ရခိုင်လူမျိုး အစ္စလာမ်ဘာသာဝင်များ အကြောင်း တစေ့တစောင်း

 

            ကမန် ဟူသည့် ဝေါဟာရမှာ ရှေးရခိုင်ဘုရင်အဆက်ဆက်လက်ထက်ကပင်

စတင်ခေါ်ဝေါ်သုံးစွဲခဲ့သည့် ရခိုင့်ဘုရင့်တပ်မတော်မှ သူရဲကောင်း လေးသည်တော်အ
ဖွဲ ့၏အမည်နာမတစ်ခုပင်ဖြစ်သည်။ရခိုင် သုတေသီတို ့၏အဆိုအရ လေး၊မြှားအတတ်၌ ကျွမ်းကျင်သူ “လေးသည်တော်(ဝါ)လေးတော်ပစ်”ဟူ၍အဓိပ္ပာယ်ရ၏။
           ပညာရေးဝန်ကြီးဌာစတုတ္ထနှစ်မြန်မာစာအထူးပြု သင်ရိုးအမှတ် မ-၄၁၂၊ရခိုင်
မင်းသမီးဧချင်း ပို ့ချချက်အပိုဒ် ၃၃တွင်တွင်လည်း ကမန်ဆိုသည်မှာ လေးပတတ်ကျွမ်း
ကျင်သော စစ်သည်တော်ကိုခေါ်သည်။ရခိုင်တပ်မတော်တွင်လည်း လေးသည်တော်
တပ်ပါရှိရာ ၎င်းတပ်တွင်. အမှုထမ်းသူများအား ကမန်ဟုခေါ်သည် ဟုဖော်ပြထား၏။
        ကမန် ဆိုသည်မှာ ယခင်ကလူမျိုးတစ်မျိုး၏ အမည်မဟုတ်ဘဲ ရခိုင်ဘုရင့်လေး
တပ်မတော် ၏အမည်တစ်ခုသာဖြစ်ပြီး ရခိုင်မင်းနေပြည်တော် ပြိုကွဲပျက်သုဉ်းပြီး
နောက် အစုလိုက် အဖွဲ ့လိုက်နေထိုင်လာခဲ့ကြသော ရခိုင်လေးကိုင် သူရဲကောင်း အစု
အဖွဲ ့ကို ရခိုင်မျိုးနွယ်စု ကမန်လူမျိုးများအဖြစ် ယနေ ့ထက်တိုင်ခေါ်ဝေါ်သုံးစွဲလာခဲ့ကြ
သည်။ရခိုင်ဘုရင် ဘစောဖြူလက်ထက်” ရခိုင်စာဆိုပညာရှင်အမတ်ကြီး အဒူမင်းညို
ရေးသားသော ရခိုင်မင်းသမီးဧချင်း အပိုဒ် ၃၃-၃၄”အရလည်း ရခိုင်ဘုရင့်လေးသည်
တော် သူရဲကောင်းတပ်ကို ကမန်လေးတပ်ဟု ခေါ်တွင်ကြောင်းတွေ ့ရသည်။
        ကမန်မျိုးနွယ်စုမှာ ပြည်မနှင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြားမွတ်စလင်မ်များနှင့်
ရုပ်ရည်၊အပြောအဆို၊ယဉ်ကျေးမှုပါ အထူးကွဲပြားသော မျိုးနွယ်စုတစ်ုဖြစ်၏။ကမန်များသည် ရခိုင်များနှင့် ရိုးရာယဉ်ကျေးမှု၊ဝတ်စားဆင်ယင်ထုံးဖွဲ ့မှု၊စကားအပြော
အဆို၊စိတ်နေစိတ်ထား၊ရုပ်ရည်ပုံပန်းသဏ္ဍာန် ကွဲပြားခြင်းမရှိတူညီကြောင်း ဆရာတော်ဦးဉာဏရေးသားသော ဓညဝတီရာဇဝင်သစ်တွင် ဖော်ပြထား၏။ထို ့ပြင် ကမန်တို ့၏ ဝတ်စားဆင်ယင်ပုံ၊စကားအပြောအဆို၊လေယူလေသိမ်းမှအစ ရခိုင်များနှင့် တထေရာတည်းဖြစ်သည်ဟု သတင်းစာဆရာ ယခင်နိုင်ငံတော်ကောင်စီဝင်ဟောင်း ဦးလှထွန်းဖြူက“ရခိုင် ပြည်နယ်တိုင်းရင်းသား
မျိုးနွယ်စုများ”စာအုပ်၌ ဖော်ပြထား၏။
         ကမန် ဟူသော ဝေါဟာရမှာ ပါရှန်းဘာသာ စကားဖြင့် လေးနှင့်မြှားဟု အဓိပ္ပာယ
ရသည်။G.E.Harvey\Outline of Burmese History တွင် Kaman(Presian)=Bow and Arrow
ဟုဖော်ပြထားသည်ကိုတွေ ့ရသည်။

     ရခိုင်ဘုရင့်တပ်မတော်၏ ရခိုင်လူမျိုးများဖြင့်ဖွဲ ့စည်းထားသောလေးသည်တော်တပ်
ဖွဲ ့အား ကမန်လေးသည်တော်တပ်ဖွဲ ့ဟု ပါရှန်အမည် မှည့်ခေါ်ထားခြင်းအား ဆန်းစစ်
လေ့လာကြည့်ရာ အေဒီ(၇)ရာစုမှ (၁၅)ရာစုကြား တွင် ပါရှန်ကုန်သည်၊အာရပ်ကုန်
သည်၊ရောမကုန်သည်များသည် ရွက်သင်္ဘောများနှင့် မြန်မာနိုင်ငံအပါအဝင် ပသျှူး
ကျွန်းဆွယ်တို ့ကိုကူးသန်းရောင်းဝယ်ရေးအတွက် သွားလာနေကြပြီဖြစ်ကြောင်း၊ထို
ကုန်သည်များသည် တရုတ်ကမ်းခြေများသို ့လဲရောက်ခဲ့ကြကြောင်း ၁၈၉ရခုနှစ် 
ဗြိတိသျှဗားမား ဂေဇက်အရသိရကြောင်း၊ထို ့ပြင် ပါရှန်နှင့် အာရပ်စော်ဘွားများသည်
မြန်မာနှင့်တကွအရှေ ့တောင်အာရှသို ့ရောက်နေကြပီဖြစ်ကြောင်းကို
A social economics and political geography of south east Asia by C.A.Fisher စာမျက်နှာ
၉၀-၉၂အရသိရှိရသည်။
      ထိုကဲ့သို ့နိုင်ငံခြားတိုင်းပြည်များနှင့် ရောင်းဝယ်ဖောက်ကား ဆက်သွယ်ခဲ့သော
အချို ့သောရခိုင်မင်းများသည် (၁၅)ရာစုနှင့်(၁၆)ရာစု မှစ၍ ၎င်းတို ့အနေဖြင့် ဗုဒ္ဓဘာ
သာဝင် များဖြစ်သော်လည်း ၎င်းတို ့အမည်များအပြင် အောက်ပါအတိုင်း ပါရှန်အမည်များ အစ္စလာမ်ဘွဲ ့များခံယူခဲ့ကြသည်ကို တွေ ့နိုင်သည်။

(၁)မင်းခရီ(၁၄၃၄-၁၄၅၉)သည်. အလီခန် အဖြစ်
(၁)ဘစောဖြူ(၁၄၅၉-၁၄၈၂)သည် ကလီမာရှား အဖြစ်
(၃)မင်းဒေါ်လျှာ(၁၈၄၂-၁၄၉၂)သည် မေနုရှား အဖြစ်
(၄)ဘစောမင်းညို(၁၄၉၂-၁၄၉၄)သည် မိုဟာမက်ရှား အဖြစ်
(၅)မင်းရန်အောင်(၁၄၉၄-?)သည် နရီရှား အဖြစ်
(၆)စလင်္ကသူ(၁၄၉၄-၁၅၀၁)သည် ရှိတ်က် အဗ္ဗဒူ အဖြစ်
(၇)မင်းရာဇာ(၁၅၀၁-၁၅၂၃)သည် အီလီယမ်ရှား အဖြစ်
(၈)မင်းစောအို(၁၅၂၅–)သည် ဂျလာလ်ရှား. အဖြစ်
(၉)သဇာတ(၁၅၂၅-၁၅၃၀)သည် အလီရှား အဖြစ်
(၁၀)မင်းဘာကြီး(၁၅၃၁-၁၅၅၃)သည် ဇောက်ဘောက်ရှား အဖြစ်
(၁၁)မင်းဖလောင်း(၁၅၇၁-၁၅၉၃)သည် စကွန်ဒါရှား အဖြစ်
(၁၂)မင်းရာဇာ(၁၅၉၃-၁၆၁၂)သည်. စွယ်လင်ဆိုလိမ်ရှား အဖြစ်
(၁၃)မင်းခမောင်း(၁၆၁၂-၁၆၂၂)သည် ဟူစိန်ရှား အဖြစ်

ခံယူခဲ့ကြလေသည်။

စာရေးသူ။။မောင်ဆန္ဒ(လယ်ဝေး)
မှီငြမ်း။။ရမ္မာဝတီ-ရမ်းဗြဲမြို ့ တောင်ကျောင်းဆရာတော် စန္ဒမာလာလင်္ကာရ ဆရာတော်
ကြီး စီရင်သော ရခိုင်ရာဇဝင်သစ်ကျမ်း ဒုတိယစာအုပ် ပဉ္စမတွဲ

