မယ်တော်ကြီး (ငွေကြေးကိစ္စ၊ စီးပွားလာဘ်လာဘရွှင်စေရန်)

 

စွမ်းအားရှင် (ကျန်းမာစေခြင်းနှင့်ပယောဂကိုအနိုင်ယူခြင်း)

ချစ်သူနှစ်ဦး (အချစ်ရေး အိမ်ထောင်ရေးကိစ္စများအတွက်)

တုတ်ငါးချောင်း (ငွေကြေးပါကြွယ်ဝစေခြင်းအတွက်)

ဧကရီ (ကလေးရရှိစေခြင်းနှင့်မီးဖွားအန္တရယ်ကင်းစေခြင်းကိစ္စ)

ထိန်းချုပ်ခြင်း (ငွေမြဲစေသောကိစ္စ၊ ငွေကြေးအကုန်အကျများခြင်းကို ကာကွယ်သောကိစ္စအတွက်)

မနုစာရီ (တရားရုံး၌အမှု့ရင်ဆိုင်ရသောကိစ္စများအတွက်)

မှော်ပညာရှင် (အဓိဋ္ဌာန်ကိစ္စ၊ဂန္ဓာရီကိစ္စ၊ သစ္စာဆိုရသောကိစ္စများအတွက်)

ကမာ္ဘလောက (နိုင်ငံရပ်ခြား ခရီးသွားမည့် ကိစ္စများအတွက်)

ကျွန်တော်က တားရော့ခ် ခရေဇီဖြစ်တဲ့အပြင် ဗေဒင်တွက်လျှင်လည်း

တားရော့ခ်သည် ကျွန်တော်ရဲ့ Major အနေနဲ့ စတွက်ပါတယ်။

သိပ်တိကျတဲ့ အဖြေတွေကို အမြဲတမ်း ကျွန်တော့်ကို ထုတ်ပေးလေ့ရှိတယ်။

အဘဆရာကြီးက တားရော့ခ်ကို ယုံကြည်စွာနဲ့ အဆောင်လက်ဖွဲ့ အဖြစ်

ထားလို့ရတယ်လို့ သင်ကြားပေးခဲ့ပါတယ်။ ဒါကြောင့် ဂျစ်ပစီ လူမျိုးတွေဆီမှ

စီးဆင်းလာတဲ့ ဂျစ်ပစီ ပညာရပ်တစ်မျိုးဖြစ်တဲ့

တားရော့ခ်ကတ်တွေကို ယုံကြည်လေးနက်စွာဖြင့် ဆောင်ထားခြင်း၊

ဖယောင်းတိုင်းမှာ ပတ်၍   နေ့စဉ် မီးထွန်းပြီး ဆုတောင်းမှုပြုခြင်းဖြင့်

လိုအင်ဆန္ဒ ပြည့်စုံစေနိုင်ပါတယ်။ မိမိအဆောင်ထားသည့် တားရော့ခ်

ကတ်ပြားအား နေ့စဉ် ရေမွှေးဆွတ်၊ နမ်းရှူံ့ပေးခြင်း အပြင် တားရော့

မန္တန်တော်အား ၃ ကြိမ်ရွတ်ဆိုပေးရပါမည်။

Within me and around me, is the fullness of Power,

Love and Wisdom.

ကျွန်ုပ်၏ အဇ္ဈတ္တတွင်လည်ကောင်း၊ ဗဟိဒ္ဓတွင်လည်ကောင်း

တန်ခိုးစွမ်းရည်၊ မေတ္တာတရား နှင့် အသိဉာဏ်ပညာတို့ သည်

ပြည့်စုံကုံလုံ၍ ရှိခြေပြီတကားလို့

မြန်မာလိုလည်း ရွတ်ဆိုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်တော့

ကျွန်တော်ကတော့ အဆင်မပြေမှုလေး တစ်ခုခုဖြစ်နေတယ်ဆိုရင်

ဒီကတ်ပြားလေးတွေကို ဆောင်ထား၊ မီးထွန်းဆုတောင်းစေချင်တယ်ဗျာ..

စေတနာကောင်းဖြင့်…

 

 

 

 

 

 

 

About koyin sithu

has written 140 post in this Website..