ငြိမ်းချမ်းရေးဆိုတဲ့စကားကို အပြင်ကလူတွေ ဝိုင်းအော်နေကြပါလား … မြန်မာနိုင်ငံမှာနေတဲ့ မြန်မာတိုင်းရင်းသားတစ်ဦးက ငြိမ်းချမ်းရေးဆိုတာကို ခံစားခွင့် မရှိဘူးလား ? … နိုင်ငံတစ်နိုင်ငံဟာ မည်မျှပင် သေးငယ်ပါစေ အင်အားနဲပါစေ ထိုနိုင်ငံသည် အချုပ်အခြာအာဏာတည်မြဲနေသရွေ့ နိုင်ငံသားတစ်ဦးအနေဖြင့် လုံခြုံငြိမ်းချမ်းစွာဖြင့် ရပ်တည်နိုင်ခွင့်ရှိသည်။ မြန်မာနိုင်ငံသည် မည်မျှပင် အင်အားနဲနေပါစေ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်နေပါစေ မြန်မာနိုင်ငံသားတစ်ဦးအနေနှင့်ရော လူသားတစ်ဦးအနေနှင့်ရော ငြိမ်းချမ်းရေးဆိုတာကို ခံစားခွင့် မရှိဘူးလား …

 

ငြိမ်းချမ်းရေးဆိုသော စကားကို မပြောခင် လုံခြုံရေးဆိုတဲ့စကားကို ပြောချင်ပါတယ် … ယခုလက်ရှိအခြေအနေမှာ ရခိုင်တိုင်းရင်းသားများဟာ လုံခြုံစိတ်ချရသောအနေအထားတွင် ရှိပါရဲ့လား … သူတို့ရဲ့ စီးပွားရေး၊ စားဝတ်နေရေး၊ ရေရှည်ဘဝတည်ဆောက်မှု မည်မျှအတိုင်းအတာအထိ အလုံအခြုံကင်းမဲ့နေတာကို နက်နက်တွေးလေ ကြောက်စရာကောင်းလေပင် … ဒီလုံခြုံရေးကို ဘယ်သူက တာဝန်ယူမှာလဲ? ဘယ်လိုတည်ဆောက်ပေးမှာလဲ?

ရခိုင်တိုင်းရင်းသားများသည် လူသားအချင်းချင်း ရိုင်းပင်ကူညီတတ်သူများပါ .. ဒါ့ကြောင့်သာ နိုင်ငံမဲ့ ခိုကိုးရာမဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ဒီအထိ ရှင်သန်ကြီးထွားနေကြတာ မဟုတ်ပါလား … ရခိုင်တွေနဲ့ ဘင်္ဂါလီကုလားတွေဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အကျိုးစီးပွားရှာခဲ့ကြတာလည်းရှိပါတယ် … ရခိုင်လူမျိုးတွေက သူတို့တွေကို ငွေကြေးထောက်ပံ့ပေးပြီးတော့ ရပ်တည်နိုင်အောင် မတည်ပေးခဲ့တာတွေလည်း ရှိပါတယ်။ ရခိုင်တိုင်းရင်းသားတို့ရဲ့ စာနာထောက်ထားမှု ကူညီထောက်ပံ့မှုကိုမှ မငဲ့ကွက်ပဲ ကျေးဇူးရှင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ နယ်မြေဒေသကို ထိပါးစော်ကားလာသည်ကား အခြေခံလူသားစိတ်ဓါတ်မှ ရှိပါသေးရဲ့လားလို့ ကျွန်မတို့က အံ့ဩကြောက်လန့်ရပြီ …

 

တစ်စုံတစ်ရာသည် အသားစားတတ်သော ကျားတစ်ကောင်ရဲ့ ရှေ့မှောက်တွင် ရောက်နေသည်ဆိုပါစို့ … အဆိုပါ တစ်စုံတစ်ရာသည် သမင်ငယ်ဆိုပါက ပြေးဖို့စဉ်းစားပါလိမ့်မည် … ဒါပေမယ့် ဒီသမင်ငယ် ပြေးလို့လွတ်မလွတ်ကတော့ သူ့ကံကြမာ အတိုင်းပါပဲ … အဲဒီ တစ်စုံတစ်ရာဟာ ယုန်ငယ်လေးတစ်ကောင်ဆိုရင်တော့ ပြေးမလွတ်တာ သေချာပြီ … ခြင်္သေ့တစ်ကောင်ဆိုရင်တော့ ပြန်တိုက်ခိုက်မှာပဲ … တကယ်လို့ လူသားတစ်ဦးဆိုရင်ကော … သူ့အသက် သူ့တာဝန်အတွက် ဒီကျားကို ကိုယ်စွမ်းရှိသလောက် အသက်မရရအောင်လုပြီး ပြန်တိုက်ခိုက်မှာပဲ … သူ့ရဲ့ပါတ်ဝန်းကျင်မှာ လူသားတစ်ဦးဦးသာ ရှိနေပါက အဲဒီလူသား ဘာလုပ်မလဲ???? ကျွန်မယုံကြည်ပါတယ် တစ်စုံတစ်ရာဟာ လူသားတစ်ဦးဖြစ်ပြီး ကျားရှေ့မှာသာရောက်နေခဲ့ရင် ပါတ်ဝန်းကျင်က လူသားက မဖြစ်မနေ ကူညီပါလိမ့်မယ် ….

