ကြေးမုံဂျီး နှင့် ကြောင်ကြီး ကိုက်ကြဗီ… face off

ပလပ်..ပလပ် ဂျွတ်ဂျွတ်…ခွီးခရား..။ ကြေးမုံဂျီးနှင့် ကြောင်ကြီးတို့ ကိုက်နေဂျဂျင်းဖြစ်သည်။ ကျင့်ဝတ်သိက္ခာ တပြားသားမှ ရှိဟန်မတူဂျဒေါ့ဂျေ။ ကြောင်ကြီး မာန်ဖီကိုက်သလို ကြေးမုံဂျီးကလည်း အားကျမခံ ရှိသမျှသွား သုံးဆယ့်နှစ်ချောင်း ဖြဲကိုက်သည်။ အမှန်မဒေါ့ ဘယ်သူပျက်ပျက် ကိုယ်တရားမပျက်ရ ဘုရားဟော ရှိထား၏။ သူမကောင်း၍ မိမိဆိုးသည်ဆိုခြင်းမှာ ညဏ်အမျှော်အမြင်ရှိသူတို့လုပ်ရပ် ဟုတ်ချေ။ လက်တုံ့ပြန်မှုနှင့်အတူ လိမ်ခြင်းပါမြောက်၍ နှစ်ပြစ်ထိုက်သည်။ နေရာဃား အင်ကြင်နှီးယာပိုင်ရှင် အန်တီမမ၏ ဇာတိချက်မြေ ပန်းတနော်မြို့ တွင်ဖြစ်သည်။ အန်တီမမဦးဆောင်ပီး ပရဟိတဆေးရုံအတွက် ဂဇက်ရွာမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းဂျင်းဖြစ်သည်။ အိမ်ရှင်ရွာသူရွာသားများမှလည်း စေတနာအပြည့် ဧည့်ခံကျွေးမွေးသည်။
လမ်းခုလတ် ရွာတရွာတွင်လည်း နံနက်စာ မုန့်ဟင်းခါး အဝတုတ်လာခဲ့ပီးလေဗျီ။ မစားဘူး မစားဘူးနှင့် ဂဇက် ရွာသူားများ တီးလိုက်ကြသီမှာ အချိန်တရာ ကုန်လေသည်။ ဘုန်းကြီးကျောင်းတွင် ချက်ထားသော မုန့်ဟင်းခါး မလောက်၍ ရွာနီးချုပ်စပ် အခြားအလှူများမှ မုန့်ဟင်းခါးများသွားယူရသည်။ ထိုမျှမလောက်သေး၍ မြို့ပေါ်ရှိ မုန့်ဟင်းခါးဆိုင်များမှ ဆိုင်လုံးကျွတ်အော်ဒါသွားဆွဲရသည်။ ထို့မနက်က ပန်းတနော်မြို့နှင့် အနီးဝန်းကျင် ရွာအပေါင်း မုန့်ဟင်းခါး ငတ်လေသည်။ ဒါတောင် မရပ်တန်းဆက်စားမည့် အရိပ်အယောင် မြင်နေရသဖြင့် ပညာရှိသော ရွာလူဂျီများက ပန်းတနော်ဆေးရုံအလှူတွင် ပုဇွန်ထုပ်၊ ကြက်၊ ဝက်၊ ဘဲ၊ နွား၊ ဆိတ်၊ သိုး၊ ငါးမြင်း၊ ငါးသလောက်၊ ငါးခူ၊ ငါးကျီး ဆီပြန်ပေါင်းစုံချက်ထားဂျောင်း၊ ဒီပုံစံဖြင့်ဆိုလျင် ဂဇက်ရွာသူားများ နေ့လည်စာ သိပ်စားနိုင်ဒေါ့မည်မထင်ဂျောင်း မကြားတဂျားပြောမှ အချင်းချင်းလက်ကုတ် ရပ်ကြလေသည်။ အကြံအစည် ကြီးသော ကြေးမုံဂျီးဂမူ အပြန်ပါဆယ်ထုပ်ရန် ငါးဆင့်စတီးချိုင့်ကြီးကို မြို့အဝင်ဈေးတခုတွင် ဆင်းဝယ်သည်။
