point ???

စစ္ကဲJune 15, 20121min36261

မင်္ဂလာပါ

ကျွန်တော်ကတော့ မန်ဘာအသစ်လေးပါ။

ဒီဆိုက်မှာ ကော်မန့်ရေးချင်လို့ မန်ဘာ စာရင်းသွင်းလိုက်တာပါ။

အဲဒီမှာ စတွေ့တော့တာဘဲ၊ your point : 5000 kyats ဆိုတာဘဲ။

ဒါနဲ့ဘဲ point ဆိုတာဘာလဲဆိုတာ လိုက်ရှာကြည့်တော့ ကျွန်တော်ကဘဲ ပိန်းလို့လားမသိဘူး၊ ရှာလို့မတွေ့ဖြစ်နေတယ်။

ဒါကြောင့်ဒီပိုစ့် ကို တင်လိုက်ရတာပါ။ နဲနဲလောက်ရှင်းပြပေးကြပါလား။

ဝိုင်းဝန်းကူညီကြတဲ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ်။

 

 

61 comments

  • water-melon

    June 15, 2012 at 12:35 pm

    your point : 5000 kyats ဟုတ်လား
    အမလေး သူဂျီးရဲ့
    တားတားတို့ရွာထဲဝင်တုန်းက ၅၀၀ဝတောင်မရဘူး
    အဟင့်
    သူဂျီးရက်စက်တယ်
    တူမလေးကို ချစ်တော့ဘူး :mrgreen:

  • မောင်ပေ

    June 15, 2012 at 12:35 pm

    ပွိုင့်ဆိုတာ မန်းတလေးဂေဇက် မှာ ဆိုက်ပိုက်ရှင် သဂျီးက သတ်မှတ်ပေးတဲ့ ဖွတ်ဒင်္ဂ ါး ။ တစ်သိန်းပြည့်ရင် ထုတ်ပေးမယ်တဲ့ ။ တစ်ကယ်လဲ ထုတ်ပေးခဲ့ပါတယ် ။ အရင် ပြည့်ခဲ့တဲ့လူတွေကို ။ ပို ့စ်တစ်ခုတင်ရင် ၃ဝ လားမသိဘူး ။ ကွန်မင့်တစ်ခု ကိုတော့ တစ်ဆယ် ဘဲ ။
    ဆိုတော့
    အခု တစ်ဆယ်ယူပြီး လစ်ဘီ

    • water-melon

      June 15, 2012 at 12:38 pm

      ဟဲ့ ပြောင်ကြီးရဲ့ ၆ ကျပ်ဖြစ်သွားပြီ
      တဏှာတွေလျော့အုန်း
      လူကတဖြည်းဖြည်းနဲ့ ပိုပိုပြောင်လာပြီ နဖူးပြောတာပါ

      • Moe Z

        June 15, 2012 at 12:45 pm

        အာ .. တစ်ဆယ်ပါဆိုမှ မနေ့ကလည်း ကိုအမတ်မင်းရှင်းပြသေးတဲ့ဟာပဲကို
        ပြန်လည်းမကြည့်ဘူး .. အဟိ

        • မောင်ပေ

          June 15, 2012 at 1:01 pm

          မိုးလေးရာ ပြောပစ်လိုက်စမ်းဘာ
          ဘိန်းစားဖရဲ ကို

        • water-melon

          June 15, 2012 at 1:06 pm

          အော် မိုးစက်ရေ
          အနေဝေးလို့ ကိုဖရဲကို စိမ်းကားတာလား
          မိုးစက်နော် မိုးသီးဖြစ်သွားအောင်လုပ်လိုက်ရမလား 😆

        • Azzurri

          June 15, 2012 at 1:11 pm

          ဘာ…..
          ဘာမိုးသီးလဲ…
          ဟိုက ကျုပ်ကို တသက်လုံး ဘီဘီ တိုက်မယ် ပြောပီးတွားဘီ..
          သွပ်သွပ်…
          သိပ်နောက်ကျသွားဘီ မောင်လေးဖျဲ ရေ…..
          ခုခိခုခိ….
          :mrgreen:
          ကိုကိုကြောင်ကိုလည်း သဒင်းဆိုး ပါးလိုက်ပါဦးကွယ်…
          အိုး…ယက်စ်…
          ဒက်ဂလောက်…

    • Shwe Tike Soe

      June 15, 2012 at 3:01 pm

      အေးလေ ဘုမသိဘမသိနဲ. တစ်ဆယ်ယူပြေးတယ်… သကြီးပြောင်းထားတာ မသိဘူးလား ပြန်ပေး လေးကျပ် ဟားဟားဟား………….

