အောင်စာရင်းထွက်သော်လည်း

koko thantJune 15, 20121min743

9.6.2012 ရက်နေ့ကပေါ့။ ကျနော်နှင့်ကျနော့် တူလေး အော်စာရင်းသွားကြည့်မယ် ဆိုပြီး မနက်အစောကြီးကျောင်း ကို ထွက်ခဲ့ကျတယ်၊၊ကျောင်းရှေ့ရောက်တော့ လူတွေက အပြည့်ပါပဲ`။ အောင်စာရင်းကို ကျောင်းဝင်းတံခါး မဖွင့်ခင်ကတည်းက လာ စောင့်ပြီးကြည့်နေကြတဲ့ သူတွေပေါ့`။ ကျနော့်တူလေး အောင်စာရင်း တိုးဝှေ့ ကြည့်နေစဉ် ကျနော်လူလေးဦးကို မြင်ခဲ့ရတယ်`။အဲ့ဒီသူတွေက
၁ စာမေးပွဲကျလို့စိတ်ပျက်နေသူ`
၂ စာမေးပွဲအောင်လို့ပျော်ရွှင်နေသူ
၃ စာမေးပွဲအောင်ပြီး ဂုဏ်ထူးပါပေမဲ့ မှန်းသေလောက်မပါလို့စိတ်ပျက်နေသူ
၄ ဂုဏ်ထူးတွေ အများကြီးနှင့်ပျော်ရွှင်နေ တဲ့သူ တို့ကို ကျနော်မြင်တွေခဲ့ရတယ်`။
အောင်စာရင်းကို ကျောင်းဝင်းတံခါး မဖွင့်ခင် ကတည်းက လာရောက်စောင့် ကြည့်နေ ပေ မဲ့ တကယ်တမ်း သူတို့နာမည်မပါလို့ ငို နေတဲ့သူ နှင့်ခေါင်းငိုက်စိုက်ကျ နေ သူတွေကိုလည်း အများကြီးတွေ့ရပါတယ်`။ကျရှုူံးသူတွေကြားထဲမှာ အောင်စာရင်းနာမည် ပါပေ မဲ့ သူတို့မှန်းထားတဲ့ တက္ကသိုလ် မရမှာစိုးတာကြောင့် မပျော်နိုင်တဲ့ကလေးတွေလည်းတွေရပါတယ်`။”ဂုဏ်ထူးပါမယ်ဆိုတာ အစောကြီ:ကတည်းက ယုံကြည်ထားတယ်၊ဒါပါ မဲ့ တစ်ခုပဲပါလာလို့ စိတ်မကောင်း ဘူး “လို့ပြောနေတဲ့ ကလေးတစ်ယောက်ကိုလည်းတွေ့ရတယ်၊ဒါနဲ့ ကျနော့် တူလေးလဲ ဘယ်အမျိုးအစားထဲ ပါ မလဲလို့ ကျနော်တွေးနေရင်း မျက်စိမျက်နှာမကောင်း ပဲ လေးလံသော ခြေထောက်များနှင့် ကျနော့်ထံ လျျှောက်လာ သော ကျနော့်တူလေးကို မြင်ရတယ်။ကျနော်လည်း စိတ် ပူ ပြီး သူကိုမေးခဲ့တယ်။ “ငါ့ တူဘယ်လိုလဲ” ကျနော်မေးလိုက်တဲ့အခါ သူက သက်ပြင်းချရင်း “အောင်ပါတယ်ဦးလေး ဂုဏ်ထူးနှစ်ဘာသာပါတယ် “ လို့ ကျနော့်ကို ပြောခဲ့တယ်၊ ဒီ တော့ မှ ကျနော့် တူ က နံပါတ် ၃ လူအမျိုးအစားတည်းပါဝင်ကြောင်းကို ကျနော်သိခဲ့ရတယ်၊
ဒါ့အပြင် ကျနော်လူငယ်တွေ အများကြီ းကို တွေ ရတယ်၊ တချိူ့ ကစာမေးပွဲအော် လို့ ပျော်ရွှင်တဲ့အထိမ်း အမှတ် အနေနဲ့ အရက် ဘီယာ ဆေးလိပ်ေ သာက်နေကြတယ်၊တချိူ့က စာမေးပွဲကျလို့ သောက်နေကြတယ်၊ စာမေးပွဲအောင်သူများက မိမိတို့ အကျင့် စာရိတ္တ ကို ပျော်ရွှင်မှုနှင့် ဖျက်ဆီးနေကြတယ်။ စာမေးပွဲကျသူတွေက မိမိ တို့ ၈တန်းအင်္ဂလိပ်စာမှာ သင်ခဲ့ရတဲ့”’စာမေးပွဲတစ်ခုကျရှုူံးရုံ ဖြင့် ကမ္ဘာကြီးက အဆုံးသတ်မသွားပါဘူး”” ဆိုတဲ့ စာသားလေးတွေ ကို မေ့ ပြီး ဘာလို့ ကျရှုံးနေတဲ့ဘဝကို ပြန်လည်မကြိူးစားချင်ရတာလဲ အော်သူတို့ကို ကြည့်ပြီးကျနော်စိတ် ပျက်မိပါတယ်၊
ကျနော့် တူလေးကိုလည်း မင်းဖြစ်ချင်တဲ့ဆန္ဒကိုဖြစ်အောင်လုပ်ဟုပြောရင်း အိမ်ပြန်ခဲ့ပါတယ်