ကားပေါ်တွင် ကြောင်ကြီးက ဂဇက်မိတ်ဆွေများအား လောဘမကြီးရန် တရားဟောကာမှ ပျောက်မည်ဆိုး၍ ကြေးမုံဂျီး စတီးဂျိုင့်အား ဖင်ခုထိုင်သည်၊ ဒေါသအကြောင်း ပြောသံကြားသောအခါ ရှစ်ခေါက်ချိုးမျက်နှာဖြင့် အံကြိတ်ပြသည်။ မောဟတရား ဟောချိန်တွင်ဂါး ခူးခေါဖြင့် ကားစက်သံဖြင့်အပြိုင် အော်ဟစ်အိပ်လေသည်။ သူ့ဘေးတွင်ထိုင်သော နိုင်ငံကျော်စာရေးဆရာ ဓါ့ပုံဆရာ ကုမ္မဏီမန်နေဂျာ တူမချောပိုင်ရှင် မန်းလေးဦးပေါက် မျက်စိမျက်နှာ ပျက်နေသည်။ သတိထားမိသော ကြောင်ကြီးမှ မေးမြန်ရာ သူ့ငယ်စဉ်ဂ တေးသံသွင်းဆိုင်တွင် တေးရွေးဆရာ နှစ်ရှည်လများ လုပ်ခဲ့ဂျောင်း၊ အကြားအာရုံ ကြီးကြီးမားမား ထိခိုက်၍ နောက်ဆုံး ထိုအလုပ်မှ အနားယူခဲ့ရဂျောင်း။ နားဆရာဝန်နှင့် ကုသခဲ့ရာ ကံသီ၍ ပြန်လည်ကောင်းမွန်လာဂျောင်း၊ ယခုမူ ကားပေါ်ခရီး နာရီပိုင်းအတွင်းပင် ရောဂါပြန်ထဖွယ်ရှိဂျောင်း စိုးရိမ်တဂျီး ရင်ဖွင့်ဒေါ့သည်။ ကပေ၊ ကဗိုက်၊ ကစိုး၊ ကတုတ်၊ ကကျော် စသည့်ရွာသားများက တဆွေလုံးတမျိုးလုံး ပင့်လာ၍ ခြေချစရာ နေရာပင် မရှိတော့ဂျေ။ ကြင်နာစိတ် ဂရုဏာတရား အပြည့်အဝရှိသော ကကြောင်ကြီးမှ ဦးပေါက်အား နေရာဂျင်းလဲပေးကာ သောတအာရုံငရဲခန်းမှ လွတ်မြောက်စေလိုက်သည်။
ကြေးမုံဂျီးကဒေါ့ ဘာမျှမသိ၊ အိမ်မက်ထဲတွင် တနင့်တပိုးစားပြီး၍ ဝယ်ထားသော စတီးချိုင့်ထဲသို့ ဟင်းများကို ထိုးသိပ်ထည့်နေဗေသည်။ ပါးစပ်မှ တပျတ်ပျတ်ဝါးလျက်ရှိသည့်အပြင် လက်မှလည်း လှုပ်ရှားလျက်ရှိနေသည်။ ဤသည်ကို တွေ့မြင်ရသော ကြောင်ကြီးခမျာ ကိလေသာအာရုံကြော နစ်မျောလျက်ရှိသော ကြေးမုံဂျီးအား လွန်စွာသနားဂျင်းဖြစ်၍ မေတ္တာပို့သာ နေ၏။ တိုက်ဆိုင်မှု ဆိုဂျင်ဆို ထန်းသီးကျွေခိုက် ကျီးနင်းခိုက်… ကြေးမုံဂျီး၏ဦးခေါင်း ကြောင်ကြီးရင်ခွင်ထဲသို့ ငိုက်ကျခဲ့လာသည်။ ထိုအချိန်တွင် ဘတ်စ်ကား လမ်းချိုင့်ထဲ ကျသွား၍ ကြေးမုံဂျီး ထိုင်ခုံမှ ပြုတ်မကျသွားစေရန် ကြောင်ကြီးမှ သက်စွန့်ဆံဖျား ပွေ့ဖက်လိုက်ရသည်တွင် “အမယ်လေး ကျမဘဝပျက်ပါပီ၊ လူယုတ်မာဂျီး သူများသားပျိုသမီးပျိုကို စော်စော်ကားကား ဆွဲလားရမ်းလား လုပ်ရသလား၊ ကယ်ဂျဗာအုံး အရပ်ဂဒို့ရေ” အလန့်တညက် လောက်စပီကာဆယ်လုံး ပြိုင်တူဖွင့်လွှတ်သော အသံနှုန်းဖြင့် အော်လေသည်။ ဘေးပတ်ဝန်းကျင်ရှိသူများက မဟုတ်ကြောင်း ဝိုင်းပြောလေမှ ရှက်ကိုးရှက်ကန်း နှုတ်ခမ်းကို တတောင်ခန့်မျှ ဆူပြသည်။

