ရခိုင်ရာဇဝင်ထဲက ကမန်တိုင်းရင်းသားတို ့သည် အိမ်နီးနားချင်း ဆက်စပ်နေသော

နိုင်ငံတစ်ခု၏ လူမျိုးတစ်မျိုးမှ ပေါက်ဖွားလာသော မျိုးနွယ်စုတစ်မျိုးမဟုတ်၊““မည်
သည့် အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံတွင်မှ ကမန် ဟူသော အမည်ဖြင့် လူမျိုးများနေထိုင်
ကြကြောင်း သမိုင်းအထောက်အထား များလုံးဝမရှိပါ””။
      ကမန်မျိုးနွယ်စုသည် ရခိုင်လူမျိုးစုကြီးတွင် အထင်အရှားပါဝင်နေပြီး ကမ္ဘာအရပ်
ရပ် မည်သည့်တိုင်းပြည်နိုင်ငံ များတွင်မျှ ကမန်လူမျိုးစုနှင့်မျိုးနွယ်တူ တိုင်းတပါးသား ကျောထောက်နောက်ခံ လူမျိုးဟူ၍ လုံးဝမရှိသော မြန်မာနိုင်ငံနွယ်ဖွား မျိုးနွယ်စုတစ်စု
သာဖြစ်ကြောင်း၊နိုင်ငံတော်၏ သမိုင်းစဉ် တလျှောက်တွင် မည်ကဲ့သို ့အခက်အခဲများ
ကြုံကြိုက်ခဲ့ပါစေ၊တိုင်းတပါးနိုင်ငံများသို ့လူမျိုးစုအလိုက်ထွက်ပြေးတိမ်းရှောင်ခြင်း၊တိုင်းတပါး အားကိုးအားထားပြုခြင်းများလည်းမရှိဖူးပါချေ။

       အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ပြီး ရခိုင်ရိုးရာယဉ်ကျေးမှုအတိုင်းပင် ဆက်လက် နေထိုင်လျှက်ရှိသော တိုင်းရင်းသားမျိုးနွယ်စု တစ်ခုပင်ဖြစ်သည်။ကမန်များမှာ ရခိုင်ပြည်နယ်တွင် ပေါက်ဖွားကြီးပြင်းကြပြီး မြန်မာပြည်တွင်းနေထိုင်ကြ
သော တိုင်းရင်းသားမျိုးနွယ်စု တစ်စုဖြစ်သည်။““အမေကျော် ဒွေးတော်လွမ်းစရာ
နိုင်ငံရပ်ခြား သံယောဇဉ် တစ်စုံတရာမရှိပါ။””

      ကမန်မျိုးနွယ်စု သည်ရခိုင်ဘုရင့် တပ်မတော် “လေးသည်တော်”တပ်ကို အစွဲပြုရာ
မှပေါ်ပေါက်လာသော ဘုရင့်တပ်မတော်၏ အမည်နာမကိုသာ အကြောင်းပြုသော လူ
မျိုးစုတစ်စုသာဖြစ်ပါသည်။ထို ့ကြောင့် ကမန် သည် ရခိုင်ထဲမှ ရခိုင်များသာဖြစ်ကြ
သည် ဆိုသည့်အကြောင်းအရာကို မမှန်ကန်ကြောင်း ငြင်းချက်ထုတ်နိုင်မည် မဟုတ်
ပါ။

       သမိုင်းနေ ့စွဲများထဲက မှတ်သားစရာနောက်တစ်ခုက ၁၉၅၃ခုနှစ် ဇန်နဝါရီလ(၇-၈-၉)ရက်များတွင် စစ်တွေမြို ့၊ဝင်္ဂဘာကွင်းကြီး အတွင်းရှိ မဏ္ဍပ်ကြီးအ
တွင်း၌ ဝတ်လုံ ဦးရွှေဘော်က သဘာပတိ၊ဦးလှထွန်းဖြူက အခမ်းအနားမှူး၊ဦးစောထွေးအောင် ကအတွင်းရေးမှူး အဖြစ် တင်မြှောက်၍ ရခိုင်ပြည်လုံးဆိုင်ရာညီ
လာခံ ကျင်းပခဲ့ခြင်းပင်ဖြစ်သည်။

       ထိုညီလာခံဒုတိယနေနံနက်(၁၂)နာရီအချိန်တွင်တွင်သွင်းဆုံးဖြတ်သောနံပါတ်(၆)

အဆိုအမိန် ့မှာ

(၆)ရခိုင်ပြည် မူဂျာဟိန်းတို ့အား နှိမ်နှင်းသော အစိုးရနှင့် တပ်မတော်အားချီးကျူးရေး

  ရခိုင်ပြည်နယ် ဘူးသီးတောင်၊မောင်တော မြို ့နယ်များရှိ တိုင်းရင်းသား ရခိုင်-မွတ်စလင်မ်များ ဘာသာဝင်များနှင့် ရခိုင် ဗုဒ္ဓဘာသာဝင်များအားနှိပ်စက်ညှင်းပန်း
သော မူဂျာဟိန်း သောင်းကျန်းသူများကို တိုက်ခိုက်နှိမ်နှင်းပေးသော တပ်မတော်နှင့်
အစိုးရအား ဤညီလာခံ ကြီးမှ ကျေးဇူးတင်ကြောင်းအဆိုကို
ရမ်းဗြဲမြို ့နယ်အမတ်ဦးဘ
မြိုင် က တင်သွင်းခဲ့ပြီး မောင်တော
မြို ့နယ်ကိုယ်စားလှယ်ဦးစံအောင်ကျော်နှင့် ရသေ့တောင်
ကိုယ်စားလှယ် ဦးသာကျော်တို ့ကထောက်ခံလျှက် တက်ရောက်လာသူ
အားလုံး သဘောတူလျှက် ဆုံးဖြတ်အတည်ပြုကြကြောင်း။
(ရခိုင် ပြည်လုံးဆိုင်ရာ ညီလာခံ စာမျက်နှာ -၁၂)

ရည်ရွယ်ချက်။။လူတစ်ဦးချင်းစီ သော်လည်းကောင်း၊မျိုးနွယ်စု တစ်စုချင်းစီ သော်လည်းကောင်း မိမိတို ့၏ ကာယ၊ဉာဏ စွမ်းပကားကို စွမ်းအားရှိသရွေ ့ အစွမ်း
ကုန် စုစည်းကာ မိမိတို ့သက်ဆင်းလာသည့် သမိုင်းကြောင်း မျိုးရိုးကို မိမိ
တို ့ကိုယ်တိုင်
ဖော်ထုတ်တင်ပြခြင်းဖြင့် ညီအစ်ကိုရင်းချာ များဖြစ်သော တိုင်းရင်းသားများ နှင့် တစ်ဦး
နှင့်တစ်ဦး ချစ်ခင်ယုံကြည်လေးစား ရင်းနှီးမှု ပိုမို ဖွံ ့ဖြိုးလာကာ နိုင်ငံတော်အကျိုးစီးပွား
များကို ဆထက်တပိုး သယ်ပိုးဆောင်ရွက် နိုင်ကြမည်ဖြစ်ပါသည်။

About အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး

အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး has written 139 post in this Website..

ကြောက်တတ် ရင် နှစ်ခါ သေတယ်။