  • Azzurri

    June 15, 2012 at 12:39 pm

    လစ်ဘရယ် သဂျီးလည်း ဒစ်စခွင်မီနိတ် လုပ်တာပါပဲ ….
    နိုင်ဂျံဂါးကနေရေးရင် တပြားမှ မပေးဝူးတဲ့ ..၁သိန်းပြည့်ရင် အော်တိုငုတ်တုတ်
    ဇီးဒိုး ဆက်တင် ပြန်ချမှာ …
    ၉သောင်း ကျော်လို့ ပလက်တီနမ် မန်ဘာဖြစ်မှ ရပ်ပစ်လိုက်မယ် စိတ်ကူးဒယ်…
    ချဉ်ထှာ…
    🙁

    လာထား ..လေဒဲက ၁၀

    • water-melon

      June 15, 2012 at 1:39 pm

      အူးလေး အချစ်နဲ့စစ်မှာ မတရားသာ မရှိဘူး
      လုမှာဘဲ
      မိုးလေးရေ
      အဟီ

  • စိန်ဗိုက်ဗိုက်

    June 15, 2012 at 12:49 pm

    ပွိုင့်ဆိုတာ အုပေပြောသလိုပါပဲဗျာ..
    အခုလို ဝင်ပြောလိုက်ရင် ညာဘက်အခြမ်းက အပေါ်ဆုံးဒေါင့်က My Points အောက်မှာ တစ်ဆယ် တက်သွားတမြင်ရပါလိမ့်မယ်
    😀

  • Myo Min Oo

    June 15, 2012 at 12:53 pm

    သေချာလဲမပြောပြကြဘဲ ၁ဝ ၁ဝ ယူပြီးလစ်သွားကြတယ်၊ တစ်ယောက်ကလဲ ၆ ကျပ်တဲ့၊
    လင့် လေးဖြစ်ဖြစ်ပေးကြပါလား၊ ကိုယ့်ဘာသာဘဲဖတ်တော့မယ်။

    • mayjuly

      June 15, 2012 at 1:17 pm

      သဂျီး အိတ်ပိန် …. ၄ ကျပ်ဂိန် ..
      သဂျီး အိပ်ဖောင်း … စိတ်ကပြောင်းး….
      အမှန်တကယ် ..တစ်ဆယ် ဖြစ်ပြန် ..
      သိချင်မှတ်ထား….. Rule ကိုသွား…
      ဖတ်ပါ၊..မှတ်ပါ၊..ပြီးမှတင်ပါ..။

      လာထားတစ်ဆယ် … 😀

  • etone

    June 15, 2012 at 1:02 pm

    ညာဘက်ကော်လံမှာ ရှိတဲ့ ……

    How to Write a Post
    ဖတ်ပါ၊..မှတ်ပါ၊..ပြီးမှတင်ပါ..။
    1. Writing Guidelines

    2. Learn-how-to-do-1

    3. Learn-how-to-do-2

    လေးတွေကို သွားဖတ်ပြီး ပွိုင့်တွေရော … ဘာတွေရော အကုန်သိလာလိမ့်မယ်လို့ ထင်ပါတယ် …. ။

    ကြိုဆိုပါတယ် ရွာသားသစ်လေးရေ ။

    • Myo Min Oo

      June 15, 2012 at 1:58 pm

      အဲဒီ ဟာတွေအကုန်ဖတ်ပြီးပြီ၊ ပွိုင့်အကြောင်းမပါဘူး၊ ကျွန်တော်ပြောတာ ပွိုင့်ရဲ့အသုံးဝင်ပုံတွေဘာတွေရှိလားလို့ပါ။ အဟာကြောင့်မေးတာပေ့ါ။

      • စိန်ဗိုက်ဗိုက်

        June 15, 2012 at 2:30 pm

        ပွိုင့်ဆိုတာ နေကြာစေ့ မဟုတ်တာတော့ သေချာတယ်ဗျ

      • Shwe Tike Soe

        June 15, 2012 at 3:06 pm

        ကိုမျိုးမင်းဥူး ရေ ပွိုင့် အသုံးဝင်လားမဝင်လားတော့မသိ ဘူး အစ်ကို ပွိုင့် တစ်သိန်း ရရင် သကြီးဆီကနေ ပိုက်ဆံတသိန်းကို တကယ်လက်ခံရရှိမှာပါ…… ဒါက ပွိုင့်ရဲ. အသုံးဝင်ပုံပါ..အစ်ကိုပို.စ်တွေများ ကော့မန်.တွေများလေ ပွိုင့်ပိုရလေ… ရေးလေးရလေ ရလေရေးလေ နဲ. တစ်သိန်းပြည့်ရင် သကြီးဆီက ပိုက်ပိုက် ထုတ်ပြီး ကဲယုံပေါ့ဗျာ……….
        ဟူးမောတာ………တစ်သိန်းပြည့်ရင် ဘီယာတိုက်ဒါပဲ…………. 😀 B-)

