိန်းမတ်၊ဂျာမနီ၊ ပေါ်တူဂီ
အုပ်စု စီ။ စပိန်၊ အီတလီ၊ အိုင်ယာလန်၊ ခရိုအေးရှား
အုပ်စု ဒီ။ ယူကရိန်း၊ ဆွီဒင်၊ ပြင်သစ်၊ အင်္ဂလန်
အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပေမည်။

အေ မှ (ပ) နှင့် ဘီ မှ (ဒု) ကွာတား ၁
ဘီ မှ (ပ) နှင့် အေ မှ (ဒု) ကွာတား ၂
စီ မှ (ပ) နှင့် ဒီ မှ (ဒု) ကွာတား ၃
ဒီ မှ (ပ) နှင့် စီ မှ (ဒု) ကွာတား ၄

ကွာတား ၁ (နိုင်သူ) နှင့် ကွာတား ၃ (နိုင်သူ) ဆီမီး ၁
ကွာတား ၂ (နိုင်သူ) နှင့် ကွာတား ၄ (နိုင်သူ) ဆီမီး ၂

တဖန်
ဆီမီး (၁) နိုင်သူ နှင့် ဆီမီး (၂) နိုင်သူ ဖိုင်နယ် အဖြစ် ကစားကြရမည်ဖြစ်သည်။

တခါက နာမည်ကျော် အဆိုအမိန့် တခု ရှိဖူးလေသည်။
လူတို့သည် တတိယ ကမာ္ဘစစ်ကို ဘောလုံးကွင်းအတွင်း တိုက်ကြလိမ့်မည် ဟူသတတ်။
ထို အချက်ကို ဆွဲ၍ အစဆွဲထုတ်ကြည့်ပေအံ့။

ယခု ပွဲ အချို့ ကစားပီးချိန် ခြေစွမ်းတွေကတော့ ပိတ်သတ်ကြီး မြင်တဲ့အတိုင်း…..
လန်-၄ လန် ကတော့ လန်ကျဖို့ များ သည့်အနေအထားတွင်ရှိသည်…
ဟော်လန် ကတော့ အပျော်ကြံသွားပေပြီ ….

ကျွန်ုပ် တခါက ဆိုဖူးသလို ရှား-၂ရှား သည် ဖျက်မြင်းကောင်း ဖြစ်လာမည် ဟုသောစကား
ဟုတ်မဟုတ် စောင့်ကြည့်ရပေအံ့…။
(ရွှီးမယ် ဆို ရွှီးမယ်ပေါ့ ..ဘယ့်နှယ့် )

အုပ်စုအေ ကို သုံးသပ်အံ့…

မာသာရုရှား သည် ယူကရိန်း-ပိုလန် မြေပေါ်တွင် ဂုဏ်သိက္ခာအတွက် …ရဲရဲရင့်ရင့် တိုက်ပွဲ ဝင်နေသတည်း။
ချက် ကို နိုင်ထားသော မာသာရုရှား အတွက် အုပ်စုမှ လှည့်ပြန်မည့် ဂရိ လက်ဆောင် သည် အဆင်သင့်စောင့်နေပေသည်။
ဒုတိယနေရာကိုတော့ ..ချက်-ပိုလန် လုရမည် ထင်မိသည်။ အိမ်ရှင်ဘက်က ရှိပါအိ။
ပ- ရုရှား ၊ ဒု- ပိုလန်။

အုပ်စုဘီ ကို သမ အဲ့အဲ့ လေကန်အံ့…။

လန်-၄လန် စာရင်း မဝင်သော ဒွိုက်ချ်လန် ခေါ် ပဉ္စမမြောက် -လန် ပါသော
ဂျာမနီ အသင်း သည် ချန်ပီယံ ခြေစွမ်းကို ထုတ်ပြနေအိ။ ဂရိတ်ဒိန်းတွေမှာလည်း
အသင်းလိုက် ရုန်းအား ကို မြင်တွေ့နေရပါသည်။ တောင်ပိုင်းက မျိုးနဲ့ရိုးနဲ့ ပင်လယ်ဒါးပြ လုပ်စား
အရက်ချက် စားနေတဲ့ ဘဲတွေလည်း ပြန်လာပီ ဟု ဆိုနိုင်ပေသည်။ လိမ္မော်သီးကတော့ ခြေစွမ်းနဲ့
စိတ်ဓါတ် ပြောင်းပြန်အချိုးကျ ရှာသော ကစားသမား တစုကို ပိုင်ထားသမို့ … ပိတ်သတ်ကြီးသိတော်မူသည့်
အတိုင်း ခွက်ခွက် လန် နေတော့သည်။
အနေအထားက ဒွိုက်စ် တွေ ဘယ်သူ့ကို တွဲခေါ်မလဲ ဖြစ်နေသည်။
သွင်းဂိုးလည်း များထားတာမို့ ..နည်းပြအဖွဲ့ ရေဒီယိုနားထောင်ရင်း ထိန်းကစားစေမည် ဟုထင်ပါသည်။
ပွဲစဉ်ဇယား ရေးဆွဲပုံ အရ အုပ်စုတွင်းမှ အသင်းများ(အဆင့်ဆင့် နိုင်လာပါက) ဖိုင်နယ်တွင် ပြန်တွေ့ဖွယ်ရာရှိသောကြောင့် အန္တရာယ်များသော
ပင်လယ်ဓါးပြတွေထက် ဒိန်းဒွေ ကို သယ်ချင်ပေလိမ့်မည်။ သည်တော့ …
ပင်လယ်ဓါးပြများနှင့် လိမ္မောသီး ပွဲကို သုံးသပ်ရလျင်ဖြင့် … မျှော်လင့်ချက်ရှိသေး သော ဓါးပြများ က ရုန်းကန်နိုင်ပီး
လိမ္မော်သီး ကတော့ အရှက်ပြေ ဒါမှမဟုတ်လည်း ရာခိုင်နှုန်း အလွန့်အလွန် မဟားဒယားနည်းသော
မျှော်လင့်ချက်အတွက် ရုန်းချင်ရုန်းဦးမပေါ့ဟု လိမ္မော်သီး နှစ်သက်သူတွေထင်ပေလိမ့်မည်…
ကျနော်ကတော့ ထိုသို့ မမြင်ပါ …စိတ်ဓါတ် မကောင်းလှသော ငတိများသည် မကြာမီပြန်စမည့် ဥရောပ ဘောလုံး
ရာသီအတွက် မထူးဇာတ်ခင်းပီး အနာခံ ဆော့လိမ့်မည် မဟုတ်ပါ….။ ခြေစွမ်းကောင်းသလောက် တကိုယ်ကောင်းဆန်
ကြသော စီအာရ်ဆဲဗင်း နှင့် အာရ်ပြောင် ရော်ဘင် တို့ စီးချင်းထိုးပွဲတည်း …။

