နောက်ကျသွားသော ဈေးသည်

Hello World!
မင်္ဂလာပါ ရွာသုူရွာသားများရှင်။ လောလောလတ်လတ် မင်ဘာအသစ်ပါ။ ဂေဇက်မှာတချိုု  ့ပိုု ့တွေဖတ်ဖြစ်နေတာကြာပါပြီ။ စာရေးပျင်းတာနဲ့အလွန် နှေး တာကြောင့်တခါမှ ဝင်မရေးဖြစ်ပါ။  ပထမဆုုံးကွန်မန် ့ကိုု ဈေးသည်ဓာတ်ပုုံပြပွဲမှာ ဘာမပြောညာမပြော ဝင်မန် ့မိလိုု ့ မင်ဘာအသစ်တွေကိုု မယုုံသင်္ကာစကားကြားမှ တရားဝင်နှတ်ဆက်ဖိုု့သတိရပါသည်  🙂   တစ်ရွာတစ်ကြေးပြောင်းရတာများ မျက်နှာငယ်ပါ့။  ဒါကြောင့်အတင်းကြိုးစားအားထုုတ်ပြီးရွာထဲဝင်ဖိုု ့ ရွာသူရွာသားအားလုုံးကိုုမင်္ဂလာပါ။ နောင်ရွာထဲကလမ်းမှာတွေ ့ရင် တစိမ်းဆိုုပြီးရိုုက်မထုုတ်အောင်လိုု ့ ။

 

ဓာတ်ပုုံပြပွဲဝင်ချင်သော်လဲ ကျွန်မ အလွန်အီလေးဆွဲသောကြောင့် ကျွန်မရဲ့ဈေးသည်တွေ ဓာတ်ပုုံပြပွဲကိုုမရောက်လိုုက်ပါ။  🙁
မိတ်ဆက်ပိုု့စ်သက်သက်ဆိုုပျင်းစရာကောင်းမှာစိုုးလိုု ့မမှီလိုုက်တဲ့ဈေးသည်ကိုုပဲ ရွာထဲမှာဝေဖန်သုုံးသပ်အကြံပေးဖိုု့တင်လိုုက်ပါတယ်။ ဂေဇက်မင်ဘာဝင်ဖိုု့အရေခွံထူအောင်အားခဲထားပြီးမိုု့ ဓာတ်ပုုံကိုုအားမနာတမ်းဝေဖန်နုိုင်ပါတယ်။
ရေပေါ်မှဈေးသည်
f/5, 1/400, ISO 100
သိသင့်သိထိုုက်တဲ့သူတွေကိုုလည်း မိတ်ဆက်ပေးပါဦး။ အတင်းအဖြင်းလည်းဝါသနာပါ ပါသည်။
 ရွာထဲကလူတော်တော်များများကိုုတော့comment တွေကနေမြင်ဖူးနေပါတယ်။
နာမည်နှင့်လိုုက်အောင်ချိုချိုသာသာမပြောတတ်သောကြောင့် ပြောမှားဆိုုမှားရှိရင်ခွင့်လွတ်ဖိုု ့ကြိုတောင်းပန်ပါတယ်။ ပိုု ့စ် တိုုင်း comment တိုုင်း ခဏခဏတောင်းပန်မည်မဟုုတ်ပါ။  🙂

32 comments

  • Azzurri

    June 20, 2012 at 2:38 pm

    ဗျို့ ..ချစ်စရအရွယ် မီသေးတယ်နော…

    • သကြားလုုံးကြော်

      June 21, 2012 at 2:46 am

      ပို ့မယ် ပိုု ့မယ်။ ID ဖြောက်ဖိုု ့ ဒမ်မီအကောင့်မဖွင့်ရသေးလိုု ့

  • mamanoyar

    June 20, 2012 at 2:48 pm

    အဲဒါ ဘယ်မှာလဲ အင်းလေးမှာလား
    ဘာတွေလဲကွယ် ဝယ်ချင်တယ်

    • pan pan

      June 20, 2012 at 4:08 pm

      အင်းလေးမဟုတ်လောက်ဘူး
      အညာဖက်နဲ့တူတယ်
      လူပုံတွေကြည့်ရတာ 🙄

      • ရဲစည်

        June 21, 2012 at 8:19 am

        အန်တီပန်ပန် လှေက ရှမ်းလှေပါ ခင်ည
        ငွေထည်လေးတွေ ရောင်းတယ်ထင်ပါ

        သကြားလုံးကြော်ရေ ၂ကျပ်ဖိုးအားပေးသွားပါတယ်….