Burma by D.G.E.Hall(Second Edition,1956)နှင့်
History. Of Burma by Sir Arther Phayra,1967

ရည်ရွယ်ချက်။။ရခိုင်လူမျိုးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ကမန်တိုင်းရင်းသား
တို ့မှာ လွန်ခဲ့သော နှစ်ပေါင်း(၆၀၀)နီပါးကပင် ရှိနှင့်နေခဲ့ပြီးသော အစ္စလာမ်ဘာသာဝင်
တို ့ပင်ဖြစ်သည်ကို ပြောပြလိုခြင်း။
တနည်း အားဖြင့် ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများထဲတွင် အစ္စလာမ်မရှိပါဟု သမိုင်း
မသိသေးဘဲ ပြောဆိုနေသည်ကို ရှင်းပြလိုခြင်းပင်ဖြစ်သည်။

49 comments

  • memeseku

    June 14, 2012 at 6:30 pm

    ထင်တာထက်ကိုပိုပြီး အံ့အားသင့်ရပါတယ်…
    ကျနော်တော့ အဲ့လို စာတွေကိုစုံအောင်ရှာမဖတ်ဖြစ်တာကြာပါပြီး….
    အချိန်ပေးပြီး အပင်ပန်းခံတဲ. ရည်ရွယ်ချက်လေးကို လေးစားပါတယ်..
    နောက်ထပ် တင်ပါဦး….

  • ဖိုးကြက်တောင်@badminton

    June 14, 2012 at 6:47 pm

    ျ မှန်ပေစွ မှန်လိုက်ပေစွ သမိုင်းဟူသည် အတင်းငြင်းဆန်၍ လိမ်ညာ၍ မရသောအရာတပါးဖြစ်ချေ၏ အကျွန်တို့ ရက္ခိုင်ပြည်တွင် နေတိုင်ကြသူ တိုင်းသားဖြစ်စေ နို်င်ငံခြားသားဖြစ်စေ လူသားအားလုံးတို့သည်ရက္ခိုင်ပြည်ရက္ခိတအမျိုးတို့၏ စစ်မှန်သော သမိုင်းတို့ကိုမြတ်နိုးတန်ဘိုးထားလျှက် စစ်မှန်သော ခေါင်းဆောင်ကောင်းတို့၏ မှန်ကန်သောဦးဆောင်မှုကိုရနိုင်ဘို့ကျိုးစားကြပါကုန် သမိုင်းစစ်သမိုင်းမှန်ကိုသာ လက်ဆင့်ကမ်းကြပါကုန် မြတ်ဗုဓ္ဒ၏ သူတော်ကောင်းတရား ခုနှစ်ပါးနဲ့အညီကျင့်ကြံ့နေတိုင်ကြပါကုန် မြန်မာနိုင်ငံတွင်နေထိုင်ခွင့်ရကြသော တိုင်းတပါးသားတို့သည်လည်းမြန်မာ့ သမိုင်းကိုလေးစားတန်ဘိုးထားကြပါကုန်
    မြန်မာပြည်ကိုချစ်ပါ မြန်မာ့သမိုင်းကိုလေးစားပါ

    သင်တို့ကြောင့်အမိမြန်မာပြည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် သိက္ခာမမဲ့ပါစေနှင့်

  • သားဦး၊မြေးဦး

    June 14, 2012 at 6:58 pm

    @Myo gye က ချီးမွမ်းလို ့ကျေးဇူးတင်ပါတယ်နော်။
    @memesekuရေ ထပ်ပြီးတော့ သမိုင်းစာအုပ်ထပ်လှန်
    ရပေအုံးမပေါ့။
    @ကိုဖိုးကြက်တောင်ရေ—-ကွန်မန် ့လေးချီးမြှင့်လို ့ကျေးဇူးတင်သလို၊
    ထင်သာမြင်သာ ထောက်ပြဝေဖန်ပေးလို ့ပိုပြီး ကျေးဇူးနော်။

  • အလင်းဆက်

    June 14, 2012 at 7:07 pm

    အားလုံးကို..လူသားချင်း..အချင်းချင်းဟုသာ..မြင်မိပါကြောင်း

  • htet way

    June 14, 2012 at 7:11 pm

    ရခိုင် အမျိုးသား ကမန်တိုင်းရင်းသားတွေ အကြောင်း သိလိုက်ရပါပြီ။
    ဦးကျော်တင် အမန် ဆိုတာရှိပါတယ်။ တခါက ဗီယက်နမ် ပြန်လည် ညီညွတ်ရေး ပါတီ
    မှာ ဥက္ကဋ္ဌ ဗျာ ။ အစ္စလာမ ်အလင်းမဂ္ဂဇင်းမှာလည်း အယ်ဒီတာပဲ ဗျ ကျွန်တော်နဲ့ ရင်းနှီးပါတယ်
    တခါက ကမန်တွေ အကြောင်းရှင်းပြဖူးပါတယ်။
    ကျွန်တော် သိတာ တခုရှိသေးတယ်ဗျ မင်းတုန်းမင်း လက်ထက်က ကုလား စစ်သီ ပျို များ
    တျာချင်းဆိုတာ အဲ့ ဒါ အစ္စလာမ် ဘာသာဝင် ဘုရင့်တပ်မတော်က တပ်သားတွေ ခင်ဗျားပြောတဲ့ လေး တပ် အမြောက်တပ်ဗျ။
    အခုလိုရေးပြတာ ကျေးဇူးပါဗျာ သမိုင်းးသိရတာပေါ့။

  • ကိုရင်မောင်

    June 14, 2012 at 7:14 pm

    ခင်ဗျား လဲ မွတ်ဆလင် အနွယ်ဖွားများဖြစ်နေမလားလို့ထင်နေမိတယ်
    ဟုတ်မဟုတ်တော့ ကိုယ်ကိုတိုင်အသိဆုံးဖြစ်မယ်ထင်ပါတယ်…
    မြန်မာမြေပုံမှာ ရခိုင်ပြည်နယ်ကို ရိုဟင်ဂျား မွတ်ဆလင်လူမျိုးတွေ
    ပုံတွေထည့်ထဲက ဒီရိုဟင်ဂျာမွတ်ဆလင် တွေအပေါ်ကြည့်မရဖြစ်နေတာ
    ခုလဲကြည့်ပါအုံး.. ရခိုင် နယ်မှာ ရိုဟင်ဂျာမွတ်ဆလင် တွေသောင်းကျန်းနေလို့
    ကျုပ်တို့ညီနောင်ရခိုင်ပြည်သူပြည်သားတွေဒုက္ခရောက်နေရရှာနေကြပြီ
    ဒီအချိန်မှာ..ခင်းဗျားက ဘာရည်ရွယ်ချက်နဲ့ဒီပို့ကိုတင်ရတာတုန်း…
    တော်တော်စိတ်ပျက်ဘို့ကောင်းတယ်…

    • သားဦး၊မြေးဦး

      June 14, 2012 at 9:58 pm

      @ကိုရင်မောင်ရေ. ကျနော်ဒီပို ့စ်ကိုရေးရတဲ့ ရည်ရွယ်ချက်(၂)ချက်ဘဲရှိတယ်။

      (၁)ကျနော့် မျိုးနွယ်ဖြစ်တဲ့ ရခိုင်တိုင်းရင်းသား ကမန်လူမျိုးတွေဟာ မဆီမဆိုင်
      ရိုဟင်ဂျာ ပြဿနာထဲဆွဲထည့်ခံနေရတာကို ဖြေရှင်းလိုတာရယ်၊ရခိုင်လူမျိုးမှာ
      အစ္စလာမ်မရှိဘူလို ့ရမ်းဖြီးနေသူတွေကို သမိုင်းစာအုပ်ပြန်ဖတ် ခိုင်းလိုက်တာပါ။
      (၂)ရိုဟင်ဂျာ တွေကြောင့် အများသူငါ မည်းမည်းမြင်တိုင်း ကုလားအော်နေတာ
      အမြင်ကတ်လို ့ပါ။

      • pooch

        June 14, 2012 at 10:14 pm

        အခုတလော စာအုပ်ပုံကြား အားတဲ့အချိန် ခေါင်းစိုက်နေပါတယ်။ ကျမလည်း ပြောပြချင်တာလေးတွေ ရှိပါတယ်။ သို့သော် ရေးဖြစ်မရေးဖြစ်တော့ အခြေနေအချိန်ခါလေး ကြည့်ပါအုန်းမယ်။ အချက်လက် အထောက်အထား စုံအောင် ဘက်စုံက ရသလောက် နှိုက်နေပါတယ်။ ခုရေးသလိုမျိုး ကျမလည်း ဖတ်ဖူးပါတယ်။

        ဒီနေရာမှာ ပြောချင်တာက ဘယ်လူမျိုး ဘယ်ဘာသာ ဆိုတာထက် ဟိုအရင်တုန်းက သမိုင်းတခုကို ပြန်လှန်ကြည့်ချင်တဲ့သဘောနဲ့။ ဘယ်အချိန်တုန်းက ဘယ်လူမျိုးစုတွေ ဘယ်လို ဖြစ်တည်လာတယ် ဆိုတာလေးပါ။ ကိုစံလှကြီး ရေးပေးရင်သိပ်ကောင်းမှာပဲ။ ခုတော့ မဟုတ်ဖူးပေါ့လေ။ သွေးအေးသွားတဲ့ အခါမှပါ။