ပ- ဂျာမနီ ၊ ဒု- ပေါ်တူဂီ။

မှတ်ချက်။ လိမ္မော်သီး အသင်း အားပေးသူများ စိတ်ဓါတ်ကျရန် ငြိုးငယ်ရန် စိတ်ထိခိယက်ရန်
(လောင်းကြေး ရှုံးလျင် ပေး လျော် လုံးဝ(လုံးဝ) မလိုပါ) အဘယ်ကြောင့်ဆိုသော် ယခု အရှုံးဂျီး ရှုံးသွားသည်မှာ
ဟော်လန် အသင်း မဟုတ်ဘဲ နယ်သာလန် အသင်းသာ ဖြစ်သောကြောင့် ပေတည်း….။
(အဟိ. ..အိုဘယ့် …ဂလက်စီ…)
အုပ်စု စီ ကို ဖောရှော လုပ်အံ့။
ဒုက္ခပေးနိုင်သော ရှား-၂ရှား စာရင်းဝင် ခရိုအေးရှား အသင်း ခြေစွမ်းကောင်းနေ၏။
ယခု ပီဇာ အသင်း နှင့် ကန်ကြမည်…။ သည်ပွဲကပင် အဆုံးအဖြတ် ပေးမည် ဖြစ်သည်။
သရေ ကျခဲ့လျင် နောက်ဆုံးပွဲ သွင်းဂိုး ဟက်တူဟက် ဘာညာ ကြည့်ရသည့်အဖြစ် ရောက်သွားပေမည်။
နွားရိုင်းသတ်သမားများ ..အိုင်ယာလန် ဘယ်နှဂိုး သွင်းမလဲ တွေးနေသူများ ကို တခု သတိပေးချင်အိ။
ကန်တင်ပြေး ပြီး ၅ယောက်တန်း ၂တန်းနှင့် စုပြုံပိတ် ဆော့သည့် အသင်းများနှင့် တွေ့လျင် ….
ညှပ်စိလေးဒွေပေါသော နွားရိုင်းသတ်သမားတွေ နားကားတတ်ပေသည်။
(အင်ဂလိကန် ကို ရှုံးသော ခြေစမ်းပွဲကို အမှတ်ရပါ)

ပီဇာရော နွားသတ်သမား ပါ အခြေအနေကောင်းခဲ့ပါမူ နောက်ဆုံးပွဲ ပီဇာချောင်ပီး
နွားသတ်သမား တိုင်ပတ်ပေတော့မည်။ အဘယ်ကြောင့်ဆိုသော် ၃မှတ်ရထားပီး ဖြစ်သည့် ခရိုအက်တွေသည်
ချန်ပလုံ သော ဘာသော နားလည်မှာ မဟုတ် ရုန်းကြမှာ ဖြစ် သောကြောင့်တည်း။
(အသင်းငယ်များမှ ကစားသမားများသည် နောက်ဆုံး ဖလားမရလျင်တောင် မကြာခင် ထွမ်စဖာ ပိရိယက် ဆိုတော့
…မားကတ္တင်း အက်ဖော့ထ် လို့ နှလုံးသွင်းကြမည်ပင်) ။
ပီဇာ ချောင်မည် ဟု ပြောရခြင်းမှာ အိုင်းရစ်ရှ် တွေ သာဘဲဥမကွဲပါက လျှော်ပေးမည်ဟု တွေးဆမိသောကြောင့်ပင်…
သူတို့နီးပြ က ထရောက်ပက်တိုနီ မဟုတ်ပါလား …။
ဖြစ်နိုင်ခြေ ရှိတာလေးတွေ တွေးကြည့်တာ သာဖြစ်ပါသည်….
သို့သော် ပုံမှန် လမ်းကြောင်း အတိုင်း သာဆိုလျင်တော့
ပ- စပိန် ၊ ဒု-အီတလီ

အုပ်စု ဒီ ဖြစ်အိ။
ဆွီဒင် ကို အင်ဂလိကန် မနိုင်နိုင်ပါ ဟု တွေးရင် စိတ်ဆိုး မလားမသိ။
သရေကျမည် ဟု ထင်ပါသည်။ ဟိုဘက် ပြင်သစ် ကလည်း ယူကရိန်း ကို သရေကျမည် ဆိုပါအံ့။
ယူကရိန်း -၄ မှတ်
ပြင်သစ်-၂ မှတ်
အင်ဂလိကန်-၂ မှတ်
ဆွီဒင် -၁ မှတ်

နောက်ဆုံးပွဲ
ယူကရိန်း – အင်ဂလိကန်
ပြင်သစ် – ဆွီဒင်
တွေ့မည်ဖြစ်သည်။ (ကိုယ့်ဟာကိုယ် တွေးကြည့်ကြပါ)

