မြို့ထဲ အနှံ့ သောင်းကျန်းနေကြပြီ (သည်တခါ ဂယ်)

ムラカミJune 18, 20122min18727

 

ကျုပ် သတင်း ရေးရင် ထုံးစံအတိုင်း ပေါက်ပန်းလေးဆယ် လုပ်ချသွားမှာပဲ

ဆိုပီး လူဒွေက အယုံအကြည် မရှိကြတာ .. ကျုပ် သိပ် စိတ်ထိခိယက်ရတယ်..

ဘယ့်နှယ့် ဟုတ်တိုင်းမှန်ရာကို အနေဝေးပေမယ့် အဝေးနေ မဟုတ်တဲ့

စီဂျေ တယောက် အနေနဲ့ မှန်မှန်ကန်ကန် ရေးပေမယ့် …

ဘယ်တော့မှ အကောင်းမပြောကြဘူး..

အဂ္ဂမဟာ လစ်ဘရယ် သဂျီး တောင် ပါသေး..

မန်ဘာ အသစ်တွေရဲ့ ကောမန့်တွေကို စစ်တယ် ဘာညာသာပြောတာ..

ကျုပ်ကို ရဇယာ မရှိအောင် ဆဲသွားလည်း သူက မမြင်ဂျင်ယောင် ဆောင်တယ်..

ခုထိရှိသေးဒယ် …မယုံရင် သွားကြည့် အင့် အင့် …

 

ခက်တာက ကျုပ်ကလည်း မြင်ရင် တွေ့ရင် ရေးဖြစ် သတိတွေပေးဖြစ်နေတော့တာကလား..

ခုလည်းကြည့်ဦးလေ…

 

အမှန်အကန် ဂျိုကြွတဲ့ ကောင်တွေ အတော် ပေါနေဘီ…

နှိမ်နင်းမယ့်လူ မရှိ။ ကွပ်ညက်မယ့်လူမရှိ။

အဲ့ ကောင်တွေ မြို့ နေရာတိုင်း လိုလို မှာ ရှိလား ရှိရဲ့ …

အံမယ် မိုက်တိ မိုက်ကန်း ဒွေ ဗျ

 

ဘယ်ကောင့်မှလည်း နိုးသောက်ဂရု ဆိုတဲ့ အချိုးတွေချည်း…

နောက် ဒီကောင်တွေက အုပ်ဖွဲ့ပြီးလည်း သွားတတ်တယ်…

လူတွေ နည်းနည်း အဝဲယား နက်ဖို့တော့ ကောင်းပါတယ်ဗျာ…

 

တကယ်ပါ ဒီကောင်တွေ ဗလ အကောင်းဆုံးကောင်

အမိုက်ဆုံး ကောင်ကို ရှေ့ဆုံးမှာ ထား ..သွားချင်တိုင်း သွားနေတာများ

တံခါးမရှိ ဓါးမရှိ

ဘယ်မှာတုန်း တာဝန်ရှိသူတွေ … ဘယ်မှာတုန်း လုံထိန်းတွေ…

 

ဖာသိဖာသာ လုပ်လို့ မရဘူးလေဗျာ ..ဟုတ်တယ် မလား..

 

သည်ကောင်တွေ ကြောင့် ဘာတွေ ဘယ်လို ထိခိုက်ပျက်စီးမယ်ဆိုတာ

ခင်ဗျားရော အာမခံနိုင်လား မြို့တော်ဝန်ဂျီးရော အာမ ခံနိုင်လား..

 

ဒဂယ် ဒဂယ်… ကျုပ်တော့ ခင်ဗျားတို့ အစား ရင်လေးပါရဲ့ဗျာ..

ကျုပ်က အနေဝေးတာမို့ အနေသာကြီး ပေမယ့် …

ဒင်းတို့ကြောင့် လူကောင်းတွေ ဒုက္ခရောက်မှာတော့

မလိုလားတာ အမှန်ပါဗျာ … ဟောဒီ ရင်ဘတ်ကြီးထဲက ဇဂါးပါ..

(ဘန်း ..ဘန်း ၂ချက်ထုသည်)

 

ခင်ဗျားတို့ကို ပြောရဦးမယ် …ဒီကောင်တွေအကြောင်း..

