9.6.2012 ရက်နေ့ကပေါ့။ ကျနော်နှင့်ကျနော့် တူလေး အော်စာရင်းသွားကြည့်မယ် ဆိုပြီး မနက်အစောကြီးကျောင်း ကို ထွက်ခဲ့ကျတယ်၊၊ကျောင်းရှေ့ရောက်တော့ လူတွေက အပြည့်ပါပဲ`။ အောင်စာရင်းကို ကျောင်းဝင်းတံခါး မဖွင့်ခင်ကတည်းက လာ စောင့်ပြီးကြည့်နေကြတဲ့ သူတွေပေါ့`။ ကျနော့်တူလေး အောင်စာရင်း တိုးဝှေ့ ကြည့်နေစဉ် ကျနော်လူလေးဦးကို မြင်ခဲ့ရတယ်`။အဲ့ဒီသူတွေက
၁ စာမေးပွဲကျလို့စိတ်ပျက်နေသူ`
၂ စာမေးပွဲအောင်လို့ပျော်ရွှင်နေသူ
၃ စာမေးပွဲအောင်ပြီး ဂုဏ်ထူးပါပေမဲ့ မှန်းသလောက်မပါလို့စိတ်ပျက်နေသူ
၎ ဂုဏ်ထူးတွေ အများကြီးနှင့်ပျော်ရွှင်နေ တဲ့သူ တို့ကို ကျနော်မြင်တွေခဲ့ရတယ်`။
အောင်စာရင်းကို ကျောင်းဝင်းတံခါး မဖွင့်ခင် ကတည်းက လာရောက်စောင့် ကြည့်နေ ပေ မဲ့ တကယ်တမ်း သူတို့နာမည်မပါလို့ ငို နေတဲ့သူ နှင့်ခေါင်းငိုက်စိုက်ကျ နေ သူတွေကိုလည်း အများကြီးတွေ့ရပါတယ်`။ကျရှုံးသူတွေကြားထဲမှာ အောင်စာရင်းနာမည် ပါပေ မဲ့ သူတို့မှန်းထားတဲ့ တက္ကသိုလ် မရမှာစိုးတာကြောင့် မပျော်နိုင်တဲ့ကလေးတွေလည်းတွေရပါတယ်`။”ဂုဏ်ထူးပါမယ်ဆိုတာ အစောကြီ:ကတည်းက ယုံကြည်ထားတယ်၊ဒါပါ မဲ့ တစ်ခုပဲပါလာလို့ စိတ်မကောင်း ဘူး “လို့ပြောနေတဲ့ ကလေးတစ်ယောက်ကိုလည်းတွေ့ရတယ်၊ဒါနဲ့ ကျနော့် တူလေးလဲ ဘယ်အမျိုးအစားထဲ ပါ မလဲလို့ ကျနော်တွေးနေရင်း မျက်စိမျက်နှာမကောင်း ပဲ လေးလံသော ခြေထောက်များနှင့် ကျနော့်ထံ လျှောက်လာ သော ကျနော့်တူလေးကို မြင်ရတယ်။ကျနော်လည်း စိတ် ပူ ပြီး သူကိုမေးခဲ့တယ်။ “ငါ့ တူဘယ်လိုလဲ” ကျနော်မေးလိုက်တဲ့အခါ သူက သက်ပြင်းချရင်း “အောင်ပါတယ်ဦးလေး ဂုဏ်ထူးနှစ်ဘာသာပါတယ် “ လို့ ကျနော့်ကို ပြောခဲ့တယ်၊ ဒီ တော့ မှ ကျနော့် တူ က နံပါတ် ၃ လူအမျိုးအစားတည်းပါဝင်ကြောင်းကို ကျနော်သိခဲ့ရတယ်၊
ဒါ့အပြင် ကျနော်လူငယ်တွေ အများကြီးကို တွေ ရတယ်၊ တချို့ ကစာမေးပွဲအော် လို့ ပျော်ရွှင်တဲ့အထိမ်း အမှတ် အနေနဲ့ အရက် ဘီယာ ဆေးလိပ်ေ သာက်နေကြတယ်၊တချို့က စာမေးပွဲကျလို့ သောက်နေကြတယ်၊ စာမေးပွဲအောင်သူများက မိမိတို့ အကျင့် စာရိတ္တ ကို ပျော်ရွှင်မှုနှင့် ဖျက်ဆီးနေကြတယ်။ စာမေးပွဲကျသူတွေက မိမိ တို့ ၈တန်းအင်္ဂလိပ်စာမှာ သင်ခဲ့ရတဲ့”’စာမေးပွဲတစ်ခုကျရှုံးရုံ ဖြင့် ကမ္ဘာကြီးက အဆုံးသတ်မသွားပါဘူး”” ဆိုတဲ့ စာသားလေးတွေ ကို မေ့ ပြီး ဘာလို့ ကျရှုံးနေတဲ့ဘဝကို ပြန်လည်မကြိုးစားချင်ရတာလဲ အော်သူတို့ကို ကြည့်ပြီးကျနော်စိတ် ပျက်မိပါတယ်၊
ကျနော့် တူလေးကိုလည်း မင်းဖြစ်ချင်တဲ့ဆန္ဒကိုဖြစ်အောင်လုပ်ဟုပြောရင်း အိမ်ပြန်ခဲ့ပါတယ်

About koko thant

koko thant has written 3 post in this Website..