သည်ဂရု က ခြေစွမ်းတွေက ပိန်မသာ လိမ်မသာ တွေမို့ ဆက်မှန်းရန် မတတ်တော့…။
သို့သော် …အသင်းဂျီး ဆိုသော မျက်နှာကိုထောက်၍
ပ- ပြင်သစ်။ ဒု-အင်ဂလိကန် လို့သာ ရွေးချင်ပါသည်။

သည်တော့ ကွာတား လမ်းကြောင်း စပြီ
ရုရှား – ပေါ်တူဂီ —-(1)
ဂျာမနီ – ပိုလန် —-(2)
စပိန်- အင်ဂလိကန် —-(3)
ပြင်သစ်-အီတလီ —-(4)

သည်လို တွေ့မည်ဖြစ်သည်။
ထို့နောက်
1 Vs 3
2 Vs 4 ဆိုတော့
(ဥပမာ နော…)
ပေါ်တူဂီ- စပိန်
ဂျာမနီ- အီတလီ
တို့ ဖြစ်လာပေလိမ့်မည်။
ခန့်မှန်းချက်များ ဘယ်လောက် တက်တက်စင် လွဲဦးမယ် မသိသဖြင့်…
ကွာတားနောက်ပိုင်းကိုတော့ဖြင့် အုပ်စု နောက်ဆုံးပွဲ ကစားပြီးတော့မှ
ပွဲပယ် ဒဏ်ရာ ကစားကွက် ခြေစွမ်း အရန် အင်အား ..စတာတွေ
ထည့်သွင်းခန့်မှန်း ရေးသားပါဦးမည်။
(တိန်… လွဲလည်း ရေးဦးမှာပဲ တဲ့…)
ကျုပ်ကတော့ အီတာလီယာ အသင်းကိုပဲ ထုံးစံအတိုင်း အားပေးပါသည်။
တော်သေးဘီ ခင်တဲ့
ဂီ

48 comments

  • စိန်ဗိုက်ဗိုက်

    June 14, 2012 at 12:55 pm

    များလဲ အီ၁လီဘဲ…ခိုက်သဗျ..
    အီ၁လီအသင်းမှာ ၁၁ ယောက် ကန်တာတော့ သိတယ်..ဘူတွေလဲတော့မသိ…အဟိ..
    ဗျစ်..ဘဒစ်..တစ်..

  • Moe Z

    June 14, 2012 at 1:10 pm

    ဂလက်ဆီက ဘာတုန်း ဘယ်အသင်းရဲ့နာမည်ပြောင်လဲ :mrgreen:
    နောက်မှပြန်လာမယ် …

    အာ .. ပြန်ဝင်လည်း ထပ်မရတော့ဘူးဆိုတော့တစ်ခါတည်းပြောမယ်
    စပိန် 😆

    • Azzurri

      June 14, 2012 at 1:13 pm

      စပိန် အသင်း ဗိုလ်မစွဲ နိုင်သော အကြောင်း အရင်းများ
      ၁။ ဘာနေဗျူးကွင်း မဟုတ်လို့ လူပုလေးဒွေ လဲကျတိုင်း တဖက်အသင်းသားတွေ အဝါ အနီ ထိမည် မဟုတ်ပါ။
      ၂။ တောကြက် နှင့် မက်ဆီ သည် စာလုံးပေါင်းရော အသံထွက်ပါ လုံးဝ ကွာပါသည်။
      ၃။ ဆေးလ်ဗား သည် စီအာရ်ဆဲဗင်း လောက် အပြေးမမြန် ခြေထောက် မသန် သောကြောင့်
      အလွန်ဆို ထံမှာ ဘောလုံး များများ ရရှိရန် မလွယ်ပါ။
      ၄။ ဇာဗီ သည် အကောင်းဆုံး အချိန်ကို ကျော်လွန်စ ပြုပြီ ဖြစ်သည်။
      ၅။ အန်နီယေစတာ ခြေစွမ်း ကောင်းသော်လည်း သန်မာထွားကျိုင်းသော နောက်တန်းတွေနှင့်
      တွေ့သည့်အခါ အလုပ် သိပ်မဖြစ်လှပါ။
      ၆။ ပူရိုးလ် မပါသော စပိန် နောက်တန်းသည် ထင်သလောက် မကျစ်လစ်ပါ။
      ၇။ တောကြက်မစွံလျင် အစားထိုး သုံးစရာ ဒေးဗစ် ဗူလယာ သည် နလံထ ဖြစ်ပါသည်။
      ၈။ တခါတရံ ရားမိုစ့် သည် မိုက်မဲ၏။
      ၉။ လွန်ခဲ့တဲ့ ၄နှစ်ကလူ- ကစားကွက် အတိုင်း ကစားနေသရွေ့တော့ အသင်းတိုင်း ခန့်မှန်းတတ်
      ပိတ်ကန်တတ်မည် ဖြစ်သည်။ (သည်အဆင့်မှာ မသိမသာ အချက် အနည်းငယ်သာကွာတတ်ပါသည်)
      ၁၀။ အဝတ်လဲခန်းအတွင်း မှ ရီးရဲလ်- ဘာကာ အက်ကြောင်း ရှိပါသည်။ (ဆာဂျီ ၊ ဂွာဒီယိုလာ ၊ မန်ဒီယက်တာ၊
      လူးစ်အင်ဒရီကေး ရာအူးလ် တို့ လက်ထက်က စပိန်အသင်း တွေလည်း မညံ့ခဲ့ပါ ..မစွံ ခဲ့တာကတော့
      သည်အချက်ကြောင့်ပင်)
      ၁၁။ ယူရိုသည် ၂ခါဆက် ဗိုလ်မစွဲ သည့်အသင်း မရှိဖူးသေး။
      ၁၂။ အခြားအသင်းများအတွက် အလွန် ချိုမြိန်စွာ သုံးဆောင်ချင်သော ချန်ပလုံကို တီးရတဲ့ အရသာ ။