  • char too lan

    June 14, 2012 at 7:56 pm

    အချဲခံဂျင်ရို့ရေးဒယ် ချိုဒါ ဒါညိုးဂိုကြောဒါထင်ဒယ် (အထင်)
    ဦးဖော……………..ဦးဗိုက်………………………..ဦးပု …. တို့၏ဇဂါးများ 😀

  • winkhant

    June 14, 2012 at 10:09 pm

    ကမန်မကလို့ ကမန်ရဲ့ အဖိုးပဲဖြစ်နေပါစေ ဂရုမစိုက်ဘူးကွာ အဲ့ဒီင်္ကမန်ဆိုတာ အခု ဘာလူမျိုးကို ပြောတာလဲ အဲ့ဒါသိချင်တယ် အခု အဲ့ဒီလူမျိုး ငါတို့တိုင်းရင်းသားထဲမှာပါလား မပါရင် သမိုင်းကို ပြန်မလှန်နဲ့တော့ ဟိုးအရင်က ရှိခဲ့တာတွေပြောရရင် တစ်ထောင့်တစ်ည ပုံပြင်ထက်ရှည်သွားမယ်
    အခုဖြစ်နေတာက ရိုဟင်ဂျာဆိုတာ ငါတို့နိုင်ငံသားမဟုတ်ဘူး ငါတို့လူမျိုးမဟုတ်ဘူး လူသားချင်း စာနာထောက်ထားသောအားဖြင့် ငါတို့နိုင်ငံက လက်ခံထားတဲ့ ဘဂါင်္လီလူမျိုးတွေသာဖြစ်တယ် အဲ့ဒါကိုလက်ခံ လက်မခံနိုုင်ရင် ကိုယ့်လည်ပင်းကိုယ်လှီးပစ်လိုက် ရှင်းတယ်နော်

  • သားဦး၊မြေးဦး

    June 14, 2012 at 10:18 pm

    ကိုwinkhant ကမေးတော့လဲ ဖြေရတော့ပေါ့။ကမန်လူမျိုးဆိုတာ ရခိုင်လူမျိုးတွေထဲက တစ်ခုပါဘဲ။
    စာဖတ်ပါအုံးလို ့အကြံပြုလိုပါတယ်။

    မန်မာ အစိုးရသတ်မှတ်သည့် လူမျိုးနှင့် တိုင်းရင်းသားများ
    ကချင်
    ကချင် – တရုမ်း – ဒလောင် – ဂျိမ်းဖောလူမျိုး(သိန်းပေါ်၊ ဂျင်းဖော) – လော်ဝေါ်(မရူလူမျိုး) -ရဝမ်လူမျိုး- လာချိဒ်- လီဆူလူမျိုး- ဇိုင်ဝါး- ဂေါ်ရစ် – ခါ့ခူးလူမျိုး – ဒုရင် – လရှီလူမျိုး – အဇီး
    ကယား
    ကယား(သို့)ကယန်း – ဇယိန်လူမျိုး – ပဒေါင်လူမျိုး – ဂေခို – ဂေဘား – ပရဲလူမျိုး – မနူမနော် – ယင်းတလဲ – ယင်းဗော်လူမျိုး
    ကရင်
    ကရင် – ကရင်ဖြူ – ပလေကီး (ပလေချီ) – မွန်ကရင် – စကောကရင် – တလှေပွာ – ပကူး – ဘွဲ – မောနေပွား – မိုးပွ – ပိုးကရင်
    ချင်း
    ချင်း – ကသည်း – မယ်တိုင် (ကသဲ) – ဆလိုင်း – ကလင်ကော (လူရှေ) – ခမီ – အောဝခမီ – ခေါနိုး – ခေါင်စို – ခေါင်ဆိုင်ချင်း – ခွာဆင်းမ် – ခွန်လီ (ဆင်မ်) – ဂန်တဲ့ (လင်တဲ) – ဂွေးတဲ – ငွန်း – ဆီစာန် – ဆင်တန် – ဆိုင်းဇန် – အရှိုချင်း – ချိုး – ခမီ – လိုင်မီး – – ဇိုမီး – မီဇိုး – ဇာဟောင် – ဆိုင်းတန်လူမျိုး – ဇိုဖေ – ဇို – ဇန်ညှပ် – တပေါင် – တီးတိန် (တဲဒင်မ်) – တေဇန် – တိုင်ချွန်း – တာ့ဒိုး – တောရ် – ဒင်မ် – ဒိုင်လူမျိုး – နာဂ – မာရင် – ပနမ်း – Magun – မတူ – မီရမ် (မရာ) – မီအဲ – မကန်း – လူရလူမျိုး၊လူရှိုင်း (လူရှေ) – လေးမြို – လျင်းတု – လောက်ထူ – လိုင် – လိုင်ဇို – ပါကင်းမ် – ဟွာလ်ငို – အနူး – အနန် – အူပူ (မရို) – လျင်းတု – အရှိုချင်း – ရောင်ထု
    ဗမာ
    ဗမာ – ထားဝယ် – မြိတ် – ယော – ရဘိန်း – ကတူး – ကနန်း – ဆလုံလူမျိုး – ဖွန်း (ဖုန်း)
    မွန်
    မွန် လူမျိုး
    ရခိုင်
    ရခိုင် – ကမန် – ခါမီ – ဒိုင်းနက် – မြို – သက်
    ရှမ်း
    ရှမ်း – ဓနောလူမျိုး – ဓနုလူမျိုး – အိုက်ဆွယ် – အင် – ဂုံလူမျိုး(ခွန်) – အင်းသား – ကော် (အခါအိကော) – ခန်တီးရှမ်း – ခမူ – ကိုးကန့် – ကွီ – လားဟူ – မိုင်းသာ – မြောင်ဇီး – မောရှမ်း – ပလောင် – ပလေး – ပအိုဝ်း(တောင်သူ) – ဖျင် – ရှမ်းကလေး – ရှမ်းကြီး – မုံလူမျိုး – တိုင်းလွယ် – တိုင်းလျမ် – တိုင်းလုံ – တိုင်းလေ့ – တောင်ရိုး – ဝ – ယောင် – ယင်ကျား – ယင်းနက်လူမျိုး – ယွန်း

    ခင်တဲ့
    သားဦး၊မြေးဦး(ဝမ်းတွင်းကပင် အရူး)

    • thu thu . sittwe

      June 14, 2012 at 10:22 pm

      “ဒေသခံ” တိုင်းရင်းသား ရခိုင်လူမျိုးမှန်ရင် မူဆလင်မဟုတ်ဘူးလို့သာ ဆိုလိုခဲ့ခြင်းဖြစ်ပါတယ် …

  • သားဦး၊မြေးဦး

    June 14, 2012 at 10:24 pm

    မဆိုင်တာ မပြောပါနဲ ့မမသူသူရေ။သိသင့်သိထိုက်တာလေးကို သမိုင်းနဲ ့ယှဉ်ပြီး ရှင်းပြတာပါ။
    ခုလိုချိန်မှာ မမpoochပြောသလို မရေးသင့်ဘူးဆိုတာလေးဆင်ခြင်မိပေမယ့် ရခိုင်တိုင်းရင်း
    မျိုးနွယ်စုတွေထဲမှာ အစ္စလာမ်မရှိဘူးလို ့သမိုင်းကို မသိသူများပြောဆိုနေကြခြင်းကို ဖြေရှင်း
    လိုခြင်း သက်သက်ပါခင်များ။

  • မိုးတိမ်

    June 14, 2012 at 10:24 pm

    ကုလားဆိုဒ်တွေမှာ တွင်တွင်ဖတ်ခဲ့ရလို့ ရိုးတောင်နေပါပေါ့ အစ်ကိုရာ။
    အစ်ကိုလဲ မြန်မာပြည်ကို တကယ်ချစ်ရင် ဒီလို(ပို့ စ်)တွေထပ်မတင်စေချင်ဘူးဗျာ။
    နေ့လည်က ဖတ်ရင်းစိတ်မကောင်းရုံဘဲရှိတယ် ဘာမှဝင်မပြောတာ(မသောက်ရသေးတော့)။
    ခုတော့ မရတော့ဘူး။အစ်ကို့ဘက်ကအဲလို စလုပ်ရင် ကျွန်တော်ဘက်ကလဲ ခံတိုက်ရမယ်နော်။
    ညီအစ်ကိုချင်း အေးအေးနေချင်တယ်ဗျာ။ ခင်တဲ့………………

  • သားဦး၊မြေးဦး

    June 14, 2012 at 10:31 pm

    အင်. ပလုတ်တုတ် ကိုမိုးတိမ်ရယ် တိုင်းရင်းသားမျိုးနွယ်စုတွေ
    ထဲက သိသင့်သိထိုက်တာ ပြန်ပြောပြတာပါ။ဒါက ရှေးယခင်
    ကတည်းကရှိပြီးသား မျိုးနွယ်စု တစ်ခုအကြောင်းကို ပြောလိုခြင်း
    သက်သက်ပါ။ဘာရည်ရွယ်ချက်မှ မရှိပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 14, 2012 at 11:08 pm

