“The same word as adjective and verb”

TTNUJune 15, 20124min28221

The same word as adjective and verb

(နာမဝိသေသန၊ ကြိယာ) အလုပ် နှစ်မျိုးလုံး လုပ်သော စကားလုံးတစ်ချို ့

 

(1) Clear

Adjective: (a) The sky is clear.

ကောင်းကင်ကြီးက ကြည်လင်နေတာပဲ။

(b)  Healthy people have clear skin.

ကျန်းမာတဲ့သူတွေမှာ ကြည်လင်တဲ့ အသားအရည် ရှိကြတယ်။

(c) This is a clear view of the town from the hill.

ဒီနေရာတောင်ကုန်းမြင့်ပေါ်က မြို ့လေးရဲ ့ မြင်ကွင်းရှင်းရှင်းလင်းလင်း မြင်ရတယ်။

Verb:       (a) I’ll make the coffee if you clear the table.

မင်းစားပွဲ ရှင်းပေးမယ်ဆိုရင် ငါ ကော်ဖီဖျော်မယ်လေ။

(b)   I don’t know if I can get the car tonight. I’ll have to clear it with Mum.

ဒီနေ့ည ကားရမလားမသိသေးဘူး။ အမေနဲ့ ရှင်းအောင် ပြောရဦးမယ်။

(c)   After the thunderstorm the sky cleared.

မိုးသက်မုန်တိုင်းကျပြီးတဲ့နောက် ကောင်းကင်ကြီး ကြည်လင်သွားခဲ့ပါတယ်။

 

(2) Dry

 

Adjective: (a) These plants grow well in a dry climate.

ဒီအပင်တွေက ခြောက်သွေ့တဲ့ ရာသီဥတုမှာ ကောင်းကောင်း ဖြစ်ထွန်းတယ်။

(b) He’s a man of few words with a dry voice.

သူက စကားလည်းနည်းတယ်။ အသံကလည်း ခံစားမှု မပါတဲ့အသံမျိုးနဲ့။

(c) They had a dry wedding.

သူတို့ မင်္ဂလာဆောင်မှာ အသောက်အစားဘာမှ ဧည့်မခံဘူး။

 

Verb:       (a) She did the laundry and hung it out to dry.

သူမ အဝတ်တွေလျှော်ပြီး အပြင်မှာ ခြောက်အောင်လှမ်းတယ်။

(b) Be careful. The paint hasn’t dried yet.

သတိထားနော်။ ဆေးသုတ်ထားတာမခြောက်သေးဘူး။

(c) Come on, dry your eyes. I don’t mean it.

အမလေးကွာ၊ မငိုပါနဲ့တော့။ ငါ အတည်ပြောတာမဟုတ်ပါဘူး။

 

(3) Free

 

Adjective: (a) You are free to come and go as you please.

မင်းစိတ်တိုင်းကျ လွတ်လွတ်လပ်လပ် လာပါ၊သွားပါ။

(b) Please feel free to interrupt me if you don’t understand anything.

မင်းတစ်ခုခု နားမလည်ဘူးဆိုရင် ငါ့ကို စိတ်ရှိသလို မေးပါပြောပါနော်။

(c) He’s rather free with his wife’s money.

သူကလေ သူ့ အမျိုးသမီးငွေတွေကို စိတ်ထင်သလို သုံးနေတာ။

 

Verb:       (a) She struggled to free herself.

သူမက သူမဖာသာလွတ်အောင်ရုန်းကန်ထွက်ခဲ့တယ်။

(b) A good kick finally freed the door.

ကောင်းကောင်းတစ်ချက်ကန်ထည့်လိုက်တာ တံခါးပွင့်ထွက်သွားခဲ့တယ်။

(c) These exercises help free the body of tension.

ဒီလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်အကြောအချင်တင်းနေတာတွေ လျော့ကျသွားအောင်

အထောက်အကူပေးတယ်။

 

(4) Loose

 

Adjective: (a) The horse is loose in the field.

မြင်းကို ကွင်းထဲမှာ လွှတ်ထားတယ်။

(b) I prefer comfortable and loose clothes.

ငါတော့ သက်တောင့်သက်သာရှိတဲ့၊ ချောင်ချိတဲ့ အဝတ်အစားပဲပိုကြိုက်ပါတယ်။

(c) A few loose sheets of paper are lying around.

