ကမ္ဘာသစ်

လူတွေနေတဲ့
မြေကမ္ဘာမှာ
အဒေါသနိုင်ငံတွေအတွင်း
အလောဘဘုရင်းကြီးတွေ
နန်းတက်စေမယ့်
အမောဟမြို့တော်တွေ
တည်ဆောက်လို့..
ကရုဏာတပ်တော်တွေကို
ခန္တီလက်နက်တွေ
အပြည့်ဖြည့်ပြီး..
အကြင်နာ စစ်သူကြီးတွေ
အုပ်ချုပ်စေမယ့်…
သစ္စာဈေးကြီးအတွင်းမှာ
မေတ္တာအသင်းတွေ
ရောင်းဝယ်စေမယ့်..
ဟိရီ ဩတ္တပ္ပဆိုတဲ့
ပုရိသ ဣတ္ထိယတို့
အမြဲရှင်သန်မယ့်
အို…ကမ္ဘာသစ်
သင်သန္ဓေတည်တာ
ကြာလှတယ်…

One comment

  • ရဲဘော် မောင်တူး

    June 15, 2012 at 8:23 pm

    မြန်မြန်မွေးပါစေ။

Leave a Reply