သူနှင့် ကြောင်ကြီး အဆင်ပြေခဲ့စဉ် တချိန်ဂ...

အလှူပွဲကျင်းပရာဆေးရုံသို့ ရောက်သည်တွင် နေ့လည်ထမင်းစားချိန် ကျနေပီဖြစ်၍ ဆေးရုံဦးစီးနာယက ဆရာတော်ထံ ဦးစွာဝင်ရောက် ဖူးမျှော်ရန်သတိမရ၊ ဂဇက်ရွာသူားများ ထမင်းရုံသို့ အပြေးအလွှားသွားဂျသည် ဝေသာလီပြည် ဘီးလူးစီသည်ထက်ပင် ပိုဆိုးနေဒေါ့သည်။ ထမင်းရုံအတွင်းရှိ စေတနာလုပ်အားပေးများမှာ နေညိုချိန်အိမ်ပြန်သော နွားရိုင်းအုပ်အလား ကရုန်းသုံးပါး လူအုပ်ကြီးကို မြင်လိုက်ရသည်တွင် ကုလား – ဗမာ အဓိကရုဏ်း ဖြစ်သည်မှတ်၍ အဆောင်ပြတင်းပေါက်မှ ခုန်ချသူချ၊ နောက်ဖေးပေါက်မှ ပြေးသူပြေးနှင့် ရုတ်ရုတ် သဲသဲ ဖြစ်ကုန်ဂျတော့သည်။ ထမင်းပွဲတွင် ဟင်းအမယ် စုံလွန်းလှသည်။ မည်သည့်ဟင်းခွက် အရင်စနှိုက်ရမှန်း မသိတော့ချေ။ ထမင်းရုံအိုးသူကြီးမှ အားမနာတမ်းစားရန်၊ အလှူအတွက်သာမက ရွာနီးချုပ်စပ်ရွာများအားလုံး အတွက်ပါ မီးခိုးတိတ် ချက်ထားဂျောင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောလေသည်။ ဤသည်ကား မဟာအမှားဗေတီး။
ကြောင်ကြီးဦးစွာ ထိုင်နေသောဝိုင်းသို့ ကြေးမုံဂျီးဝင်လာသည်။ သူထမင်းရုံသို့ အရင်ဦးဆုံးရောက်သော်လည်း မည်သည့်ဝိုင်းတွင် ပုဇွန်ထုပ်ကြီးပိုများသည်ကို လိုက်လံမှတ်သားရင်း နေရာပျောက်လုမတတ် ဖြစ်သွားရာမှ နောက်ဆုံးတွေ့သော နေရာလွတ်တွင် ဝင်ထိုင်လိုက်ခြင်းဖြစ်သည်။ (မှတ်ချက်။ စတီးဂျိုင့်ကြီးတကားကားနှင့် နေရာမရဖြစ်နေပုံကို စာရှုသူများကိုယ်၌သာ အတွေးထဲ ပုံဖော်ကြည့်ဂျပါ) ထို့နောက် ဝိုင်းထဲရောက်ရောက်ခြင်း ပုဇွန်ထုတ်၊ ငါးမြင်း၊ ငါဖယ်၊ ဝက်သား၊ ဘဲသားတုံးဂျီးများကို ချိုင့်ထဲသို့ အားပါးတရ သွတ်သိပ်ထည့်လေဒေါ့သီ။ ဦးကြောင်ကြီးတို့ဝိုင်းတွင် ဘုရားတရား လွန်စွာကြည်ညိုသော ဦးပါလေရာ၊ မောင်ဂွ၊ ဇောက်ထိုး စသူတို့ ဖြစ်ရလေဂါး ထမင်းမစားခင် ရတနာသုံးပါးကို အားလုံးမျက်လုံးစုံမှိတ် အာရုံပြုဂျသည်။ ထို့နောက် အသီးသီး ပြိုင်တူလှမ်း၍ ပုဇွန်ထုတ်ကြီးအား လှမ်းဆွဲမည်ပြုလိုက်ရာ ပန်းကန်ဟောက်ပက်သာ ကျန်တော့လေသည်။ ဝက်သားပန်းကန် ကြည့်လိုက်ရာတွင် ထိုနည်း၎င်း၊ ဆိတ်သားပန်းကန် ဘဲသားပန်းကန်များလည်း ထိုနည်း၎င်း ဆီအကပ်ပင် မကျန်ဒေါ့ချေ။ နေ့မြင်ညပျောက် ဆိုဂျင်းကပင် ကြာလွန်းလှသည်။ ယခုမူ မျက်စိတမှိတ်အတွင်း ကြက်ပျံ ဝက်ပျံ ပုဇွန်ထုတ်ပျံများ ဖြစ်နေလေပီ။