စာရွက်လွတ်တွေ ပြန့်ကျဲနေတယ်။

 

Verb:       (a) The man told his servant to loose the horse.

ဒီလူကသူ့အလုပ်သမားကို မြင်းကြိုးဖြေပေးဖို့ ပြောလိုက်တယ်။

(b) His speech loosed a tide of nationalist sentiment.

သူ့စကားထဲမှာ အမျိုးသားရေး စိတ်ဇောအရှိန် တွေ မထိန်းနှိုင်လျှံကျလာတယ်။

(c) He loosed the straps that bound her arms.

သူမလက်မောင်းကို တုတ်နှောင်ထားတဲ့ ကြိုးပြားကို သူဖြေပေးခဲ့တယ်။

 

(5) Second

 

Adjective: (a) She won the second prize in the competition.

ပြိုင်ပွဲမှာ သူမ ဒုတိယဆုရခဲ့တယ်။

(b) This is the second time it’s happened.

ဒါဖြစ်တာ ဒုတိယအကြိမ်ပဲ။

(c) As a dancer, he’s second to none.

ကချေသည်တစ်ယောက်အနေနဲ့ သူကတော့ အတော်ဆုံးပါပဲ။

 

Verb:       (a) Some members didn’t second the proposal.

အချို ့သော အဖွဲ့ဝင်တွေက ဒီအဆိုပြုလွှာကို မထောက်ခံခဲ့ကြဘူး။

(b) Each year two teachers are seconded to a training college

for a month.

နှစ်တိုင်းမှာ ဆရာ(၂)ဦးကို သင်တန်းကျောင်းသို့ တာဝန်တွဲဖက်ထမ်းဆောင်ဖို့ တစ်လလောက် ပို့ပေးတယ်။

(c) If you say so, I’ll second that.

မင်းဒီလိုပြောလာရင်တော့ ငါ ထောက်ခံမယ်ကွာ။

21 comments

  • amatmin

    June 15, 2012 at 2:06 pm

    တီချယ်ရေ.. မင်္ဂလာပါ
    သင်တန်းမရောက်တာကြာလို့
    အပြေးလေးလာတက်သွားပါကြောင်း..
    မှတ်သားမိရတာတွေ များနေလို့ တကယ့်ကိုကျေးဇူးတင်ပါ၏..

    • TTNU

      June 15, 2012 at 8:44 pm

      အမတ်မင်းရေ…
      အပြေးကလေးလာတက်သွားတဲ့
      ပထမဦးဆုံးစာလာဖတ်သူအဖြစ်
      ကျေးဇူးတင်ပါတယ်။
      ပထမဆုယူပါ။ 😀

  • water-melon

    June 15, 2012 at 2:09 pm

    ဆရာမကြီးချင့်
    တားတားက အင်္ဂလိပ်စာဆို အရမ်းကြောက်တာပါချင့်
    ဆရာမကြီးဆီ လာပြီးတက်ရောက်သင်ယူပါအုန်းမယ်ချင့်
    ခုတော့ ကူးသွားပါတယ်ချင့်

  • မောင်ပေ

    June 15, 2012 at 2:15 pm

    Come on dry , dry your eyes . I don’t kiss you anymore !
    အဲဒီလို ချိုရင်မှန်သလားခင်ဗျ
    if you say alkaeda are shit , I’ll second that .

  • Moe Z

    June 15, 2012 at 2:30 pm

    ကျေးဇူးပါတီချာ အတန်းတက်သွားပါတယ်
    Now I need to have a clear head for my exam. 🙂

  • Azzurri

    June 15, 2012 at 2:35 pm

    အတန်းတက်သွားပါတယ် တီချာကြီး ချင့် ..အဲ့ ..ဗျ…
    😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 15, 2012 at 3:37 pm

    ကလားဖြစ်စေ ဗမာဖြစ်စေ အခွင့်ရေးရလျှင်ရသလို
    ဆွေမျိုးစု ကြသည်မှာ same same ပင်ဖြစ်၏။