    သို့
    သဂျီး
    ဒီဆိုဒ်ထဲဂ အဖွားဂျီး တစ်ယောက်ရေးထားဒဲ့ 😀
    ဘာလဲဗျာ ဒေါ် ဘာလဲမသိဘာဘူး ခင်မမမျို်းလား ဘာလားမပြောတတ်
    အဲ့သည် ပို့စ်ကို ကျနော် လိုက်စာဒါ မတွေ့လို့လို့ဘာ
    ကျေးဇူးပြုဘီး တင်ပေးဘာလား ( လင့်ဂိုပြောဒါဘာ )
    ပြဿနာဂ အဲ့ဒါဂို ညွှန်းပြီးမှ ကော်မန့်ရေးလို့ရမဲ့သဘောမှာ စိလို့ဘာ

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 14, 2012 at 11:14 pm

      ကျနော်ဆိုလိုတာက
      အနှီး အဲ့သည် အဖွားကြီး 😀 မ ခင်မမမျိုး ဟာ
      အဲ့သည် ပို့စ်မှာသာ ရီပလိုက် ပြန်ပြောထားဒါဘာ

  • Oo Oo

    June 14, 2012 at 11:09 pm

    ခေါင်စဉ်ကိုဖတ်ပြီး…
    အမြင်မတော်..ဆင်တော်နဲ့ခလောက်မို့ ဝင်ရှည်ပါဦးမည်
    ကိုကမန်သားရေ…သမိုင်းရာဇဝင်ဆိုတာက သမိုင်းဆရာကြီးတွေတောင် ဒုတ်ထမ်း ဓါးထမ်းပြီးအငြင်းပွါးနေကြရတာပါ
    ရခိုင်အင်ပါယာကြီးထွားချိန်မှာ…စစ်တကောင်းနယ်တစ်ကြော(ယ္ခု ဘင်္ဂလာဒေ့ရှ် အပိုင် ) သိမ်းပိုက်ခဲ့တာပါ
    ကျနော်လဲလေ့လာခဲ့ဖူးပါတယ်..အခု အချက်အလက်တွေပြန်ရှာဖို့အချိန်မပေးနိုင်သေးလို့ ဒီအကြောင်းကိုမငြင်းတော့ပါဘူး

    မြန်မာတိုင်းရင်းသားထဲမှာပါဝင်တဲ့.. ကမန် – ခါမီ – ဒိုင်းနက် – မြို – သက် ဆိုတဲ့လူမျိုးစုတွေဟာ ရခိုင်ပြည်နယ်မှာမှီတင်းနေထိုင်
    လာခဲ့ကြတဲ့လူဦးရေနဲပါးတဲ့လူမျိုးစုတွေပါ..ကမန်လူမျိုး ကို ရခိုင်လူမျိုးပါလို့ပြောလိုက်တော့ ဘယ်လိုနားလည်ရမှန်းမသိဘူးဖြစ်သွားတယ်..
    ရောမချပါနဲ့ဗျာ…ဝင်ဖတ်ကြတဲ့လူတွေကိုလည်း အားနာပါဦးလားဗျာ။
    ခေါင်းစဉ် အမှန်ဖြစ်သင့်တာက…
    “ရခိုင်ပြည်နယ်တွင်နေထိုင်သော ကမန်လူမျိုးအစ္စလာမ် ဘာသာဝင်များအကြောင်းတစေ့တစောင်း” လို့ပဲရေးသင့်ပါတယ်။
    ခင်ဗျားတို့မူစလင်ဘာသာကိုးကွယ်တာနဲ့ ရခိုင်တွေကိုလည်းရခိုင်မူစလင်ဖြစ်အောင်တော့မရေးကြပါနဲ့ဗျာ..
    ရေးချင်ရင်လည်း..ရျင်းရှင်းလင်းလင်းဖြစ်အောင်ရေးပါ..မသိတဲ့လူငယ်တွေဖတ်မိရင် အမှတ်မှားကုန်တော့မှာပဲ။ 😛

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 14, 2012 at 11:11 pm

      မလုပ်ဂျတဘာနဲ့
      ကျနော် တာဝန်ယူပါတယ်
      ကျနော် ရှင်းပါ့်မယ်ခင်ဗျ

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 14, 2012 at 11:10 pm

    ခင်ဗျားဆိတ်ဂို ထိန်းဘာ
    ကျုပ် ရှင်းနိုင်ဒယ်

  • မိုးတိမ်

    June 14, 2012 at 11:15 pm

    ထပ်ပြောပါရစေအစ်ကို…..
    ရခိုင်အရေးအခင်းနဲ့ ပါတ်သက်ပြီး ဘာမှ အခုချိန်မှာ ဝင်မပြောပါနဲ့တော့ဗျာ
    ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ အချိန်နဲ့ သမိုင်းက ဆုံးဖြတ်ပေးပါလိမ့်မယ်။
    တတ်နှိုင်တဲ့ အကူအညီတွေပေး၊ ခပ်အေးအေးပဲနေကြပါစို့။(ဘာမှန်း မသဲကွဲလို့)
    တကယ်လို့ လိုအပ်လာရင်လဲ ဗမာ့သွေးက မကျဲပါဘူးဗျ။

    တစ်ခုတော့ ခိုးချလိုက်မယ်(fb ကစာသားလေးကြိုက်လို့)
    သေနတ်ကိုင် စစ်မတိုက်ရပေမယ့် လိုအပ်လာရင် ကီးဘုတ်ကိုင် တဖြောင်းဖြောင်းရိုက်ပြီးတိုက်မယ်…
    အမျိုး၊ဘာသာ၊သာသနာ စော်ကားရင်တော့……..

    အစ်ကိုသဘောပေါက်ပါစေဗျာ………

  • ma haw

    June 14, 2012 at 11:15 pm

    ကိုဦး (ခေါ်ရတာရှည်လို့)ဆိုလိုချင်တာကို နားလည်ပါတယ်
    ဒါမဲ့ ခုချိန်က နဲနဲများစောနေလားလို့
    ကျွန်တော့်သငယ်ချင်း တယောက်မှတ်ပုံတင်(တကယ်တော့သူကကုလားပေါ့)
    မှာတွေ့ဖူးလိုက်တယ် လူမျိုးမှာ ကမန်ဆိုတာမျိုးပေါ့
    တကယ်ရှိမရှီဆိုတာကတော့ ကျွန်တော်ကအဲဒါတွေသိပ်စိတ်ဝင်စားတဲ့လူမဟုတ်တော့ မသိတာတကယ်ပါ
    ဒါမဲ့ ပထဝီမှာသင်ဖူးတာတော့ ရခိုင်လူမျိုးတွေထဲမှာ မြို သက် ခမီ ဒိုင်းနက် အဲးဒါမျိုးလောက်ပဲတွေ့ဖူးတယ်

    အဲ…………..ပါတယ်ဆိုရင်တော့ ကျွန်တော်ကျောင်းမတက်လို့ဖြစ်ပါလိမ့်မယ်
    ကုလားသမိုင်းတွေဖတ်မယ်ဆိုရင်တော့ ရေးချင်ရေးမှာပေါ့ သူတို့က လိုချင်တာကိုး
    ထားလိုက်ပါ ဒါတွေပြော ဒေါတွေပါမယ်
    အဖွဲ့ဝင်အချင်းချင်း စိတ်ဝမ်းမကွဲစေချင်တာပါ
    ဲဆရာဝင်လုပ်တာမဟုတ်ဘူးနော် ကျွန်တော် အဖွဲ့ထဲဝင်ဖြစ်တာ လေးရက်ပဲရှိသေးတယ်
    တိုက်ခိုက်ကြတဲ့ကောမက်တွေချည်းဖတ်နေရတာ မို့ပါ

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 14, 2012 at 11:24 pm

      ကျေးဇူးပြုပြီး
      ကျုပ်ရဲ့ ကော်မန့်ကို စောင့်စေခြင်ပါတယ် ခင်ဗျ

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 14, 2012 at 11:22 pm

    ကျုပ်ရှင်းမယ် ခင်ဗျားတို့ ဘာဖြစ်နေတာလဲ
    လူတစ်ယောက်က လူတစ်ယောက်ကို ဘာလုပ်မလဲဆိုတာ ခင်ဗျားတို့ ဘယ်လောက်နားလယ်လို့လဲ 👿
    လီးလိုလိုမှိုလိုလိုမလုပ်ကြပါနဲ့ ( ကုန်ပါပြီ ကျုပ် စီဇိန်ဒေ )
    ကျုပ်
    သဂျီးဂို လိပ်စာ တောင်းထားဒယ် 👿

  • htoosan

    June 14, 2012 at 11:30 pm

    ကိုသန်းထွဋ်ဦးရေ .. သံတွဲမှာ အေးအေးချမ်းချမ်းဘဲမို့ ဝမ်းသာပါတယ်ဗျာ။

  • kai

    June 14, 2012 at 11:41 pm

    ဗျဝိဗျတ.. ရွှေဖျင်းညီနောင် စတဲ့သူအကြောင်းရေးပါဦးလား.. :mrgreen:

    အဟမ်း..
    တကယ်တော့.. တောင်ပြုန်းနတ်တွေအကုန်..မွတ်ဆလင်နွယ်တယ်လို့ပြောလို့ရတယ်..။

    တောင်ပြုန်းကျသွားပြီး.. မွတ်ဆလင်ကျ.. မုန်းနေတဲ့.. ရှေးစွန်းစွဲတွေကို.. အံ့ဩမိတယ်..။