  • Moe Z

    June 15, 2012 at 1:05 pm

    ဒီမှာမန်ဘာဝင်ရင် မြန်မာငွေနဲ့ ၅၀၀ဝကျပ်စပေးတယ်
    ဒီစာမျက်နှာရဲ့ ညာဘက်အပေါ်ဆုံးမှာ my point ဆိုတာတွေ့တယ်ဟုတ်
    အခုခင်ဗျားပို့စ်တင်တော့ ၃ဝ ထင်တယ် ထပ်တိုးတယ်
    ကွန်မန့်တစ်ခုဆိုတော့ ၅၀၄ဝ ရပြီထင်တယ်
    သူများတွေက ခင်ဗျားပို့စ်မှာဝင်မန့်ရင် ပို့စ်ပိုင်ရှင်က ၂ ကျပ်ရတယ်
    တစ်သိန်းပြည့်ရင် သဂျီးက ပိုက်ဆံထုတ်ပေးလိမ့်မယ် ဒါဗြဲ ..
    ကျုပ်က ၂ခါမန့်ပေမယ့် ထပ်မရတော့ဘူး ရော့၂ကျပ်ထပ်ယူလိုက် 🙁

    • amatmin

      June 15, 2012 at 1:34 pm

      ကိုရင်မိုးစက်ရှင်းပြထားတာ..
      အတော်ပြည့်စုံနေမင့်ပဲ …
      လာထား $..

    • Myo Min Oo

      June 15, 2012 at 1:59 pm

      ကျေးဇူးဘဲ ကိုမိုးစက်ရေ၊ ရှင်းသွားပြီ၊ ပြန်တွက်ကြည့်လိုက်အုန်းမယ် ဘယ်လောက်ကို ဘယ်လိုရလဲဆိုတာပေါ့

      • Myo Min Oo

        June 15, 2012 at 2:07 pm

        ရှင်းသွားပြီ။
        ပို်စ့်တစ်ခုတင်ရင် ၃ဝ ရတယ်၊ တခြားရွာသားတွေက ကော်မန့်လာပေးရင် ပိုစ့်ပိုင်ရှင်က ၂ ရတယ် ကိုယ်တင်တဲ့ပိုစ့်ကို ကိုယ်က ကော်မန့်ပြန်ရေးရင်လည်း ၁ဝ ရတယ်၊ နောက်ထပ်ရေးတဲ့ ဟာတွေအတွက်က ဘာမှမရတော့ဘူး၊ ရေးတဲ့ရွာသားအနေနဲ့ရော ပိုစ့်ပိုင်ရှင်ရွာသားအနေနဲ့ရော၊ ဘာဆိုဘာမှမရတော့ဘူး။

      • amatmin

        June 15, 2012 at 2:09 pm

        အဟိ..ကိုမိုးစက်ဆိုပါလား..
        ရော့ဗျာ ကိုရင်မျိုးမင်း ၂ ကျပ်ထပ်ယူလိုက် 😛

  • ကြောင်ဝတုတ်

    June 15, 2012 at 1:24 pm

    အော်…ရွာသားသစ်လေးကိုမျိုးမင်းဦးရယ်…

    ခင်ဗျားလုပ်မှပဲ သဂျီးက ကျုပ်တို့ ဂေဇက်အဖွဲ့ဝင်တွေကို အစိုးရမိုဘိုင်းဖုန်းချပေးသလိုလုပ်တာပေါ်တော့တယ်…
    ကျုပ်ဖြင့် ၈၀၀ဝ တောင်မကျော်သေးဘူးရယ်…

    သဂျီးကြောင့်စိတ်ထိခယက်သွားသူ-
    ကြောင်ဝတုတ်

  • Davit

    June 15, 2012 at 1:39 pm

    ပွိုင့်ကိုသိဘူးရယ်ပေါ့…………

    10 ရပြီ………ဟေ…..ဟေ့………….. 😀

  • ဆူး

    June 15, 2012 at 1:52 pm

    သူတို့ စစချင်း ၅၀၀ဝ ရသေးတယ်။
    ဒို့များတော့ ၈၀ဝ ခေတ်က လား မသိပေါင်အေ…

    • manawphyulay

      June 15, 2012 at 4:03 pm

      ဆူးရေ တို့တွေလည်း ခုမှ မန်ဘာပြန်ဝင်ရမလားမပြောတတ်ဘူး။ တို့ခေတ်ကများ တစ်နေ့ကို လော့အင်ဝင်တာ ၂ဝ ကျပ်၊ ရီချက်စတာလုပ်တာ ၄၀ဝ လား မပြောတတ်။ ကော့မန့်ကျတော့ ၅ဝ ကျပ် စာမူရေးရင် ၂၀ဝ အရမ်းကောင်းရင် ၅၀ဝ ထိတိုးပေး၊ ဂလို ဂလိုတွေခေတ်ကိုး ခေတ်ပြောင်း စနစ်ပြောင်းမှာ မန်ဘာဟောင်းတွေအတွက် ပွိုင့်တွေ တိုးပေးဖို့ကော အစီအစဉ်ရှိပါသလား သဂျီးရှင့်… 😛

      • နေဝန်းနီ

        June 16, 2012 at 9:26 pm

        မနောရေ့….။ တို့လည်း သူကြီးကို ဖယောင်းတိုင်ထွန်းရအောင်……. ပွိုင့်ပေးအောင် …… ဟီးးးးး 😛 😛 😛