    • ရဲဘော် မောင်တူး

      June 15, 2012 at 8:49 pm

      ကိုအောင်ပုရဲ ့မြန်းဂလစ်က ပိုလန်းနေသလိုပါလား။

  • TTNU

    June 15, 2012 at 9:00 pm

    ဆရာမကြီးဆီ လာပြီးတက်ရောက်သင်ယူပါအုန်းမယ်ချင့် ဆိုတဲ့
    ဖရဲရေ…
    ဒီတစ်ခေါက် အိမ်လာရင် အရုပ်လေးတွေလှုပ်တာသင်ပေးပါနော် ဆရာ။

    မောင်ပေရေ…
    စာမလာ သတင်းမကြားရတာကြာပြီနော်။
    “ဂဘားဖလားဂြီး” အတွက် ဘီးဇီးနေတာလားဟင်။

    မိုးစက်ရေ…
    စာမေးပွဲရှိတာလား။ အောင်ပါစေနော်။

    ကိုပုရေ…
    Same-same ဆိုရင်
    Win-win situation
    Go-go economic growth
    Hush-hush meeting
    ဆိုတာတွေကောဟင် :mrgreen:

    မောင်ဂီရေ…
    ရွှေကြယ်ငွေကြယ်တွေ လင်းလက်နေတာပါလား။

  • အရီး Khin Latt

    June 16, 2012 at 3:43 am

    တီချယ်ကြီးရှင့်

    ထုံးစံအတိုင်း လက်တွေ့မှာ အသုံးဝင်တဲ့ စာလုံးလေးတွေ ကို မှတ်သားသွားပါတယ်။
    တီချယ်ကြီး ရဲ့ အချိန် အတွက်လဲ ကျေးဇူး အများကြီးတင်ပါတယ်။
    ဆက်ပြီး အပူကပ်လိုက်ပါရစေဦး။

    ယခု မြန်မာပြည်မှာ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာ အရေး နဲ့ ပါတ်သက်ပြီး နဲ့ အနောက်နိုင်ငံ တွေ က ဖိအားပေးမှု တွေ အတွက် မပေးဖို့ online petition တစ်ခု ကို လုပ်ဖို့ ကြိုးစားနေပါတယ်။
    အများကြီး ရေးစရာ မလိုဘဲ လိုရင်း ကိုရေးရုံပါဘဲ။
    အပြင်မှာ ဆိုရင်တော့ စာရွက်ပေါ်မှာ ကိုယ် လုပ်တဲ့ အကြောင်းရေး၊ စာရွက်မှာ လက်မှတ်ဝိုင်းထိုးပြီး သက်ဆိုင်သူတွေ ဆီပို့ သလိုမျိုးပါဘဲ။
    Online မှာတော့ လူရဲ့ လက်မှတ်အစား အီးမေးထည့်လိုက် ရုံပါဘဲ။
    ကျွန်မ အနေနဲ့ အပြင် ကလူဖြစ်နေတော့ ကျွန်မ ခံစားပြီး ရေးတာထက် ကျွန်မတို့တွေထက် ပိုပြီး စဉ်းစားနိုင်မဲ့ တီချယ်ကြီး ဦးဆောင်ပြီး ရေးလိုက်ရင် ပိုပြီး ဆီလျော် မလားလို့ပါ။
    အဓိက ကတော့ အဆင့်မြင့်တဲ့ အင်္ဂလိပ်လို အရေးအသား စာသားတွေကို တီချယ်ကြီး က ပိုပြီး သုံးနိုင်မှာမို့ပါ။
    မြန်မာလို ကတော့ ဦးဦးပါလေရာ က စပြီး စဉ်းစား ရေးပေးမလား။
    သူရေးတာကို ကျန်တဲ့သူတွေ က ဝိုင်းပြီးဖြည့်ကြ၊ ပြင်ကြပေါ့။

    ကျွန်မ ဘော်လီပုတ်တာ မဟုတ်ပါဘူး။
    ဘော်လုံး ကန်သလို ရှေ့တန်း၊ နောက်တန်း ခွဲကစား မလို့ပါ။
    အဲဒီ စာရရင် မြန်မာ/ အင်္ဂလိပ်လို နဲ့ online petition ကို ကျွန်မ ဆောက်ပေးပါ့မယ်။
    ပြီးရင် ဂေဇက်မှာဖြစ်ဖြစ် သူ့ ဟာသူ နာမည်တစ်ခု နဲ့ဖြစ်ဖြစ် တင်ပြီး internet ထဲမှာ ဆန္ဒရှိသူတွေက သူတို့ အီးမေး ကို ဖြည့်လိုက်ရုံပါ။
    လုံလောက်တဲ့ လက်မှတ် (အီးမေး) တွေ ရရင် ကျွန်မ က တာဝန်ယူပြီး သက်ဆိုင်ရာ နေရာ တွေကို ပို့ပေးပါ့မယ်။
    ဒါက ကျွန်မ စဉ်းစားထားတာပါ။
    ကျန်သူတွေ ကရော ဘယ်လို ထင်လဲ သိချင်ပါတယ်။