    ပြောရဦးမယ်.။
    .. မြန်မာတွေကုလားခေါ်တဲ့.. အိနိ္ဒယသားတွေမှာ.. မွတ်ဆလင်က လူနည်းစုဖြစ်ပါကြောင်း.. ဟိန္ဒူဘာသာဝင်တွေအများစုဖြစ်ပါကြောင်း…

    • မိုးတိမ်

      June 15, 2012 at 12:59 am

      ကဲ သကြိုင်ခီးရေ….
      အဲ(ရွှေဖျင်းညီနောင်) စောက်ကုလားတွေကိုလဲ ဗမာတွေကပဲ ကယ်ဆယ်ခဲ့တာပါ။
      ဘုန်းြ့ကီးကျောင်းမှာနေ ဘုန်းကြီးပစ္စည်းခိုးစား အားကြီးလာတော့ ဘာလုပ်တုန်းဗျ။
      ဘုန်းကြီးကျောင်းကိုပြောင်းပြန်လှန်တယ်လေ။ရာဇဝင်ထဲကအတိုင်းနော်။
      အဲလိုဘဲ ရိုဟင်ဂျာနဲ့ တစ်စိတ်တည်းပဲ။ကျုုပ်က နတ်မကိုးကွယ်တဲ့ အပြင် ကိုးကွယ်ရင်လဲဘာကြောင့် ကိုးကွယ်ရလဲဆိုတာ စစ်ဆေးမယ့်ကောင်။မှန်တယ်ထင်ရင်တော့ သူကြီးလဲမရဘူး။အိမ်ရှေ ့လာအော်မှာဘဲ။ဘာသာရေးနဲ့
      ဆိုင်တာတွေ ခံနေရတာတွေအရမ်းများနေပြီ သူကြီးကအေးအေးနေ နှလုံးပြူးတိုက်ပြီး
      စော်ကားနေတဲ့ကောင်တွေပဲပစ်။နှလူံးပူးသံချေးမတက်စေနဲ့ ဒါဗျဲ………

  • Lwin Aung

    June 14, 2012 at 11:41 pm

    We don’t accept only so called Rohinjar ( Bengali ). Not associate with Religious.

  • kyaw swar kaung

    June 15, 2012 at 2:30 am

    ကျနော် အရင်က စာကိုတော့ အမြဲလာဖတ်ဖြစ်ပါတယ်…မန်ဘာလဲ မဝင်ခဲ့ပါဘူး…ကော်မန် ့လဲ မရေးဘူးပါဘူး…
    ဒါပေမယ့် ရခိုင်ပြဿနာတွေ ကြားရဖတ်ရတော့ တခုခုတော့ ပြောချင်လာတယ်..
    ဘာလို ့လဲဆိုတော့ ပို ့စ်အသစ်တခုတက်လာရင် ကော်မန် ့တွေမှာ ဖတ်ရတာ မကောင်းဘူး.။
    ဒီကော်မန် ့ရေးဘို ့တောင် စဉ်းစားရပါတယ်…
    ကျနော်တို ့တစ်တွေက အင်တာနက်ခေတ်ကိုရောက်ပြီး အင်တာနက်လေးလဲ သုံးဖြစ်ကြ၊ ဘလော့ဂ်တွေ
    ဖိုရမ်တွေကလဲ ပေါပေါလောလောဖြစ်လာတော့ ကလောင်တွေ ဖောင်းပွလာတယ်..ဒါပေမယ့်
    မတော်ဘူး မတတ်ဘူးလို ့တော့ မပြောပါဘူး။
    ကျနော်ငယ်တုန်းက အဖေ့မိတ်ဆွေ စာရေးဆရာတွေ နဲ ့ခင်မင်ဘူးပါတယ်..လေးလဲလေးစားတယ်..
    ရှိတဲ့ပိုက်ဆံ၊ ရတဲ့ လခလေးနဲ ့
    ဝယ်လိုက်ရတဲ့ မိုးဝေ၊ပေဖူးလွှာ၊ငွေတာရီ၊မြဝတီ၊ရှုမဝ……
    ရတဲ့ လခနဲ ့တောင် မလောက်ချင်ကြပါဘူး…မိူးဝေတို ့ရှုမဝ တို ့မှာ တခါတလေ စာမူပါလာရင်
    သူတို ့မျက်နှာမှာပေါ်နေတဲ့ ပီတိကို ကျနော် လေးစားစွာ ကြည့်ဘူးပါတယ်..။
    စာရေးဆရာတစ်ယောက်ရဲ ့သိက္ခာ၊ ကျင့်ဝတ်( ဆရာကျင့်ဝတ်၊ ကလောင်ကျင့်ဝတ်) တစ်ကယ်လေးစားစရာကောင်းတယ်…။
    သူတို ့ကိုကြည့်ပြီး စာရေးချင်စိတ်လဲ ဖြစ်ခဲ့တယ်..ဒါပေမယ့် မလွယ်ဘူး..တော်တော် ဆင်းရဲတာ..
    သူတို ့ဆင်းရဲပြီး မပြည့်စုံပေမယ့် …သူတို ့မာနနဲ ့ထိမ်းသိမ်းထားတဲ့ တန်ဘိုးရှိသော အရာက
    သူတို ့ရဲ ့ကလောင်တန်ဘိုးဘဲ………။
    အခု ကျနော်တို ့ခင်ဗျားတို ့စာတွေ ရေးနေကြတယ်.. ကလောင်သွေးနေကြတယ်ပေါ့ဗျာ
    တန်ဘိုးချင်းတော့ ကွာတယ်…ဟိုဆရာတွေက တတိုင်းပြည်လုံးက စာရေးဆရာတွေ ပို ့သမျှ စာမူတွေထဲက ကောင်းလွန်းလို ့ အယ်ဒီတာက ရွေးချယ်ပြီး ပုံနှိပ်တာ….။
    ကျနော်တို ့ကတော့ ခုနကဘဲ အကောင့် အသစ်ဖွင့် အခု ပို ့စ်တင်..။
    တော်တော်( တော်တော်ကြီးကို ) ကွာလွန်းပါတယ်………………………………………။
    ကျနော်တို ့ရဲ ့ကလောင်တန်ဘိုး ဘယ်လောက်အဆင့်အတန်းရှိသလဲ…
    ကျနော်တို ့ရေးတဲ့စာ ဘယ်လောက် လေးနက်သလဲ……
    အခု သားဦးမြေးဦးရေးတဲ့စာမှာ ကော်မန် ့ဝင်ရေးပေမယ့် အရင် ရခိုင်ပြဿနာစကတည်းက
    စာတွေ ဖတ်တဲ့ အခါ…. စာရေးသူက စဉ်းစားနိုင်အောင် ရေးပြလဲ…မရ..
    သိစေချင်လို ့အပြုသဘောပြောလဲ မရ…ချမယ်ဆိုတာချည်းဘဲ..
    ကိုယ်က ကွန်ပြူတာမှာ လက်ကွက်လေး စမ်းစမ်း စမ်းစမ်း နဲ ့ချတာ…
    ဟိုမှာက လူတွေ ့ချတာ သေကုန်ပြီ… လူသားတိုင်းဟာ အသက်နဲ ့ကိုယ်နဲ ့ချည်းပါဘဲ
    လူတိုင်းနီးပါး သေဘို ့ကြောက်ကြတယ်…
    လူတိုင်းနီးပါး ဒါးခုတ်ခံရမှာလဲ ကြောက်ကြတာဘဲ…
    နပိုလီယန်ကိုတောင် တချို ့ကပြောတယ်…. သတ္တိကောင်းလွန်းလို ့ သူရဲကောင်းဖြစ်တာ မဟုတ်ဘူး
    သူသေမှာ သတ်ခံထိမှာ ကြောက်လွန်းလို ့ သူရဲကောင်းဖြစ်နေတာတဲ့…
    ခွေးဝဲစားတောင် ချောင်ပိတ်ရိုက်ဖန်များရင် ပြန်ကိုက်ကြတာဘဲ…
    ကိုယ်သေမှာကြောက်တော့..ပြန်ချကုန်တာပေါ့..
    ……………
    ……………
    ဒီ ရခိုင်ပြဿနာက ထင်သလောက် မလွယ်သလို…နဲနဲ မြှုတ်ကွက်တွေ ရှိနေတယ်
    ဘာဖြစ်လို ့လဲဆိုတော့….
    ကျနော် ရခိုင်မှာ ၄နှစ်နေဘူးပါတယ်.. ကျေက်ဖြူ ၁နှစ်၊ ရမ်းဗြဲ ၂နှစ်၊ မြေပုံ ၁နှစ်…၄နှစ်ဆိုပေမယ့်
    ၃မြို ့ထဲနေဘူးတာရောက်ဘူးတာ မဟုတ်ပါဘူး အနှံ ့ရောက်တာပါ…
    အင်မတန်ကို ကောင်းတဲ့ ရခိုင်လူမျိုးလဲ ခင်မင်ဘူးတယ်
    အင်မတန်ကို လူမျိုးခွဲခြားပြီး( ဗမာတိ…ခွေးတိရာ) ဗမာတွေက ခွေးတွေဘဲ ဆိုပြီး ရမ်းကားတဲ ့
    ရခိုင်လဲ တွေ ့ဘူးတယ်…
    ပွဲခင်းတာဝန်ကျတဲ့ ရဲကို အသားလွတ် ဗမာရဲ ဆိုပြီး ပါးသိုင်းရိုက်တာ တွေ ့ဘူးတယ်…
    ဘုရားပွဲ ပြီးရင် ချောင်းထဲမှာမျောနေတဲ့ ဗမာ ရဲသား စစ်သား အလောင်းတွေ တွေ ့ဘူးတယ်…
    အတူပါတဲ ့စခန်းမှုးက စကားပြောရင်း ရန်သူမဟုတ်ကြောင်းပြသချင်လို ့ ခါးက သေနတ်ကို စားပွဲပေါ်တင်တော့….သေနတ်၂လက်ပြန်တင်ပြီး မခန် ့လေးစားအမူအရာပြတဲ့ တရွာလုံး ပင်လယ်ဓါးပြလုပ်စားသူတွေ တွေ ့ဘူးတယ်….
    အဓိက… ဘာလဲ ဆိုတော့..
    အရှေ့မှာနေဝင်း….အနောက်မှာ ထိန်လင်း လို ့ကြွေးကြော်ပြီး ဗမာအစိုးရကို အသေမုန်းပြီး
    ဦးထိန်လင်းကို ရခိုင်နိုင်ငံခေါင်းဆောင်အဖြစ်အသိအမှတ်ပြုတယ်…
    နေဝင်းအစိုးရ အရာမသွင်းခဲ့ဘူး….ခေတ်အဆက်ဆက်..။
    အဲဒီလောက် ပြတ်သားတဲ့ သဘောထားရှိသူတွေကို နေဝင်းမျိုးဆက် အစိုးရကရော….
    ရခိုင်တွေ အပေါ် အငြိုးမထားဘူးလို ့ ပြောနိုင်မလား။။။( အခုလက်ရှိ ပြဿနာပေါ်မှာ ကိုင်တွယ်နေတာကို စဉ်းစားကြည့်ပါ)။
    နောက် ရခိုင် လူငယ်တွေ…..
    အရှေ ့မှာနေဝင်း အနောက်မှာထိန်လင်းလို ့ကြွေးကြော်ပြီး မြန်မာ စစ်အစိုးရကိုတောင် အံတုခဲ့တဲ့
    လူငယ်တွေ ..စစ်တွေမောင်းတော ကို ရိုဟင်ဂျာ ၃၀ဝ ကျော် ဝင်လာပြီး စော် ကားတာ မကာကွယ်နိုင်ဘူးလား….. မရဲတာလား..(လူသတ်ဘို ့ ပြောနေခြင်းမဟုတ်ပါ)..။
    တောင်ကုတ်မှာ တော့ ဘာသာရေးအရခရီးသွားသူ( တရားခံ မဟုတ်သူ)တွေ ကိုတောင် ပက်ပက်စက်စက် သတ်ကြတာဘဲ။………………………
    …………….
    ……………. နောက် ဟို ..ပုချေ( အသတ်ခံရသူ သမီးငယ်) စော်ကားပြီး သတ်တဲ့ ကောင်တွေ
    လုံးဝ လူမဆန်ဘူး မလုပ်သင့်ဘူး။
    ကျောက်ဖြူကို တောင်ကုတ်ကနေ သင်္ဘောစီးလာတော့ သူဘာသူ အေးဆေးထိုင်နေတဲ့
    ရခိုင်သားအိန္ဒိယ လူမျိုးတစ်ယောက်ကို ရခိုင်လူငယ် ၄ယောက်က -ဟေ့ ကုလား မှတ်ပုံတင်ပြစမ်း- လို ့အတင်းတောင်းပြီး ဆွဲဖြဲပြီး ရေထဲ ပစ်ချလိုက်တယ်…ဟိုက ကျနော် ဘာလုပ်လို ့လဲဗျာလို ့အသနားခံ
    ပြောတော့ ၄ယောက်ဝိုင်းပြီး ပါးရိုက်ကြတယ်…
    ဒါ ရခိုင်တွေက အနိုင်ကျင့်မှုတခုဘဲ( ဘိုးဘွားစဉ်ဆက် မြန်မာအဘိုးအဘွားတွေနဲ ့သူတွေ မြန်မာစစ်စစ်
    တွေတောင် မှတ်ပုံတင် တခု ရဘို ့ ဘယ်လောက်ခက်တယ်ဆိုတာ သိရင် ကိုယ်ချင်းစာတတ်မှာပါ..)
    ……
    …..
    ကဲ အဲဒီတော့…ချပြခဲ့သလို…
    ၁။ ရခိုင်နဲ ့ စစ်အစိုးရရဲ ့ လူမျိုးရေး အာဃာတ..
    ၂။ နှစ်ပေါင်းများစွာ အနိုင်ကျင့် ခံလာရတဲ့ ရခိုင်မှာ မွေးပြီး ကြီးပြင်းခဲ့တဲ့ အိန္ဒိယ မျိုးဆက်တို ့ရဲ ့
    နာကျင်ပေါက်ကွဲမှု……………