        • ဆူး

          June 17, 2012 at 8:10 am

          သဂျီးကို သံပြားပေါ်တင်ပြီး အောက်တည့်တည့်ကနေ ဝိုင်း ဖယောင်းတိုင် ထွန်းပြီး ဆုတောင်းပေးတာ ပိုကောင်းမယ် ထင်တယ်။ အချုပ်အချာ အာဏာ တည်မြဲစေဖို့ ပူဇော်ပသဖို့တော့ လိုတယ်။ အဟိ။

  • Wunna Aung

    June 15, 2012 at 2:07 pm

    ငါလဲ အခုမှ ပွိုင့်အကြောင်းသိရတော့တယ် မေးပေးတဲ့ ကိုမျိုးမင်းဦး ကိုရော သေချာပြန်ဖြေပေးတဲ့ ကိုမိုးဇက်ကို ရော ကျေးဇူးတင်ပါတယ် ဗျာ….. ပွိုင့်အကြောင်းကိုလဲ စတစ်ကီ နုတ်ထဲမှာ ထပ်ထဲ့ထားစေချင်ပါတယ်……. လာထား၁ဝ ယူသွားပြီကွယ်

    • Moe Z

      June 15, 2012 at 2:26 pm

      တစ်သိန်းပြည့်ရင်ပေးတယ်ဆိုတာ မြန်မာပြည်ထဲမှာနေတဲ့သူတွေပဲ
      ခင်ဗျားက နိုင်ဂျံဂါးမှာဆိုရင်တော့ အဲဒါ ကိန်းဂဏန်းတွေလို့ပဲမှတ်
      တစ်ချို့ကတော့ နှစ်ရှည်စီမံကိန်းနဲ့ သားသမီးတွေကို password အမွေပေးခဲ့မယ့်သူတွေရှိတယ်
      တစ်သိန်းရအောင် :mrgreen:

      • ကိုရင်စည်သူ

        June 16, 2012 at 8:01 pm

        စိတ်ထဲတော့ တစ်ခု ထင့်နေတယ်.. မိုးကလေးက ရွာသားအသစ်တွေကို
        ိသူ… သိပ်များ အရေးပေးနေသလိုပဲ။ သိပါဘူး… 🙁
        ဒီက အတ္တကြီးတော့ ကြံဖန် သဝန်တိုနေတာများလာတောင် မသိပါဖူး..
        မိုးလေးရယ်.. အသစ်တွေ ဘယ်လောက်ကောင်းကောင်း
        အဟောင်းက အရမ်းကောင်းနေလျက်ပါ…. နော့.. 😳
        အဟီး.. တစ်ချက်ခုတ် နှစ်ချက်ပြတ်… 😀
        ၁ဝလည်းရ… သဝန်တိုနေတာလည်း ပြောလို့ရ… 😉 😉

  • နွယ်ပင်

    June 15, 2012 at 2:21 pm

    နွယ်ပင်တို့ ဝင်တုန်းက 500 ပဲလားမသိဘူးရတာ
    အခု 5000 ဆိုတော့ ….. အခုလောလောဆယ်တော့ 10 ယူသွားပြီ 😛

  • Thel Nu Aye

    June 15, 2012 at 2:26 pm

    အောင်မယ်လေးသဂျီးရက်စက်တယ်။ အဲဒါကြောင့်ပြောတာပေါ့။ အသစ်ကိုပဲမျက်နှာလိုက်ပါတယ်ဆို။ ကျွန်မ တို့တုန်းက မန်ဘာဝင်တာ ၃၀ဝ ပဲရတယ်။ တလောလေးကကြားတာ ၄၀၀ဝ တဲ့။ အခု ၅၀၀ဝ တဲ့။ ကျွန်မ တို့နစ်နာသူတွေကိုရော ၄၇၀ဝ ထပ်တိုးပေးမှာလားသဂျီးရေ။ ဆူးလေဘုရားရှေ့မှာ ၅၀၀ဝ တန် ကိုင်ပြီး ဆန္ဒပြ ရမလိုဖြစ်နေပြီ။ မန်ဘာအားလုံးသာတူညီမျှအခွင့်အရေးရရှိရေးဆိုပီး။

  • ကြောင်ဝတုတ်

    June 15, 2012 at 2:26 pm

    ကျုပ်တုံးက တစ်ပြားမှမရဘူးထင်ပါ့…
    ရခဲ့မယ်ဆိုလဲ ၁၀၀ဝ မပြည့်တာသေချာပါ….

  • amatmin

    June 15, 2012 at 2:30 pm

    သဂျီးမင်းရေ..
    ဘယ်နှစ်.ဘယ်လပိုင်းတုန်းက ဘယ်လောက်နှုန်းနဲ့ပေးခဲ့ဖူးတယ်
    နောက်ပို်င်းအဆင့်ဆင့် ဘယ်လောက်တိုးလာတယ်. ဆိုတာလေး.
    ပြောပြရင် သိချင်သားဗျာ..