        • သကြားလုုံးကြော်

          June 21, 2012 at 10:24 am

          ကျေးဧူးပါချင့်

    • သကြားလုုံးကြော်

      June 20, 2012 at 10:17 pm

      ဟုုတ်။ အင်းလေးမှာပါ

  • water-melon

    June 20, 2012 at 2:56 pm

    သကြားလုုံးကြော်တဲ့ စားချင်လိုက်တာ
    အဟွတ် အဟွတ် ဘွတ်
    မင်္ဂလာပါတော့

  • etone

    June 20, 2012 at 3:19 pm

    မင်္ဂလာပါ သကြားလုံးကြော်ရေ ..
    ကြိုဆိုပါတယ် ။
    နာမည်ဖတ်ကတည်းက အတည်ပေါက်နဲ့ အရွန်းဖောက်မယ့် …. ပျော်ပျော်နေတတ်တဲ့ ရွာသူဖြစ်မယ်လို့ ထင်ပါတယ်နော် …

    ဒီရေပေါ်ဈေးသည်ရဲ့ ရောင်းကုန်က တမျိုးပဲနော် … ။ ဓါတ်ပုံပညာရှင်တစ်ယောက် ရွာထဲဝင်လာတယ်ထင်ပါတယ် … 🙂

    • သကြားလုုံးကြော်

      June 20, 2012 at 10:21 pm

      လက်ဝတ်လက်စားငွေထည်တွေရောင်းနေတာပါ။

  • kai

    June 20, 2012 at 3:45 pm

    မျက်နှာငယ်ငယ်နဲ့..ရောင်းနေရတဲ့..ဈေးသည်တွေပါလား..
    ဒီဇိုင်းအမြင်သဘောနဲ့ပြောရရင်.. ပုံထဲ.. ကြပ်ညပ်နေသလိုပဲ..

    ကျန်တာတော့..
    ဟတ်ဟတ်….ချိုးးးးးးးးးးးးးးးး

    • သကြားလုုံးကြော်

      June 20, 2012 at 10:39 pm

      အကုုန်လုုံးဝယ်ချင်နေရတဲ့ အထဲ မျက်နှာငယ်ငယ်လိုု့သူကြီး ပြောမှပဲ ကုုန်ရောလူရောလှေရောအကုုန်ဝယ်လိုုက်ရကောင်းသားလိုု့စဉ်းစားမိတော့တယ်

      • သကြားလုုံးကြော်

        June 21, 2012 at 2:53 am

        ဟုုတ်သားပဲ။ ပုုံကကြပ်ညပ်နေတယ်။ လှေမပါပဲ ရေပေါ်မှာထိုုင်တဲ့ဈေးသည်တွေချည်းဆိုု ကြည့်ကောင်းမှာ။ feedback အတွက်ကျေးကျေး

  • water-melon

    June 20, 2012 at 4:39 pm

    သူကြီးက

    Azzurri says:
    ဟတ်ဟတ်….ချိုးးးးးးးးးးးးးးးး
    Credit to သဂျီး

    တူနေပါလားတော့
    ဘယ်သူက မူရင်းလဲတော့မသိ
    အဟီ

  • pooch

    June 20, 2012 at 4:42 pm

    ကြိုဆိုပါတယ်။ ဓာတ်ပုံ ပညာတော့ ဘာဆိုဘာမှ နားမလည်ပါဘူး ။ ခံစားမှုနဲ့ဆိုရင်တော့ နည်းနည်းလေး ပြောကြည့်ချင်ပါတယ်။

    ဈေးသည်တွေကို ကြည့်ရတာ စိတ်လိုလက်ရရောင်းနေတဲ့ဟန်မျိုး မရှိဘူးလားလို့။

    • သကြားလုုံးကြော်

      June 21, 2012 at 2:55 am

      ဝယ်တာနည်းလိုု့လားမသိ

  • စစ်ကဲ

    June 20, 2012 at 4:50 pm

    ဈေးသည်တွေက ကင်မရာကို ဂရုစိုက်နေတဲ့ အတွက် ပုံလေးက နဲနဲ သဘာဝမကျဘူးဖြစ်နေတယ်။
    သဘာဝ ပုံကောင်းကောင်းလေးတွေဆိုတာ ခိုးရိုက်မှ အသက်ဝင်တာ

    • သကြားလုုံးကြော်

      June 21, 2012 at 6:28 am

      နင်ဂျာသင်တန်းကတဝက်တပျက်နဲ ့ကျောင်းထွက်လိုုက်လိုု ့ ဈေးသည်တွေအမြင်ကပျောက်အောင်မစွမ်းဘူးဖြစ်နေပါတယ်။