    (နောက်တခုက …တက္ကသိုလ်က ဆရာတစ်ယောက်ရေးသလို မူဒိန်းမှု ပြစ်မှုတွေ မြန်ာမာနိုင်ငံမှာ
    အများကြီးဖြစ်ခဲ့ပေမယ်…ဥပမာ
    အောင်ကြီး(ဘ…ဦးမောင် )(ဗုဒ္ဓဘာသာမြန်မာလူမျိုး) လို ့ တခါမှ မရေးဘူးဘဲ
    ခုမှ မွတ်စလင် တွေ အစ္စလာမ်တွေ ထည့်ရေးတော့… )
    ၃။ စစ်အစိုးရက ရခိုင်လူမျိုးနဲ ့ အစ္စလာမ် အနွယ်ကို လုံးဝ ပညာသားပါပါ မီးမွှေးလိုက်မှု

    အဲဒီ အချက်တွေကို စဉ်းစားပြီး ကျနော်တို ့လက်တွေနဲ့ အသိတရားကို သတိထားသင့်ပါတယ်…
    ကျနော်တို ့က အတွေးအခေါ်တခု ချပြသူကို ဝိုင်းချလိုက်မယ်ကွ..ချလိုက်မယ်ဟဲ့ ဆိုတာမျိူးလောက်နဲ ့တော့ ဒီအဖြစ်အပျက်တွေ မရပ်နိုင်ပါဘူး…
    ကျနော်တို ့ တဖျောက်ဖျောက် စာတွေရေးသမျှ ဟိုမှာ တဖျောက်ဖျောက် သေနေတယ်..။

    ဘာသာဆိုတာ….ကိုယ်ယုံကြည်တာ ကိုးကွယ်တာပါဘဲ…
    လူမျိုးဆိုတာက မွေးဖွားကြီးပြင်းရာ အလိုက်စွဲပြီး သတ်မှတ်တာပါဘဲ
    အသားအရောင်ကလဲ အပေါ်ယံ အရေခွံဆွဲခွာချွတ်ထားလိုက်ရင်..အတူတူပါဘဲ…
    နေနေရတဲ ့ပိုင်ဆိုင်မှုမြေနေရာလေးကလဲ မသေခင်လေး အထိပါဘဲ…
    နယ်နမိတ် သတ်မှတ်ချက်လေးကလဲ မြေလွှာ ပြတ်ရွှေ ့မှု မဖြစ်ခင်လေးပါဘဲ….
    ခဏလေးအချိန်အတွင်းမှာ ကျနော်တို ့ဘာလို ့လူသတ်တာကို အားပေးမှာလဲ
    ဘာဖြစ်လို ့လူမျိုးရေးခွဲ ကြရမှာလဲ….
    ဘာဖြစ်လို ့ကျနော်တို ့စာတွေ ဗရမ်းဗတာရေးချင်ရတာလဲ
    ပြသနာတိုင်းမှာ အဖြေရှိတယ်လိုု ့ယုံကြည်ရင် ဘာဖြစ်လို ့ပွဲဆူအောင် သွေးထိုးပေးမှာလဲ….
    …….
    ခဏလေးပါ..
    လူ ့ဘဝက ခဏလေးပါ…
    ခဏလေးကိုင်ခွင့်ရှိတဲ ့ကလောင်လေးကို ဆင်ခြင်ပါ…

    ကျနော်ဒီကော်မန် ့ရေးလို ့သဘောမကျရင်လဲ ဆဲချင်လဲ ပွိုင့်နုတ်ခံပြီး ဆဲပါ…
    ဒါသည်ပင်လျှင်…
    ကျနော်တို ့စာပေ အဆင့်အတန်း
    ဒါသည်ပင်လျှင်
    ကျနော်တို ့ကလောင် အဆင့်အတန်း မဟုတ်ပါလား……။

    ကျော်စွာခေါင်

    • သားဦး၊မြေးဦး

      June 15, 2012 at 12:55 pm

      ကိုကျော်စွာခေါင် ကွန်မန် ့အတွက် လေးစားသမှုပြုပါရစေ။ကျနော်လဲ စဉ်းစားစရာလေး
      ထည့်ပေးတာပါ။စိတ်ဓါတ်လည်းကျပါတယ်။အကို ကွန်မန် ့ထဲက စာသားလေးအချို ့“