      • Moe Z

        July 2, 2012 at 8:11 am

        အဟိ … စိတ်မကောင်းပါဘူးကွယ် 😆

        • Azzurri

          July 2, 2012 at 8:22 am

          တခုတ်တရ ကို ပြန်ရှာပီး တီးတော့တာကိုး …
          လုပ်ပေါ့အေ….. အနိုင်မဟုတ်ရင် အရှုံးပဲ ရှိတယ်မဟုတ်လား..
          (အားနာပါးနာ နှစ်သိမ့်မယ် မရှိဘူး …)
          ဟွန့်…
          ဂယ်ပဲ စိတ်ထိခိယက်သွားဘီ…

          :'(

  • amatmin

    June 14, 2012 at 1:32 pm

    ဟော်လန်ဆိုတဲ့ကောင် က အပျော်ကြံတယ်ဆိုတော့လည်း..
    ခင်မင်းရင်းစွဲရှိခဲ့ဘူးတဲ့ အင်္ဂလန်ဆိုတဲ့ ကို်ယ့်မြေမှာစိုးစံခဲ့သူကြီးကို.
    ဆက်အားပေးမည်..
    Fighting 3 Lions !! 🙂

    • Azzurri

      June 14, 2012 at 1:43 pm

      အင်္ဂလန် အသင်း ဗိုလ်မစွဲ နိုင်သော အကြောင်းတရားများ..

      ၁။ နည်းပြ အပြောင်းအလဲ ကြောင့် တည်ငြိမ်မှု မရှိခြင်း။
      ၂။ မဟာဗျူဟာ နည်းဗျူဟာ နှင့် နည်းစနစ်ပိုင်း ကမာ္ဘတန်း ဝင်သော နည်းပြ မဟုတ်ခြင်း။
      ၃။ ပရီးမီးယားလိဂ် အလယ်အလတ် အဆင့်ထက် မပိုသော လီဗာပူးလ် အသင်း အထာ ကစားခြင်း။
      ၄။ လူဖြူလူမည်း ပြဿနာ မပြီးဆုံးသေးခြင်း။
      ၅။ နောက်တန်း လူ ၂ယောက် နှင့် တောင်ပံ လူ ၂ယောက် အတွေ့အကြုံ နုနယ်လွန်းခြင်း။
      ၆။ ကွင်းလယ် ဖန်တီးရှင် မှာ အကောင်းဆုံး အခြေအနေတွင် မရှိခြင်း။
      ၇။ ချန်ပီယံလိဂ် ဖိုင်နယ် ကစားခဲ့သော ကစားသမားများ ကို မာန်တိုင် ပြုထားသောကြောင့် ကြံ့ခိုင်မှု နှင့် ဒဏ်ရာ
      ရာနှုန်းပြည့် ကင်းစင်မှု မရှိခြင်း။
      ၈။ အားထားရသော တိုက်စစ်မှူး ရှေ့ ၂ပွဲ မပါနိုင်သည့်အပြင် တိုက်စစ် အရံအင်အား ချိနဲ့ခြင်း။
      ၉။ နောက်တန်း ကို ဦးဆောင် ကွပ်ကဲစွမ်းသော ဂိုးသမား မရှိခြင်း။
      ၁၀။ အဆင်အလာ မပျက် ပွဲကြီး များတွင် ဂိုးသမားများ နမော်နမဲ့ နိုင်တတ်ခြင်း။
      ၁၁။ စိတ်ဓါတ် အနေအထား အားရစရာ မရှိခြင်း။
      ၁၂။ အခြားအသင်းများကို ကျော်ဖြတ်ပြီး ဗိုလ်စွဲ ရန် အကြောင်းပြချက် အားသာချက် တခုမှ မရှိခြင်း။

      • amatmin

        June 14, 2012 at 2:59 pm

        အင်္ဂလန်ကို ဖလားခြေအထိတော့ မမှန်းမိသေးပါ..
        သို့သော် ဟော်လန်ပြီးနောက်.အားပေးစရာအသင်းအဖြစ် ရွေးခြင်းပါ..
        သို့သော် ဖလားယူမည် တကဲကဲ အော်နေသော.
        အဇူရီ ကြီးအားလည်း စောင့်ကြည့်ပါမည့်အကြောင်း.. 😛

    • ကြောင်ဝတုတ်

      June 14, 2012 at 2:49 pm

      ကိုမတ်ကြီးရေ-
      အင်္ဂလန်မှာ ဘင်သံဖြင့်အိမ်ပြန်ခဲ့ရပေါင်းများခြေပြီ…
      အဇူရီအပြာကောင်တို့မည်သည် ဦးမော့ကာ ဖလားအိမ်သယ်သောအစဉ်အလာများစွာရှိခဲ့ပြီးဖြစ်၏
      အိမ်ပြန်မည့် ဘင်သံကို စောင့်မျှော်ရင်…
      အပြာကောင်တို့အောင်ပွဲကို စပက်ဂက်တီးစားပြီးစောင့်မျှော်နေမည်…

      အဇူရီပိတ်သတ်
      ကြောင်ဝတုတ်

  • blackchaw

    June 14, 2012 at 1:38 pm

    မြေပုံလေး လက်ကကိုင်ပြီး ခရီးသွားတော့
    လမ်းမပျောက်တော့ဘူးပေါ့။
    ခရီးလည်း တွင်တာပေါ့။
    ယူရို၂၀၁၂ လမ်းညွှန်မြေပုံ ကို အားပေးသွားပါတယ် ဂီဂီရေ့။
    :mrgreen:

  • ကြောင်ဝတုတ်

    June 14, 2012 at 1:50 pm

    အီတလီ…မှ…အီတလီ

    အဇူရီပိတ်သတ်-
    ကြောင်ဝတုတ်

    • Azzurri

      June 14, 2012 at 2:03 pm

      အီတလီအသင်း ဗိုလ်စွဲနိုင်သော အကြောင်းတရားများ။

      ၁။ ကမာ္ဘ့ အကောင်းဆုံး (၄ယောက်အနက် ၁ယောက်) ဂိုးသမား အကောင်းဆုံး အခြေအနေတွင်ရှိခြင်း။
      ၂။ လက်ရှိ ဥရောပ အကောင်းဆုံး နောက်တန်း သမားများ တာဝန်ယူခြင်း။
      (နောက်တန်း နှင့် ခံစစ်ကို အိုးလေဒီ တွင် လုပ်သည်။)
      ၃။ လုပ်ပွဲပြဿနာ ပြီး ကန်သော ပွဲကြီးများတွင် ဗိုလ်စွဲတတ်ခြင်း (၁၉၈၂..၂၀၀၆)
      ၄။ ကွင်းလယ် အင်အား စုဖွဲ့မှု ဖန်တီးမှု ကောင်းမွန်ခြင်း။
      ၅။ ရေပန်းမစားခြင်း။ ရေပန်းမစားသည့် နှစ်များတွင် ဗိုလ်စွဲတတ်ခြင်း။
      ၆။ အကောင်းဆုံး ကွင်းလယ် ကစားသမားများတွင် ၁ဦးအပါအဝင်ဖြစ်ပြီး ဖူးလ်ဘက် အထိ ဆင်းကစားတတ်သော
      ဒီရော့စီ လို ကစားသမား ရှိခြင်း။ မော်ဒန် လစ်ဘရို ၂.ဝ ဖြစ်လာမလား မဆိုနိုင်။
      ၇။ လက်ရှိ ဘောလုံးလောက၏ အကောင်းဆုံးသော ဖရီးကစ် အကန် ကောင်းသူ(ပီယာလို) ရှိခြင်း။
      (တန်းတူ ကွင်းလယ် ဖန်တီးရှင် ဟူ၍ စပိန်မှ ဇာဗီ တစ်ဦးသာ လောက်လောက်ငြားငြား ယှဉ်စရာ ရှိ)
      ၈။ ခန့်မှန်းရခက်ပြီး တိုးအားကောင်းသော တိုက်စစ်မှူးများ ရှိခြင်း။
      (စကေးလ် ပိုင်း သိပ်ကောင်းတဲ့ ကာဆာနို နဲ့ ကြံ့ခိုင်မှု သိပ်ကောင်းတဲ့ ဘာလိုတယ်လီ ..အကွက်မြင်တဲ့ ဒီနာတာလီ)
      ၉။ လက်ရှိနည်းပြ စတင် တာဝန်ယူသည့် ခြေစစ်ပွဲ တလျောက် လူစာရင်း တည်ငြိမ်ပြီး ခြေမှန်ခြင်း။
      ၁၀။ ကွင်းလယ် ကစားသမားများ ကစားပေါက် မတူညီခြင်း .. ကစားပေါက် လိုက်လျောညီထွေ ပြောင်းလဲနိုင်ခြင်း။
      ၁၁။ လမ်းကြောင်း အရ အုပ်စု နောက်ဆုံးပွဲ နှင့် ကွာတားဖိုင်နယ် တွင် ပွဲချောင် နိုင်ခြင်း။
      ၁၂။ ဒဏ်ရာ ပြဿနာ ကင်းပြီး စိတ်ဓါတ်ပိုင်း မာကျောခြင်း။
      (အစဉ်အလာအရ အထ နှေးတတ်ပေမယ့် ပွဲတန်ပို မြင့်လာလေ ပိုမာကျောလာလေ ကစားနိုင်ခြင်း။)

      • amatmin

        June 14, 2012 at 2:35 pm

        အဇူရီက ဖလားကိုင်မယ်ဆိုပါလား…
        ဖိုင်နယ်ကိုများ ဒင်းတို့တက်လာခဲ့ရင်..
        တဖက်အသင်းက အားပေးမည် ဖြစ်ပါကြောင်း.. 🙂

        • Azzurri

          June 14, 2012 at 3:00 pm

          အဲ့လာ ပြောရာပေါ့ ကိုမတ်ရဲ့ ..ဥရောပတလွှား မန်ယူအအောင်မြင်ခဲ့ဆုံး သော ၁၉၉၈ ဝန်းကျင်က
          မန်ယူ ဖရိမ်ဝါ့ခ် နဲ့ ဆော့တာနော ..
          နောက်မှာ နဗီးညီနောင်နဲ့ ဘရောင်း
          အလယ်မှာ စကိုလ်း နဲ့ ဘတ် ညာမှာ ဒေးဗစ်ဖားကန့်
          ရှေ့မှာ အန်ဒီကိုလ်း
          အဲ့ဒါတောင် ကွာတားဖိုင်နယ်လစ် (ကွာတာဖိုင်နယ် ရောက်ရင် လစ်ရော..)

          ခု ဟိုအလယ်အလတ်တန်း အသင်းလေးရဲ့ အမာခံတွေနဲ့ ဆော့မှာ ဆိုတော့…
          အင်း ….သိပ်မမျှော်လင့်ထားတော့ ခံစားရ သက်သာတာပေါ့ဗျာ..
          :mrgreen:

      • Pitbull

        June 14, 2012 at 10:20 pm

        သမီးကတော့ ဘာလော့တယ်လီကို ကြိုက်လို့ပါ
        သမီး သဲသဲ ခုတလော ဒူးချောင်နေတယ် ကြားပါတယ် သူ့ဆီကို ရုံးပတေသီး ပါဆယ်ပို့ဖို့ ကြိုးစားနေပါတယ်

        • Azzurri

          June 15, 2012 at 12:06 am

          အဟတ်…
          ပြောင်တယ်နော်. ..
          ပြောင်ပေါ့အေ….
          😛

  • blackchaw

    June 14, 2012 at 1:50 pm

    အင်္ဂလန် ကို ပြောထားလိုက်တာများ ရစရာကို မရှိတော့ဘူး။
    ဒါပေမယ့် အမှန်တွေဆိုတော့လည်း … ကိုယ်ဘာများတတ်နိုင်ဦးမှာလဲပေါ့ဗျာ။
    :mrgreen:

    • ကြောင်ဝတုတ်

      June 14, 2012 at 2:50 pm

      အားမတန်တော့လဲ မာန်လျော့ရတာပေါ့လေးလေးရယ်….

