ကျွန်မနားလည်သော ငြိမ်းချမ်းရေး၏ အနက်အဓိပ္ပါယ်

thu thu . sittweJune 14, 20121min21216

ငြိမ်းချမ်းရေးဆိုတဲ့စကားကို အပြင်ကလူတွေ ဝိုင်းအော်နေကြပါလား … မြန်မာနိုင်ငံမှာနေတဲ့ မြန်မာတိုင်းရင်းသားတစ်ဦးက ငြိမ်းချမ်းရေးဆိုတာကို ခံစားခွင့် မရှိဘူးလား ? … နိုင်ငံတစ်နိုင်ငံဟာ မည်မျှပင် သေးငယ်ပါစေ အင်အားနဲပါစေ ထိုနိုင်ငံသည် အချုပ်အခြာအာဏာတည်မြဲနေသရွေ့ နိုင်ငံသားတစ်ဦးအနေဖြင့် လုံခြုံငြိမ်းချမ်းစွာဖြင့် ရပ်တည်နိုင်ခွင့်ရှိသည်။ မြန်မာနိုင်ငံသည် မည်မျှပင် အင်အားနဲနေပါစေ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်နေပါစေ မြန်မာနိုင်ငံသားတစ်ဦးအနေနှင့်ရော လူသားတစ်ဦးအနေနှင့်ရော ငြိမ်းချမ်းရေးဆိုတာကို ခံစားခွင့် မရှိဘူးလား …

 

ငြိမ်းချမ်းရေးဆိုသော စကားကို မပြောခင် လုံခြုံရေးဆိုတဲ့စကားကို ပြောချင်ပါတယ် … ယခုလက်ရှိအခြေအနေမှာ ရခိုင်တိုင်းရင်းသားများဟာ လုံခြုံစိတ်ချရသောအနေအထားတွင် ရှိပါရဲ့လား … သူတို့ရဲ့ စီးပွားရေး၊ စားဝတ်နေရေး၊ ရေရှည်ဘဝတည်ဆောက်မှု မည်မျှအတိုင်းအတာအထိ အလုံအခြုံကင်းမဲ့နေတာကို နက်နက်တွေးလေ ကြောက်စရာကောင်းလေပင် … ဒီလုံခြုံရေးကို ဘယ်သူက တာဝန်ယူမှာလဲ? ဘယ်လိုတည်ဆောက်ပေးမှာလဲ?

ရခိုင်တိုင်းရင်းသားများသည် လူသားအချင်းချင်း ရိုင်းပင်ကူညီတတ်သူများပါ .. ဒါ့ကြောင့်သာ နိုင်ငံမဲ့ ခိုကိုးရာမဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ဒီအထိ ရှင်သန်ကြီးထွားနေကြတာ မဟုတ်ပါလား … ရခိုင်တွေနဲ့ ဘင်္ဂါလီကုလားတွေဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အကျိုးစီးပွားရှာခဲ့ကြတာလည်းရှိပါတယ် … ရခိုင်လူမျိုးတွေက သူတို့တွေကို ငွေကြေးထောက်ပံ့ပေးပြီးတော့ ရပ်တည်နိုင်အောင် မတည်ပေးခဲ့တာတွေလည်း ရှိပါတယ်။ ရခိုင်တိုင်းရင်းသားတို့ရဲ့ စာနာထောက်ထားမှု ကူညီထောက်ပံ့မှုကိုမှ မငဲ့ကွက်ပဲ ကျေးဇူးရှင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ နယ်မြေဒေသကို ထိပါးစော်ကားလာသည်ကား အခြေခံလူသားစိတ်ဓါတ်မှ ရှိပါသေးရဲ့လားလို့ ကျွန်မတို့က အံ့ဩကြောက်လန့်ရပြီ …

 

