ဘယ်ကိုသွားမလဲ

Nyein NyeinJune 15, 20121min25825

ကိုကိုသန့် ရေးတဲ့ အောင်စာရင်းထွက်သော်လည်း ပို့စ်ကို ဖတ်ရင်းနဲ့  ရေးချင်စိတ်ပေါက်လာလို့ပါ။

ကိုကိုသန့်ပြောသလိုပါပဲ ကျောင်းသား(၄)မျိုး ရှိပါတယ်။

၁ စာမေးပွဲကျလို့စိတ်ပျက်နေသူ`
၂ စာမေးပွဲအောင်လို့ပျော်ရွှင်နေသူ
၃ စာမေးပွဲအောင်ပြီး ဂုဏ်ထူးပါပေမဲ့ မှန်းသေလောက်မပါလို့စိတ်ပျက်နေသူ
၄ ဂုဏ်ထူးတွေ အများကြီးနှင့်ပျော်ရွှင်နေ တဲ့သူ

ဒါပေမယ့် ယေဘုယျအနေနဲ့ အောင်သူနဲ့ ကျသူလို့ပဲ ခွဲပါတော့မယ်။ ကျတဲ့သူတွေကိုတော့ အထူးမပြောတော့ပါဘူး။ ဆက်ပြီးတော့ ကြိုးစားကြရမှာပေါ့။

အောင်တဲ့ကျောင်းသားတွေကကော ဘာဆက်လုပ်ကြမလဲ။  သူတို့ကိုမေးကြည့်ပါ။ ရေရာသေချာတဲ့ အဖြေထွက်ဖို့က နည်းပါတယ်။  တက္ကသိုလ်ဆက်တက်မယ်ဆိုတယ်။ ဘယ်တက္ကသိုလ်တက်မှာလဲဆိုရင် တက်မဲ့တက္ကသိုလ်ကို ပြောကြပါလိမ့်မယ်။ ဘာလို့ အဲဒီ့ တက္ကသိုလ်ကို တက်မှာလဲလို့ မေးရင်တော့ အမှတ်မီလို့လို့  ပြောတဲ့သူကများပါတယ်။ ဝါသနာပါလို့ ဆိုပြီး ပြောသူများရှိသော်လည်း အနည်းအကျဉ်းပါပဲ။

ကိုယ့်ဝါသနာနဲ့ ကိုက်တဲ့၊ ကိုယ်တကယ်တက်ချင်တဲ့ တက္ကသိုလ်တစ်ခုခုကို သေချာမပြောနိုင်ကြပါဘူး။ တက္ကသိုလ်လမ်းညွှန်လို့ပြောတဲ့ စာအုပ်ကကော အားကိုးရရဲ့လား။ စဉ်းစားကြည့်တာပါ။  ဘယ်တက္ကသိုလ်က ဘယ်လိုပါ။ ဒီတက္ကသိုလ်က ဒီဘွဲ့ရရင်တော့ဖြင့် ဘယ်လိုနယ်ပယ်မျိုးမှာ ဘယ်လိုမျိုး ရပ်တည်နိုင်ပါတယ်။ ဆိုပြီး တက္ကသိုလ်တက်မယ့် ကျောင်းသားကျောင်းသူတွေကို လမ်းညွှန်ပေးမယ့် တက္ကသိုလ်လမ်းညွှန်တစ်ခုတော့ တကယ်လိုအပ်နေတာအမှန်ပါ။ အဲဒီ့ လိုအပ်ချက်လေးကို ဖြည့်ဆည်းပေးနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ် (သို့) လမ်းညွှန်မြေပုံတစ်ခုလောက်သာ ရှိရင် ကျောင်းသားကျောင်းသူတွေအတွက်ကော၊ ပညာရေးအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်မယ်လို့ထင်ပါတယ်။

တကယ်ဆိုရင် ပညာရပ်တိုင်းက တန်ဖိုးရှိပြီး အသုံးတည့်ပါတယ်။ အဲဒါတွေကို သိသာမြင်သာအောင် လုပ်ပေးမယ့်လူမရှိလို့ပါ။ မြန်မာနိုင်ငံမှာ ဒီလိုလုပ်ပေးနိုင်တဲ့ ပညာရှင်တွေရှိပါတယ်။ လူငယ်တွေ စမ်းတဝါးဝါးနဲ့ သွားနေရမယ့်အစား မြေပုံလေးနဲ့ တိကျတဲ့ ပန်းတိုင်တစ်ခုကိုသွားစေချင်တဲ့ ဆန္ဒနဲ့ပါ။ ကိုယ်က ပြင်ပေးနိုင်တဲ့သူမဟုတ်လေတော့ ပြင်ပေးနိုင်တဲ့သူတွေကိုပဲ ဒီမှာ ပျက်နေပါတယ်လို့ပဲ ပြောနိုင်ပါတယ်။

ပညာရေးတိုးတက်၍ ပညာရှင်များစွာပေါ်ထွက်လာပါစေ…………………………..