ကြေးမုံဂျီးကမှ မျက်နှာသေဖြင့် ဟင်းလိုက်ပွဲထပ်တောင်းလိုက်လေ.. ဒီမှာ စားမယ်ကြံဂါရှိသေးဟု မျက်စချီ ပြောလိုက်လေရာ ဦးကြောင်ကြီး ကဗျာကယာဖြင့် လိုက်ပွဲစောင့်သူများအား အချက်ပြလိုက်ရသည်။ ထမင်းရုံ စေတနာရှင်မျာကလည်း မျက်နှာမပျက် ပြုံးရွှင်စွာ ဟင်းလိုက်ပေးဂျသည်။ ထို့နောက် ဦးကြောင်ကြီးတို့အဖွဲ့ ဒုတိယံပိ ရတနာသုံးပါး အာရုံပြုရဗျံသည်။ ထို့နောက် လက်သီးလက်မောင်းတန်း စားမည်ဝါးမည်ပြုလိုက်ရာ ဟင်းပန်းကန်များအားလုံး ပြောင်သလင်းခါနေပေသည်။ ကြေးမုံဂျီးဂဒေါ့ အမူယာမပျက် မျက်စောင်းဝင့်လျက် ကြောင်ကြီးအား ဟင်းပွဲလိုက်ခိုင်းလိုက်လေဟု အမိန့်ပေးလိုက်ရာ ကြောင်ငမိုက်သား မဖက်လိုက် မိုက်ဖက်ပါ ရဗျံသည်။ ဤတချိန်တွင်ဒေါ့ အိုးသူကြီးကိုယ်တိုင် လိုက်ပါဟင်းပွဲဖြည့်ပေးသည်။ ထို့နောက် ထုံးစံအတိုင်း ဦးကြောင်ကြီးတို့အုပ်စု ဘုရားတရား အာရုံပြုရဗျံသည်။ သို့သော် အားလုံး တဦးအပေါ်တဦး ကြီးစွာသော သံသယဝင်နေဂျဗျီ။ ပါးစပ်မှရွတ်နေသော်လည်း လက်ကမူ ဟင်းခွက်ကို မလွှတ်တော့။
အားလုံးစားသောက် ပီးသော်လည်း ကြေးမုံဂျီးနှင့် ကြောင်ကြီးတို့ နှစ်ဦးဃဒေါ့ စားကောင်းတုန်းပင်ဖြစ်သည်။ ရွာလုံးကျွတ်မီးခိုးတိတ် အလှူအားလည်း ရက်ရွှေ့လိုက်ရသည်။ ရွာထဲရှိ ကြက်၊ ဝက်၊ နွား အကုန်လုံးသာမက တံငါသမားများထံမှပင် ငါးပုဇွန်များ ထပ်မံဝယ်ယူ ချက်ပြုရသည်။ နယ်ခံ အန်တီမမမှာမူ အဖြစ်အပျက်များကို မသိဂျင်ယောင်ဆောင်၍ ခေါင်းမူးသည်ဆိုကာ ဆရာတော်ကြီးထံ ပြေးတော့သည်။ နောက်ဆုံး မလောက်၍ အနီးအနားရှိ စီပီ ကြက်မွေးမြူရေးခြံမှ ခြံလုံးကျွတ်ကြက်များ ပုတ်ပြတ်ဝယ်ယူလိုက်ရသည်။ ထိုသို့ဝယ်ယူပီး နောက်ဆုံးအသုတ် ကြော်လှော်ပေးသော ကြက်ကျော်များကို ကြေးမုံဂျီးနှင့် ဦးကြောင် အပြိုင် မလျှော့တမ်း ကိုက်နေဂျင်းကား ဤဇာတ်လမ်း၏ အထွတ်အထိပ် ဖြစ်သည်။ ထမင်းရုံအိုးသူကြီးမှာမူ သူ့ပြောစဂါးအတွက် လွန်စွာ နောင်တရဂါ ဖိုးသူတော် ဝတ်သွားလေဗီ။ ကြေးမုံဂျီးနှင့် ကြောင်ကြီးတို့ဂါး ကိုက်၍ကောင်းဆဲ.. ဂျွတ် ဂျွတ်… ခွီး ဂရား..။
အလှူရေစက်ချရာ ဆေးရုံခန်းမတွင် ဆရာတော်များ၊ ဆေးရုံတာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာတာဝန်ရှိလူဂျီးများ၊ အလှူရှင်ဂဇက်ရွာသူားများ ရောက်ရှိနေဂျဗေသည်။ ကြေးမုံဂျီးနှင့်ကြောင်ကြီးတို့အား စောင့်ပါသော်လည်း ညမိုးချုပ်သွားမည်ဆိုး၍ ရေစက်ချ အခမ်းအနားကို သူတို့နှစ်ဦးမပါဘဲ ကျင်းပလိုက်ကြသည်။ အလှူခန်းမ အပြင်ဖက်တွင်မူ ရွာသားများ ရာထောင်ချီ၍ လာရောက် ကြည့်ရှုစနည်းနာနေဂျသည်။ အလှူရှင်များထဲတွင် မင်းသားရဲတိုက်၊ တချိန်က နာမည်ကြီးမင်းသားများဖြစ်သည် ့ဆိုးပေ မောင်မဲတို့သာမက ကမာ္ဘကျော်ဂီတ ပညာရှင် မိုးဇက်လည်း ပါသည်ဟု သတင်းကြားထား၍ဖြစ်သည်။ သတင်းဖြန့်သူကား တိုင်းရင်းသမားဒေါ်ကြီး ဆြာထက်ဝေးဖြစ်သည်။ အလှူမတိုင်မှီ လပိုင်းကပင် သူ့ထံလာကုသော လူနာအပေါင်းရှေ့တွင် တယ်လီဖုံး ပြောသလိုနှင့် မသဲမကွဲကြော်ငြာ ဝင်ထားခြင်းဖြစ်သည်။ မားကက်တင်း ဒါရိုက်တာကား အာဂျီနိုမိုတို ဂျပန်ပျံ မောင်ဂီဖြစ်သည်။ လူအများက ရဲတိုက်ဘယ်မှာလဲဟု မေးသောအခါ မောင်ဂီ၏ ဘီယာဗိုက်အား ညွှန်ပြ၍ ရဲဗိုက်ဟုသာ သူပြောဂျောင်း၊ ဆိုးပေ မောင်မဲ အစား ကပေနှင့် ဘလက်ချောသာ ရှိဂျောင်း၊ မိုးဇက်ဆိုသူမှာ ကြောင်ကြီးနှင့် ရည်ငံနေသည့် ဂဇက်ရွာသူဖြစ်ကြောင်း ဖြေရှင်းလေရာ ရွာသားအပေါင်းမှာ ရယ်ရအခက် ငိုရအခက် ဖြစ်ကုန်ဂျဒေါ့သည်။
ရွာသားအပေါင်း ထင်ထားသမျှ အားလုံး တက်တက်စင်အောင် လွဲပီးသကာလ နောက်ဆုံးမျှော်လင့်ချက်ကား အန်တီမမ ကြွားဝါထားသော ဂဇက်ရွာမှ လှူဒါန်းမည့် သိန်းငါးဆယ် အလှူငွေပေတီး။ ထိုငွေဖြင့် ဒင်းတို့ ကျွဲစား နွားစား စားထားသော ထမင်းဖိုး ပေးမှဖြစ်တော့မည်။ ရေစက်ချပွဲ အစတွင် နာယကဆရာတော်ကြီးထံမှ ဩဝါဒကထာကို နာယူပီး အလှူဖြစ်ပေါ်လာပုံ အကောက်ခံရငွေ အသုံးစားရိတ်တို့ကို ရှင်းလင်းတင်ပြကာ အသားတင်ကျန်ငွေ သိမ်းထားသော ကျပ်ငါးဆယ်အား လှူဒါန်းရေစက်ချလေရာ အလှူခန်းမ တခုလုံး တုန်ဟီးသွားပေဒေါ့သည်။ (မှတ်ချက်။ မကျေနပ်ကြသော ရွာခံများထံမှ တောက်ခေါက်သံကြောင့်ဖြစ်၏။ ) အခြေအနေ မဟန်မှန်းသိ၍ ရွာဦးကျောင်းဆရာတော်ကိုယ်တိုင် ဂဇက်အလှူဘတ်စ်ကားအား ပန်းတနော်မြို့ အလွန်တိုင်အောင် လိုက်လံပို့ဆောင်ပေးခဲ့ရသည်။ နို့မို့ပါက တောင်ကုတ်တွင် မွတ်စလင်ဆယ်ယောက် အသတ်ခံရခြင်းထက် ပိုမိုကြီးကျယ်ဖွယ် ရှိပေသည်။ ပန်းတနော်မြို့တွင်ဂါး ဂဇက်အလှူ ရွာလည်းအူ သာဓုခေါ်ပွဲ ငါးဆယ်ထဲ ဟူသော စကား သမိုင်းတွင် ကျန်ရစ်လေဒေါ့သည်။ ဂဇက်အယ်ဒီတာဂျုတ် ဦးခိုင်ဂါး သဂျီးပီပီ မလျော့ဂျေ။ ကမာ္ဘတလွှား (တောင်မြောက်ဝင်ရိုးစွန်းဗာမကျံ) ထုတ်ဝေသော သူ၏ မန်းလေးဂဇက် ပုံနှိပ်သဒင်းစာတွင် “မန်းလေးဂေဇက်အွန်လိုင်းမိသားစု၏ သိန်းငါးဆယ်တန်အလှူ” မျက်နှာဖုံးခေါင်းစည်း သဒင်းဓာတ်ပုံ ပါလာလေတော့သတီး။ 😆

