JavaScript ဆိုတာကတော့ ကျွန်တော်တို့ websit တွေရေးတဲ့အခါမှာ user နဲ့ အပြန်အလှန် ဆက်သွယ်လို့ရအောင် သုံးပါတယ်။ အသုံးအများဆုံးနဲ့ browser တိုင်းက support လုပ်တဲ့ scripting language တစ်ခုဖြစ်ပါတယ်။ scripting language ဆိုတာကတော့ ကျွန်တော်တို့ program code ကို compile လုပ်စရာမလိုဘဲ run လို့ရတဲ့ language အမျိုးအစားဖြစ်ပါတယ်။ ကျန်တာကတော့ example လေးတွေနဲ့ ဆက်လေ့လာ ကြတာပေါ့။

<html>
<head>
<title>JavaScript Hello Wrold</title>
</head>
<body>
<script type=”text/javascript”>
document.write(“Hello World”);
</script>
</body>
</html>

အပေါ်က example ကို run လိုက်ရင် borwser မှာ Hello World လို့ပေါ်ပါလိမ့်မယ်။ javascript code တွေကို <script type=”text/javascript”> နဲ့ </script> တို့ရဲ့ ကြားမှာရေးထားတာတွေ့ရမှာပါ။ သူ့ကို statement တစ်ကြောင်းဆုံးရင် ; (semicolon) နဲ့ ဆုံးပေးရပါတယ်။

<html>
<head>
<title>JavaScript Hello Wrold</title>
</head>
<body>
<script type=”text/javascript”>
document.write(“<b>Hello World</b>”);
</script>
</body>
</html>

အပေါ်က example ကို run လိုက်ရင် borwser မှာ Hello World ဆိုတဲ့စာတန်းက bold နေနဲ့ပေါ်ပါလိမ့်မယ်။ html tag တွေကို အဲဒီလိုထည့်ရေးလို့ရပါတယ်။

About wailynnoo

wailynn oo has written 57 post in this Website..

I am a blogger.