 

25 comments

  • ster

    June 15, 2012 at 1:47 pm

    ပညာရပ်တိုင်းက တန်ဖိုးရှိပြီး အသုံးတည်.ပေမယ်.၊ ဝါသနာပါပေမယ်. ဒီမှာက ဘဝရပ်တည်ရေးက ပိုအရေးကြီးတော. အဆင်ပြေမယ်ထင်တဲ.လိုင်း ရွေးရတယ်ထင်ပါတယ်။ ဘယ်ဟာမှလဲ မရေရာတော. ဘာရွေးရမှန်း မသိ ဝိုးတိုးဝါးတား ဖြစ်နေတာ နေမှာပါ။

    • Nyein Nyein

      June 15, 2012 at 3:42 pm

      ဟုတ်ပါတယ်။ အဓိကကတော့ ဘယ်ဟာမှ မရေရာ မသေချာဖြစ်နေလို့ပါ။ တက္ကသိုလ်တွေနဲ့ ပတ်သက်ပြီး သေချာပြောပြနိုင်ရင်တောင်မှ အဲဒီအလုပ်တွေကို ဘွဲ့ရပြီးရင် တကယ်ရပါ့မလားဆိုပြီး မိသားစုအတွက်၊ စားဝတ်နေရေးအတွက် ပိုအဆင်ပြေမယ့်ဟာကို ရွေးလိုက်ရတာကပိုများပါတယ်။ (ကိုယ်တွေ့မို့ပါ။)

  • may flowers

    June 15, 2012 at 1:54 pm

    သေချာတာပေါ့ ster ရယ်။ မှန်လိုက်လေခြင်း………။

  • Azzurri

    June 15, 2012 at 2:06 pm

    ပညာရှင် ဖြစ်မလား လို့ … ပညာတွေ သင်ကြည့်ပါတယ်…
    ပညာကောင်းကောင်း မသင်ခဲ့တော့ ပညာသင် လို့ မခေါ်နိုင်ပဲ
    ပညာကို ချဉ်သွားတဲ့ ပညာချဉ် ဖြစ်လာရဲ့…

    ဂလိုနဲ့ နှစ်တွေကြာတော့
    ပညာရှင် တော့ ဖြစ်မလာဘူး ရှိစုမဲ့စု ပညာလေး အသက်ငင်နေလို့
    ပညာငင် တော့ ဖြစ်လာတယ်…။

    နောက်တော့ ငင်ရာကနေ အသက်ထွက်သွားရင်တော့
    ပညာထွက် ပေါ့ … ပညာတတ် မဟုတ်ပါ…။

    ပညာထွက်တော့ မြေမြှုပ်ပီး ဖိလိုက်တော့
    ပညာဖိ ဖြစ်သွားရော … ပညာရှိ မဟုတ်…။

    အဲ့သည့်ကနေ ..လူအများ ကျင်လည်တဲ့ နေရာကနေ ဖယ်ခံလိုက်ရပြန်တယ်
    ဆိုတော့ ပညာဖယ် ဖြစ်လာပြန်ရဲ့ ပညာသည် မဟုတ်ပြန်။

    အဲ့ဒါ ကျုပ်ရဲ့ ဘွဖြတ်သန်းမှု အစစ်။

    ပုံ
    ကျောက်ဆင်းတု ခေါင်းငြိမ့်
    နှူးဘာ ဂိုဏ်းချုပ်
    ချစ်သွေးကြွ
    ဇိမ်ကိုယ်တော်
    အိပ်မက်ကုန်သည်
    လစ်ဘရယ်
    ဂီ့

  • စိန်ဗိုက်ဗိုက်

    June 15, 2012 at 3:14 pm

    အန်တီငြိမ်းခင်ဗျ..
    ဂေဇက် အသုံးပြည်နည်း
    http://myanmargazette.net/64188/education/learn-how-to-do-just-about-everything
    မှာ လာမေးထားလို ့..
    ဒီမှာ ပြန်ဖြေပေးပါ့မယ်..