18 comments

  • မောင်ပေ

    June 15, 2012 at 11:10 am

    ဟေ့လူကြီး
    အမေဒစ်ကားကနေ အင်းကျီ၁ထည်နဲ့ပုဆိုး တထည် အမြန်ဆုံး ပို့ပေးဘာ
    ပါးစပ်ထဲကွမ်းတွေနဲ့ ဒီစာကိုဖတ်လိုက်တာ
    ကွမ်းသွေးတွေ ပေကုန်ဘီ
    တော်၂ အနောက်သန်တဲ့ အုကြောင်

  • Azzurri

    June 15, 2012 at 11:18 am

    အလှူကို အထက် ဘဝဂ် အောက် အဝီဇိ ထိ
    သာတီဝမ်း လေယာ စလုံး အဝဲယားနက်စ် ရဖို့
    တခုတည်းသော မားကတ္တင်းဗျူဟာ မှာ မေတ္တာသုတ် ရွတ်ဖတ်၍
    လှူခြင်း သာ ဖြစ်သည်ဟု သွားလေသူ ဆြာဂျီး ဖားသက်ပြင်းမှ
    မိန့်ကြားဖူးတာ မှတ်သားဖူးပါဂျောင်း

    :mrgreen:

    • Moe Z

      June 15, 2012 at 11:24 am

      အမျှ … အမျှ … အမျှ
      ဆြာဂျီးဖားသက်ပြင်း ရောက်ရာဘဝက သာဓုခေါ်နိုင်ပါစေ ..