ဒီကောင်တွေ ဘယ် က ဆင်းသက်သက်တယ် မမေးနဲ့ ကျုပ် မသိဘူး..

ကျုပ်သိတာ ပဲ ကျုပ်ပြောမယ် …ဒီကောင်တွေက ဘာသာမဲ့ဒွေ

ဘုရား တရား လုံးဝ နကန်း ၁လုံး နားလည်တာ မဟုတ်ဘူး….

ပြောရရင် ဟောသည့်ကမာ္ဘမှာ ဘယ်ဘုရား ဘယ်ဘာသာ ကိုမှ

အသိအမှတ် မပြုတဲ့ ကောင်ဒွေ ..တဂဲ့ တိရစာ္ဆန်တွေ ..

အိပ်တာ စားတာနဲ့ ဟိုဟာပြုတာပဲ စိတ်ဝင်စားတဲ့ကောင်တွေ …

 

ဘယ့်နှယ်ဗျာ ..ဘာသာရေးအဆောက်အဦတွေထဲလည်း

မိုက်တိမိုက်ကန်း ဝင်လိုဝင် လမ်းဆုံလမ်းဂွတွေလည်း ထင်ရာ လုပ်လိုလုပ်

 

အဲ့လိုကောင်တွေ မြို့ ကို စီးမိနေတာ …ကျုပ်တော့ နည်းနည်းလေးမှ

မကြိုက်ဘူးဗျာ …

 

ဇရိုက် ..ဟုတ်လား …ဟုတ်တယ် ..ဇရိုက်တွေ …ဒီကောင်တွေက

ဟစ်ပီ ဇရိုက်လေ သိတယ်မလား … တော်ဘီ ညှီတာတွေ ထားတော့

လူဗြိုလ်လေး လက်ရှက်တယ် ကျော်မယ်…

 

ခင်ဗျားတို့ သိဇေဂျင်လို့ ဂလောက် အရှည်ရီး ရေးတာပါဗျာ…

 

ဒီကောင်တွေလာရင် အဝေးကနေကို သိသာတယ်. ..

ဒီကောင်တွေက အနံ့အသက် မကောင်းဘူးဗျ..အေးလေ..

အပေအတေတွေပဲဟာ …ထူးခြားချက်က ဒီကောင်တွေ အကုန်လုံး

မျက်လုံးပြူးတာပဲ …

 

အင့် အင့် ..ဒီကောင်တွေရဲ့ ပုံ ….

 

……………………………………..

…………………………………….

……………………………………

……………………………………..

……………………………………..

……………………………………..

……………………………………..

……………………………………..

…………………………………….

……………………………………

……………………………………..

……………………………………..

……………………………………..

……………………………………..

……………………………………..

…………………………………….

……………………………………

……………………………………..

……………………………………..

……………………………………..

……………………………………..

……………………………………..

…………………………………….

……………………………………

……………………………………..

……………………………………..

……………………………………..

……………………………………..

 

 

အကောင် ငယ်မို့ ဂျို သိပ် မကြွသေး..

 

တကယ့်ကောင်တွေဗျာ ..ကြောက်ကို မကြောက်တာ ..လူကို

 

အကောင်ကြီး လေ ဂျိုကြွလေ

 

ကြွရဲမှာပေါ့ဗျ ာ… အဲ့သည့်မြို့မှာ အဲ့ကောင်တွေ မဖမ်းရ မသတ်ရ မစားရ ..အမိန့်ထုတ်ပြီး ကာကွယ်ထားတော့ သကိုး..

 

အဲ့သလို လုပ်ချင်တာ လုပ်တဲ့ ကောင်တွေပါဆို ...

 

မြို့ထဲမှာ သည်အတိုင်းကို လွှတ်ထားတာဗျ … သမင်မြို့လို့ ပြောရမှာပေါ့…

 

အတော် မျက်စိပြူးတဲ့ကောင်တွေပါဗျာ..

 

မျက်နှာကျတော့ မလှရှာဘူး …သနားထှာအေ… ခိခုခိခု…

 

ကလေးတွေနဲ့ အတူတူ

 

မခန့်တာ မခန့်တာ ..အဲ့လို အုပ်ဖွဲ့ပြီး ကို မခန့်တာပါဆို…

 

ပြောင်သလားကွယ်...