      အခု ကျနော်တို ့ခင်ဗျားတို ့စာတွေ ရေးနေကြတယ်.. ကလောင်သွေးနေကြတယ်ပေါ့ဗျာ
      တန်ဘိုးချင်းတော့ ကွာတယ်…ဟိုဆရာတွေက တတိုင်းပြည်လုံးက စာရေးဆရာတွေ ပို ့
      သမျှ စာမူတွေထဲက ကောင်းလွန်းလို ့ အယ်ဒီတာက ရွေးချယ်ပြီး ပုံနှိပ်တာ….။
      ကျနော်တို ့ကတော့ ခုနကဘဲ အကောင့် အသစ်ဖွင့် အခု ပို ့စ်တင်..။
      တော်တော်( တော်တော်ကြီးကို ) ကွာလွန်းပါတယ်………………………………………။
      ကျနော်တို ့ရဲ ့ကလောင်တန်ဘိုး ဘယ်လောက်အဆင့်အတန်းရှိသလဲ…
      ကျနော်တို ့ရေးတဲ့စာ ဘယ်လောက် လေးနက်သလဲ……
      အခု သားဦးမြေးဦးရေးတဲ့စာမှာ ကော်မန် ့ဝင်ရေးပေမယ့် အရင် ရခိုင်ပြဿနာစကတည်းက
      စာတွေ ဖတ်တဲ့ အခါ…. စာရေးသူက စဉ်းစားနိုင်အောင် ရေးပြလဲ…မရ..
      သိစေချင်လို ့အပြုသဘောပြောလဲ မရ…ချမယ်ဆိုတာချည်းဘဲ..
      ကိုယ်က ကွန်ပြူတာမှာ လက်ကွက်လေး စမ်းစမ်း စမ်းစမ်း နဲ ့ချတာ…
      ဟိုမှာက လူတွေ ့ချတာ သေကုန်ပြီ… လူသားတိုင်းဟာ အသက်နဲ ့ကိုယ်နဲ ့ချည်းပါဘဲ””

  • htoosan

    June 15, 2012 at 5:52 am

    ကြိုဆိုပါတယ် ကိုကျော်စွာခေါင်ရေ .. ရွာမှာလည်း ဝင်ရေးပါဦး ..

  • memeseku

    June 15, 2012 at 8:05 am

    ကိုကျော်စွာခေါင် ရေ….. ကြို ဆိုပါတယ်… ဒီရွာက ကြမ်းတယ်…. လက်သီးပုန်းတွေများတယ်…
    ရေးတော့ရေး…. ဒါပေမယ်… ကွန်မန်.ကြမ်းကြမ်းတွေတွေ့နိ်ုင်တယ်လို့….ပြောချင်တာပါ… ဒီရွာထဲမှာက ဘာမှမစဉ်းစားမဆင်ခြင်ပဲ ပြောကြသူတော်တော်များတယ်…

    ထပ်ရေးပါဦး ….

    • Shwe Tike Soe

      June 15, 2012 at 9:19 am

      ဟလို memeseku ရေ ရွာက ကြမ်းတယ် လက်သီးပုန်းတွေ များ လို.တော့ ရမ်းမပြောပါနဲ.လားဗျာ… ပို.စ်ရေးသူဟာ နှစ်ချက်တော့ ကြိုစဉ်းစားထားသင့်တယ်… မြှောက်ပြောတာလဲ ခံနိုင်ရမယ်..ရှုံချဝေဖန်တာလဲ ခံနိုင်ရမယ်ဗျ……… ဒါလေးပြောချင်တာပါ…
      ဘာမှ မစဉ်းစားပဲပြောကြသူတော်တော်များတယ် ဆိုပြီး အခုလဲ memeseku က ဘာမှမစဉ်းစားပဲပြောတဲ့သူထဲမှာ ပါနေပါပြီနောာာာာ. 😀

    • shwe kyi

      June 15, 2012 at 10:54 am

      memeseku ရေ မင်္ဂလာပါနော်။ ရွှေကြည်ကလည်းကြိုဆိုပါတယ်လို့ပြောပါရစေ။
      ဒါပေမယ့် ဒီရွာမှာ သဘောဆိုးပြီးပျက်စီးရာပျက်စီးကြောင်းကို ဆွေးနွေးတာမရှိသလောက်ပါ။
      ကိုယ်ပြောချင်တာကို တဲ့တိုးတုတ်ထိုးအိုးပေါက် ပြောတတ်ကြသူတွေရှိပေမယ့် မစဉ်းစားမဆင်
      ခြင်ပဲ ပြောကြသူတော်တော်များတယ်ဆိုတာကိုတော့ စီနီယာများကိုယ်စားကန့်ကွက်ပါရစေ။
      ယူတတ်ရင်ပညာတွေချည်းပဲဆိုတာ နားလည်ပေးပါနော်။ ဘက်စုံထောင့်စုံသောအတွေးတွေနဲ့စေတနာတွေကို
      မြင်တတ်ရင် ကြည့်တတ်ရင်မြင်နိုင်ပါလိမ့်မယ်။ အခုကာလမှာတော့ ဒေါသကြောင့်သော်၎င်း၊
      မခံချင်စိတ်အခံကြောင့်သော်၎င်း စကားတွေဟာကြမ်းချင်ကြမ်းပါလိမ့်မယ် နားလည်နိုင်အောင်
      ကြိုးစားပေးပါ။ ကိုရွှေတိုက်ပြောသလိုပါပဲ အခုကိုယ်တိုင်က မစဉ်းစားမဆင်ခြင်ပဲ
      ဆွေးနွေးတာမဟုတ်ပဲ ရွာဆူအောင်လုပ်ချင်တာများလား..။

  • memeseku

    June 15, 2012 at 10:30 am

    ကိုရွှေတိုက်စိုး အကို့ကိုကျနော်ကောင်းကောင်းသိပါတယ်.. အကိုက ဒီဆိုဒ်ရဲ. အမာခံထဲကတစ်ယောက်ပါ .ပြီးခဲ့တဲ. ပိုစ့်တွေတုန်းက လီးလချီးနဲ.ဆဲတာတွေအကိုမြင်မှာပါ ကျနော်ကမစဉ်းစားပဲပြောတယ်ဆိုတာဘယ်အချက်နဲ့လဲရှင်း ပြပေးပါလား ကျနော့်ကွန်မန်.က၂ကြောင်း၃ကြောင်းရယ်… လက်သီးပုန်းတွေတကယ်များတာအကိုလဲသိပါတယ် တခုခုဆို… ဝင်ဝင်ဆဲကြပြီးရင်ရုန့်ရင်းကြမ်းတမ်းကြနဲ.
    အကိုတို.နဲ့တခြားအမာခံတွေမပါတာ ကျနော်သိပါတယ်… လက်သီးပုန်းတွေကိုဆိုလိုတာပါ…
    မြောက်ပြောတာနဲ. ဝေဖန်ရှုံချတာ က ဆဲတာနဲ. မတူဘူးလို့ထင်ပါတယ်… (ဥပမာ ဘာပဲဖြစ်ဖြစ်ကွာသောက်ဂရုမစိုက်ဘူးလို့) စတဲ.ရမ်းကားတဲ. ကွန်မန့်တွေကိုတွေမိလို့ပါ အကို…
    ကျနော်ဘာမှမစဉ်းစားပဲပြောတယ်လို့အထင်ခံရတာစိတ်မကောင်းပါဘူး ….
    နောက်လဲ ဆွေးနွေးကြတာပေါ့ ကိုတိုက်…

    • Shwe Tike Soe

      June 15, 2012 at 1:58 pm

      အဲဒါကိုပြောတာပါ ဗျာ memeseku ရေ. စိတ်မကောင်းတော့မဖြစ်ပါနဲ… ကျွန်တော်ပြောချင်တာက အစ်ကို ဒီရွာကို ရပ်ကွက်တရပ်ကွက်လို.သဘောထားလိုက်ဗျာ…. ရပ်ကွက်ထဲမှာ မူးပြီး ဆဲနေတဲ့သူကို အစ်ကို က မဆဲပါနဲ.အစ်ကိုရယ်လို. သွားပြောရင် အစ်ကိုကို လဲ ဆဲမှာပဲလေ…. အဲဒါကိုပြောတာပါ…
      ကျွန်တော်ပြောချင်တာက ရွာထဲမှာ ကို memeseku က ပို.စ်တစ်ခုတင်ရင် အဲဒီလို ဆဲခံရမှာစိုးလို… လက်သီးပုန်းတွေ ရှိလို. မပြောရဲမဆိုရဲ. ပို.စ်တင်ပြီး ကိုယ့်အမြင်ကို ရဲရဲ မပြရဲမှာစိုးလို. ပြောပြပေးတဲ့သဘောပါဗျ…

      ကို memeseku ရေ ကျွန်တော်တို.ကဆွေးနွေးစရာမလိုအောင် နွေးထွေးပြီးသားပါဗျ………. ဟဟဟ 😀

  • memeseku

    June 15, 2012 at 10:33 am

    ဥပမာ အ ပေါ်က ကွန်မန်ု့ကိုပဲကြည့်ကြည့်အကို…. အဲ.လို မကြမ်းတမ်းစေချင်တာပါ… စည်းကမ်းတွေချိုးဖောက်ကြပါတယ်….

