ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (4 ) … အလိုတော်ပေါက် နန်းပန်ဘုရား မှ ညောင်ရွှေ အပြန်

Ma EiJune 14, 20124min20132

ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (4 ) … အလိုတော်ပေါက်   နန်းပန်ဘုရား မှ ညောင်ရွှေ အပြန်

 

ကျမတို့ မိသားစု ဖောင်တော်ဦးဘုရား ဖူးပြီးချိန်မှာ မိုးစရွာလာပါတယ်…

ရင်ပြင်တော်မှာ ဘယ်ဆိုင်မှာစားပါ၊ညာဆိုင်မှာစားပါနဲ့ထမင်းဆိုင်ရှိရာ ခေါ်နေကြတဲ့

ကလေးမလေးတွေရှိပါတယ်…

လှေသမားက ငွေဇင်ယော်မှာ ရှိပါမယ်ဆိုလို့ကျမတို့လဲငွေဇင်ယော်စားသောက်ဆိုင်ရှိရာဘက်ကို

သစ်သားတံတားကူးလာခဲ့ကြပြီး မိုးအတိတ်စောင့်လို့ ထမင်းစားကြပါတယ်…

ကြက်ချိုချဉ်

ကြက်ကုန်းဘောင်

ငါးဒုက္ခ

ငါးထမင်း

ဆယ့်နှစ်မျိုး ဟင်းချို..စသည်ဖြင့် မှာစားကြပါတယ်…ငါးဒုက္ခ ဟင်းကတော့ စားကောင်းပေမဲ့

ငါးကို အဆာသွပ်ပြီး ကြိုးနဲ့ချည် ပြီးတော့ ကြော်ချက်လို့ ငါးကို ဒုက္ခ ပေးထားတဲ့ဟင်းပါဘဲ…

အစပ်မစားတဲ့ အမေနဲ့ သမီးတို့ အပြင်ဆိုင်မှာစားလို့အဆင်မပြေမှာစိုးတဲ့အတွက်အိမ်ကနေလဲ

ငါးရံ့ခြောက်ဖုတ်၊ပုဇွန်ခြောက်ကြော်၊ ကြက်အူချောင်းတွေရယ် ကြော်သွားပါတယ်…

အိမ်ကပါတာလဲစားဖြစ်ပြီး ဆိုင်ကအစားအစာကလဲစားကောင်းလို့ အဆင်ပြေသွားပါတယ်…

စားသောက်ဆိုင်ဖြစ်တဲ့အတွက် အစားအပြင် အသောက်မျိုးစုံလဲရောင်းနေတာတွေ့ပါတယ်…

ထမင်းစား၊ စကားစမြည်ပြောအပြီးမှာ မိုးလဲတိတ်ပြီမို့ လှေသမားကိုခေါ်လို့

အလိုတော်ပေါက်ဘုရားရှိရာ နန်းပန်ရွာဘက်ကို ထွက်လာခဲ့ကြပါတယ်…

1.…ငါးဒုက္ခ ကိုတွေ့လားဟင်…

 

2.…ငွေဇင်ယော်မှမြင်ရသော ဖောင်တော်ဦးဘုရား…
3.…အဝေးမှ နန်းပန်ဘုရား…
4.…အလိုတော်ပေါက် နန်းပန်ဘုရား…
5.…အလိုတော်ပေါက်ဘုရား လှေဆိပ်…
6...ဆင်းတုတော်
7...ဆင်းတုတော်
8...ဆင်းတုတော်

အလိုတော်ပေါက်ဘုရားဆင်းတုတော်များကိုကြည်ညိုဖွယ်ဖူးတွေ့ရပါတယ်…

ကဆုန်လပြည့်နေ့ဖြစ်တဲ့အတွက် ရေသန့်ဘူးဝယ်လို့ ညောင်ပင်မှာညောင်ရေသွန်းလောင်းခဲ့ကြပါတယ်…

မိုးကလဲ တစ်ပေါက်နှစ်ပေါက် မဆိုသလောက်လေးရွာလိုက် တိတ်လိုက်နဲ့ပါ…

ကျမတို့ ငါးဖယ်ချောင်းမှာရှိတဲ့ ကြောင်ခုန်ကျောင်းလို့ခေါ်တဲ့ရှေးဟောင်းဘုန်းတော်ကြီးကျောင်း