တစ်စုံတစ်ရာသည် အသားစားတတ်သော ကျားတစ်ကောင်ရဲ့ ရှေ့မှောက်တွင် ရောက်နေသည်ဆိုပါစို့ … အဆိုပါ တစ်စုံတစ်ရာသည် သမင်ငယ်ဆိုပါက ပြေးဖို့စဉ်းစားပါလိမ့်မည် … ဒါပေမယ့် ဒီသမင်ငယ် ပြေးလို့လွတ်မလွတ်ကတော့ သူ့ကံကြမာ အတိုင်းပါပဲ … အဲဒီ တစ်စုံတစ်ရာဟာ ယုန်ငယ်လေးတစ်ကောင်ဆိုရင်တော့ ပြေးမလွတ်တာ သေချာပြီ … ခြင်္သေ့တစ်ကောင်ဆိုရင်တော့ ပြန်တိုက်ခိုက်မှာပဲ … တကယ်လို့ လူသားတစ်ဦးဆိုရင်ကော … သူ့အသက် သူ့တာဝန်အတွက် ဒီကျားကို ကိုယ်စွမ်းရှိသလောက် အသက်မရရအောင်လုပြီး ပြန်တိုက်ခိုက်မှာပဲ … သူ့ရဲ့ပါတ်ဝန်းကျင်မှာ လူသားတစ်ဦးဦးသာ ရှိနေပါက အဲဒီလူသား ဘာလုပ်မလဲ???? ကျွန်မယုံကြည်ပါတယ် တစ်စုံတစ်ရာဟာ လူသားတစ်ဦးဖြစ်ပြီး ကျားရှေ့မှာသာရောက်နေခဲ့ရင် ပါတ်ဝန်းကျင်က လူသားက မဖြစ်မနေ ကူညီပါလိမ့်မယ် ….

ဘယ်လိုပဲဖြစ်ဖြစ် ကျားရှေ့က တစ်စုံတစ်ရာကတော့ “ဟဲလို ကျားကြီးရယ်” လို့ မလုပ်နိုင်တာ အမှန်ပါ ..

 

မကောင်းကျောင်းပို့ တဲ့ … ဒီလို ကျေးဇူးမသိ လူသားစိတ်မရှိတဲ့ ဘင်္ဂါလီရိုဟင်ဂျာများကို မိမိနိုင်ငံရဲ့ လုံခြုံရေးကို ထိပါးစော်ကားနေပါလျက် ဆက်လက်ပြီး တာဝန်ယူရမည်ဆိုပါက မြန်မာနိုင်ငံကို အန္တရယ်တောထဲ တွန်းပို့နေသလို ဖြစ်ပါလိမ့်မယ် … တိုင်းပြည် တည်ငြိမ်မှုကို အရှည်သဖြင့် ထိန်းသိမ်းဖို့ရာ မလွယ်ကူသည့် အခြေအနေပါ။ ငြိမ်းချမ်းစွာနေထိုင်ရေးကို စဉ်းစားဖို့ အခွင့်အရေး ရှိပါအုန်းမလား … သားသမီးမကောင်း မိဖခေါင်း တဲ့ … ဘင်္ဂါလီရိုဟင်ဂျာတွေရဲ့ ဇစ်မြစ်နဲ့ သူတို့ဘယ်ကလာသလဲဆိုတာ လူတိုင်းသိကြမှာပါ ..

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုလှုံခွင့်တောင်းသော ရိုဟင်ဂျာများကို လက်ခံပေးပါရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ တောင်းဆိုချက်နှင့် အမေရိကန်ရဲ့ ဒုက္ခသည်များကို ပြန်မပို့ရန်တိုက်တွန်းချက်အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တုန့်ပြန်မှုအပေါ် အံ့ဩမိပါသည်။ မိဘတောင် လက်ခံမထားလိုသည့် ဒီလူတွေကို မဆီမဆိုင် မြန်မာနိုင်ငံက ဘယ်လိုတာဝန်ရှိနေတာပါလိမ့် … ဘင်္ဂါလားနိုင်ငံမှ ဒီလူတွေကို ငြင်းခွင့်ရှိပါသလား ?? မြန်မာနိုင်ငံအနေဖြင့်ရော ဘာကြောင့် ငြင်းခွင့်မရှိတာလဲ?? ဒီရိုဟင်ဂျာများကို မြန်မာတစ်နိုင်ငံထဲက တာဝန်ယူရမှာလား ??… သူတို့တွေက ဒုက္ခသည် စခန်းမှာနေမှာလား ?? ဒီဒုက္ခသည်စခန်းကိုရော ဘယ်သူတွေက တာဝန်ယူမှာလဲ??