    ပို ့မတင်ဖူးသူ တော်တော်များများက အန်တီငြိမ်းလိုပဲ Category မရွေးမိလို ့ Copy/Paste ပဲ ခဏခဏ ရောက်သွားကြတယ်.
    အဲဒါ Category ကို သင့်တော်ရာ ကိုယ်တိုင် မရွေးခဲ့လို ့ Deafult ပေးထားတဲ့ Copy/Paste အောက် ရောက်သွားတာပါ..
    ပို ့စ် တင်တဲ့အခါ ညာဘက်ဘေးမှာ ဒီလိုပုံလေး

    နဲ ့ Category ရွေးဖို ့ရှိပါတယ်..
    နောက်ခါ တင်ရင် သတိထားပြီးရွေးပေးလိုက်ပါခင်ည..
    ဝင်တာမကြာသေးတဲ့အတွက် ပို ့စ်တွေကို ကိုယ်တိုင် ပြင်ခွင့်မရသေးသမို ့ ထားချင်တဲ့ Category ကို ဒီမှာပြောပေးလိုက်ပါ.
    သဂျီး အိပ်ယာနိုးရင် ပြင်ပေးပါလိမ့်မယ်. 😀

    ပညာရေးနဲ ့ပတ်သတ်လို ့ ကျနော့်မှာ ဇောတိက ဆိုတဲ့ဘွဲ ့က လွဲပြီး ဘာဘွဲ ့မှ မရှိသဖြင့် အားနာစွာ ဆွေးနွေးခွင့်မရှိပဲ ပြန်လစ်ခွင့်ပြုပါခင်ည

    • Nyein Nyein

      June 15, 2012 at 3:25 pm

      ကျေးဇူးတင်ပါတယ် ဦးဗိုက်ရယ်။ သမီးထားချင်တာက Education အောက်မှာပါ။ သူကြီးလည်း အိပ်ရာမြန်မြန်နိုးပြီး ပြင်ပေးနိုင်ပါစေ………………

      • စိန်ဗိုက်ဗိုက်

        June 15, 2012 at 3:28 pm

        သဂျီး ပြင်ပေးလိုက်ပြီခင်ည..
        တင့်ခရု သဂျီး

        • Nyein Nyein

          June 15, 2012 at 3:31 pm

          ဟုတ်ကဲ့။ သူကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ဦးဗိုက်ကိုလည်း ကျေးဇူးတင်ပါတယ်။ 😛

        • Azzurri

          June 15, 2012 at 3:32 pm

          ဗျို့ ကိုဗိုက်ခ် …
          အကုန် မြင်နေရတယ်..
          ဘိုလိုဖစ်တာတုန်း
          သိရင်ပြောပြပါဦး

        • စိန်ဗိုက်ဗိုက်

          June 15, 2012 at 3:37 pm

          သဂျီးအိပ်မက်ရလို ့ လာပြင်ပေးသွားတာပါ ခင်ညား..

        • manawphyulay

          June 15, 2012 at 4:40 pm

          သဂျီးကို အိပ်ချိန်မရှိအောင် လုပ်နေတာ ထင်တယ်… ဟုတ်တယ်မလား။ 😛

      • စိန်ဗိုက်ဗိုက်

        June 15, 2012 at 4:27 pm

        Education ဆိုလို ့ Education Category ထပ်ဖြည့်လိုက်တယ်ခင်ည..
        ဟိဟိ..

    • Myo Min Oo

      June 15, 2012 at 3:45 pm

      ဝင်တာဘယ်လောက်ကြာမှ ပိုစ့်တွေကို ကိုယ်တိုင်ပြင်ခွင့်ရမှာလဲဟင်၊ ရေးပြီးသားပိုစ့်ကို tag ထည့်ချင်လို့၊

      • စိန်ဗိုက်ဗိုက်

        June 15, 2012 at 3:58 pm

        ဂစ်…..
        ဝင်ပြီး လျှာရှည်တတ်လို ့ ကျနော့်ပဲ ဝိုင်းမေးတတ်ကြတာကလား..
        ဂယ်တော့ အဲဒါတွေက ကျနော် ပြောခွင့်မရှိ..သိလဲမသိပါကြောင်းခင်ဗျား..
        အနီးစပ်ဆုံး အကြံပေးရရင် …
        ပို ့စ် အပုဒ် လေးငါးဆယ်လောက် ပြည့်အောင် ရေးတင်ကြည့်လိုက်ပါလား..