  • ရန်ကုန်သား

    June 15, 2012 at 3:03 pm

    အနော်လည်း မနေ.ကမှ ဝင်တာ စစချင်း ၅၀၀ဝ ပေးထားတယ်။
    ၃ ခါမန့် ပြီးပြီ။ ဒါနဲ့ဆို ၄ခါ။
    လာထား…၁၀…

    • Shwe Tike Soe

      June 15, 2012 at 3:10 pm

      အလဲ မနေ.ကမှစဝင်တာဆိုပဲ……. လာထားတစ်ဆယ်က လုပ်ထားသေးးးးးးးးးး ဟေးဟေးဟေး
      လာထား 10 ရော ၂ကျပ် ကဲဟာ ၆ကျပ် သွားအိပ်ထဲ ဟဲဟဲဟဲ

  • mayjuly

    June 15, 2012 at 3:19 pm

    အဲ မရှင်းတာ တစ်ခုမေးအုံးမယ်..
    ပိုစ့်ပိုင်ရှင်အနေနဲ့ ကိုယ့်ပိုစ့်ကိုကိုယ်တိုင် Comment တစ်ခုထက်ပိုပီး Reply ပြန်လုပ်ရင် ၂ ကျပ်က နှုတ်တာပဲ လား ..
    ဒါမမဟုတ် အပြည့်ရတာလား သိချင်ပါသည်
    … 😛

    • Myo Min Oo

      June 15, 2012 at 3:35 pm

      ပို်စ့်တစ်ခုတင်ရင် ၃ဝ ရတယ်၊ တခြားရွာသားတွေက ကော်မန့်လာပေးရင် ပိုစ့်ပိုင်ရှင်က ၂ ကျပ် ရတယ် ကိုယ်တင်တဲ့ပိုစ့်ကို ကိုယ်က ကော်မန့်ပြန်ရေးရင်လည်း ၁ဝ ရတယ်၊ နောက်ထပ်ရေးတဲ့ ဟာတွေအတွက်က(ကိုယ့်ပိုစ့် ကို ကိုယ်တိုင် comment တစ်ခုထက်ပိုပြီး reply လုပ်ရင်) ဘာမှမရတော့ဘူး၊ ရေးတဲ့ရွာသားအနေနဲ့ရော ပိုစ့်ပိုင်ရှင်ရွာသားအနေနဲ့ရော၊ ဘာဆိုဘာမှမရတော့ဘူး။ ၂ကျပ်လဲ မနှုတ်ပါဘူး။ ကျွန်တော်လေ့လားပြီးပြီ။
      ကိုယ်တွေ့နော် ကိုယ်တွေ့

  • ရန်ကုန်သား

    June 15, 2012 at 3:19 pm

    ကို ရွှေတိုက်စိုး…
    အနော် ၁ သိန်း ပြည့်ရင်လဲ ဘီယာတိုက်မှာပါဗျ…
    ဂယ်ပြောတာ…ဂယ်…

  • Mon Kit

    June 15, 2012 at 3:54 pm

    ဟွန့်… မွန်ကစ် တို့တော့ တစ်သိ်န်းမပြည့်ခင် ပြန်ရတော့မယ်နဲ့တူတယ်…
    လာရာလမ်းကိုလေ… ဝေးလွန်းလေစွတကား…
    ခု တစ်ဆယ်တော့ယူတွားပီနော်… 😛

  • hein latt

    June 15, 2012 at 4:02 pm

    အိမ်း(စ်)………သူများမေးဒေါ့လဲ ကိုယ်ဂလည်းမေးစရာလေးဒွေပေါ်လာတာပ….။
    ခင်ဗျားတို.ပုံတွေရဲ.အပေါ်ထောင်.ဂ နံဘတ်ဒွေဂဘာဒွေလဲ……….။
    အကြွေးတွေလား……….ကွန်မန်.အရေအတွက်လား………ပွိုင့်တွေလား………?

      • Mလုလင်

        June 15, 2012 at 5:10 pm

        မနောဖြူလေးပြောတာ ဟုတ်ပါတယ်ချင့် …. လာထား .. အာဟိ

  • ဟိန်း ဝင်း (ထားဝယ်သား)

    June 15, 2012 at 4:16 pm

    သူကြီးရေ … အနော်တို့တုန်းက 4000 နော်… အခု 5000 ပြည့်အောင်ဖြည့်ပေး …ဒါဗြဲ …. လာထား 10

  • Myo Min Oo

    June 15, 2012 at 5:11 pm

    ဒုက္ခပါဘဲ သူကြီးတော့ စိတ်ဆိုးတော့မှာဘဲ၊ ကျွန်တော့်ကြောင့် မန်ဘာအသစ်တွေကို ၅၀၀ဝ ပေးတာသိကုန်ပြီး ကွန်ပလိန်းတွေလုပ်ကုန်ပြီ။
    ဆော်ရီးနော် သူကြီး မသိလို့ပါ။

  • ဇောက် ထိုး

    June 15, 2012 at 5:33 pm

    ဘာခုမှ ကြောက်ပါပြီလဲ။ မင်းခုမှ သိသလား.. ယူချင်အုံးဟ မိန်းမ.. အဲဟုတ်ပေါင် “ပွိုင့်”