 

သားသမီးမျက်ရည်ကို မိဘကောင်းတို့သည် ဘယ်သောအခါမှ လစ်လျှူရှုမည်မဟုတ် … အများနားလည်ထားတဲ့ ငြိမ်းချမ်းရေးနှင့် ကျွန်မတို့ လိုချင်တောင့်တနေသော ငြိမ်းချမ်းရေး ဘယ်နေရာမှာ ကွာခြားမှုရှိနေပါသလဲ?? ကျွန်မတို့ မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံငြိမ်းချမ်းစွာနေထိုင်ခွင့်ကို မျှော်လင့်ခွင့် ရှိပါသေးရဲ့လား???? ဒီဘင်္ဂါလီရိုဟင်ဂျာများနှင့် အတူတကွ ရှေ့ဆက်ရမည့်ဘဝခရီးလမ်းအတွက် စဉ်းစားလေ ရင်မောလေပါပဲ ….

16 comments

  • သားဦး၊မြေးဦး

    June 14, 2012 at 10:42 pm

    ဦးနု လက်ထက်က စစ်တွေကအမတ်က သူမဲနိုင်ဖို ့လိုတော့ ဘင်္ဂါလီ(၁)သိန်းသွင်းပြီး
    လယ်ယာကျွန် လုပ်ခိုင်းပြီး မဲရအောင်ယူ အနိုင်ယူခဲ့ဖူးတယ်။အဲဒီတုန်းက မြန်မာ့အသံ
    မှာ ရိုဟင်ဂျာ အစီအစဉ်ဆိုပြီး တိုင်းရင်းသားကဏ္ဍတောင်လွှင့်ခဲ့ဖူးတယ်။ခုချိန်မှာ
    ရခိုင်ပြည်နယ်ထဲမှာ တရားမဝင်ရောက်နေသူ(၅)သိန်းကျော်ကို ဘယ်လိုလုပ်ဖြေရှင်း
    မလဲဆိုတာ လွှတ်တော်မှာ အသည်းအသန်ဆွေးနွေးရပါလိမ့်မယ်။
    မမသူသူ(စစ်တွေ)ရေ—-ပြုသူအသစ်၊ဖြစ်သူအဟောင်းပါဘဲ။ကျွန်တော်လဲ ရခိုင်တိုင်း
    ရင်းသား တစ်ယောက်ဘဲဗျာ။မျိုးချစ်စိတ်ရှိတာပေါ့။

    • သားဦး၊မြေးဦး

      June 15, 2012 at 1:51 pm

      အနီပေးတိုင်း ပြီးရောလားဗျာ။ကျနော်ပြောတာ မမှန်ရင် ပြန်ရှင်းပြပေါ့။
      ဒါ တတ်သမျှ အကုန်ထင်ပါရဲ ့။

  • unclegyi1974

    June 14, 2012 at 10:43 pm

    မှန်တယ်မသူရေ
    ကျွန်တော်တို့အစိုးရပြတ်သားသင့်ပြီထင်ပါတယ်
    မြေမျိုလို့လူမျိုးမပြုတ်ပါဖူး
    ဒါပေမဲ့ရှေ့တန်းခံစစ်မှုးတွေဖြစ်တဲ့လဝကတွေဘာလုပ်နေကြတယ်ဆိုတာလူတိုင်းသိနေတာမို့
    ရှေ့တန်းခံစစ်ကိုတော့အရင်လုံအောင်လုပ်ရမယ်ထင်ပါတယ်

  • ဦးဦးပါလေရာ

    June 14, 2012 at 11:27 pm

    အားလုံးကို အစပြန်ကောက်ရင် (အမှန်တကယ်)ဥပဒေစိုးမိုးရေးပဲ
    ဒေါ်စုထောက်ပြထားတာလဲ အဲဒါပဲ…
    အဲဒါကို အမြန်ဆုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်နိုင်မှ နယ်စပ်လုံခြုံနိုင်မယ်။

