သူကြီး သို့

မြစပဲရိုးJune 14, 20121min33252

သူကြီး

အမေရိကန် refugee ဆိုတာလဲ မရှိဘူး။
အင်္ဂလိပ် refugee ဆိုတာလဲ မရှိဘူး။
ပြင်သစ် refugee ဆိုတာလဲ မရှိဘူး။

မြန်မာ refugee တွေ က ကမာ္ဘ္ဘအနှံ့။

ဒီတော့ သူများရဲ့ refugee တွေ ကို လက်ခံဖို့၊ တရားမျှမျှ တတ နဲ့ လူသားခြင်း စာနာစိတ် အပြည့် နဲ့ ထားဖို့ အတွက်က

အဲဒီလို တိုင်းပြည်တွေမှာ ဒီမိုကရေစီ ဆိုတာကို

လက်တွေ့အမှန် ကျင့်သုံး နေတဲ့ အစိုးရ နဲ့

အဲဒါကို အရိုးစွဲ နားလည် နေတဲ့ ပြည်သူတွေ ရှိတဲ့ တိုင်းပြည် ဖြစ် မှ ပိုပြီး သင့်တော်ပါတယ်၊
ပိုပြီး ထိရောက်စွာ ကူနိုင်ပါမယ်။

ကျွန်မတို့ မြန်မာပြည်မှာ ဖြစ်နေတာက

ကိုယ့်ပြည်တွင်းမှာ တရားဝင်နေနေ တဲ့ ကိုယ့်လူမျိုး စစ်စစ် တွေ ကိုတောင်

ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး တွေ ကောင်းကောင်း မပေး နိုင်ပါဘူး။

မျှတ မှန်ကန် တဲ့ ဥပဒေ ရဲ့ အကာအကွယ် ကို လဲ စိတ်ချလက်ချ မရနိုင်သေးပါဘူး။

မြန်မာပြည်သူတွေ ကိုယ်တိုင် ဒီမိုကရေစီ ဆိုတဲ့ အရသာကို မသိသေးဘူး။
အဲဒီအချိန်မှာ ဒီ refugee ဆိုတာ ကို စိတ်ကောင်း ဘယ်လို ရှိနိုင်ပါ့မလဲ၊
ကျွန်မတို့ ဆီမှာ ပြည်တွင်းကို အရင် တိုးတက် အောင် လုပ်ပြီးမှ သူများ ကို ကူနိုင်ပါမယ်။
မဟုတ် ဘဲ အဲဒီလို လာပြီး တွန်းနေရင် ကျွန်မတို့ ပြည်တွင်းမှာ ပဋိပက္ခ္ခတွေ ဖြစ်ပြီး လောလောဆယ် ကြိုးစားနေတဲ့ ဒီမိုကရေစီ ပန်းတိုင် ကို ပိုဝေးသွားပါမယ်။

အဲဒါတွေ ကို  UN နဲ့ တစ်ကွ တစ်ခြား နိုင်ငံကြီး တွေ နဲ့ ပြည်ပမီဒီယာ တွေ ကို ဒီအချိန်မှာ ကျွန်မတို့ နိုင်ငံကို အတင်းဖိအားမပေးသင့်ကြောင်း Request လုပ်သင့်ပါတယ်။

ဒီလို မျိုး ကို အင်္ဂင်္လို ကောင်းကောင်း နဲ့ရေးပြီး  online petition လုပ်သင့်သလားဘဲ။
ပြီးတော့ အဲဒီ  Result ကို   UN  နဲ့ တစ်ကွ တစ်ခြား နိုင်ငံကြီး တွေ နဲ့ ပြည်ပမီဒီယာ တွေ ဆီကို ပို့ပါ့မယ်။

ကျွန်မ အနေနဲ့တော့ ကိုယ်ပိုင်နာမည် နဲ့ ဒေါ်အောင်ဆန်းစုကြည် UK ကို မလာခင် လွှတ်တော်လို မျိုး၊ ဘီဘီစီ လိုမျိုး တွေ ကို ကြိုပြီး ဖိအားမပေးဖို့ တောင်းပန်စာ ပို့ ထား မယ်လို့ တွေးနေပါတယ်။

သူကြီး သဘောတူရင် online petition  လုပ်ကြမလား?

52 comments

  • ကြောင်ကြီး

    June 16, 2012 at 11:20 am

    ၂၀၁၄ခုနှစ်မှာ ယူအန်အက်ဖ်ပီအေ အထောက်အပံ့နဲ့ မြန်မာပြည်တဝှမ်းမှာ သန်းကောင်စာရင်း ကောက်တော့မယ်။ မြန်မာပြည်အတွက် အခွင့်ကောင်းလား ဘာလာကတော့ ယူတတ်ရင်ရမယ်၊ မယူတတ်ရင် ကြွပါမယ်။ လတ်တလော ရခိုင်အရေးကို အကြောင်းပြုပီး မြန်မာနိုင်ငံဖက်က တိကျခိုင်မာတဲ့ မူတခုချဖို့ ယနေ့အချိန်သည် အခါကောင်းဖြစ်ပါတယ်။ အစိုးမရအနေနဲ့ အတိုက်အခံ အင်အားစုများနဲ့ နီးနီးကပ်ကပ် ပူးပေါင်းပီး ဖြစ်နိုင်တဲ့ ပေါ်လစီတခုကို အမြန်ဆုံးချမှတ်ပါ။ လုပ်နည်းလုပ်ဟန်မှန်ရင် ပြည်သူလူထုအား အပြည့်ရမှာဖြစ်လို့ အတားအဆီးရှိခဲ့ရင်လည်း ဖောက်ထွင်းကျော်လွှားသွားနိုင်ပါလိမ့်မယ်။ သိပ်အိလေးဆွဲလို့ အတိုက်အခံနဲ့ အစိုးမရ ပြန်ရန်ဖြစ်နေဂျပီဆိုရင် ရိုဟင်ဂျာပြသနာ ထိန်းချုပ်ဖို့ သိပ်နောက်ကျသွားလိမ့်မယ်..။ အရီးလတ်ပေါဒဲ့ အွန်လိုင်းပက်တီးရှင်းကို သဘောတူပါဒယ်။။

Leave a Reply