 

 

နှုတ်သီးဖြတ်ရိုက်လိုက်ရ မကောင်းရှိတော့မယ် …အတော် ကဲကြပါတယ်ဗျာ.. တကယ်ပါ…

 

ဂျစ်ပစီတွေပါဗျာ..

ကျနော် … နာလ လို့ခေါ်တဲ့ မြို့လေး ကို ပီးခဲ့တဲ့တပါတ်က သွားခဲ့ပါတယ်…

တခြား ထူးခြားချက်တွေ လည်း ရှိပေမယ့် သည်တခု ကို အရင်ဆုံး ဖော်ပြလိုက်ရပါတယ်ဗျာ…

ဟုတ်ကဲ့ …သမင်တို့ရဲ့ မြို့ပါ

တော်သေးဘီ

ခင်တဲ့

ဂီ

27 comments

  • Moe Z

    June 18, 2012 at 11:07 am

    ဪ .. ဘာသာရေးအဆောက်အဦးတွေလည်း ဝင်တယ်ဆိုလို့ ပုရွက်ဆိတ်မှတ်တာ သမင်ကိုး
    မသိလို့မေးပါရစေ အဲဒီကောင်တွေအနံ့နဲ့ ချဉ်ပတ်အနံ့ ဘယ်ဟာပိုဆိုးလဲဟင် :mrgreen:

    • Azzurri

      June 18, 2012 at 11:14 am

      ပြောရက်ပါဘေ့ ဇက်ကလေးရယ်. ..
      ကအင်ဂျီး က Dolce & Gabbana
      (ဒွဲ့လ်ဖ် အဲန် ဂဘ္ဘနာ) နံ့လေး မွေးပါတယ်ကွယ်….

      😀

      အာ..ဟိ…

  • etone

    June 18, 2012 at 11:14 am

    အဟဲဟဲ … ဒီတစ်ခါတော့ မရတော့ဘူးမှတ် …မိအေး နှစ်ခါမနာတော့ဘူး … (သည်တခါ ဂယ်) ဆိုတာ မြင်ကတည်းက … အပေါ်ဆုံးကစမဖတ်ဘူး …… အောက်ဆုံးကို အရင်ပြေးကြည့်လိုက်တယ် … အဟဲ … 😛

  • ဆူး

    June 18, 2012 at 11:19 am

    သမင် စားတဲ့ ကန်ဇွန်းဥ ဈေးကတော့ မြန်မာပြည်က သွားတဲ့ လူဆိုတော့ လန် ထွက်နေတာပဲ.. တိုးဂိုက်တွေက မှာတယ် သမင်တွေ ကို အစာဝယ်ကျွှေးရင် သတိထားပါ။ သမင်တွေက အတင်းတိုးပြီး လု တောင်းတတ်လို့.. တခါတရံ ဂျိုနဲ့ တိုက်ခိုက် ခံရသလို ဖြစ်တတ်တယ်တဲ့.. ဆူး မြင်ခဲ့တဲ့ အချိန်တုန်းက အမွှေးတွေ ကျွတ်နေလို့ ရုပ်တွေက ဘာရုပ်ပေါက်နေလဲ မသိဘူး။
    အပူပိုင်းသူ ဆိုတော့လည်း အေးတဲ့ အချိန်ရှောင်သွားတာဆိုတော့ ဒီလောက်တော့ ရှိမပေါ့..

  • pan pan

    June 18, 2012 at 11:51 am

    ဒီလူကြီး ဘယ်လိုပဲ မှန်မှန်ကန်ကန်ကြီးပါလို့ပြောပြော
    ပေါက်ကရလုပ်မယ်ဆိုတာ အစတည်းကသိပါတယ် 😉
    အစကတော့ ခွေးတွေလို့မှတ်တာ
    တကယ်တော့ သမင်တဲ့
    သမင်လေးတွေ သနားပါတယ်
    ကိုယ်ချင်းမစာမနာ ပြောရက်တဲ့လူကြီး
    အသည်းနှလုံးမရှိလိုက်ထှာ
    ချဉ်ဖို့ကောင်းပါ့ :mrgreen:

  • ဦးဦးပါလေရာ

    June 18, 2012 at 11:58 am

    နှစ်ခါတော့ အပတ်မခံဘူး ဂီရေ…

    ဘာလုပ်တော့မယ်မှန်းသိအောင် ပုံအရင်ကြည့်တယ်။.. 😛

    လူတွေနဲ့ ရင်းနှီးခွင့်ပေးထားတာ သဘောကျတယ်။ တိရစ္ဆာန်ကို လက်တွေ့ ချစ်တတ်သွားတာပေါ့..။

  • myanmarcitizen

    June 18, 2012 at 11:59 am

    ဟင့် ဒီတစ်ခါလဲ ခံလိုက်ရတာဗျဲ။ ကိုယ်ကမှ etone လေးလို အောက်ကစမကြည့်မိတာကိုး။

    • နွေဦး

      June 18, 2012 at 2:17 pm

      အော် etone လို အောက်က စ မ ကြည့် မိတာလား….
      ခံသာပါတယ်လေ….

      • Davit

        June 18, 2012 at 5:31 pm

        အုလေး အုလေး………………. “စ” နဲ့ “မ” ကြားဘယ့်နှယ့် စပေ့ကြီးကခြားသွားဒါဒုံးဗျ………..

  • Thel Nu Aye

    June 18, 2012 at 12:27 pm

    လုပ်ပြီလို့တော့သိလိုက်ပါတယ်။ ဒါပေမဲ့နဲနဲတော့ခံလိုက်ရသေးတာပဲ။ ကြွက်မှတ်လို့။ နောက်တခါတုန်တုန် လိုအောက်ကစကြည့်မယ်။

  • Aung

    June 18, 2012 at 12:37 pm

    ဟုတ်ကဲ့ ကျွန်တော်လည်း ခံရသူစာရင်းထဲ
    ပါသွားရပါတယ် ခင်ဗျာ့
    ခင်တဲ့ ဂီ ရေ….ချီးကျူးပါတယ် ခင်ဗျာ့

  • Shwe Tike Soe

    June 18, 2012 at 12:51 pm

    ဟွင်းဟွင်း ထင်သားပဲ ဒီတခါတော့ နပ်သွားပြီ……နှပ်တာများလို..ဟဲဟဲဟဲ…သူပို.စ်တင်ချင်တိုင်း တိရိစာ္ဆန်ဒွေဂို သတ်လို.သတ်… ဓာတ်ပုံ ရိုက်လို.ရိုက်နဲ. ………. အော် ကိုဂီရယ်………… 😀

    • Azzurri

      June 18, 2012 at 12:52 pm

      စိုင်မပစ်ရတော့လည်း ..
      သမင် ဒရယ် လျောက်ပစ် ရတာပေါ့ဗျာ ..
      😀

  • awra-cho

    June 18, 2012 at 12:56 pm

    ခံရပြီ။ နို့သိမှသိပဲ

  • Ma Ei

    June 18, 2012 at 12:58 pm

    ဒီကောင်တွေ အကုန်လုံးရဲ့ထူးခြားချက်ကမျက်လုံးပြူးတာပဲ …
    ဆိုရင်…
    မိန်းကလေးမျက်လုံးလေး အကြည့်(အကျိ)လှရင်…
    သမင်မျက်လုံး လို့ပြောကြတယ်လေ…
    … …

    • Azzurri

      June 18, 2012 at 1:04 pm

      အံမယ်လေးလေးလေ့လေ … အကျိ ပါလာပြန်ဘီ
      ဂယ် က
      အကျိ က သူမလိုက်ရလို့ .တင်းနေတာ..