    • shwe kyi

      June 15, 2012 at 10:58 am

      ဒါတွေဟာ အခု အရေးအခင်းကာလမှာမှဖြစ်ပေါ်လာတာတွေပါ။ ဆိုဒ်တိုင်းမှာရှိပါတယ်။
      ဒီရွာမှာမှမဟုတ်ပါ။

      • သားဦး၊မြေးဦး

        June 15, 2012 at 1:06 pm

        Shwekyiရေ လွန်ခဲ့သော နှစ်ပေါင်း(၆၀၀)လောက်ကဘဲရှိနေခဲ့တယ်ဆိုတာရယ်၊ဒီ ကျမ်းတွေကိုရေးသားသူ
        တွေဟာရခိုင် ဆရာတော်တွေဆိုတာကို မမေ့သင့်ပါ။ကျေးဇူးပြု၍ သွားဖတ်ပေးပါဗျ။
        http://myanmargazette.net/129995/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit

        @သူကြီး ကိုခိုင်ရေ တချို့ ့ကွန်မန် ့များ ကျနော်ကိုယ် တိုင် ဖျက်လိုက်ပါသည်။နားလည်ပါမယ် မျှော်လင့်လျှက်ပါ။
        @ကိုပုရေ—-ကိုပုက ဒေတာနဲ ့ပီပီပြင်ပြင် ရေးပေးပါမယ်ဆိုလို ့စောင့်မျှော်နေပါတယ်။ခုလို ရှင်းပြမယ်ကြားရလို ့
        ကျေးဇူးလဲတင်ပါတယ်။ရှားရှားပါးပါး မို ့ပါ။

        • shwe kyi

          June 15, 2012 at 2:43 pm

          ကို သားဦးမြေးဦး ရေရွှေကြည်ပြောချင်တာ memeseku ကိုပြောချင်တာပါ။
          သူကရွာကကြမ်းတယ် မစဉ်းစားမဆင်ခြင်ပြောသူများတယ်ဆိုတာကိုဆိုလိုချင်တာပါ။
          ယခု ပို့စ်နဲ့ပတ်သက်ပြီးပြောစရာ ဆွေးနွေးစရာမရှိပါ။ အဲလောက်လည်းလေ့လာလိုက်စား
          မှုမရှိတဲ့အတွက် လက်ရှောင်ပါတယ်။

  • k19

    June 15, 2012 at 10:55 am

    မြန်မာပြည်နာတယ်ကွာ….ဗာမာသွေးမရှိတဲလူတွေများနေတာ..စိတ်မကောင်ဘူး…….

    • Shwe Tike Soe

      June 15, 2012 at 2:11 pm

      ကေ၁၉ ရေ ဒီလို ကိစ္စတွေက သွေးရှိတိုင်းလုပ်လို.မရလို.ပါ အဲဒါကို နားလည်ပေးပါ…. သွေးရှိတိုင်းလုပ်ရရင် လက်နက်ရှိတဲ့သူတွေက လုပ်ပြီးလောက်ပီဗျ….
      ကိုကိုရေ စိတ်ကလေးတွေကို နဲနဲထိန်းပါ…… တကယ်အရေးဆို သွေးရှိဖို.သာ ကျွန်တော်တို.ပြင်ဆင်ထားကြတာပေါ့ဗျ……..

  • memeseku

    June 15, 2012 at 11:06 am

    shwe kyi ရဲ.ကွန်မန့်ကိုကျေးဇူပါ…

  • Victory

    June 15, 2012 at 1:36 pm

    စဉ်းစားကြည့်တော့
    ၁။ မူဆလင်(ရိုဟင်ဂျာမဟုတ်)
    ၂။မူဆလင်(ရိုဟင်ဂျာ)
    ၂ မျိုးရှိမယ်လို့တွေးမိတယ်။
    ရိုဟင်ဂျာ အခုတလောပြောဆိုနေတာအရဆိုရင် ဘင်ဂါလီ လူမျိုးတွေကအမှားလုပ်တာဟာ
    မူဆလင်(ရိုဟင်ဂျာမဟုတ်)တွေအပေါ်မှာ အကျိုးသက်ရောက်နေမယ်ဆိုရင် တရားမျှတမှူရှိပါ့မ
    လားလို့တွေးမိတာဘဲ။
    အဲဒီလိုဆိုရင် ရိုးရိုးသားသားနေတဲ့မူဆလင်(ရိုဟင်ဂျာမဟုတ်)တွေနဲ့ ရိုဟင်ဂျာ(မူဆလင်)တွေကို
    ခွဲခြားနားလည်ဖို့လိုတယ်လို့ထင်တာပါဘဲ။
    ဒီပို့စ်အနေနဲ့ကတော့ ဒီစကားကိုထောက်ခံသလိုရှိပါတယ်။
    ရခိုင်မှာလဲ မူဆလင်ရှိတယ်။ (ပြောရရင်) ခရစ်စယန်လဲရှိမယ်ပေါ့ဗျာ။ ဒါ ယူနီဗာဆယ်ထရုပါ။
    ညင်းစရာကိုမလိုပါဘူး။
    (ဒီပို့စ်နဲ့မဆိုင်ပေမဲ့ ကိုကြောင်ဝတုတ်ရဲ့ သဘောထားကိုအခုလိုရှင်းပြသင့်တယ်လို့ထင်နေ
    ခဲ့မိတယ်။ကျနော်ကတော့ ကိုကြောင်ဝတုတ်ရဲ့ဆိုလိုရင်းကိုသဘောပေါက်တယ်ဗျ)

    ခက်နေတာကတခုဘဲ “ကျော်ဟိန်း” နာမည်ကြီးစဉ်က ကျော်ဟိန်းဘာလုပ်လုပ်လုပ်အကောင်းမြင်တာမျိုး။
    အစွဲကြီးတဲ့ကျနော်တို့မြန်မာလူမျိုးများရဲ့ “တယူသန်”က တ “ရန်သူ”လို့ သိမ်းကျုံးပြီး “ဆော်”လေ့ရှိတာတော့
    ကျနော်လဲပါနေတာပါဘဲ။
    (ကြုံလို့ပြောရရင်ဘင်းဂလားဒေ့ရှ်က အသိတယောက်က ရိုဟင်ဂျာကမင်းတို့တိုင်းရင်းသားဘဲလို့ပြောတာကို
    လည်ပင်းထညှစ်ချင်လောက်အောင် ဒေါပွပြီး ဒေါသသံနဲ့ အတင်းဇွတ်ညင်းတာ ဟိုကောင်မျက်လုံးပြူးပြီးတောင်းပန်
    မှရပ်လိုက်တယ်၊ အဲဒီလို )

    • သားဦး၊မြေးဦး

      June 15, 2012 at 1:47 pm

      ကိုVictory ရေ ကျနော်လဲ ကိုကြောင်ဝတုတ်၏သဘောထားအပေါ်အထူးသဘောကျမိပါတယ်။
      အကို ကွန်မန် ့လေးအတိုင်းပါဘဲ။ကျေးဇူးပါဘဲဗျာ။
      ““အဲဒီလိုဆိုရင် ရိုးရိုးသားသားနေတဲ့မူဆလင်(ရိုဟင်ဂျာမဟုတ်)တွေနဲ့ ရိုဟင်ဂျာ(မူဆလင်)တွေကို
      ခွဲခြားနားလည်ဖို့လိုတယ်လို့ထင်တာပါဘဲ။
      ဒီပို့စ်အနေနဲ့ကတော့ ဒီစကားကိုထောက်ခံသလိုရှိပါတယ်။
      ရခိုင်မှာလဲ မူဆလင်ရှိတယ်။ (ပြောရရင်) ခရစ်စယန်လဲရှိမယ်ပေါ့ဗျာ။ ဒါ ယူနီဗာဆယ်ထရုပါ။
      ညင်းစရာကိုမလိုပါဘူး။
      (ဒီပို့စ်နဲ့မဆိုင်ပေမဲ့ ကိုကြောင်ဝတုတ်ရဲ့ သဘောထားကိုအခုလိုရှင်းပြသင့်တယ်လို့ထင်နေ
      ခဲ့မိတယ်။ကျနော်ကတော့ ကိုကြောင်ဝတုတ်ရဲ့ဆိုလိုရင်းကိုသဘောပေါက်တယ်ဗျ)””

  • အဂျစ်

    June 15, 2012 at 4:13 pm

    ကမန် အကြောင်း စာအုပ် က စာပေဗိမန် စာမူဆုရဆိုပဲ စာအုပ်လဲမရှိ အမှတ်လဲမရှိလို့ နောက် မင်းလဲ ရိုဟင်ဂျာ ဆိုပြီး ထုမှာဆိုးလို့ ဝ၀ဝ ဖြင့် ဝေးဝေးဝိုက် သွားပါကြောင်း….

  • captainamerica

    June 15, 2012 at 5:13 pm

    မီးမီးသော်(ခ)အတိသဉ္ဖနာဂရချစ်သူ(ခ)ကိုသန်းထွဋ်ဦး(ခ)သားဦးမြေးဦး ဘယ်လိုပြောပြော
    အစ္စလာမ်ဘာသာဝင်တွေနဲ.ပတ်သက်ပီး မြန်မာပြည်သူအများစုရဲ့သဘောထားကို ခင်ဗျား
    ကွန်မန်.တွေရဲ့အခြေအနေ ကိုကြည့်ပီးသဘောပေါက်မှာပါ။အတင်းအကျပ်ကြီးမဟုတ်ပါဝူး
    ဟုတ်ပါတယ်ဆိုတာ နောက်များမှ ပြောပါလား။လောလောဆယ် ဘယ်လိုပြောပြောလက်ခံမှာ မဟုတ်ဖူး
    ပွင့်ပွင့်လင်းလင်းဒဲ့ပြောရင် ကျုပ်လည်းပါတယ်။ရိုးသားစာွပြောတာ

Leave a Reply