3 comments

  • Thel Nu Aye

    June 15, 2012 at 11:13 am

    ကျွန်မလဲ တတိယမျိုးအစားမှာပါခဲ့ဖူးပါတယ်။

  • koko thant

    June 15, 2012 at 2:41 pm

    အင်း သဲနုအေးလည်း ကျနော်တူလေးလိုတတိယအ မျိုးအစားမှာပါတာပါပဲလား

  • Azzurri

    June 15, 2012 at 2:43 pm

    ပညာရှင် ဖြစ်မလား လို့ … ပညာတွေ သင်ကြည့်ပါတယ်…
    ပညာကောင်းကောင်း မသင်ခဲ့တော့ ပညာသင် လို့ မခေါ်နိုင်ပဲ
    ပညာကို ချဉ်သွားတဲ့ ပညာချဉ် ဖြစ်လာရဲ့…
    ဂလိုနဲ့ နှစ်တွေကြာတော့
    ပညာရှင် တော့ ဖြစ်မလာဘူး ရှိစုမဲ့စု ပညာလေး အသက်ငင်နေလို့
    ပညာငင် တော့ ဖြစ်လာတယ်…။
    နောက်တော့ ငင်ရာကနေ အသက်ထွက်သွားရင်တော့
    ပညာထွက် ပေါ့ … ပညာတတ် မဟုတ်ပါ…။
    ပညာထွက်တော့ မြေမြှုပ်ပီး ဖိလိုက်တော့
    ပညာဖိ ဖြစ်သွားရော … ပညာရှိ မဟုတ်…။
    အဲ့သည့်ကနေ ..လူအများ ကျင်လည်တဲ့ နေရာကနေ ဖယ်ခံလိုက်ရပြန်တယ်
    ဆိုတော့ ပညာဖယ် ဖြစ်လာပြန်ရဲ့ ပညာသည် မဟုတ်ပြန်။
    အဲ့ဒါ ကျုပ်ရဲ့ ဘွဖြတ်သန်းမှု အစစ်။
    ပုံ
    ကျောက်ဆင်းတု ခေါင်းငြိမ့်
    နှူးဘာ ဂိုဏ်းချုပ်
    ချစ်သွေးကြွ
    ဇိမ်ကိုယ်တော်
    အိပ်မက်ကုန်သည်
    လစ်ဘရယ်
    ဂီ့

    p.s ဒီလိုပဲ ရှာစားရတာပ
    လာထား ၁၀

Leave a Reply