  • htoosan

    June 15, 2012 at 7:03 pm

    ဆန္ဒပြကြမယ်ဟေ့ … ငါးထောင်ခုတိုးပေး ..ဒို့ အရေး .. ဒို့ အရေး 😀

  • ရဲစည်

    June 15, 2012 at 8:17 pm

    အော် ဘာများလဲလို့
    ပိုက်ပိုက်ကို ဖရီးဒေါင်းလွတ် ချနေကြတာကိုး။ပို့စ်တင်တဲ့ သူကို ကျေးဇူးတင်ပါတယ် အင့် ၂ကျပ်
    လစ်ပီ ဖလစ် ဖလစ် …

  • ရဲဘော် မောင်တူး

    June 15, 2012 at 8:28 pm

    ကျနော်လဲ အသစ်တစ်ယောက်ပါ ။ အခုလောလောဆယ် ၄၂၉၆ကျပ်ရထားတယ် ။
    ဘီယာတစ်ခွက် ၆၀ဝကျပ် ဈေးနဲ ့ဆိုရင် ၊ ၆ခွက်လောက်တော့ သောက်ရတယ်။

  • kyeemite

    June 16, 2012 at 8:16 am

    အောင်မာ..အောင်မာ..လူဟောင်းလူလယ်တွေ..
    အလကားပွိုင့်တွေယူနေကြတယ်..။တို့ကပွိုင့်လိုချင်လို့
    မဟုတ်ဘူးကွ..ငွေလိုချင်တာ..လာထား..
    ——————————-
    ကြိုဆိုပါတယ်ခည..
    ပို့စ်ကောင်းကောင်းလေးတွေကိုမျှော်နေမည်ဖြစ်ပါဂျောင်း။

  • (အဲဒီ ဟာတွေအကုန်ဖတ်ပြီးပြီ၊ ပွိုင့်အကြောင်းမပါဘူး၊ ကျွန်တော်ပြောတာ ပွိုင့်ရဲ့အသုံးဝင်ပုံတွေဘာတွေရှိလားလို့ပါ။ အဟာကြောင့်မေးတာပေ့ါ။)
    ပွိုင့်တစ်သိန်းပြည့်ရင် မြန်မာငွေတစ်သိန်းပြန်ရတယ်။
    အားမငယ်ပါနဲ့ ကျနော် နေ့တိုင်းနီးပါးလောက် 2011 ဇန်နဝါနရီလကတည်းက ပုံတင်စာရေး
    ကော်မင်းတွေပေးတာတောင်မှ
    (16-6-2012)နေ့မှာ 79289 ရပြီ
    အားမငယ်နဲ့။
    အားပေးရင်းတစ်ဆယ်ရတော့ 79299ပေါ့ ဟုတ်လားတော့ မသိဘူး

  • cum min

    June 16, 2012 at 10:36 am

    ဟေးတိုးတိုလေးနေပေးပါ…ကိုင်းး ရပြီး..10.တာတာ..ရွှတ်

  • ကိုရင်မောင်

    June 16, 2012 at 11:01 am

    သူများတွေတစ်ဆယ်ယူနေကြတာ…
    ကိုယ်မပါယင်ဘယ် တရားပါ့မလဲ..
    လာထား….. ၁၀……

  • zenn

    June 16, 2012 at 4:41 pm

    …ဟေး.. ဆန္ဒပြ မယ် ဟေ ့ ..ဆန္ဒပြ မယ် ဟေ း…………..
    ——————————————————————-
    အလကား ပြောတာပါ၊ တကယ်တော ့ ဒီ ဆိုက်ကြီး မှာ လာရောက်စုဝေးပီး
    လေကန် နေကြတာ မဟုတ်လား……:)

  • မွန်မွန်

    June 16, 2012 at 5:09 pm

    မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွလာမှုကြောင့် (မုန့်ဟင်းခါးတစ်ပွဲ တစ်မတ်ခေတ်မှ ငါးရာဖြစ်သွားသောခေတ်) သူကြီးလည်း ခေတ်မီစွာဖြင့် ပွိုင့်စနစ်ပြောင်းလဲခြင်းဖြစ်နိုင်သည်ဟု ထင်မိပါကြောင်း…. (လာထား တစ်ဆယ်)

  • Gipsy

    June 16, 2012 at 5:11 pm

    ကျုပ်လဲမကျေနပ်ဖူး…..:mrgreen:
    သဂျီးက ရာထူးလဲ မတိုးပေးဘူး….
    ဒါပေမဲ့ … ရသလောက်လေးနဲ့ပဲ ကျေနပ်ပါ့မယ်…..။

    • Myo Min Oo

      June 16, 2012 at 6:56 pm

      ရာထူးဆိုလို့ MG ရဲ့ Rank အကြောင်းသိရင်နဲနဲ ရှင်းပြကြပါလား။
      ပိုစ့် အသစ်တင်ရင် လုပ်စားတယ်ထင်မှာစိုးလို့။
      ပြီးတော့ တစ်နေ့ကို ဘယ်နှစ်ခါမန့်လို့ရလဲ ပါသိချင်ပါတယ်။