ကိုသွားချင်ပါသေးတယ်…

လှေသမားကပြောပါတယ်…အင်းထဲမှာ ညနေဆို မိုးရွာတတ်တယ်…မိုးနဲ့လေနဲ့စောစောပြန်တာကောင်းမယ်…

ဒါပေမဲ့ အမတို့သဘောပါ…သွားချင်လဲပြောပါတဲ့လေ…

ကျမတို့ အဖွဲ့ တိုင်ပင်ပါတယ်…အားလုံးက ကျမသဘော…ကျမဘဲ ဆုံးဖြတ်ပြောပါတဲ့…

ခုချိန်လဲ မိုးကညိုညို တစ်ကယ်လို့များ ရေလယ်မှာ မိုးတွေရွာ လေတွေတိုက် ဆိုရင် မဖြစ်ချေဘူး…

လူကြီးလဲပါ ၊ကလေးလဲပါ၊ ကျမတို့လဲ ရေမကူးတတ်ပါ…

ကဲ ဒါဆိုလဲ ပြန်ကြတာပေါ့…

 

လှေဆိပ်ကနေ အဝေးကိုကြည့်လိုက်တဲ့အခါ မိုးတိမ်တွေရယ်…တောင်ခိုးတွေဝေနေတဲ့ တောင်တန်းတွေကိုတွေ့လိုက်ရပါတယ်…

တောင်ခိုးဝေဝေ ၊မြူခြေဆိုင်းဆိုင်း ဆိုသလို

တောင်ခိုးတွေဟာ တောင်ခါးပန်းအပေါ်မှာ ဝေနေကြပြီး

မြူတွေကတော့ တောင်ခြေမှာဘဲဆိုင်းတတ်ပါသတဲ့

ဒါကြောင့် လူတွေသည်လဲ မြူတွေလို အခြေမှာဆိုင်းမနေဘဲ တောင်ခိုးလို အပေါ်မှာ ဝေကြစေချင်တယ်…

ကြိုးစားကြပါ်လို့ပြောခဲ့တဲ့ ဆရာတော် အရှင်ဆေကိန္ဒ ရဲ့ တရားတော်ကို အမှတ်ရမိပါတယ်…

ခပ်လှမ်းလှမ်းမှာတော့တောင်ခါးပန်းမှာ တောင်ခိုးတွေဝေနေပြီး တောင်ထိပ်လေးဘဲပေါ်နေတာကို လှပစွာတွေ့မြင်နေရပါတယ်…

 

 

 

8.…တောင်ခိုးနှင့်မိုးတိမ်…
9.… မှုန်ပြပြ GIC…

 

10.…လှေတစ်စီးနှင့် တူနှစ်ကိုယ်…
11.…GIC နဲ့ တောင်တန်းများ…
12.…အဝေးမှ ဖောင်တော်ဦးဘုရား…
13.… တောင်ခိုးဝေဝေ …
14.…တောင်ခိုးဝေဝေ…
15.…ပိုက်ချနေတဲ့ လှေကလေး…

အပြန်မှာ မိုးမရွာပေမဲ့ လှေပေါ်မှာလေတိုးတော့ အရမ်းအေးပါတယ်…

ဦးထုပ် ပုဝါတွေ ကွယ်ထားတဲ့ ကြားကကိုအတော်အေးနေပါတယ်…

ညောင်ရွှှေပြန်ရောက်သည်အထိ မိုးမရွာတာမို့ မိုးကြောက်တဲ့ကျမတို့

ကြောင်ခုန်ကျောင်းမရောက်ခဲ့တာဘဲ အဖတ်တင်ပါတယ်… နောက်တစ်ခေါက်မှပေါ့လေ…

ညစာကိုတော့ ညောင်ရွှေမြို့ဈေးနားရှိတရုတ်စားသောက်ဆိုင်မှ ခေါက်ဆွဲကြော်၊ကြာဇံကြော်များဝယ်စားကြပါတယ်…