  • hein latt

    June 14, 2012 at 2:15 pm

    ဂျာမနီကွ…………နာဇီသွေးရဲရဲတောက်…..
    ဝေါ့ကပ်မရလို.အသားကုန်ရုန်းလိမ်.မယ်…..ကြည်.နေ။

    • Azzurri

      June 14, 2012 at 2:29 pm

      အလွန်အင်မတန် တောင့်တင်းပြီး ခြေစွမ်းပိုင်း ကောင်းမွန်နေသော
      ဂျာမနီ အသင်း ဗိုလ်မစွဲနိုင်သော ၁ခုတည်းသော အကြောင်းတရား။
      ၁။ အင်တာနေရှင်နယ် အဆင့် ပြိုင်ပွဲများ တွင် ဂျာမနီ သည် အီတလီ ၏ ငယ်နိုင် အသင်းဖြစ်ခြင်း။ (၂၁ကြိမ်တွင် ရကြိမ်နိုင် ၁၄ကြိမ်ရှုံး)

      :mrgreen:

    • ကြောင်ဝတုတ်

      June 14, 2012 at 2:46 pm

      ဂျာမနီအသင်းသည် အီတလီအသင်းအား ယှဉ်နိုင်စွမ်းမရှိဆိုသည်မှာ သေချာနေပါပြီ…

      အဇူရီပတ်သတ်-
      ကြောင်ဝတုတ်

  • blackchaw

    June 14, 2012 at 2:38 pm

    ဗိုလ်မစွဲလို့ ဖလားမရ တာကို ဝမ်းနည်းနေကြသူများ ဆက်သွယ်ကြပါ။
    မြောက်ဥက္ကလာမှာ ဖန်တီးစီရင်သော ဒန်ဖလားကြီးများ
    တစ်သင်းကို တစ်လုံးနှုန်းဖြင့် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း
    မန်းဂဇက်၏ သူဌေးကြီး ဦးနိုဇိုးမိ က ပြောကြားသွားပါတယ်ဗျာ။
    :mrgreen:

  • ကြောင်ဝတုတ်

    June 14, 2012 at 2:52 pm

    ဂီဂီရေ-
    စိတ်တော့ပူသားလေ…
    အပြာကောင်တွေက တစ်ခါတစ်လေကြရင် သောက်တလွဲလုပ်တတ်လွန်းလို့…

    အဇူရီချစ်သူ-
    ကြောင်ဝတုတ်

    • Azzurri

      June 14, 2012 at 2:55 pm

      ဖလားရတော့လည်း
      ဘော်ဘော်ဒွေကို ဘီယာချောင်းစီးအောင် ကို တိုက်ပစ်လိုက်ဦးမှာ ….

      ဖလား မရတော့လည်း …
      ကိုယ့်ဟာကိုယ် အဝတိုက်ပီး ကို စိတ်ဖြေပစ်လိုက်ဦးမှာ…

      သူများလို ဂလက်ဆီ ၁လုံးကျကွဲတာမှ မဟုတ်ဘဲ ကိုး …နော…
      ခိခုခိခု..
      :mrgreen:
      ခုတော့ နွားသတ်သမားတွေ ပြောင်းအားပေးသွားရှာဘီ…

      • Moe Z

        June 14, 2012 at 4:19 pm

        အီတလီရခဲ့ရင် မသေမချင်း ဘီယာအဝတိုက်မယ်
        မရခဲ့ရင် ကီလားလေးအဇူဂီဆီက ဒန်ဖလားကို ပဲလှော်နဲ့လဲပေးမယ် :mrgreen:

        • Azzurri

          June 14, 2012 at 5:48 pm

          အောင်မယ်လေးလေ့လေ
          ဇက်ကလေးရယ်
          ဇက်ကလေးသာတိုက်မယ်ဆို
          ကအင်ဂျီး တသက်လုံးဆိုမှ ဒဂယ့်
          တသက်လုံး သောက်ပါ့မယ် ကွယ်.

          ပျော်ထှာ
          ဒက်ဂလောက်

          (အင်. ဒါနာ့ပိုစ့်ပဲဟာ နိုးဒက်ဂလောက်)

          ခိခုခိခု.

        • ကိုရင်စည်သူ

          June 14, 2012 at 10:20 pm

          ဒါဆိုရင် ဇက်ကလေးရဲ့ လောင်းကြေးဆိုရင် ကိုရင်တော့
          ဇက်လေးကို ခဏ သစ်စာဖောက်ပြီး အီတလီဘက်က
          ရပ်လိုက်တော့မယ်… ဒါမှ အီကြီးနိုင်ရင် ဂီ့ကြီးဆီက
          ဘီယာကပ်သောက်ရမယ်… ငှဲငှဲ… 😛 😛
          ဇက်ကလေး ကပ်တဲ့ ဘီဘီနဲ့ ဇက်ကလေးကို ကြည့်ရင်း
          ဘုဉ်းပေးရရင် သိပ်ကောင်းမှာပဲကွဲ့လို့တော့ တွေးမိတယ်… အာဟိ 😉 🙂
          (ခက်တယ်… ဇက်နဲ့ ပတ်သက်ရင် ဒီက အရှက်ကိုမရှိတော့တာ… အဟီးးး 😳 <3 Z
          ဇက် ဘယ်ပြေးမလဲ.. ဘယ်ပြေးမလဲ.. :mrgreen:
          (အကွက်တွေ့တုန်း ဝင်ကြောင်သွားသည် ဆရာဂီ့..) 😛