    Please feel free to let me know if you don’t have enough time to do so. 🙂

    • TTNU

      June 16, 2012 at 11:01 am

      မလတ်ရေ…
      ကောင်းတဲ့ အကြံအစည်တစ်ခုပါပဲ။
      စိတ်ရော အချိန်ရော အားရင်ဝင်ပါပါမယ်။
      အခုလပိုင်းအတွင်းမှာတော့ ကျန်းမာရေးလေးကြောင့်
      အာရုံမစိုက်နိုင်တာ ခွင့်လွှတ်ပါ။

      ပြီးတော့ ဒါကလည်း Lecture တစ်ခုသင်ပေးရသလို
      စိတ်လက် ခပ်ပေါ့ပေါ့ မရေးချင်လို့ပါ။အထူးသဖြင့်
      ယခု မြန်မာပြည်မှာ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာ အရေး နဲ့
      ပါတ်သက်ပြီး နဲ့ အနောက်နိုင်ငံ တွေ က ဖိအားပေးမှု တွေ
      ဆိုတာကို တော်ရုံသဖြင့် စိတ်ခွန်အားလေးနဲ့ ဝင်မရေးချင်လို့ပါ။

      ဒါကြောင့် စိတ်ရော အချိန်ရော အားရင်ဝင်ပါပါမယ် ဆိုတာလေး
      နားလည်ပေးပါနော်။ For the time being, please count me out.

      မေတ္တာဖြင့်
      တီချာကြီး

  • kyeemite

    June 16, 2012 at 9:47 am

    မင်္ဂလာပါခင်ဗျာ…
    မှတ်သားနာယူသွားပါတယ်။

  • MaMa

    June 16, 2012 at 10:31 am

    I second your lessons.
    Also I seconded to Ma Latt.

    မှန်ရဲ့လား တီချယ်ကြီး။
    မှားရင် တိတ်တိတ်ကလေး ပြင်ပေးပါ။
    မှန်ရင် အမှတ်ကြီးကြီး ခြစ်ပေးပါ။ 😀

  • TTNU

    June 16, 2012 at 11:07 am

    ကိုကြီးမိုက်ရေ…
    ကျေးဇူးပါတော်။

    မမရေ…
    အမှတ်ကြီးကြီးနဲ့ အတူ ချစ်ခင်မေတ္တာ အထုပ်အကြီးကြီးလည်း
    ပို့လိုက်ပါတယ်။

  • Nyein Nyein

    June 16, 2012 at 11:07 am

    တီချယ်ကြီးရှင့်…………… မသိလို့မေးလိုက်တာပါ။ (ဆရာလုပ်တာမဟုတ်ပါဘူး။ မိချောင်းမင်းရေခင်းပြတာလည်းမဟုတ်ပါဘူး။) free ကို verb အနေနဲ့သုံးတဲ့
    ” (c) These exercises help free the body of tension.
    ဒီလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်အကြောအချင်တင်းနေတာတွေ လျော့ကျသွားအောင်
    အထောက်အကူပေးတယ်။ ” ဆိုတဲ့ စာကြောင်းမှာ help ကပါနေတော့ free ကို adjective အလုပ်လုပ်တယ်လို့ မြင်မိလို့ပါ။ သေချာနားမလည်လို့ပါ။ ရှင်းပြပေးစေလိုပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်နော် တီချယ်။ မသိတာတွေ အများကြီးလည်းသိခွင့်ရပါတယ်။

    • TTNU

      June 16, 2012 at 11:42 am

      Nyein Nyein ရေ…

      (These exercises help free the body of tension.
      ဒီလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်အကြောအချင်တင်းနေတာတွေ လျော့ကျသွားအောင်
      အထောက်အကူပေးတယ်။ ” ဆိုတဲ့ စာကြောင်းမှာ help ကပါနေတော့ free ကို adjective အလုပ်လုပ်တယ်လို့ မြင်မိလို့ပါ။) ဆိုတဲ့ အမေးအတွက် အဖြေပါ။

