ကျုပ် သတင်း ရေးရင် ထုံးစံအတိုင်း ပေါက်ပန်းလေးဆယ် လုပ်ချသွားမှာပဲ

ဆိုပီး လူဒွေက အယုံအကြည် မရှိကြတာ .. ကျုပ် သိပ် စိတ်ထိခိယက်ရတယ်..

ဘယ့်နှယ့် ဟုတ်တိုင်းမှန်ရာကို အနေဝေးပေမယ့် အဝေးနေ မဟုတ်တဲ့

စီဂျေ တယောက် အနေနဲ့ မှန်မှန်ကန်ကန် ရေးပေမယ့် …

ဘယ်တော့မှ အကောင်းမပြောကြဘူး..

အဂ္ဂမဟာ လစ်ဘရယ် သဂျီး တောင် ပါသေး..

မန်ဘာ အသစ်တွေရဲ့ ကောမန့်တွေကို စစ်တယ် ဘာညာသာပြောတာ..

ကျုပ်ကို ရဇယာ မရှိအောင် ဆဲသွားလည်း သူက မမြင်ဂျင်ယောင် ဆောင်တယ်..

ခုထိရှိသေးဒယ် …မယုံရင် သွားကြည့် အင့် အင့် …

 

ခက်တာက ကျုပ်ကလည်း မြင်ရင် တွေ့ရင် ရေးဖြစ် သတိတွေပေးဖြစ်နေတော့တာကလား..

ခုလည်းကြည့်ဦးလေ…

 

အမှန်အကန် ဂျိုကြွတဲ့ ကောင်တွေ အတော် ပေါနေဘီ…

နှိမ်နင်းမယ့်လူ မရှိ။ ကွပ်ညက်မယ့်လူမရှိ။

အဲ့ ကောင်တွေ မြို့ နေရာတိုင်း လိုလို မှာ ရှိလား ရှိရဲ့ …

အံမယ် မိုက်တိ မိုက်ကန်း ဒွေ ဗျ

 

ဘယ်ကောင့်မှလည်း နိုးသောက်ဂရု ဆိုတဲ့ အချိုးတွေချည်း…

နောက် ဒီကောင်တွေက အုပ်ဖွဲ့ပြီးလည်း သွားတတ်တယ်…

လူတွေ နည်းနည်း အ၀ဲယား နက်ဖို့တော့ ကောင်းပါတယ်ဗျာ…

 

တကယ်ပါ ဒီကောင်တွေ ဗလ အကောင်းဆုံးကောင်

အမိုက်ဆုံး ကောင်ကို ရှေ့ဆုံးမှာ ထား ..သွားချင်တိုင်း သွားနေတာများ

တံခါးမရှိ ဓါးမရှိ

ဘယ်မှာတုန်း တာဝန်ရှိသူတွေ … ဘယ်မှာတုန်း လုံထိန်းတွေ…

 

ဖာသိဖာသာ လုပ်လို့ မရဘူးလေဗျာ ..ဟုတ်တယ် မလား..

 

သည်ကောင်တွေ ကြောင့် ဘာတွေ ဘယ်လို ထိခိုက်ပျက်စီးမယ်ဆိုတာ

ခင်ဗျားရော အာမခံနိုင်လား မြို့တော်ဝန်ဂျီးရော အာမ ခံနိုင်လား..

 

ဒဂယ် ဒဂယ်… ကျုပ်တော့ ခင်ဗျားတို့ အစား ရင်လေးပါရဲ့ဗျာ..

ကျုပ်က အနေဝေးတာမို့ အနေသာကြီး ပေမယ့် …

ဒင်းတို့ကြောင့် လူကောင်းတွေ ဒုက္ခရောက်မှာတော့

မလိုလားတာ အမှန်ပါဗျာ … ဟောဒီ ရင်ဘတ်ကြီးထဲက ဇဂါးပါ..

(ဘန်း ..ဘန်း ၂ချက်ထုသည်)

 

ခင်ဗျားတို့ကို ပြောရဦးမယ် …ဒီကောင်တွေအကြောင်း..

ဒီကောင်တွေ ဘယ် က ဆင်းသက်သက်တယ် မမေးနဲ့ ကျုပ် မသိဘူး..

ကျုပ်သိတာ ပဲ ကျုပ်ပြောမယ် …ဒီကောင်တွေက ဘာသာမဲ့ဒွေ

ဘုရား တရား လုံးဝ နကန်း ၁လုံး နားလည်တာ မဟုတ်ဘူး….