  • ီပိုစ်တင်လို့ ကော်မင်းပေးလို့ ပွိုင့်တွေရတယ်ဆိုတာတွေရယ်
    ရာထူးတွေဆိုတာရယ်က မှတ်တမ်းတစ်ခုပါဘဲ။
    ကို်ယ်ဘယ်လောက်ထိသွားပြီး ပြီလဲ။
    ကိုယ်ဘယ်လောက်ထိရောက်အောင်သွားထားခဲ့သလဲ။
    ဆိုတဲ့လက်ရှိရပ်တည်မူ့ကို ပြတဲ့ညွှန်းကိန်းတွေပါဘဲ။
    ကိုယ်ရေးသမျှ မန်းသမျှတွေကို ခံစားချက်မပါတဲ့ ကွန်ပြူတာက သူ့ဘာသာသူတွက်ပေးနေမှာပါဘဲ။
    ရေးနေသမျှ ပွိုင့်တွေတိုးနေမှာပါဘဲ။

    တကယ့်အဓိက အချက်ကတော့
    ကိုယ်ဘယ်လောက်ပေးဝေထားခဲ့နိုင်သလဲ(ကိုယ့်အတွေ့အကြုံလေးတွေကိုပေါ့)
    ကိုယ်ဘယ်လောက်ချန်ထားနိုင်ခဲ့သလဲ(ဒါကတော့ အရေအတွက်နဲ့ဆိုင်မယ်ထင်ပါတယ်)
    ဒါကတော့ အသုံးဝင်မူ့အပိုင်းပေါ့။
    နောက်ကျနော်တို့ တစ်တွေစာတွေရေးရင်း ဖတ်ရင်း မန်းရင်းကနေ မိတ်ဆွေတွေတိုးလာတာရှိနိုင်သလို
    အကြောင်းမတိုက်ဆိုင်လို့ပျက်သွားတာ လမ်းခွဲသွားတာတွေလဲရှိကောင်းရှိနေဦးမှာပါဘဲ။
    လိုအပ်ချက်ကတော့ မှန်မှန်လေးဆက်သွားနေဘို့ပါဘဲ။
    ဘာလုပ်ရင် ဘာရမလဲလို့ မေးနေတာထက်စာရင်
    ကိုယ်တိုင်သွားကြည့်လိုက်လို့ ရောက်သွားတာလေးတွေ
    ကိုယ်လုပ်လိုက်တဲ့ရလဒ်ကို ခံစားရတာ ကပို အရသာရှိပါတယ်။
    ဒီမှာရေးနေသူ အတော်များများရဲ့စိတ်ထဲမှာ ပွိုင့် ဆိုတာကြီးကို စစရာ နောက်စရာ တစ်ခုအဖြစ်ခံစားလို့သာ တစ်ယောက်နဲ့တစ်ယောက်မေးနေပြောနေကြတာပါ။
    အားလုံးရင်ထဲမှာ မျှဝေချင်တဲ့ စိတ်နဲ့ ရေးကြပေးကြ နဲ့ဖန်တီးနေတယ်ဆိုတာကတော့ အမှန်တရားပါဘဲ။
    ဒီမန်းလေးဂေဇက်က ပေးနေတဲ့ပွိုင့်က ဘဝထဲက အစိတ်အပိုင်းသေးသေးလေးတစ်ခုပါဘဲ။
    ကျနော်နဲ့ဆရာ ကျော်ရင်မြင့် ဗျူးချိန်မှာ ဒီမန်းလေးဂေဇက်က တစ်သိန်းရတာကို ပျော်တယ်လို့ပြောခဲ့ပါတယ်။
    ဒါအမှန်တရားကိုပြောခဲ့တာပါ၊
    ကျနော်အပါအဝင် လူတိုင်းရဲ့ဘဝမှာ ဒီထက်မကတဲ့ငွေကြေးတွေကို ရှာဖွေဘူး ပိုင်ဆိုင်ဘူးခဲ့ကြမှာ အမှန်ပါဘဲ။
    သို့သော် စီးပွားရေးနဲ့မပါတ်သက်သော မိမိကိုယ်တိုင်တည်ဆောက်မူ့နဲ့ရယူထားသော မိမိဝါသနာကို အရင်းတည်ပြီးရသောငွေကလေးမို့ ဝမ်းသာတယ်လို့ပြောခဲ့ပါတယ်။
    ငွေကြေးပမာဏနဲ့နိုင်းရင်တော့ မက်လောက်စရာမရှိပါ။.
    ခံစားမူ့နဲ့ယှဉ်ပြောရင်တော့ မက်စရာပါဘဲ။
    ဒီငွေကြေး ဒီအမှတ်တွေကို သေချာပြန်စီစစ်ကြည့်ရင် ဘဝအဆုံးထိလောက်အောင်အရေးပါသောကိစ္စမဟုတ်ပြန်ပါဘူး။

