ဒွေး ဝင်စား ကလေးလေး အကြောင်း

အရင် အပတ် နဲ့ ဒီတစ်ပတ် ထုတ် Oasis ဂျာနယ် ထဲက အကြောင်းလေးပါ။  Oasis ဂျာနယ်က သတင်းထောက် မဂျူလိုင်မိုး ကိုယ်တိုင် ပင်ပင်ပန်းပန်း နဲ့ လိုက်ထားတဲ့  သတင်း ပါ။  ကလေးလေး နေတဲ့နေရာက  ရန်ကုန် နဲ့မိုင်၅၀ဝကျော်လောက်ဝေးပါတယ်။ စစ်ကိုင်းတိုင်း အရာတော်မြို့ ကနေ နောင်ကြီးအိုင်လမ်းကြောင်းအတိုင်း ၈ မိုင်လောက် ဆက်သွားရင် ရှားကုန်း ဆိုတဲ့ ရွာလေးကိုရောက်ပါတယ် ။ အဲဒီကနေ နောက်ထက် ၈မိုင်လောက်ဆက် သွားရင် သူနေတဲ့ ဖုတ်ထန်းတော(ဖုတ်ထတော) ရွာလေးကိုရောက်ပါတယ်။ ကလေးက မိဘနှစ်ပါး၊ အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက် နဲ့အတူ ရွာပြင်လယ်တောထဲက တဲလေးမှာနေပါတယ်။ကလေး နာမည်က မောင်သူရကျော် ပါ။  မဂျူလိုင်မိုး တို့ရောက်သွားတဲ့အခါ လာကြည့်တဲ့သူတွေတဖြေးဖြေးများလာပြီး ကလေးက ကြောက်လန့်နေကာ မေးလို့ အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ အဲဒါနဲ့ ကလေး၏မိခင် မနှင်းရွှေကို ကလေးညတစ်ရေးနိုးတဲ့အချိန် ချော့မေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ညကြတော့ ကလေး နဲ့ သူ့အမေ တို့ပြောနေ ကြ တဲ့စကားတွေ ကို မဂျူလိုင်မိုး တို့ ကိုယ်တိုင် ကြား ခဲ့ ရ ပါ တယ်။ ကလေးက သူ့ညီလေး သားညီ  မပါ လာ လို့ သတင်းထောက်တွေ ကို စိတ်ဆိုးနေ တဲ့  အကြောင်း ၊ သူ့ဦးထုပ် အဖြူမပါ တဲ့  အကြောင်း ၊သူ သရုပ် ဆောင် ခဲ့တဲ့ ဇာတ်ကား အကြောင်းမေး တော့ ငှက်ကလေး ရဲ့ဒဏာရီ ဆိုတဲ့ အကြောင်း တွေ ပြော နေတာကို ကြား ခဲ့ ကြရ ပါ တယ်။ ကလေး ၂ နှစ်သားလောက်တည်းက သူ့မိန်းမနာမည် မိုးမိုး၊  သူ့ညီလေး သားညီ စတာတွေ ကို ခဏခဏ ပြော ပါတယ်။ အူဝဲ ဆိုတာ အိန်ဒြာကျော်ဇင် ကိုခေါ်တာဗျ လို့လည်းပြောပါတယ်။ သားညီနဲ့ ဖိုးကျော် ကိုတော့ တွင်တွင် ပြော ပါ တယ် တဲ့။ ရွာလေး က တော်တော် ခေါင် ပါ တယ်။ အဲဒီ မှာ TV ကို မှန် ပြင်လို့ခေါ်ပါတယ်။ ကလေးက TV မြင်ဖူးတာ ၃လ ပဲ ရှိပါသေးတယ်။ ဒီလို အဖြစ်ကို ရှက် လို့ သူ့ အဖေ က ကလေးကို ရိုက်  လို့ ကလေး က သိပ် တောင် မ ပြော ရဲ တော့ ပါဘူး တဲ့။ ဒွေးရဲ့ဇနီး မမိုးမိုး၊ သားညီ၊ ဒါရိုက်တာ မောင်မျိုးမင်း၊ ဇွဲနိုင်ဝင်း နဲ့ရွာ က တခြားသူတွေ ကို အင်တာဗျူး လုပ်ထား တာ တွေ လည်း ဂျာနယ်မှာ ဖော်ပြထား ပါတယ်။