    ပြဿနာက ၃ ခုရှိတယ်..။
    ၁-ပြည်တွင်းနေပြီးသားရိုဟင်ဂျာတွေ နဲ့ တဖက်နိုင်ငံက ဒုက္ခသည်စခန်း အတွင်း/အပြင်က ရိုဟင်ဂျာတွေ ကူးလူးဆက်သွယ်နေတာ၊ အဲဒါကြောင့် ဆက်ပြီးစိမ့်ဝင်နေတာ..။
    ၂-ပြည်တွင်းရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာနေပြီး မြန်မာနိုင်ငံသားစိတ် မရှိတာ..။ ရှင်းအောင်ပြောရရင် သူတို့နေတဲ့မြေကြီးကို သူတို့ပဲတနေ့ပိုင်ရမယ်လို့ ထင်နေတာ။ အဲလိုအယူအဆ သွတ်သွင်းခံထားရတာ..။
    ၃-ပြည်တွင်းနေပြီးသားရိုဟင်ဂျာတွေ လူဦးရေ အဆမတန်ပေါက်ကွဲနေတာ..။

    ဒါကြောင့် တံတိုင်း ၃ ခု လိုတယ်။
    ၁-လုံခြုံရေးတံတိုင်း- အဲဒီမှာ စည်းရိုးခတ်တာ၊ လုံခြုံရေးချကင်း လှည့်ကင်းတွေထားတာ စသည်တို့ပါတယ်။
    ၂-ဥပဒေ တံတိုင်း- တရားမျှတမှန်ကန်တဲ့ ရှင်းလင်းပြတ်သားတဲ့ဥပဒေလိုအပ်ပြီး အဲဒီဥပဒေကို လက်တွေ့ကျင့်သုံးဖို့လဲ လိုအပ်တယ်။
    ၃-လူမျိုးတံတိုင်း- တဖက်နဲ့ထိစပ်နေတဲ့ ဧရိယာတွေမှာ ရခိုင်အပါအဝင် တိုင်းရင်းသားတွေအများစု (တကဲ့အများစု- အနည်းဆုံး ၉၅%) အခြေချ နေထိုင်သင့်တယ်။

    မဖြစ်န်ိုင်ဘူးလို့ပြောမလား..
    အဲဒါဆို တနေ့ မြန်မာပြည်ကို နာမည်ပြောင်းရလိမ့်မယ်…။

    ရိုဟင်ဂျာကိစ္စကို မပြောပဲထိန်းထားတာ..။
    ဒီနေ့ကစပြီးမှ ထုတ်ဆွေးနွေးတာ..
    လုပ်စရာတွေပြီးသွားရင် july မှာ ပိုစ့်တင်ဆွေးနွေးဦးမှာ…။

  • ဦးဦးပါလေရာ

    June 14, 2012 at 11:36 pm

    အပေါ်က ကျုပ်ကွန်မင့်ဟာ လူမျိုးရေး ခွဲခြားဖိနှိပ်ပြောဆိုတာလုံးဝမဟုတ်ပါ..။
    ဒီပိုစ့်က ငြိမ်းချမ်းရေး၏အဓိပ္ပါယ် လို့ ဆိုထားလို့..
    အာပလာငြိမ်းချမ်းရေး၊ ဒီပလိုမေစီငြိမ်းချမ်းရေး၊ ကြားကောင်းအောင်ပြောပြီးနာမည်ကောင်းယူသောငြိမ်းချမ်းရေးမဟုတ်တဲ့-
    ဘယ်သူ့ဘယ်သူမှ ထပ်သတ်စရာမလိုတဲ့-
    ငြိမ်းချမ်းရေးစစ်စစ် ဖေါ်ဆောင်မယ့် လမ်းကြောင်းကို ဆွေးနွေးတာပါ…။

    ကျုပ်အမြင်မှာ ရိုဟင်ဂျာတွေဟာ
    ၁-တိုင်းရင်းသားမဟုတ်
    ၂-မြန်မာပြည်ကို သစ္စာစောင့်သိသူ အလွန့်အလွန်နည်း …. တာကလွဲရင်

    သူတို့ဟာလဲ လူပါပဲ…။
    တကျပ်မလျော့ တကျပ်မပိုတဲ့ လူပါပဲ…။
    လူ လူ ချင်းအဖြစ်တော့ လေးစားပါတယ်…။
    ဥပမာ သူတို့သာ အမေရိကန်မှာနေမယ်ဆိုရင် ကျုပ်က အရမ်းအရမ်းကို ချစ်ပြလိုက်ဦးမှာ…။

    • thu thu . sittwe

      June 16, 2012 at 9:18 pm

      ဦးဦးပါလေရာကို အပြည့်အဝ ထောက်ခံပါတယ် ….