Remember Inn မှာတစ်ညတာ အနားယူပြီး မနက်ဖန်မှာတော့ တောင်ကြီးဘက်ကိုအလည်သွားကြမှာပါ…

ခင်တဲ့

မအိ

32 comments

  • စိန်ဗိုက်ဗိုက်

    June 14, 2012 at 2:27 pm

    ဝါးတီးပုံတွေနဲ ့ စဖွင့်တာပါလား..
    တော်သေးတယ် ခုလေးတင် ဆွဲပြီးသွားပြီမိုလို ့…
    10.…လှေတစ်စီးနှင့် တူနှစ်ကိုယ်… ဆိုတာလေး ကြိုက်သဗျာ…

    • Ma Ei

      June 14, 2012 at 2:45 pm

      သူတို့က လှေတစ်စီးကို နှစ်ယောက်ထဲစီးပြီး
      ကျော်တက်သွားကြတာလေ…
      ဘယ်ရမလဲ ရိုက်ပလိုက်တာပေါ့…
      ဓါတ်ပုံ…

  • blackchaw

    June 14, 2012 at 2:30 pm

    ပုံတွေက လန်းသဗျာ မအိရေ။
    စိတ်ဖိစီးမှုတွေ မြို့ပြရဲ့ မွန်းကျပ်မှုတွေ ပြေပျောက်စေတယ်ပေါ့ခင်ဗျာ။
    အားပေးသွားပါတယ်ခင်ဗျာ။

    • Ma Ei

      June 14, 2012 at 3:43 pm

      စိတ်ဖိစီးမှုတွေ ပြေပျောက်စေတယ်လို့
      Comment နဲ့ အားပေးလို့ ကျေးဇူးပါနော်…
      Post 3 နဲ့ 4 တင်တာ နဲနဲဝေးသွားပါတယ်…
      ….

  • may flowers

    June 14, 2012 at 2:34 pm

    အရမ်းလှတဲ့ရှုခင်းလေးတွေပဲ မအိရေ။ တောင်ခိုးဝေဝေနဲ့ မှုန်ပြပြ GIC ကိုမြင်ရတာ လွမ်းစရာကောင်းလိုက်

    တာနော်။ နောက်တင်မဲ့ ပုံလေးတွေကိုလဲ စောင့်နေပါ့မယ်မအိရေ။

    • Ma Ei

      June 14, 2012 at 2:56 pm

      မေလေးရေ…
      လာမယ်ကြာမယ် ဖြစ်နေလို့ အားနာနေတယ်…

  • hein latt

    June 14, 2012 at 2:34 pm

    အင်းလေးကိုတွေ.ရတော.
    ပထမဆုံး သတိရမိတာကအိမ်သာပဲ
    မန်မန်စားပြီး အိမ်သာတက်ချင်လို.သွားတော. အောက်ကဟောင်းလောင်းပေါက်ကြီး
    ရေပြင်ကြီးပဲ ထရံတောင်ခတ်မထားဘူး
    အဲဒါနဲ. ခုနကစားထားတဲ. ငါးထမင်းတို. ငါးဟင်း တို.ကိုပြန်မြင်ပီး
    ပျို.ပျို.တက်လာတာ။
    အခုလိုပုံလေးတွေပြန်မြင်ရတော့ သတိရမိသား………..
    ပုံလေးတွေတင်ပေးလိုးကျေးကျေးပါ မအိရေ……
    ကြက်ချိုချည်နဲ. ကြက်ကုန်းဘောင်ကိုတော့ တွယ်သွားပါတယ်
    ငါးဟင်း နဲ. ငါးထမင်းကိုတော့ ချားဒေါ့ပါဘူးဂျာ………….။

    • Ma Ei

      June 14, 2012 at 3:23 pm

      ဟိန်းလတ်ရေ…ဘယ့်နှယ်…
      အိမ်သာများပထမဆုံးသတိရ ရတယ်လို့…
      အင်းထဲ ဘယ်နေရာမှာစားပြီး …
      ဘယ်နေရာသွားလို့ များလဲ…
      ဒို့တော့ သန့်ရှင်းနေတဲ့ ရေလောင်းအိမ်သာ သုံးခဲ့ရတယ်…
      အိမ်တွေကိုကြည့်မိတော့လဲ ပိုက်တွေဆင်းထားတာ တွေ့ပါတယ်ဟယ်…