  • တီတီရေငုံနှုတ်ပိတ်

    June 15, 2012 at 11:21 am

    အဲဒီတော့-
    ဓါတ်ပုံထဲမှာပါတဲ့ ကျောပေါ်ကကြောင်ဝါလေးကိစ္စ ဘယ်လိုရှင်းကြသလဲဟင်….
    ဘယ်သူအုပ်ထိန်းခွင့်ရသွားလဲ… ??

  • စိန်ဗိုက်ဗိုက်

    June 15, 2012 at 11:30 am

    ဟီး..ဟီး…အုကြောင်ဒို ့ဂဒေ့ါ လုပ်ချလိုက်ပြန်ဘီ..
    “ ဂဇက်အလှူ ရွာလည်းအူ သာဓုခေါ်ပွဲ ငါးဆယ်ထဲ” ဆိုဘဲ 😆
    ကြေးမုံဂျီးနဲ ့ လိုင်းကားပေါ်မှာကွိုင်တက်တော့ ကြေးမုံဂျီးက ဝီစီ မမှုတ်ဘူးလားဗျ
    ဟိဟိ.

  • ရွာစားကျော်

    June 15, 2012 at 12:37 pm

    ထန်းသီးကြွေခိုက်.. ဘတ်စ်ကား ချိုက်ထဲကျခိုက်
    ကြေးမုံဂျီးကို ကြောင်တောင်နှိုက်… ဟိုက် ဟိုက် ဟိုက်
    ..
    ကင်မလာမင်း ခြစ်ရင်ဒူးထံတွင် ဓာတ်ပုံသက်သေရှိကြောင်း မခိုင်လုံသည့် သဒင်းရပ်ကွက်မှ ကြားသိရ

  • Shwe Tike Soe

    June 15, 2012 at 1:27 pm

    အားလုံး အားလုံး အားလုံး
    ကြားကြားသမျှ ကြားကြားသမျှ ကြားကြားသမျှ
    အမ အမ အမ ယူတော် မူကြပါကုန်တော်………….. သာဓု သာဓု သာဓု
    သူပြောမှပဲ အလှူကို ပြေးပြေးမြင်မိတော့တယ်…… ရီးရဒယ်တော့…
    အဟီးးးးးးးးးးးးး (ပထမပိုင်း)
    အဟီးးးးးးးးးးးး (ဒုတိယပိုင်း)
    အဟီးးးးးးးးးးးးး (တတိယပိုင်း)
    အဟီးးးးးးးးးးးးးးးး(ဇာတ်သိမ်းပိုင်း)…….. ကိုရီးယားကားလို. အပိုင်းခွဲရီ ရတယ်ဗျာ………. 😀

  • mipukay

    June 15, 2012 at 5:00 pm

    ယနေ ့အရမ်းစိတ်ညစ်နေပါသည်။
    သို ့သော်လည်း ဦးကြောင်ကြီးကြောင့်ရီရပါသည်။
    တစ်နေကုန်စိတ်ညစ်ကာ ကိုက်နေသောခေါင်း ကြောင်ကြီးနှင့်တွေ ့သောအခါမှကြောက်ကာ ပြေးပါတော့သည်။ သို ့ပါသဖြင့် ပါရာစီတမောဖိုး သက်သာသွားပါကြောင်းသတင်းကောင်းပါး လိုက်ပါသညါ။
    😛