39 comments

  • အရီး Khin Latt

    June 15, 2012 at 6:31 pm

    {{{ ဒီလို အဖြစ်ကို ရှက် လို့ သူ့ အဖေ က ကလေးကို ရိုက် လို့ ကလေး က သိပ် တောင် မ ပြော ရဲ တော့ ပါဘူး တဲ့။ }}}
    Something is wrong in there. 🙄

    • ဆူး

      June 18, 2012 at 12:47 pm

      ရှေ့ဘဝ နောက်ဘဝ မယုံတဲ့ သူမိုလို့ ဖြစ်မယ် ထင်တယ်။ သူ့ အယူအဆ နဲ့ ဆန့်ကျင်ပြီး ပြောလို့ ဗျင်းတာလည်း ဖြစ်နိုင်တယ် ထင်တာ ပြောကြည့်တာ..

    • စိန်ဗိုက်ဗိုက်

      June 18, 2012 at 5:28 pm

      သတ္တဝါတွေ သေတဲ့အခါ စက္ကန် ့မခြား ဘဝသစ်မှာ သွားပြီး သန္ဓေ တည်တယ်ဆိုတော့ဗျာ..
      ခလေးက ဒွေးဝင်စားသလား မဝင်စားသလားဆိုတာ တွက်လို ့ရသွားပြီလေ
      ဒွေးဆုံးတဲ့ ခုနှစ် မှာ ခလေးက ဒီမိခင်ဆီမှာ သန္ဓေ (ကိုယ်ဝန် ) စတည်ရမယ်ဆိုတော့..

      အခု ခလေး အသက်ဘယ်လောက်လဲ
      ဒွေးဆုံးခဲတာ ဘယ်လောက်ကြာပြီလဲ

      အဲဒါကို တွက်လိုက်ရင် အဖြေပေါ်သဗျာ..
      အသက်တွေ တစ်နှစ်ကျော်လောက်လွဲနေတာနဲ ့ လူဝင်စားဆိုတာ မှားပါပြီ

      ပြီးတော့..
      ခလေး..အဖေနဲ ့ အမေက ဒွေးပရိတ်သတ်တွေလား..ဆိုတာနဲ ့လဲ ဆိုင်မယ်ထင်ပါတယ်..

  • ရန်ကုန်သား

    June 15, 2012 at 6:34 pm

    မလုပ်တတ်လို့ … ပုံတင် တာ ဘာ ကြီး ပါ သွား လဲ တိ ဘူး… sorry ပါ… ပုံတင်နည်း လေး ပြောပေးပါ။ မနက်ဖြန် ပုံတင် ပေး ပါ့ မယ်။

    • စိန်ဗိုက်ဗိုက်

      June 15, 2012 at 6:44 pm

      ညာဘက်က
      ဖတ်ပါ၊..မှတ်ပါ၊..ပြီးမှတင်ပါ..။ အောက်မှာ အသုံးပြုနည်းတွေ ရှိပါသဗျား..

      စကားမစပ်..
      ဂယ်ကြီးလားဟင်..
      သဂျီးဝါဒကို ပြောင်းပြန်လှန်ကြတော့မှာလားဟင် 😆
      ကဲ..ဒီကိစ္စ ဘယ်လိုရှင်းကြမတုန်း.
      ပုံလေးပါ တင်ပေးပါဦးဗျာ..
      တင့်ခရုပါ

      • Win Khaing

        June 18, 2012 at 10:44 pm

        Friend Sein Bite, I don`t know this news is true or not. But I like to ask a question.
        For example,Dwe dead last 7 years.This child is 5 year old now. If it is so ,will you believe? One of my friend is reborn like this. She said “she remember all when she was young and she can talk all about”. She said ” she was a woman dead,then she reborn at the present life. But she got a life she can`t call it that she was walking all the places.It is a life between a life and a life.” There is something we can not calculate as Math. But Lord Buddha was explained all detail.