  • MaMa

    June 20, 2012 at 6:46 pm

    ဂေဇက်မင်ဘာဝင်ဖိုု့အရေခွံထူအောင်အားခဲထားပြီးမိုု့ ….
    ရေးထားသမျှထဲမှာ အဲဒီစကားလုံးက ရွာထဲဝင်ဖို့ လက်တွေ့ဘဝကို ထင်ဟပ်ပြလိုက်နိုင်တယ်။
    ရွာသူားများ လက်သံပြောင်ကြောင်း အင်ဒါရိုက်စပိပြီး စိန်ခေါ်လိုက်တာပါလား။ 😀

    အပေါ်က ချောင်းဆိုးချွဲကြပ်နေတွေ များနေလို့
    ကျန်းမာရေး ဒေါင်ဒေါင်မြည်နေသူတစ်ယောက်က သံခမောက်ဆောင်းပြီး ဖြေပါမယ်။
    ဈေးသည်အစား အင်းလေးထဲမှာ ဘုရားကိုဆွမ်းတော်ကပ်ဖို့သွားတဲ့ လှေကလေးတွေနဲ့ တူနေသလားလို့ 😛

    ပါဝင်အားဖြည့်မယ်ဆိုရင် ချစ်စရာ့အရွယ်တော့ မှီသေးတယ်နော်။

    လှိုက်လှဲဝမ်းသာ ကြိုဆိုပါတယ် သကြားလုံးကြော် ချိုချိုကြွပ်ကြွပ် ရေ…………………..

    • သကြားလုုံးကြော်

      June 20, 2012 at 10:50 pm

      ရွာသူားတွေလက်သံပြောင်တာတော့ပြောမနေနဲ့။ စိန်ခေါ်ဖိုု့ နေနေသာသာ အပြောခံနိုုင်ဖိုု့ တရားအားထုုတ်နေရတယ်။ ဘုရားကိုဆွမ်းတော်ကပ်ဖို့သွားတဲ့ လှေကလေးတွေ ဆိုုပိုုလှမယ်။ အန်တီမမရဲ့ စိတ်ကူးကောင်းကောင်းကိုုမှတ်ထားလိုုက်ဦးမယ်

  • Thel Nu Aye

    June 20, 2012 at 7:11 pm

    အင်းနောက်ကျတဲ့ဈေးသည်ဆိုတော့ ဈေးခေါင်းကွဲတဲ့ထိရောင်းရတော့မှာပေါ့။ ကြိုးစားထားဟေ့ သကြားလုံးကြော်ရေ။ နောက်ဆိုနောက်မကျအောင်အိပ်ယာစောစောထသိလား။

    • သကြားလုုံးကြော်

      June 21, 2012 at 2:57 am

      ဟုုတ်ပါ့။ အမှီလိုုက်ရတော့မယ်။ ၅ ရက်လောက်တောင်နောင်ကျတာဆိုုတော့ စောစောထရုုံနဲ့တောင်လောက်ပါ့မလားမသိ။

  • nicolus agral

    June 20, 2012 at 7:52 pm

    (ဂေဇက်မင်ဘာဝင်ဖိုု့အရေခွံထူအောင်အားခဲထားပြီးမိုု့)
    အနော်ကတော့ no problem
    အရင်က DOTA game ၈နှစ်လောက်ဆော့ဘူးတော့
    ဆူတာ ဆဲတာ စာနဲ ့ရေးတာလောက်တော့ မဖြံ ု

    • Mလုလင်

      June 20, 2012 at 8:36 pm

      ၈ နှစ်တောင် ဆိုတော့ … အချိန်တွေ ငွေတွေ စွမ်းအင် အတွက် နှမြော လိုက်တာဗျာ ..။

    • သကြားလုုံးကြော်

      June 20, 2012 at 10:52 pm

      အားကျပါ့

  • htoosan

    June 20, 2012 at 9:10 pm

    အင်းလေးက ရေမပေါ့်တပေါ်ဈေး ဖြစ်ကြောင်းတပ်အပ်ပြောနိုင်ပါသည်။
    အဟဲ .. စီးလာတဲ့ လှေ နဲနဲပေါ်နေတာရယ် ။ အင်းလှေတွေရယ်မို့ပါ ။
    ဓါတ်ပုံအကြောင်းတော့မပြောဘဲ အခုလို ဘဲ အတင်းတုတ် စပ်စုလိုက်ပါကြောင်း ..
    ဘာလို့ သကြားလုံး ကြော် ရတာလဲဟင် … ဆီတွေက မသန့်ပါဘိနဲ့… 😀

    • သကြားလုုံးကြော်

      June 20, 2012 at 10:26 pm

      သကြားလုံး ချည်းပဲဆိုု ဒီလောက်မဆိုုးသေးလိုု ့ ကျန်းမာရေးနဲ ့ ပိုုမညီညွတ်အောင် ဆီနဲ့ပါထည့် ကြော်ထားတာပါ 🙂

