မြန်မာ့ ကျောက်ဖြစ် ရုပ်ကြွင်းများက ကမ္ဘာ သမိုင်းကို ပြောင်းလဲ လိုက်ပြီ

wintayzahlaingJune 15, 20121min1046


“ကမ္ဘာအစ မြန်မာက” ဖြစ်တယ် ဆိုတာကို မြန်မာနိုင်ငံ မှာ တွေ့ ရှိ ခဲ့တဲ့ နှစ်ပေါင်း ၃ရ သန်း
ကျော်လောက်က လူသား ကျောက်ဖြစ် ရုပ်ကြွင်းတွေက သက်သေပြနိုင် ခဲ့ပါပြီ။ မြန်မာပြည်က ကျောက်ဖြစ် ရုပ်ကြွင်းတွေကို လေ့လာနေတဲ့ အဖွဲ့က တွေ့ရှိ ခဲ့တဲ့ ရှေးလူသားတွေရဲ့ သွားတွေဟာ အာဖရိကမှာရှိတဲ့ ရှေးအကျဆုံး လူသားတွေရဲ့ သွားတွေနဲ့ တူညီနေတာကို တွေ့လိုက်ရလို့ ဟိုးအရင် ကတည်းကတိုင် အာရှနဲ့ အာဖရိကဟာ ဆက်သွယ်မှု ရှိနေတယ် ဆိုတာကိုပါ သိရပါတယ်။ တကယ်တော့ လူသား အစဟာ အာရှမှာ အခြေတည်ခဲ့ပြီးမှ ကမ္ဘာဦးလူသားတွေဟာ မြေထဲပင်လယ်ကို ဖြတ်ပြီး၊ အာဖရိက အထိ ခြေဆန့် ခဲ့တာပါ။ မြန်မာ့ သွားတွေဟာ အာဖရိက သွားတွေထက်တောင်မှ ပိုရှေးကျတဲ့အပြင်၊ မြန်မာ့သွားတွေဟာ ကမ္ဘာ့ရှေးဦး လူသားတွေရဲ့ သွားတွေဖြစ်တယ် ဆိုတာကိုပါ ထူးထူးခြားခြား တွေ့ရှိခဲ့တာပါ။
ဒါကြောင့်မိုလို့ လူသားအစဟာ အာဖရိက မဟုတ်ဘဲ၊ အာရှသာ ဖြစ်နေတာကြောင့် သမားရိုးကျ ယူဆထားကြတဲ့ ကမ္ဘာ့သမိုင်းကို မြန်မာ့သမိုင်းက ပြောင်းလဲပြလိုက်နိုင်တာပါ။ မြန်မာပညာရှင်တွေနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ သမိုင်းပြတိုက်က ပညာရှင်တွေက မြန်မာနိုင်ငံ အလယ်ပိုင်း မှာရှိတဲ့ ညောင်ပင်လယ်ကျေး ရွာက မြေသားတွေနဲ့ ကျောက်သားတွေ ကို ခြောက်နှစ်လောက်ကြာအောင် အထပ်ထပ်အခါခါ စစ်ထုတ်နိုင်ခဲ့လို့ ကမ္ဘာ့ စာနယ်ဇင်းတွေမှာ “ကမ္ဘာ့အစ မြန်မာက” လို့ ဇွန်လ ၅ ရက်က အတိအလင်း ကြေငြာနိုင်ခဲ့ပါပြီ။

(Science Daily, 6 June) ကျော်မိုးဟိန်း

6 comments

  • water-melon

    June 15, 2012 at 3:13 pm

    ကောင်းသတင်းဘဲတော့
    မြန်မာကိုလာမစမ်းနဲ့
    အာရှရဲ့ကျားတစ်ကောင်ပြန်လာပြီ

  • ဟိန်း ဝင်း (ထားဝယ်သား)

    June 15, 2012 at 3:17 pm

    အစကတော့ ဟုတ်ပါပြီ …. အခုတော့ နောက်ဆုံးမှာ … အဟင့်

  • k19

    June 15, 2012 at 3:32 pm

    ဟေး…ပျော်တယ်ကွ…10ရပြီး

    • ashinthusitta

      June 15, 2012 at 4:40 pm

      သမိုင်းတစ်ခု ပြောင်းသွားပြန်ပြီပေါ့…

  • Wai Phyoe

    June 15, 2012 at 5:53 pm

    အီး ဒီလိုပြောတာ ၁ဝ စုနှစ်ကျော်ရောပေါ့
    ပာိုနိင်ငံကလည်း သူတို့ကအစတဲ့ ဒီနိင်ငံကလည်း ငါ့တို့အစတဲ့
    အရေးကြီးတာကတော့ ဘယ်သူစစ ခုလက်ရှိအောင်မြင်ဖို့ပါပဲ

  • memeseku

    June 15, 2012 at 11:28 pm

    ဒီလိုပါပဲ ပြောကြတာပဲ နောက်ဘယ်သူမှလဲ အသိအမှတ်မပြု ဘူး…

Leave a Reply