        • စိန်ဗိုက်ဗိုက်

          June 19, 2012 at 11:14 am

          ဗုဒ္ဓဘာသာမှာ ရှေ့ဘဝနောက်ဘဝ ရှိတော့လူဝင်စားဆိုတာ ရှိနိုင်ပါတယ်..
          ဘုရားလက်ထက်တုန်းက ကပ်စေးနဲတဲ့ သူထေးကြီးတစ်ယောက် သေတော့ သူ ့အိမ်မှာ ခွေးပြန်ဖြစ်တာ ဖတ်ဖူးတယ်ဗျ
          သူမသေခင် သူ ့ရတနာပစ္စည်းတွေကို မလှူပဲ ဖွက်ထားတာ သေတော့ စွဲပြီး အိမ်မှာပဲ ခွေးဘဝနဲ ့ သူ ့ ရတနာတွေကို တူးပြီး ဖော်ထုတ်ပေးတာ ဖတ်ဖူးတယ်..အဲလိုဖော်ထုတ်ပေးမှပဲ သူ ့သားသမီးတွေက သူတို ့အဖေသေတော့ ခွေးဘဝရောက်သွားတယ်ဆိုတာ ယုံခဲ့ကြသပေါ့ဗျာ..

          ဗုဒ္ဓဝါဒ အရ ကျနော်တို ့ဟာ ခွေး၊ဝက်၊နတ်၊ငရဲ ၊ လူ စတဲ့ တစ်ခုခုက သေဆုံးပြီး အခုလူဘဝကို ရောက်ခဲ့ကြတယ်လို ့ဆိုပါတယ်..
          တစ်ခုရှိတာက အရင်ဖြစ်ခဲ့တဲ့ဘဝတွေကို ပြန်မြင်နိုင်တဲ့ ဉာဏ် (ပါဠိလို မသိ ) မရှိလို ့ ပြန်မပြောနိုင်ဘူးလို ့ဆိုပါတယ်.

          ဒီခလေးက ဒွေးဆုံးတဲ့ နှစ်ထက် တစ်နှစ်ကျော်လောက် ကွာနေတယ်ဆို မဖြစ်နိုင်ဖို ့ များမယ်ထင်ပါတယ်..
          ဘာလို ့လဲဆိုတော့ ကွာနေတဲ့ ကာလတစ်ခုမှာ သူက ဘဝတစ်ခုအဖြစ် ရှိနေရဦးမယ် ဆိုတော့ အနဲဆုံး အရင်ဘဝကို မှတ်မိတဲ့ ဉာဏ်ပါလာရင်တောင် ခြားနေတဲ့ကာလက ဘဝကိုပဲ မှတ်မိနိုင်ကောင်းမှာပါ

          လူတစ်ယောက်မွေးဖို ့ ကိုးလ ဆယ်လပဲ လိုပါတယ်..
          ၂ နှစ်လောက် ကွာနေတယ်ဆိုရင် ၁ နှစ်ကျော်ကာလမှာ ဒီခလေးဟာ ဘဝတစ်ခုနဲ ့ ရှိနေရဦးမှာပါ..
          အဲတော့ ၁နှစ်ကျော်ကာလက ဘဝကိုပဲ ပြန်မြင်နိုင်တဲ့ ဉာဏ် ပါလာနိုင်ကောင်းမှာပါ..

          သိပ္ပံနည်းကျတော့ မတွက်တတ်ပါဘူး..
          ဗုဒ္ဓဘာသာအယူရှိသူတွေ ဒီသတင်း ဟုတ်လား မဟုတ်လား သိချင်ရင် ဗုဒ္ဓဘာသာနည်းအရ အနီးစပ်ဆုံး တွက်လို ့ရမလားဆို အကြံပေးတာပါခင်ဗျား..

  • water-melon

    June 15, 2012 at 6:35 pm

    အဲဂျာနယ်ကို လိုက်ဝယ်တာ
    မရလို့
    ဒီတစ်ခါတော့ ကျေးဇူးတင်သွားပြီ
    ရေငတ်တုန်း တလုပ်မလေးခပ်တိုက်တဲ့ရေကို သောက်လိုက်ရသလိုပါဘဲ ဂလု….