        • ကြောင်ဝတုတ်

          June 14, 2012 at 10:56 pm

          တကယ်သေချာပြီလားမိဇက်
          သောက်ရန်အသင့်အနေအထား
          ကြောင်ဝတုတ်

          အခုအထိ တစ်ဂိုးမှမသွင်းသေးဘူးဂီ
          စိတ်ပူလှပြီ

        • Azzurri

          June 14, 2012 at 11:13 pm

          ၃၈မိနစ်မှာ ပီယာလို က ဖရီးကစ်နဲ့ တလုံး သမ လိုက်ပါပြီဗျာ…
          ပြောပါတယ်…. လက်ရှိ ဘောလုံးကမာ္ဘမှာ အကောင်းဆုံးသော ဖရီးကစ် တိတ်ကာ ပါဆို ..

          သွပ်သွပ် ….

        • amatmin

          June 15, 2012 at 9:16 am

          အဟက်..အဇူရီ ကြီးတွေကို မနေ့ကတည်းက သတိပေးမလို့ရယ်..
          တပွဲတဂိုးပဲ သွင်းနေတဲ့ ရှေ့တန်းကြီးအားကိုးရယ်.
          အချိန်တန်ရင် တဂိုးတော့ ပေးချင်နေတဲ့ နောက်တန်းရယ်
          အားကိုးပီး ဖလားကိုင်ဖို့ အရမ်းကြီး ဆာလောင်စိတ်များနေရင်.
          စိတ်ထိ ခယှက်နေရမယ် ဆိုတာလေး.. 🙂

        • Azzurri

          June 15, 2012 at 9:56 am

          ပြောရမယ်ဆိုရင်ဖြင့် ….
          ဟီဟိ…

          အထနှေးတတ်တဲ့ အစဉ်အလာရယ်..
          သိပ်ကောင်းတဲ့ ပြိုင်ဘက်တွေကို မရှုံးနိမ့်ခဲ့တာရယ်..
          လုံးဝ မျှော်လင့်ချက် မရှိတော့တဲ့ အုပ်စုတွင်းပြိုင်ဘက် နဲ့
          နောက်ဆုံးပွဲ ကန်ဖို့ ဖြစ်လာတာရယ်…
          ဟောသည့် လိုဂိုလေးပေါ်က ကြယ် ၄ပွင့်လုံး
          လိမ်ဖယ်လိမ်ဖယ်နဲ့ တက်လာပြီး ယူနိုင်ခဲ့တာရယ်..
          ဟို၂သင်း သရေညှိကန် ရင်တောင် သိပ်ပူစရာ မရှိတာရယ်…
          ခရိုအက် တွေ နွားသတ်သမားတွေကို မတီးသွားဘူး မပြောနိုင်တာရယ်ကြောင့်…

          အေးချေး အေးချေး…
          :mrgreen:

        • Moe Z

          June 15, 2012 at 10:26 am

          ပြောတာမရှင်းမရှင်းဖြစ်သွားလို့
          မသေမချင်းဆိုတာ တစ်ထိုင်တည်းလို့ပြောတာ :mrgreen:

        • Azzurri

          June 15, 2012 at 10:32 am

          ခုမှ မုန်လာဥ လာမီလုပ်နဲ့…
          ပြောပီးစလစ်ပဲ …သက်သေဒွေ ကိုယ့်ဘက်မှာ အပြီ့….

          အိုဘယ့် .. ဖော်ဇာ အီတာလီယာ
          😀

  • အရင့်ရောင်

    June 14, 2012 at 2:58 pm

    အရင့်ရောင် တို့ကတော့
    ဘယ်အသင်းမှ အားမပေးမိပါဗျာ
    အားပေးမိတာသေချာတာကတော့
    လ္ဘက်ရည်ဆိုင်ကိုပဲ ဆိုတာတော့ ကောင်းကောင်းသိပါရဲ့
    ပလိန်းတစ်ခွက် 300 ရာလည်း သောက်ရတာပဲလေ
    ဟီးးးးးးးးးးး

  • အရီး Khin Latt

    June 14, 2012 at 7:16 pm

    မင်း က အစ ကတော့ “ဂီ” ပါတဲ့ ” ပေါ်တူဂီ” ဆို။
    အခု ဘာလို့ ပြန် “အီ” သွားတာလဲ။ 😛

    • Azzurri

      June 14, 2012 at 7:48 pm

      ဟုတ်ကဲ့ တသက်လုံး ဘီယာတိုက်မယ့် သူကလေးကြောင့်ပါချင့်. အဲ့လေဗျ

      အာဟိ

  • pooch

    June 14, 2012 at 8:33 pm

    တခုမှ မသိလို့ တလုံးမှ ဝင်မပြောဘူးလို့ စိတ်ကူးပေမဲ့လည်း တစ်ဆယ်ရအောင် ဝင်ပြောချင်ယောင်ဆောင်သွားပါတယ်။ 😆

  • Crystalline

    June 14, 2012 at 8:54 pm

    ဘေဘီအက်စ်ပါညိုတွေကိုပြောရက်လိုက်တာ..ဝေါလ်ကပ်ပြီး ယူရိုဆက်ယူမယ်..ဒါပဲ

  • သားဦး၊မြေးဦး

    June 14, 2012 at 11:03 pm

    ကိုဂီ့ အဇူရီ တွေအောင်ပွဲခံနိုင်ပါစေ ့ဆုတောင်းပါ၏။
    အရင်က ညဖက်(၈-၉)နာရီလောက်ဆို လဘက်ရည်
    ဆိုင်ထိုင်နေကြဆိုတော့ ကိုယ်မကြည့်လဲ ကြားနေရတယ်၊
    ခုတော့ အပြင်လဲမထွက်ရ၊ဘောပွဲသံလဲ မကြားရတော့ဘူး
    ကိုဂီရ။ဟင့်. ဟင့်

  • ကြောင်ဝတုတ်

    June 14, 2012 at 11:14 pm

    (၃၉)မိနစ်မှာ အင်ဒရီယာ ပီယာလိုက တစ်ဂိုးစသွင်းလိုက်ပါတယ်….