      ကျုပ်ကလည်း ကျုပ်ပဲ … သူ့ဆီလာဆိုတော့လည်း မလာ…
      သူလာမယ်ဆိုတော့လည်း မခေါ်

      ပီး..ဘာမပြောညာမပြောနဲ့ ခရီးထွက်သွားလိုက်တာ ၃ရက် ဆိုတော့…

      ဟီး ….. အဲ့လိုမကောင်းတာပြောပါတယ်…

      • Ma Ei

        June 18, 2012 at 1:20 pm

        ကြွားပြန်ပါပြီ…
        အဲ့လိုတွေကြောင့်
        သမင်မျက်လုံး အကြည့်ကနေ…
        နဂါးမျက်စောင်း စာမိရောမို့လား…

        • Azzurri

          June 18, 2012 at 1:27 pm

          ဟုတ်ကဲ့ …
          ကြောင်လိုကုတ်
          ခွေးလိုကိုက်
          ခိုလိုညည်း
          ကြွက်လို ပြဿနာရှာ တတ်သော …
          ကျနော့် တနင်္လာနာမ် အကျိ ပါခညာ….
          (အပြင်မှာ ကြောက်ရတိုင်း …ဟီး…)

  • eipu

    June 18, 2012 at 1:10 pm

    ခံရပြန်ပြီနောက်တခါ။

  • PaLote Tote

    June 18, 2012 at 1:46 pm

    တစ်မြို့လုံးဖျက်စီးတယ် ၊ မျက်လုံးပြူး တယ် ။ နံတယ်ဆို လို့ ကြွက်တွေထင်တာ ။

  • နွယ်ပင်

    June 18, 2012 at 2:36 pm

    ဘာမှန်းမသိတော့ အစကနေ စဖတ်မိတယ် ..
    etone လို အောက်က ပုံအရင်ကြည့်မိရင်ကောင်းသား …. 🙂
    စိတ်ထဲ သမင်မထင်ပဲ ပုရွတ်ဆိတ်လိုလို ကြွက်လိုလို ထင်နေတာ …

  • အရီး Khin Latt

    June 18, 2012 at 3:03 pm

    မင်းအချိုး ကို ရွာခံ တော်တော်များများ သိနေပါလား မောင်ဂီ။ 🙂

    အရီး လဲ တိရိစာ္ဆန် တစ်ကောင် လာတော့ မယ် ဆိုတာ တော့ သိရဲ့။
    သမင်လေး တွေ လို့ တော့ မထင်မိပါဟယ်။
    နောက်တစ်ခါ အချိုး ပြောင်းဖို့ ကြိုးစားပေတော့။

    အဖြေ ဖော်နည်းတန်းသိတဲ့ တုံတုံ Congratulations! ပါ။

  • bluerose

    June 18, 2012 at 3:48 pm

    ဘာမှန်းကိုမသိလိုက်တာ
    ပုံတွေ့မှပဲသိတော့တယ်
    နောက်တခါတော့ရတော့ဝူးးးးးးးး
    အောက်ကပဲစကြည့်တော့မယ်
    ဟိဟိ

  • စိန်ဗိုက်ဗိုက်

    June 18, 2012 at 5:48 pm

    ချောတယ်နော်.. 😀

  • MaMa

    June 18, 2012 at 6:08 pm

    ဒီတခါ ဂယ် ဆိုကတည်း က အရင်ကအတိုင်း ဂယ် တော့မယ်ဆိုတာ သိပြီးသား။
    သိပြီးသားပေမယ့်လည်း စာပဟေဠိအဖြေညှိကြည့်ချင်တော့ ဘာလေးများဖြစ်မလဲဆိုပြီး ဖတ်လာတာ..
    အဲဒါလည်း အရသာတမျိုးပဲ။ 🙂

  • water-melon

    June 18, 2012 at 6:26 pm

    တားတားအိမ်က ခွေးရိုက်ချင်ရင်ပြောနော်
    ဂျာပန်ပို့လိုက်မယ် အူးလေး
    စိန်ပြောင်းမှုတ်ပြောင်းနဲ့ရိုက်ပေးရမယ်
    အဟီ

  • Crystalline

    June 18, 2012 at 10:18 pm

    အေးလေဟယ်…တော်တော်ဆိုးတဲ့အကောင်လေးတွေ..သူတို့ရှေ့မှာဒီလောက်မျက်စိနောက်အောင်အနေအထားမျိုးစုံနဲ့ပြောင်းတကိုင်ကိုင် ရမ်းကားနေသူကို ချိုနဲ့တချက်လောက်ခတ် လိုက်တာမှုတ်ဖူူး…

Leave a Reply