  • hein latt

    June 14, 2012 at 3:59 pm

    ဖောင်တော်ဦးကအပြန် ကြောင်ခုန်ကျောင်းမှာပေါ့
    ဘုရားစူး ခြံတောင်ခတ်မထားဘူး
    ကျနော်သွားခဲ.တာ ပိစိညှောက်တောက်ကလေးကဆိုတော.
    EVERYTHING CHANGE WITH TIME ဆိုသလိုပေါ့………..။

  • မင်းကန်စီ

    June 14, 2012 at 4:02 pm

    ဖော်တော်ဦးဘုရားဖူးရင်း..
    မိသားစုထမင်းဝိုင်းထဲ ငါးကြော်ဝင်နှိုက်သွားပါတယ်ဗျ..
    အောက်က အင်းလေးကန်ပုံတွေလည်းအကုန် လှသဗျို့..

    • Ma Ei

      June 14, 2012 at 4:21 pm

      ငါးဒုက္ခက တစ်ကောင်ထဲရယ်…
      အတော်တော့ စားကောင်းတယ်…
      အင်းလေးကန်ပုံတွေအများကြီးထဲကမှ
      လှတယ်ထင်တာလေး ရွေးတင်တာမို့ပါ…

  • ရွာစားကျော်

    June 14, 2012 at 4:04 pm

    ပုံလေးတွေ ကြည့်ရတာ မျက်စိအေး.. နှလုံးအေးတယ် မအိရေ
    ဘုရားစုံ ဖူးမျှော်ကာ အားပေးသွားပါတယ်ခင်ဗျ

    • Ma Ei

      June 14, 2012 at 4:13 pm

      ပုံလေးတွေ ကြည့်ရတာ မျက်စိအေး.. နှလုံးအေးဆို
      လှေပေါ်မှာ လေတိုးတာ
      တစ်ကယ်ကို အရမ်းအေးတာ
      တုန်နေရော…

  • Shwe Tike Soe

    June 14, 2012 at 4:10 pm

    ဝါးးးးးးး မအိ တယ်မိုက်ပါလားဗျာ… ကျွန်တော်လဲ အဲဒီကို သွားချင်လိုက်တာ.. ကင်မလာ ဝူးမန်းကြီး ပဲဗျ ဟဟဟဟ
    လှလိုက်တဲ့ ပုံတွေ တောင်နဲ.မြူခိုးတွေ အရမ်းမိုက်တယ် အရမ်းခိုက်တယ်… ရို.ရို.ရို. 😀
    ပုံလှလှလေးတွေကူးသွားတယ်နော် အစ်မ

    • Ma Ei

      June 14, 2012 at 4:16 pm

      လှေတစ်စီးနဲ့ တူနှစ်ကိုယ် လို
      အုပ်ထိန်းသူနဲ့သွားလေ…
      ပူဆာလိုက်…

  • Moe Z

    June 14, 2012 at 4:25 pm

    အန်တီအိရေ ဘုရားလည်းဖူးရင်း အပေါ်ဆုံးပုံလေးကိုလည်း ရှလွတ်သွားပါတယ်
    ငါးခမျာသေတာတောင် ကြိုးနဲ့တုပ်ခံရရှာတယ်
    အဟိ .. စားလို့ကောင်းမယ့်ပုံပဲ :mrgreen:

    • Ma Ei

      June 14, 2012 at 4:37 pm

      မိုးဇက်လေးရေ…
      ငါးကလေးသနားပါတယ်ဆိုပြီး
      စားလိုက်ကြတာ ကုန်ရော…
      ငါးကို ထက်ခြမ်းခွဲပြီး ကြက်သားနဲ့ အသီးရွက်
      အဆာသွပ်ပြီး ကြော်ချက်ထားတာ…
      ပြန်ချက်ကြည့်ဦးမယ်…