  • မောင်ပေ

    June 20, 2012 at 9:30 pm

    ဈေးပေါင်ကျိုးချိန် လို ့များ ညွှန်းပြချင်တာလားဗျို ့။

  • သကြားလုုံးကြော်

    June 21, 2012 at 3:04 am

    မင်ဘာအသစ်မိုု ့လိုု့ဆိုုအကြောင်းပြပြီး နုုံတဲ့မေးခွန်းမေးရဦးမယ်။ ခဏခဏတွေ ့နေတဲ့ “လာထားတစ်ဆယ် ၊ ပေးထားတစ်ဆယ်” ဆိုုတာဘာပြောတာလဲဟင်

  • htoosan

    June 21, 2012 at 8:05 am

    သူကြီးအိတ်ထဲက နိုက်လို့ နှစ်ကျပ်ပေးလိုက်ဦးမယ် .အထင်ပြောတာ .. 😀
    မန်ဘာတစ်ယောက်က တစ်ခြားသူတစ်ဦးရဲ့ ပိုစ်မှာ ဝင်ပြီး ကွန်မန့်ရေးရင် ပထမ တစ်ခု အတွက် တစ်ဆယ် ရပါတယ်။
    နောက်တစ်ခါထပ်ရေးရင်တော့ ရေးသူပိုစ်ပိုင်ရှင်က သာ ၂ ကျပ် ရတယ်လို့ထင်ပါတယ် ။
    မန်ဘာအဖြစ်ဝင်ဝင်ခြင်းဆိုရင်တော့ သူကြီးက ၄၀၀ဝ ကျပ် မတည်ပေးတယ်လို့သိရပါတယ်။ ကိုယ့်ဝင်ငွေ ဘယ်လောက် ရှိပြီလဲဆိုတာ ညာဘက် အပေါ်ဆုံးထောင့် mypoint မှာ ကြည့်နိုင်ပါတယ် ။ စာတစ်ပုဒ် ခုဘယ်လောက်ပေးလဲတော့မသိတော့ဘူး ။ သူကြီး က အားလုံးပေါင်း တစ်သိန်းပြည့်ရင် ပြည်တွင်းနေသူများကို ကျပ် တစ်သိန်း ချီးမြှင့်ပါတယ် ။
    အောက် က top ၁ဝ ထဲမှာဆို အခု etone နဲ့ လေးပေါက်က ရှစ်သောင်းကျော်နေပါပြီ။ နှစ်ယောက်စလုံးက တစ်ခါစီရထားပြီးဖြစ်ကြောင်းသိရပါတယ် ။
    အဲ သူပိတ်ပင်တဲ့ ပိုစ်မှာ သွားရေးမိရင်လည်း ပြန် အနုတ်ခံရပါတယ် ။
    အားတက်စရာ ပြောရရင် အများစုကတော့ အကောင့်နံပါတ်နဲ့ password တွေကို ကို်ယ့်သားသမီးတွေကို အမွေပေးသွားမယ်တဲ့ … 😀 😀

    • သကြားလုုံးကြော်

      June 21, 2012 at 10:22 am

      ဪဪ ဂလိုုလား ။ ဒီလိုုပွိုင့် system ရှိမှန်းမသိပါဘူး။ ကိုုယ်မသိလိုုက်တဲ့ slang များလားလိုု ့။
      စိတ်ရှည်လက်ရှည်ရှင်းပြပေးတဲ့ ကိုုထူးဆန်းကိုုကျေးဧူးပါ။
      “သူပိတ်ပင်တဲ့ ပိုစ်မှာ” ဆိုုလိုု ့ သူကြီးကပိုု ့စ်တွေကိုုပိတ်ပင်တယ်လား။ ဘီဒိုုအာဏာတကယ်ရှိတာပဲ။

  • awra-cho

    June 21, 2012 at 12:52 pm

    နောက်ကျသွားသော ဈေးသည် ၊ သကြားလုံးကြော်ဆိုလို့ သကြားလုံးကြော် ရောင်းတဲ့ ဈေးသည် ဘာလို့ နောက်ကျပါလိမ့် စဉ်းစားနေတာ။ ဂလိုကိုး၊ ဘာပဲပြောပြော ကိုယ်က သူ့ထက်စာရင် စီနီယာပဲ။ ( ပြီးမှသာ အကုန်ကျော်တက် ကုန်ကျတာ၊ ဆရာကြီးစတိုင်နဲ့ ပြောအုံးမှ ) အေးအေး ကြိုဆိုပါတယ်ကွာ။ ကြိုးစား ကြိုးစား

Leave a Reply