ကိုကာကိုလာတွေ ဈေးပေါပေါနဲ့ သောက်နိုင်တော့မည်

kanjosanJune 15, 20121min25319

နာမည်ကျော် အမေရိကန်ကုမ္ပဏီ ကိုကာကိုလာ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာတော့ မြန်မာနိုင်ငံမှာ တစ်ခြားနိုင်ငံတွေလို ဈေးပေါပေါနဲ့ သောက်ဖို့အရေး နီးစပ်သွားပါတယ်… မြန်မာနိုင်ငံမှာ code သံဗူးကို ဈေးကြီးကြီးနဲ့ သောက်နေရတာဟာ တစ်ခြားနိုင်ငံတွေကတစ်ဆင့်ခံ လည်တင်ပို့လို့ ဖြစ်ပါတယ်… ယခုအချိန် စက်ရုံ မတည်သေးပေမဲ့ အိမ်နီးခြင်းနိုင်ငံတွေကနေ တရားဝင် တစ်ဆင့် ဖြန့်ဖြူးမယ်လို့ သိရပါတယ်…  မြန်မာနိုင်ငံမှာ စက်ရုံ တည်ထောင်ပြီး ဖြန့်ဝေမယ်ဆိုရင်တော့ လုပ်သားအင့်အား အများအပြားလိုအပ်လို့ အလုပ်အကိုင် အခွင့်အလန်းလဲ ပေါ်လာမှာပါ… မြန်မာနိုင်ငံမှာ ကိုကာကိုလာ ဟာ ၁၉၂ရ တည်းကရှိခဲ့ပြီး ပြန်ရုတ်သိမ်းသွားတာ နှစ်ခြောက်ဆယ်တောင် ကြာခဲ့ပါပြီတဲ့…  အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလန်းအတွက် ဒေါ်လာသုံးသန်း ထောက်ပံ့ဖို့လည်း ရှိပါတယ်…

19 comments

  • water-melon

    June 15, 2012 at 2:00 pm

    ဂယ်လားဟင်
    သောက်အုန်းမယ်တော့
    ကိုကာကိုလာထက် နွားနို့ကိုပိုကြိုက်တယ်
    နွားနို့စက်ရုံထောင်မယ် မကြားမိဘူးဟင်

    • Zero Hour

      June 15, 2012 at 3:14 pm

      ဖရဲသီး အတွက် နွားနို့ စက်ရုံကို ရိုဟင်ဂျာများက လာတည်ဆောက်ပါမည်တဲ့။ 😛
      စတာနော်။

  • may flowers

    June 15, 2012 at 2:01 pm

    ဝမ်းမသာဘူး…………ကိုလာမကြိုက်လို့……….နောက်ပြီးကိုလာသောက်တာအရွယ်ကျတယ်တဲ့..;D.

  • kanjosan

    June 15, 2012 at 2:04 pm

    ကိုလာတာ မကြိုက်ရင် မောင်လာတာတော့ ကြိုက်မှာပါ… 😀

  • kanjosan

    June 15, 2012 at 2:06 pm

    နွားနို့ဆို ညစ်ရတာ မလွယ်ဘူး… မေးပေးပါ့မယ် ဩဇီက နွားနို့စက်ရုံ ဘယ်တော့ထောင်မလဲလို့ water melon က နွားနို့ရောခြင်လို့တဲ့လို့

  • ကြောင်ဝတုတ်

    June 15, 2012 at 2:12 pm

    ကိုကာကိုလာဈေးပေးပြီး အစုပ်ပလုပ်ကိုလာသောက်နေရတဲ့ဘေးမှ ကင်းဝေးစေနိုင်တော့မှာဖြစ်လို့ ဝမ်းသာပါတယ်ခင်ဗျား…