      • pooch

        June 14, 2012 at 9:36 pm

        မန်းလေးမှာတော့ အဲ့ဒီငါးဟင်းကို ငါးဒုက္ခလို့ ခေါ်တယ်။ ဝင်းစံပယ်မှာလည်း ရတယ် ထိုင်းမယ်အောင်မှာလည်း ရတယ်။ မိုးဇက်စားချင်ရင် မန်းလေးလာခဲ့ ။ လိုက်ကျွေးမယ်။ 😀

        မအိရေ မရောက်တာကြာနေပြီမို့ လွမ်းသွားပါတယ်။ တောင်ခိုးတွေ ဝေနေတဲ့ပုံ မမြင်တာကြာပါရော့လား။ လွမ်းလိုက်တာ။ အင်းလေးကန်ကြီးရေနည်းနေတုန်းပဲနော်။ မိုးတွင်းရောက်နေတာကို။ 🙁

  • Mon Kit

    June 14, 2012 at 4:26 pm

    မအိရယ်….
    ချမ်းလဲ ချမ်းတယ်…
    လွမ်းလဲ လွမ်းတယ်…
    ထပ်မံခံစားမိရင်း…

    • Ma Ei

      June 14, 2012 at 4:31 pm

      မွန်ကစ်ရေ Post ထဲမှာ
      ရန်ကုန်ပြန်မရောက်သေးဘူးရယ်…
      မလွမ်းနဲ့ဦးနော်…

  • Wunna Aung

    June 14, 2012 at 8:22 pm

    အန်တီ အိရေ ငါးဒုက္ခနဲ့ ငါးထမင်း၊ ရှမ်းထမင်းချဉ်လေးကို ဂျူးမြစ်လတ်လတ်ဆတ်ဆတ်လေးကိုက်ပြီး ငရုတ်သီးကျော်လေးနဲ့ စားရတဲ့ အရသာကို မမေ့နိုင်ပါဘူးဗျာ…. ပြီးတော့ ရေနွေးကြမ်းလေးသောက်ပေ့ါ……. တစ်ချို့ဆို်င်တွေမှာဆို ပဲပုပ်ထောင်း၊ ပဲပုပ်ကျော်တွေလဲ ချထားပါတယ်….ပြောရင်းနဲ့ သွားရေကျလို့ အန်တီအိ တို့နဲ့ အတူ ဝင်စားလိုက်ပြီဗျို့…… အင်းလေးဖောင်တော်ဦး ဘုရားရောက်ရင် ငွေဇင်ယော် ကတော့ သွားစားရမယ်ဗျ…… အဲဒီဆိုင်ကနေ ဖောင်တော်ဦး ဘုရားကို အေးအေး ဆေးဆေး ဓါတ်ပုံရိုက်လို့ ရမယ် ထင်တယ်….. ဗျူးလဲ ကောင်းမယ် ထင်တယ် ဗျ……. အော်ငါးဒုက္ခ ဆိုလို့ ငါတင် ဒုက္ခရောက်တာ မဟုတ်ဘူးနော ်ကျော်တဲ့လူလဲ တော်တော်လေး လက်ဝင်လို့ ဒုက္ခရောက်မယ်ထင်တယ်……… အလိုတော်ပေါက် ဘုရားကိုလဲ ဖူးမျှော်သွားပါတယ်…….. အင်းလေးကန်ထဲမှာ အန်တီအိရိုက်ခဲ့တဲ့ ပုံတွေကတော့ဗျာ အရမ်းအရမ်းကို စိတ်အေးချမ်းရပါတယ်…… ကျေးဇူးတင်ပါတယ် အန်တီအိ…..ကြောင်ခုန်ကျောင်းကို မရောက်တာတော့ စိတ်မကောင်းပါဘူး အန်တီအိရေ နောက်နှစ်ပေါ့…… ကဲကဲ နောက်ရက် ဘယ်ကိုသွားမလဲမသိဘူုးဗျနော်….. တောင်ကြီး မွေတော်ကက္ကူ ထန်ဆမ်းဂူလား ကလော ပင်တယ လား ဆက်ပြီး စောင့်ကြည့်နေပါတယ် အန်တီအိရေ