  • ရန်ကုန်သား

    June 15, 2012 at 6:41 pm

    ကလေး ကို ရိုက်တာ လို့ ပြောတာ ပါ အရီးရေ…
    တကယ့် သတင်း အစစ် ပါ။ Oasis ဂျာနယ်မှာပါ ပါ တယ်… လိပ်စာလည်း ပါနေတာပဲ စိတ်ဝင်စား ရင် သွား ကြည့် ကြပါလား…

  • padonmar

    June 15, 2012 at 6:56 pm

    ရန်ကုန်သားရေ
    Oasis ဂျာနယ် မဖတ်ရသူတွေအတွက် နောင်တစ်ခါ တင်မယ့် Post မှာ အင်တာဗျူးထားတာတွေပါ ပြည့်ပြည့်စုံစုံလေးရိုက်တင်ပေးပါလား။ ကျေးဇူးပါ။

    • Myo Min Oo

      June 15, 2012 at 7:13 pm

      ရိုက်ထားအုန်းကွ ရန်ကုန်သားရေ (စာတွေ၊သတင်းတွေပြောပါတယ်)

  • hein latt

    June 15, 2012 at 7:23 pm

    ကလေးလေးပုံမကြည်.ရဘူးဆိုလို. ပုံတင်ပေးလိုက်ပါတယ်။
    ဘေးမှာကြည်.ကြနော်………။

  • မောင်ပေ

    June 15, 2012 at 9:51 pm

    သူ ့မိန်းမ နောက်ယောက်ျားနာမည် ကိုကော ကလေးက မမေးဘူးတဲ့လား…
    မတူညီသော အတွေးဖြင့် မန် ့ခဲ့ပါအိ ။ ဟီဟိ

    • mayjuly

      June 16, 2012 at 11:00 am

      ဦးပေကလည်းမှားနေပီဗျ ..
      ဒွေး ရဲ့ နောက်ဆုံးကောင်မလေး က ဘူလဲလို့ ကျောခိုင်းလိုက် ..
      မှန်ရင် မမိုးက ထောက်ခံလိမ့်မယ် ..ဟဲဟဲ

  • မမ အညာသူ

    June 16, 2012 at 9:22 am

    တကယ်တော့သံသယာကြီးကကြမ်းတမ်းလှပါတယ်…….
    ဘယ်တော့များမှပြီဆုံးတော့မှာလဲ………

  • cum min

    June 16, 2012 at 10:31 am

    ဟာ သားလေးစလုံးပေါင်းမှန်သွားပြီးလာ….တော်တယ်ကွာ 10..

  • cum min

    June 16, 2012 at 10:33 am

    မမညာပြောသလိုဆိုReturn of မမညာလဲဖြစ်လာမယ်ပေါ့

  • Phaung Phaung

    June 16, 2012 at 12:02 pm

    ဒီသတင်းသိချင်နေတာ အတော်ပဲ။ ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူး။ ကျေးဇူးပဲ။ ဒွေးဝင်စားလေး သနားပါ
    တယ်နော်။ ဆင်းရဲမပြည့်စုံတဲ့ဘဝကိုရောက်သွားရရှာတယ်။ ဘာပဲဖြစ်ဖြစ် လူပြန်ဖြစ်တာတော်သေးတာပေါ့နော်။

    • Mလုလင်

      June 18, 2012 at 2:31 pm

      ဟဲ့ .. သောက်ကျိုးနဲ .. အနီ လေးရာ ကျော် တာ ဒီတစ်ခါ ပဲ မြင်ဖူးတယ် .. အနိစ္စ …

      • Moe Z

        June 18, 2012 at 2:48 pm

        အံ့ဖွယ်သုတပါတကား ..

    • နွယ်ပင်

      June 18, 2012 at 3:18 pm

      ဟိုက် ဘယ်သူတွေကများ လုပ်သွားတာပါလိမ့်
      တကယ့် အံဖွယ်သုတ ပါပဲဗျို့ ….

    • Crystalline

      June 18, 2012 at 4:21 pm

      paung paung ရယ် ချစ်သူ ခင်သူ ဂရုစိုက်သူတွေများလှချေလားကွယ်… အားကျတယ်.. 🙂

    • Crystalline

      June 18, 2012 at 4:28 pm

      paung paung ရယ် ချစ်သူ ခင်သူ ဂရုစိုက်သူတွေများလှချေလားကွယ်… အားကျလိုက်တာဟယ်.. 🙂

    • Davit

      June 18, 2012 at 4:53 pm

      -490 တဲ့……. Phaung Phaung ရေ….အားရပါးရပြစ်ပြီး ဂုဏ်ယူလိုက်ဇမ်းဘာ………. တစ်သက်နဲ့တစ်ကိုယ် တွေ့ဖူးသေးဘူးရယ်…. Scan ဖက်ပြီးတော့ကို Jpeg နဲ့သိမ်းထားဦးမှ….. 🙂