ဘယ်လိုပဲဖြစ်ဖြစ် ကျားရှေ့က တစ်စုံတစ်ရာကတော့ “ဟဲလို ကျားကြီးရယ်” လို့ မလုပ်နိုင်တာ အမှန်ပါ ..

 

မကောင်းကျောင်းပို့ တဲ့ … ဒီလို ကျေးဇူးမသိ လူသားစိတ်မရှိတဲ့ ဘင်္ဂါလီရိုဟင်ဂျာများကို မိမိနိုင်ငံရဲ့ လုံခြုံရေးကို ထိပါးစော်ကားနေပါလျက် ဆက်လက်ပြီး တာဝန်ယူရမည်ဆိုပါက မြန်မာနိုင်ငံကို အန္တရယ်တောထဲ တွန်းပို့နေသလို ဖြစ်ပါလိမ့်မယ် … တိုင်းပြည် တည်ငြိမ်မှုကို အရှည်သဖြင့် ထိန်းသိမ်းဖို့ရာ မလွယ်ကူသည့် အခြေအနေပါ။ ငြိမ်းချမ်းစွာနေထိုင်ရေးကို စဉ်းစားဖို့ အခွင့်အရေး ရှိပါအုန်းမလား … သားသမီးမကောင်း မိဖခေါင်း တဲ့ … ဘင်္ဂါလီရိုဟင်ဂျာတွေရဲ့ ဇစ်မြစ်နဲ့ သူတို့ဘယ်ကလာသလဲဆိုတာ လူတိုင်းသိကြမှာပါ ..

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုလှုံခွင့်တောင်းသော ရိုဟင်ဂျာများကို လက်ခံပေးပါရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ တောင်းဆိုချက်နှင့် အမေရိကန်ရဲ့ ဒုက္ခသည်များကို ပြန်မပို့ရန်တိုက်တွန်းချက်အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တုန့်ပြန်မှုအပေါ် အံ့ဩမိပါသည်။ မိဘတောင် လက်ခံမထားလိုသည့် ဒီလူတွေကို မဆီမဆိုင် မြန်မာနိုင်ငံက ဘယ်လိုတာဝန်ရှိနေတာပါလိမ့် … ဘင်္ဂါလားနိုင်ငံမှ ဒီလူတွေကို ငြင်းခွင့်ရှိပါသလား ?? မြန်မာနိုင်ငံအနေဖြင့်ရော ဘာကြောင့် ငြင်းခွင့်မရှိတာလဲ?? ဒီရိုဟင်ဂျာများကို မြန်မာတစ်နိုင်ငံထဲက တာဝန်ယူရမှာလား ??… သူတို့တွေက ဒုက္ခသည် စခန်းမှာနေမှာလား ?? ဒီဒုက္ခသည်စခန်းကိုရော ဘယ်သူတွေက တာဝန်ယူမှာလဲ??

 

သားသမီးမျက်ရည်ကို မိဘကောင်းတို့သည် ဘယ်သောအခါမှ လစ်လျှူရှုမည်မဟုတ် … အများနားလည်ထားတဲ့ ငြိမ်းချမ်းရေးနှင့် ကျွန်မတို့ လိုချင်တောင့်တနေသော ငြိမ်းချမ်းရေး ဘယ်နေရာမှာ ကွာခြားမှုရှိနေပါသလဲ?? ကျွန်မတို့ မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံငြိမ်းချမ်းစွာနေထိုင်ခွင့်ကို မျှော်လင့်ခွင့် ရှိပါသေးရဲ့လား???? ဒီဘင်္ဂါလီရိုဟင်ဂျာများနှင့် အတူတကွ ရှေ့ဆက်ရမည့်ဘဝခရီးလမ်းအတွက် စဉ်းစားလေ ရင်မောလေပါပဲ ….

About thu thu . sittwe

thu thu has written 4 post in this Website..