    • Ma Ei

      June 19, 2012 at 12:21 pm

      တောင်ကြီး မွေတော်ကက္ကူ ထန်ဆမ်းဂူ ပင်းတယ ကလော နှီးဘုရား….
      နေရာစုံသလောက်နီးနီးရောက်ခဲ့ပါတယ်…ထပ်တင်ပါဦးမယ်…
      Comment ရေး အားပေးတဲ့အတွက်လဲ ကျေးဇူးပါနော်…

  • မောင်ပေ

    June 14, 2012 at 8:35 pm

    အားလုံးလန်းတယ်ဗျာ ။ ကြည်ညိုဖွယ် မြတ်ဗုဒ္ဓ ဆင်းတုတော်များကို လဲ ဖူးမြှော်ကြည်ညိုရတယ် ။
    ငါးဒုက္ခပုံတွေ ့တော့ စားချင်လာဘီဗျို ့။ အမြည်းကောင်းလေးပါ

    • Ma Ei

      June 19, 2012 at 12:15 pm

      ငွေဇင်ယော်မှာ သောက်စရာလည်း မျိုးစုံရတယ်…
      ဘုရားဖူးရတဲ့ နေရာမှာ အဲ့လိုတွေကိုတော့ သိပ်မကြိုက်မိဘူး…
      နိုင်ငံခြားသားတွေအတွက်လည်းရှိသေးတော့ထားပါတော့လေ…
      ဒါပေသိ…ရောင်တော်ပြန်နဲ့ရောတဲ့သူတွေလဲရှိ၏…

  • Nyein Nyein

    June 19, 2012 at 12:26 pm

    မအိရေ အခုလိုမရောက်ဖူးတဲ့ ဒေသကို ပုံလေးတွေနဲ့ အရောက်ပို့ပေးလို့ ကျေးဇူးကမာ္ဘပါနော်။ အရမ်းလှတဲ့ဒေသလေးနော်။ တစ်နေ့တော့ ရောက်အောင်သွားမယ်လို့ စိတ်ကူးထားတဲ့ နေရာတွေထဲက တစ်ခုပါ။

  • Ma Ei

    June 19, 2012 at 12:44 pm

    ငြိမ်းရေ…
    ဒီသီတင်းကျွတ်မှာဘဲ
    ဖောင်တော်ဦးဘုရားပွဲတော်
    နွှဲပျော်နိုင်ပါစေနော်…

    • Nyein Nyein

      June 19, 2012 at 12:49 pm

      ပေးတဲ့ဆုနဲ့ ပြည့်ချင်ပါတယ် မအိရယ်။

  • မအိရေ လှသဗျာ။
    ကျနော်သွားတုံးက တိမ်ခုးိတွေအခုလောက်မလှဘူး။
    ငါးဒုက္ခလဲမစားခဲ့ရဘူး။
    ရေကြက်ကြော် ထမင်းသုတ်နဲ့ ဘဲ ပြီးခဲ့ရတာ ထပ်သွားချင်ပါသေးတယ်။

    • Ma Ei

      June 19, 2012 at 2:01 pm

      အဲ့လို
      ထပ်သွားချင်ချင် ဖြစ်နေလို့
      ကျမတို့လဲ
      ခရီးသွားဖြစ်တိုင်း နေရာသစ်မသွားဖြစ်ဘဲ
      ဒီနေရာ ဒီနေရာ ထပ်နေတော့တာရယ်…

  • mamanoyar

    June 19, 2012 at 2:49 pm

    မအိရေ သွားချင်လိုက်တာ တစ်ခါမှမရောက်ဖူးဘူး

    • Ma Ei

      June 19, 2012 at 3:13 pm

      noyar ရေ…
      တောင်ကြီး အင်းလေးခရီးစဉ်လေးက
      တကယ်ကို အပမ်းလဲပြေ ဗဟုသုတလဲရ
      ကြည်နူးစရာလဲကောင်းပါတယ်…
      အလည်သွားသင့်တဲ့နေရာလေးဖြစ်ပါတယ်…

Leave a Reply