    အဇူရီ….အဇူရီ….အဇူရီ…..

    အဇူရီကြောင်ဝတုတ်

  • Azzurri

    June 14, 2012 at 11:20 pm

    စကားမစပ် …
    တီဗီ က ဖဲချပ် ၃ချပ်ထုတ်ပြတယ်. .. ခစ်ခစ်…
    ပီယာလို က ကင်းတဲ့ ..
    စပေစ့် က ကာဆာနို…
    ဘာလိုတယ်လီက ဂျိုကာ တဲ့လေ…
    ဇကားမစပ် ..မာခီစီယို နဲ့ မဂ္ဂီ ျ ယို တို့လည်း လုံးဝ မခေဝူးရယ်….
    ကိုယ့်ဆြာတွေ သိပါတယ်….
    ဖာ့စ်ဟပ် ၁၅မိနစ် နားတုန်း ဘီဘီ မော့ရင်း မန့်ပါသည်…

    တော်သေးဘီ
    ရှူရှူး သွားပေါက်တော့မည်…
    😛

    • Mလုလင်

      June 15, 2012 at 12:16 am

      ၈၈ မိနစ်မှာ တော့ one one ပဲဗျို ့ … Euro မှာတော့ အီတလီ ဆိုတာ ခရိုအေးရှား ရဲ့ ငယ်နိုင်ပါဗျာ။ အမြည်း ဂေါ်ရခါးညွှန့် ကြော်နေရင်း မန့်သည်။

      • ကြောင်ဝတုတ်

        June 15, 2012 at 12:25 am

        ကိုလုလင်ရေ…
        ဝမ်း-ဝမ်းနဲ့ပြီးသွားပါတယ်…
        ကျုပ်နဲ့ ဂီဂီကတော့ မအိပ်နိုင်သေးပဲ… အွန်လိုင်းမှာ ချက်ရင်း ပွဲအခြေအနေကိုစောင့်ကြည့်နေတာပါ…

        အဇူရီပရိတ်သတ်-
        ကြောင်ဝတုတ်

        • Mလုလင်

          June 15, 2012 at 12:29 am

          ဂျာမနီ မှ ဂျာမနီ ပဲဗျာ …

          ဂျာလုလင် အဲ့ .. ဟုတ်သေးပါဘူး ….

          ဂျာမနီ ပိတ်သတ်
          Mလုလင်

  • ကြောင်ဝတုတ်

    June 19, 2012 at 3:31 am

    စပိန် – အုပ်စုပထမ
    အဇူရီ – အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်တက်လှမ်း
    အိပ်တော့မယ် အဇူရီကိုစိတ်မဖြောင့်လို့ပြန်ထလာတာ
    ဟိုကောင်ဂီဂီကတော့ အိပ်တာသိုးနေတာပဲ

    အဇူရီပိတ်သတ်
    ကြောင်ဝတုတ်

    • Azzurri

      June 19, 2012 at 6:46 am

      ဂနေ့ စိတ်တွေ့တဲ့ ပုံက တော့….
      ယူတူးက ဘိုနို မျက်ရည်စက်လက်နဲ့ ပီဇာ စားနေတဲ့ပုံ ပဲ
      လိမ္မာဇမ်း ပါ သမီးရယ်. …လိမ္မာဇမ်းဘာ သမီးရဲ့ …
      ဘာလိုတယ်လီ ဆိုတာ ခြွင်းချက် ကစားသမားကွယ့် ….
      ဂလက်ဆီ ကျကွဲဖူးရင် ပျဉ်ဖိုး နားလည်ရတယ်….

      ကျနော် ဘောပွဲကိုက်နေတာ လုံးဝ (လုံးဝ) မဟုတ်ရပါဘူးခညာ..
      အကျိနဲ့ စကားဒွေ တဝဂျီး ပြောပီး သိုးနေအောင် အိပ်ပစ်ခဲ့တာပါ…
      assumption လေ… သိတယ်မလား …. ကိုဖက်ရာ…
      ကျနော်တို့ နက်ဖန်နေထွက်မယ်ဆိုတာ ..ယုံကြည်တယ်
      default သိတယ် မဟုတ်လား …အင်း… အဲ့လိုပဲ …
      default တက် ကို တက်မယ်ဆိုတာ သိလို့ ….
      အိပ်ပျက်ခံပီး ကြည့် ကို မကြည့်တာ ခည…
      ဘာလို့လဲဆို … ကျနော်တို့ အားပေးတဲ့အသင်းက …
      ကန်-တင်-ပြေး- စု-ပြုံ-လိုက်-ခြေမနဲ့ထိုး ၁ဂိုး.. အသင်း မဟုတ်သလို
      အလွန်အင်မတန် တကိုယ်ကောင်းဆန်တဲ့ တောင်ပံလူတွေလည်း
      မပါတဲ့ စုဖွဲ့မှု ကျစ်လစ်တဲ့ အသင်းကောင်း ဖြစ်နေတာကိုး ….

      အာဟိ…

      ဒက်ဂလောက်…

  • ကြက်အူလှည့်

    June 14, 2013 at 11:21 pm

    အမှတ်ကလေးရယ်တဲ့မှတရ ဇီးညလေးရယ်.

Leave a Reply