      Help နောက်က (to) ကို မြှုပ်ထားပါတယ်။ သူက optional ပါ။ ထည့်ရင်လည်းရပါတယ်။
      E.g. The college’s aim is to help students (to) achieve their aspirations.
      ဒီဝါကျဖတ်ကြည့်ရင် ရှင်းသွားမှာပါ။ ဒါကြောင့် free ကဒီနေရာမှာ verb ဖြစ်ပါတယ်။

      In verb patterns with a to infinitive, the “to” is often left out, especially
      in informal or spoken English. လို့ ရှင်းလင်းချက်ကို Oxford Advanced Learner’s
      Dictionary မှာ ရေးထားပါတယ်။ ရှာဖတ်ကြည့်လိုက်ပါနော်။

      • Nyein Nyein

        June 16, 2012 at 11:45 am

        တီချယ် အခုလိုရှင်းပြလိုက်တော့ ရှင်းသွားပါပြီ။ စိတ်ရှည်ရှည်နဲ့ သေချာရှင်းပြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ နောင်လည်း မရှင်းတာ၊ မသိတာရှိရင် မေးမယ်နော် တီချယ်…………….

  • cum min

    June 16, 2012 at 11:09 am

    ချစ်ပေးမယ်မမရေ…..ရော့…ပေး…ပွိုုင့်

  • pooch

    June 16, 2012 at 12:58 pm

    တီချယ် အတန်းတက်နောက်ကျမှ လာတက်သွားပါတယ်။
    လေ့ကျင့်ခန်းတော့ နောက်မှပဲ လုပ်ပါတော့မယ်။ 😀

  • အရီး Khin Latt

    June 16, 2012 at 8:18 pm

    တီတီကြီး

    စိတ်ထဲမှာ ဘာမှမထားပါနဲ့ရှင့်။
    တီချယ် နေမကောင်းတာ ကို ဖတ်လိုက်မိပါတယ်။
    တီချယ်ကြီး က ရွာ့အမေ မို့ အသိပေးတဲ့ သဘောလဲ ပါပါတယ်။
    တီချယ်ကြီး မှာ နိုင်ငံတိုးတက်ဖို့ တင်မက ရွာကလူတွေ ကိုပါ ပညာပေးဖို့ စေတနာ အပြည့်ဆိုတာ မလတ် အကြွင်းမဲ့ ယုံပါတယ်။
    အမှန်က ဒီ ကိစ္စကို မလတ် ဘဲ စခဲ့လိုက်တာမို့ မလတ်ဘဲ မြန်မာလို ရေး၊ နောက် ဘာသာပြန်ပြီး ရွာကို တင်ပြပါ့မယ်။
    သဘောတူ ကြရင်တော့ အွန်လိုင်းပေါ် တင်ပေါ့။
    ဘာဘဲဖြစ်ဖြစ် တီချယ်ကြီး ကို ကျေးဇူး တင်ပါတယ်။
    တီချယ် ရဲ့ အချိန် တွေကို ဒီမှာ လာလာပြီးမျှပေးတာ ကြောင့် ကျွန်မ တို့ ပညာ တကယ်ဘဲ အများကြီး တိုးပါတယ် ရှင့်။ အရန်း အကျိုးလဲ အကျိုးရှိပါတယ်။

    လေးစားချစ်ခင်စွာဖြင့်
    မလတ် 🙂

  • ကြောင်ကြီး

    June 18, 2012 at 11:19 am

    တီချယ်ကြီးပြောတဲ့ အဂျစ်တစ်နဲ့ အဘတ် နှစ်မျိုးစလုံးရတဲ့ စာလုံးဆိုတာ ကြေးမုံဂျီးနဲ့ အနော့်ကိုများ ညွှန်းလေရော့သလား။။ ကြေးမုံဂျီးက အတီးအတနဲ့ ဂျစ်ကျပီး အရေးအကြောင်းဆို တစ်နေဒတ်လို့ အဂျစ်တစ်၊ အနော်က လွတ်လပ်ပေါ့ပါး တွေးခေါ်မျှော်မြင် ရှင်သန်နိုင်တဲ့ ငှက်တဂေါင် a bird.

Leave a Reply