    ကိုလာကြိုက်သူ-
    ကြောင်ဝတုတ်

  • Myo Min Oo

    June 15, 2012 at 3:08 pm

    ဒါအမှန်ဘဲဆိုရင် မက်စ် ဇော်ဇော်တော့ မျက်ခုံးလှုပ်နေတော့မှာဘဲ၊

    • Zero Hour

      June 15, 2012 at 3:16 pm

      ကိုကာကိုလာ တံဆိပ်များ ပို့လိုက်ပြီး မက်စ်စက်ရုံတွင် တံဆိပ်ကပ်သည်။

  • ဟိန်း ဝင်း (ထားဝယ်သား)

    June 15, 2012 at 3:20 pm

    Made in Myanmar ပေါ့ …

  • k19

    June 15, 2012 at 3:36 pm

    ဘာတွေပြောနေကျတာလဲဟင်….တို့လဲသောက်ချင်တယ်..နို့…

  • hein latt

    June 15, 2012 at 4:15 pm

    သားသားယဲသောက်ချင်ဒယ်….အူးဝါး….(ဘေးဂပုံဂိုကြည်.ပီးဖတ်ရန်)

  • အူးလေး

    June 15, 2012 at 4:17 pm

    ဈေးနားမှာ အလဂါး တိုက်နေဒယ်. သွားသောက်ချည်

  • မောင်ပေ

    June 15, 2012 at 7:38 pm

    ဟိုး ကျုပ်တို ့လူပျိုပေါက်ဘဝက အဆက်မပြတ်သောက်ခဲ့ဖူးတဲ့ ၊ ဟက်နီကန်လား … ဘာနီကန်လား အဲ့ဘီယာစက်ရုံတွေလဲ အမြန်ဆုံး လာဆောက်ပါစေဗျာ

  • သားဦး၊မြေးဦး

    June 15, 2012 at 8:47 pm

    အားလုံး နီနေကြပါရောလားဗျာ။Coca Cola ကိစ္စက အနီနဲ ့အဝေးကြီးပါ။
    ဘယ်လို့ဖစ်ပါလိမ့်ဗျ

  • gyinkalay

    June 15, 2012 at 10:40 pm

    သောက်တာတော့သောက်ကြပေါ့နော်..ဒါပေမယ့် ကိုကာကိုလာနဲ ့ပရာစီတမောနဲ ့ မတည့်ဘူးဆိုပဲ တစ်ခါ ဖတ်ရဖူးတယ်..သတိတော့ထားကြ တော်ကြ ဂွိသွားမယ်….

  • memeseku

    June 15, 2012 at 11:34 pm

    အင်းကိုကာကိုလာက ဘာမှ လဲ မထူးပါဘူး… ဈေးကတော့သိပ်မသေးလောက်ဘူး… တစ်ဘူးကို အနည်းဆုံး… ၈၀ဝ ၉၀ဝ တော့ ရှိမယ်… tin ဘူးကိုပြောတာနော်… ဝတော့ဝတယ်… နောက်ပြီး ကြက်ကြော်နဲ့လိုက်တယ်… 🙂 ပြေးပြီ KFC

  • ကြောင်ဝတုတ်

    June 16, 2012 at 7:50 am

    အနီက ကိုကာကိုလာကိုဂုဏ်ပြုထားတာပါ
    ကိုကာကိုလာက အနီရောင်လေ

    အနီရောင်ကြောင်
    ကြောင်ဝတုတ်

  • ရွာစားကျော်

    June 16, 2012 at 8:08 am

    ကိုကာကိုလာ အရောင်က ဒီလောက်မနီဘူးလားလို့ပါ
    ခုတော့ ရဲတွတ်နေတာပါလား..
    ကိုကာကိုလာ မကြိုက်ဘူး.. မက်စ်ပလပ်ပဲ သောက်မယ်ဆိုတဲ့လူတွေထင်တယ်..

  • cum min

    June 20, 2012 at 3:41 pm

    မသောက်တောပါဘူးကွာ…

Leave a Reply