  • Nyein Nyein

    June 15, 2012 at 5:30 pm

    ဦးကြောင်ရေ…………. ရယ်သောသူ အသက်ရှည်၏ တဲ့။ အသက်ရှည်အောင်လုပ်ပေးလို့ ကျေးဇူးပါ။
    ရေးထားတာကို အရမ်းကြိုက်ပါတယ်။ ဒါပေသိ ကြေးမုံဂျီးဆိုတာကကော ရွာသူားပဲလားဟင်။ မသိလို့မေးကြည့်တာပါ။

  • Yin Nyine Nway

    June 15, 2012 at 5:48 pm

    ဝါးလုံးကွဲအောင် ရီပစ်လိုက်တယ်
    သူပြောမှပဲ အလှူအကြောင်း ဂွင်ဂွင်ကြီးပေးလာဒယ်
    ရီရတယ်ဗျို့

  • Wai Phyoe

    June 15, 2012 at 5:51 pm

    ကြောင်တွေ ချကြရင်တော့ ဝေးဝေးပြေးဗျို့ ကြောင်တွေက အရှေ့ကတခွီးခွီးချ ဖင်ကလဲ
    တစ်ဗျစ်ဗျစ်နဲ့ကြောက်ကြီးပန်း ဝေရှိူးတော့လစ်ပြီး ခွ်ီးခွီး ဝညောင် ဝညောင် ဗျစ်ဗျစ်

  • ဆူး

    June 15, 2012 at 5:54 pm

    ဦးကြောင်ကြီး ကို အကယ်ဒမီ ပေးချင်လို့တဲ့.. ကြေးမုံဂျီးက..

  • htoosan

    June 15, 2012 at 7:11 pm

    ဖတ်မိတာ နောက်ကျလေခြင်း .. အလှုသွားသူတွေ မဖတ်မိကြသေးဘူးထင်တယ် ။။

  • MaMa

    June 15, 2012 at 7:35 pm

    အလှူမှာ ကြေးမုံလေး လိုက်လာတာ လက်စသပ်တော့ မူပိုင်ရှင် ကြောင်ကြီးကြောင့်ကိုးးးးးးးးး 😀
    အော်-
    အမောင်ကြောင်ကြီး လျှင်လှ အောက်မေ့ပါတယ်။
    ကြေးမုံလေးက အဆင်ပြေနေတဲ့ အချိန်မှာတုန်းကတည်းက ကြောင်ဝါလေးကို အရံထားတာကို မသိပဲ ဓာတ်ပုံနဲ့တကွ ကြွားနေတာ သနားစရာပါတကားးးးးးးးးးးးး 😆

  • အရီး Khin Latt

    June 15, 2012 at 7:53 pm

    အခုတော့ လဲ ရှာရာ မဗိုပါ ရဲ တော့ဘူး။
    အမြီးကုတ် တွားပြီ။ 😉

    ဖတ်နေရင်း ရီနေမိလို့ဘဲ မနဲ ဘရိတ်ဆွဲလိုက်ရတယ်။

    အသဲကွဲ ချိန် စာရေးတော့ ပိုပြီးပြောင်မြောက်တယ်ပေါ့။ 😀

  • padonmar

    June 15, 2012 at 8:31 pm

    ဆေးရုံအလှူတုံးက ဒီလောက်များတဲ့ ဟင်းတွေ ဘယ်ရောက်ကုန်လဲဆိုတာ အဖြေပေါ်ပြီ။
    နောက်တစ်ခါ အလှူသွားရင် ကြေးမုံဂျီးနဲ့ ကြောင်ဂျီးကို မျောက်ပန်းလှန်ခိုင်းပြီး တစ်ယောက်ဘဲလိုက်ခွင့်ပေးတော့မယ်။

  • ရဲဘော် မောင်တူး

    June 15, 2012 at 8:38 pm

    Ha..Ha…Ha…Ha…Ha… ! Very funny ! Is that real ?

  • kyeemite

    June 16, 2012 at 9:34 am

    ကိုကြောင်ဂျီးရဲ့ဟာသညံဂိုချီးကျူးဘာဂျောင်း..
    ရီရဒယ်..ဗြဲ…သူလုပ်မှ..ရဲဘော်ဘလက်ချောလဲ
    မောင်မဲဖြစ်ပေဒေါ့ဒါဂိုး…

Leave a Reply