  • kai

    June 14, 2012 at 11:58 pm

    ကျားကို ကျားမှန်းသိတဲ့လူတွေဟာ.. ကျားကိုဖမ်းပြီး.. ခို်င်းစားခဲ့ကြတယ်..။

    အဲဒီမှာ.. ပွဲလာကြည့်သူတွေ.. “ဟဲလိုကျားကြီးရယ်.”. လုပ်ကြပါတယ်..။
    ကလေးတွေတောင်ပါသေး..( အဓိပ္ပါယ်နားလည်အောင်ဖတ်ပါ)

    • Mလုလင်

      June 15, 2012 at 12:13 am

      NGO တွေက တကယ်တမ်း လှူတာက နည်းနည်း ရယ် သူတို့ ရဲ့ facility (aircon နဲ့ မှ အိပ်ချင်တာတို့ ကားက ဆောင့် ရင်မစီးချင်တာတို့) ပြည့်အောင် ဖြည့်နေရတာနဲ့ တင် ကုန်နေတာ ရယ် .. ကျုပ်တော့မယုံပေါင် သူကြီးရယ် …။

      • ကြောင်ဝတုတ်

        June 15, 2012 at 12:33 am

        အဲဒီနေရာမှာ ကျုပ်တို့နိုင်ငံသားတော်တော်များများ ပြည်တွင်းကပုံမှန်လစာထက်ကောင်းတဲ့လစာတွေရကြတယ်…
        အဲဒါကျားကိုခိုင်းစားတာပဲပေါ့….

        ကြောင်ဝတုတ်

        • Mလုလင်

          June 15, 2012 at 12:37 am

          အသိဉာဏ် ရှိသော လူ သတ္တဝါ နဲ့ ဆန္ဒ သုံးခုသာ သိသော သတ္တဝါ နဲ့ နှိုင်းယှဉ်ခြင်းငှာ … အကျွန် မဝံ့ ကြောင်းရယ်ပါ။

      • Thel Nu Aye

        June 15, 2012 at 11:18 am

        မှန်ပါတယ်။ NGO တွေဆိုတာ ဒုက္ခသည်တွေကို ပါးစပ်ထဲကနှိုက်စားတာပါ။

      • Thel Nu Aye

        June 15, 2012 at 11:20 am

        မှန်ပါတယ်။ NGO တွေဆိုတာ ဒုက္ခသည်တွေ ပါးစပ်ထဲကနှိုက်စားတာပါ။

    • thu thu . sittwe

      June 16, 2012 at 9:20 pm

      သူကြီးဘာဆိုလိုတယ်ဆိုတာကို ဉာဏ်မမှီလို့ မစဉ်းနိုင်ကြောင်းပါ …
      ဖြစ်နိုင်ရင်တော့ ကျားအကောင်တစ်ရာလောက် ပို့ပေးလိုက်ချင်ပါတယ် … သူကြီးအလိုရှိသလောက် ခိုင်းနိုင်ပါကြောင်း …

  • ဇောက် ထိုး

    June 15, 2012 at 6:39 am

    တစ်ခုတော့ ရှိတာပေါ့ သူကြီးရယ်။ တစ်ခုရှိရင် တစ်ဖဲ့စီ စားတာပေါ့။ အဲ.. ဟုတ်ပေါင်။
    ကျွန်တော်တို့ မြန်မာနိုင်ငံမှာက. .. ကျားကို ခိုင်းနိုင်တဲ့ ပညာထိ မရှိသေးတာတို့… ကျားလှောင်အိမ် မရှိသေးတာတို့ကလဲ ကျားကိုမမွေးရဲတာရဲအကြောင်းဖြစ်နိုင်ပါတယ်။

  • may flowers

    June 15, 2012 at 1:17 pm

    ဦးဦးပါလေရာရဲ့ မန့်ကိုအပြည်အဝထောက်ခံပါကြောင်း………………..။

Leave a Reply