ပြောရရင် ဟောသည့်ကမ္ဘာမှာ ဘယ်ဘုရား ဘယ်ဘာသာ ကိုမှ

အသိအမှတ် မပြုတဲ့ ကောင်ဒွေ ..တဂဲ့ တိရစ္ဆာန်တွေ ..

အိပ်တာ စားတာနဲ့ ဟိုဟာပြုတာပဲ စိတ်ဝင်စားတဲ့ကောင်တွေ …

 

ဘယ့်နှယ်ဗျာ ..ဘာသာရေးအဆောက်အဦတွေထဲလည်း

မိုက်တိမိုက်ကန်း ၀င်လိုဝင် လမ်းဆုံလမ်းဂွတွေလည်း ထင်ရာ လုပ်လိုလုပ်

 

အဲ့လိုကောင်တွေ မြို့ ကို စီးမိနေတာ …ကျုပ်တော့ နည်းနည်းလေးမှ

မကြိုက်ဘူးဗျာ …

 

ဇရိုက် ..ဟုတ်လား …ဟုတ်တယ် ..ဇရိုက်တွေ …ဒီကောင်တွေက

ဟစ်ပီ ဇရိုက်လေ သိတယ်မလား … တော်ဘီ ညှီတာတွေ ထားတော့

လူဗြိုလ်လေး လက်ရှက်တယ် ကျော်မယ်…

 

ခင်ဗျားတို့ သိဇေဂျင်လို့ ဂလောက် အရှည်ရီး ရေးတာပါဗျာ…

 

ဒီကောင်တွေလာရင် အဝေးကနေကို သိသာတယ်. ..

ဒီကောင်တွေက အနံ့အသက် မကောင်းဘူးဗျ..အေးလေ..

အပေအတေတွေပဲဟာ …ထူးခြားချက်က ဒီကောင်တွေ အကုန်လုံး

မျက်လုံးပြူးတာပဲ …

 

အင့် အင့် ..ဒီကောင်တွေရဲ့ ပုံ ….

 

……………………………………..

…………………………………….

……………………………………

……………………………………..

……………………………………..

……………………………………..

……………………………………..

……………………………………..

…………………………………….

……………………………………

……………………………………..

……………………………………..

……………………………………..

……………………………………..

……………………………………..

…………………………………….

……………………………………

……………………………………..

……………………………………..

……………………………………..

……………………………………..

……………………………………..

…………………………………….

……………………………………

……………………………………..

……………………………………..

……………………………………..

……………………………………..

 

 

အကောင် ငယ်မို့ ဂျို သိပ် မကြွသေး..

 

တကယ့်ကောင်တွေဗျာ ..ကြောက်ကို မကြောက်တာ ..လူကို

 

အကောင်ကြီး လေ ဂျိုကြွလေ

 

ကြွရဲမှာပေါ့ဗျာ… အဲ့သည့်မြို့မှာ အဲ့ကောင်တွေ မဖမ်းရ မသတ်ရ မစားရ ..အမိန့်ထုတ်ပြီး ကာကွယ်ထားတော့ သကိုး..

 

အဲ့သလို လုပ်ချင်တာ လုပ်တဲ့ ကောင်တွေပါဆို ...

 

မြို့ထဲမှာ သည်အတိုင်းကို လွှတ်ထားတာဗျ … သမင်မြို့လို့ ပြောရမှာပေါ့…

 

အတော် မျက်စိပြူးတဲ့ကောင်တွေပါဗျာ..

 

မျက်နှာကျတော့ မလှရှာဘူး …သနားထှာအေ… ခိခုခိခု…

 

ကလေးတွေနဲ့ အတူတူ

 

မခန့်တာ မခန့်တာ ..အဲ့လို အုပ်ဖွဲ့ပြီး ကို မခန့်တာပါဆို…

 

ပြောင်သလားကွယ်...

 

 

နှုတ်သီးဖြတ်ရိုက်လိုက်ရ မကောင်းရှိတော့မယ် …အတော် ကဲကြပါတယ်ဗျာ.. တကယ်ပါ…

 

ဂျစ်ပစီတွေပါဗျာ..

ကျနော် … နာလ လို့ခေါ်တဲ့ မြို့လေး ကို ပီးခဲ့တဲ့တပါတ်က သွားခဲ့ပါတယ်…

တခြား ထူးခြားချက်တွေ လည်း ရှိပေမယ့် သည်တခု ကို အရင်ဆုံး ဖော်ပြလိုက်ရပါတယ်ဗျာ…

ဟုတ်ကဲ့ …သမင်တို့ရဲ့ မြို့ပါ

တော်သေးဘီ

ခင်တဲ့

ဂီ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011