    အချုပ်ပြောရရင် ဒီပွိုင့်လေးတွေ ကြယ်လေးတွေကို ကျနော်တို့မက်မောပါတယ်။
    ဝါသနာကို အရင်းခံပြီးတော့မှ ကိုယ်ဖန်တီးမူ့လေးတွေကို အမှီပြုပြီးရလာလို့ပါဘဲ။
    သို့သော် ဒီပွိုင့်တွေက ဘဝအတွက်ရည်မှန်းချက်အဆုံးလားလို့မေးရင်တော့
    (လုံးဝ)ပါဘဲလို့ ချက်ခြင်းအဖြေပေးလိုက်ရုံပါဘဲ။
    ဒီပွိုင့်တွေရအောင်ဖန်တီးယူရတဲ့အချိန်တွေ အသုံးပြုခဲ့ရတဲ့ အချိန် အတတ်ပညာ ကိုသာ
    စီးပွားရေးလုပ်ငန်းမှာအသုံးချရင် ဒီထက်ပိုက်ဆံပိုရကောင်းရနိုင်တာသေချာလို့ပါဘဲ။
    ဒါပေမယ့် မျှဝေပေးလိုစိတ်ရှိခြင်း၊ဝါသနာပါခြင်း၊အပန်းဖြေခြင်းစတာတွေနဲ့ချိန်စက်ပြီး
    စာရေးတာ ကော်မင်းပေးတာ ဓါတ်ပုံတင်တာတွေ လုပ်နေကြတာဆိုတာကတော့ အသေအချာပါဘဲ။

    ဒီကော်မင်းလေးကတော့ ပွိုင့်နဲ့ပါတ်သက်တာလေးကို ကျနော်ခံစားချက်ကို ပြောပြတာဘဲဖြစ်ပါတယ်။
    ဒီပိုစ်ပိုင်ရှင် ကိုစစ်ကဲ အပေါ်မှာ ဘယ်လိုမှ သဘောထားပြီးရေးတာမဟုတ်တာကို သိစေချင်ပါတယ်။
    ကဲ ကိုစစ်ကဲရေ
    ………………….ဒါကတော့ ကျနော်အတွေးပါးပါး။
    ကျန်သူတွေရဲ့သဘောထားလဲနားထောင်ချင်ပါရဲ့။

  • Moe Z

    June 17, 2012 at 2:05 pm

    လေးပေါက်ပြောတာနားထောင်ပြီး အတည်ပြောပါ့မယ် ..
    တစ်ခြားဆိုဒ်တွေမှာ မန်ဘာဝင်ထားပေမယ့် ဘာမှမရေးပါဘူး
    မိုးစက်ဒီဆိုဒ်ကို စဝင်တုန်းက ပွိုင့်က တစ်ထောင်လားမသိ မမှတ်မိတော့ဘူး..
    ဘာမှဝင်မပြောပဲ တက်သမျှပို့စ်တိုင်းကိုဖတ်နေခဲ့တာ အကြာကြီးရယ် ..
    ဒါကြောင့် ဘယ်သူကတော့ ဘယ်လိုစာတွေရေးတတ်တယ်
    ဘယ်လိုသဘောထားရှိတယ်ဆိုတာသိခဲ့ရတယ် ..
    ဒီထဲမှာ သဂျီးကအစ အရမ်းလေးစားစရာကောင်းတဲ့လူတွေ အများကြီးပါ
    (အဟိ .. မိုးစက်ကို ခရက်ဒစ်ပေးနော)
    မိုးစက်ကိုယ်တိုင်တော့ စာရေးပျင်းပါတယ်၊ တစ်ခါတစ်လေ အပျော်သဘောရေးတာပါ
    ဖတ်နေရတဲ့စာတွေနဲ့ပတ်သတ်ပြီး အကြောင်းတိုက်ဆိုင်ရင်လည်း ရေးပါတယ်
    ပွိုင့်ဆိုတာကိုတော့ နေကြာစေ့လောက်သဘောမကျပါဘူး 😀
    တစ်သိန်းလည်းရမှာမှမဟုတ်တာ .. မယုံရင် အခုရထားတဲ့ပွိုင့်တွေအကုန် ဇီးရိုးအထိဆက်တင်ပြန်ချလိုက် အဲ.. ရာထူးတော့မချနဲ့ စိတ်ကူးပေါက်လို့စာရေးရင် ပြင်မရဖြစ်နေမှာစိုးလို့ :mrgreen:

    ပို့စ်ပိုင်ရှင်ရေ ဒီရွာမှာကြာကြာနေရင် ဒီကလူတွေအကြောင်းသိလာပါလိမ့်မယ်
    ပျော်ရွှင်ပါစေ ..

  • မိုးဇက်ရေ
    ပွိုင့်ထက်ကောင်းတဲ့နေကြာစေ့ကိုစားဘူးသွားပြီ။
    တောင်ကြီးရောက်တော့ လမ်းဘေးမှာလှော်ရောင်းနေတဲ့ ပူပူနွေးနွေးနေကြာစေ့လှော်။
    ပွိုင့်ထက်စားကောင်းတယ်နော်။.

Leave a Reply