JavaScript variable

wailynnooJune 23, 20101min930

<html>
<head>
<title>JavaScript</title>
</head>
<body>
<script type=”text/javascript”>
var myVariable = “Hello World”;
document.write(myVariable);
</script>
</body>
</html>

အပေါ်က example ကို run လိုက်ရင် borwser မှာ Hello World ဆိုတဲ့စာတန်းဘဲပေါ်မှာပါ။ အဲဒီမှာ myVariable ဆိုတဲ့ variable ကိုသုံးထားတာတွေ့ရမှာပါ။  variable ဆိုတာ data တွေရေးဖို့ဖတ်ဖို့အတွက် computer’s memory မှာနေရာလေးတစ်ခုသတ်မှတ်လိုက်တာပါ။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ variable လေးရဲ့အမည်က myVariable ဖြစ်ပြီး သူထဲကို Hello World ဆိုတဲ့ text တစ်ခုကိုထည့်ထားပါတယ်။ အဲဒီ text ကို String လို့လဲခေါ်ပါတယ်။
JavaScript မှာ variable သုံးမျိုးရှိပါတယ်။
1.String
2.Number
3.Boolean

1.String
String ဆိုတာ character အစုအဝေးတွေကိုခေါ်တာပါ။ letters, punctuation marks တွေအပြင် number တွေကို double quote ထဲထည့်ရေးထားရင် String ပါဘဲ။
Hello and welcome!
Who are you?
I am 6 feet tall
ဒါတွေအားလုံးဟာ String variable တွေပါဘဲ။

2.Number
Number မှာ နှစ်မျိုးရှိပါတယ်။ Integers နဲ့ Floating point တို့ဖြစ်ပါတယ်။ အပြည့်ကိန်းနဲ့ ဒသမကိန်းပေါ့။

3.Boolean
ဒါကတော့ အားလုံးသိတဲ့အတိုင်း အမှားနဲ့ အမှန်နှစ်မျိုးဘဲ ရှိတဲ့ variable ပါ။

<html>
<head>
<title>JavaScript</title>
</head>
<body>
<script type=”text/javascript”>
var myVariable = 253;
document.write(myVariable);
</script>
</body>
</html>

အပေါ်က example ကို run လိုက်ရင် borwser မှာ 253 လို့ပေါ်ပါလိမ့်မယ်။ ဒါပင်မယ့် အဲဒီ 253 က String မဟုတ်ပါဘူး Number ပါ။ အဲဒီကိန်းဂဏန်းကို အပေါ်အနှုတ်အကုန်လုပ်လို့ရပါတယ်။ အပေါင်းအနှုတ်တွေအကြောင်း ဆက်လေ့လာကြတာပေါ့။