    • ရွာစားကျော်

      June 15, 2012 at 4:19 pm

      ဟာ အူးဗိုက်
      ကွန်မင့်ထဲမှာ ပုံတွေနဲ့ပါလားဗျ
      ဟဲဟဲ တော်တော်ဟုတ်နေတာပါလား..


      ကိုယ်က ပြင်ပေးနိုင်တဲ့သူမဟုတ်လေတော့ ပြင်ပေးနိုင်တဲ့သူတွေကိုပဲ ဒီမှာ ပျက်နေပါတယ်လို့ပဲ…
      တို့များလည်း တူတူပါပဲ ငြိမ်းရယ်..

      • စိန်ဗိုက်ဗိုက်

        June 15, 2012 at 4:28 pm

        အထင်ခံရလဲ မနဲဘူးဗျ

        • Shwe Tike Soe

          June 15, 2012 at 4:38 pm

          အော် ကဗိုက် အပွင့်လေး နှစ်ပွင့်ဖြစ်သွားပြန်ပါပေါ့လား……… ဒီအပွင့်လေး ပြုတ်လိုက် ရလိုက်နဲ. သံသရာလည်နေတော့တာပါပဲ… ကဗိုက်ရယ် 🙂

  • ရဲဘော် မောင်တူး

    June 15, 2012 at 8:27 pm

    စစ်ဗိုလ်ကြီးဖြစ်ဖို ့ကျနော်ကြိုးစားမည် ။ တူနဲ ့တယ်နဲ ့

    • Nyein Nyein

      June 19, 2012 at 11:33 am

      စစ်ဗိုလ်ကြီးဖြစ်ချင်တဲ့ ရဲဘော်လေးလည်း စစ်ဗိုလ်ကြီးဖြစ်ပါစေရှင်။ ဒါနဲ့ အတည်ဖြစ်ချင်တာလားဟင် စစ်ဗိုလ်ဆိုတာလေ………………

  • mamanoyar

    June 19, 2012 at 11:26 am

    မှန်လိုက်တာ Nyein Nyein ရယ်

    • Nyein Nyein

      June 19, 2012 at 11:33 am

      ထောက်ခံပေးလို့ ကျေးဇူးတင်ပါတယ် mamanoyar ရယ်။

  • pan pan

    June 19, 2012 at 12:59 pm

    အင်းလေ ဟုတ်ပါရဲ့
    အမှတ်နှမြောလို့ဆိုပြီး ဆေးကျောင်းတက်တဲ့လူတွေတောင် ဒုနဲ့ဒေးကိုး
    ကျန်တာတွေက ဂုဏ်ပဲသိပ်မရှိသလိုလို၊ အာမခံချက်ပဲ နည်းသလိုလို
    ယောက်ျားလေးတွေအတွက်ကတော့ ရွေးချယ်စရာများသေးတယ် (အင်ဂျင်နီယာလိုင်းတို့၊ ရေကြောင်းတို့)
    မိန်းကလေးတွေတော့ ဘွဲ့ရပြီး ဆရာမလုပ်တာများတယ်(ဆရာမအမျိုးမျိုးပေ့ါ၊ ဂိုက်/ကျူတာ/ကျောင်းဆြာမ/ပရိုက်ဗစ်စကူးကဆြာမ)၊ သူငယ်ချင်းတွေကြည့်ပြီးပြောတာပါ
    ပန်ပန့်ငယ်သူငယ်ချင်းတွေလည်း ဆရာမချည်းပဲ
    ပန်ပန်တစ်ယောက်တည်း ကွက်ကြောင်နေတာ 😕

    • Nyein Nyein

      June 19, 2012 at 2:53 pm

      ပန်ပန်ကို့ သနားလိုက်တာ။ သူငယ်ချင်းဆရာမတွေကြားထဲမှာနေနေရတာကိုလေ။ တစ်ယောက်တည်း တပည့်ဖြစ်နေရတာပေါ့။

      • Azzurri

        June 19, 2012 at 2:55 pm

        မထင်ပါနဲ့ သူကချည်းလက်ချာရိုက်မယ့်ပုံပါကွယ်

        ခိခိ

        • Nyein Nyein

          June 19, 2012 at 2:58 pm

          ဪ……… ဂလိုလား။ သိပါဘူးကွယ်။ ဒီကသနားနေတာ။

Leave a Reply