တစ်ခါက…သူ

wintayzahlaingJune 15, 20121min791

ချစ်တယ် ဆိုတဲ့စကား
ရင်ထဲက ပြောခဲ့တာလား
မမေ့နဲ့နော်တဲ့
မျက်ဝန်းကတဆင့်သိခဲ့ပေါ့
ခွဲမနေနိုင်တာကို
နှုတ်ဖျားက ဆိုခဲ့လေသူ
သိပ်မုန်းတာပဲ ဆိုတာကိုတော့
ဦးနှောက်က ပြောခဲ့တာလားကွယ်