      • ဆူး

        June 18, 2012 at 4:57 pm

        တခုခု အဲရာ တက်တာ ဖြစ်နိုင်တယ်.. -492 ဖြစ်နေလို့ အစိမ်းတခု ပေးလိုက်တယ် ချက်ချင်းပဲ -493 ဖြစ်သွားတယ်။
        +1 ပေးတာပဲ -491 ဖြစ်ရမှာလေ..
        တခုခု အဲရာ ဖြစ်လိမ့်မယ်။

        • ဆူး

          June 18, 2012 at 4:58 pm

          အခု ကွန်မန်း ပေးပြီး ပြန်တက်လာတဲ့ အခါ -494 ဖြစ်သွားပြန်ပြီ.. နည်းပညာပိုင်းဆိုင်ရာ တခုခု ကြောင်နေတာ ဖြစ်နိုင်တယ်။

        • Azzurri

          June 18, 2012 at 5:02 pm

          ကျုပ်မဟုတ်ဝူးနော်

          ကျုပ် နီလို့ စိမ်းလို့မရတဲ့ဘွ ရောက်နေတာ

    • စိန်ဗိုက်ဗိုက်

      June 18, 2012 at 5:11 pm

      ဒေါ်ဖောင်းရေ..
      ကွန်ကဒက်ကျူဒေးရှင်း 😆

    • Azzurri

      June 19, 2012 at 11:16 am

      စံချိန်ပါခညား ..စံချိန်ပါခည..
      မမြင်ဖူးရင် လာကြည့်ကြပါ ….
      ၆ရာ ပြည့်ပါတော့မယ်…
      😀

    • ညလေး

      June 19, 2012 at 11:25 am

      တော်တော်လေးကိုလက်ကမြင်းထတဲ.လူ ပါပဲ……..
      ဘယ်လောက်နီနိုင်မလဲကြည်.ကြသေးတာပေါ့……..
      589 တဲ……..++++++++000000000000

  • ညလေး

    June 16, 2012 at 2:14 pm

    သံသရာစက်ကွင်း..မည်သူမျှမညင်းနိုင်…..
    ကျရာဇတ် က ကြရဦးမှာဘဲ…
    ဪဪ……..
    သတင်းလေးအတွက်ကျေးကျေးတင်ပါေဂျင်း……

  • kaung lay

    June 18, 2012 at 11:28 am

    ဒွေးဝင်စားတာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ
    ဒွေးလိုအနုပညာရှင်မျိုးဖြစ်လာမယ်ဆိုရင်တော့
    ဝမ်းသာစရာပါပဲဗျာ။

  • ဇိန်ဂွမ်း

    June 18, 2012 at 4:58 pm

    ဟမလေးဂျ……….ဖလားဖလား…….
    ရွှာထဲမှာ…..တစ်ခါမှဒီလိုမဖြစ်ဖူးဘူးနော်……..
    အံ.ဘွယ်……..အံ.ဘွယ်…..
    မဖောင်းရယ်…….အနီစက်ပေါင်း……494 တဲ.ချဲလ်ဂဏန်းများလာပေးတာလားနော်….

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 18, 2012 at 5:08 pm

    ( ဒီသတင်းသိချင်နေတာ အတော်ပဲ။ ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူး။ ကျေးဇူးပဲ။ ဒွေးဝင်စားလေး သနားပါ
    တယ်နော်။ ဆင်းရဲမပြည့်စုံတဲ့ဘဝကိုရောက်သွားရရှာတယ်။ ဘာပဲဖြစ်ဖြစ် လူပြန်ဖြစ်တာတော်သေးတာပေါ့နော်။ )
    ကော်ပီကူးပါတယ်ဗျို့ အားကျလို့ 😀
    Phaung Phaung says: ကိုလည်း ခရက်ဒစ်ပေးဘာဒယ်
    ကျုပ်ကို သူ့ထက် စံချိန်ချိုးပြီးနီပေးဘာခည

    • ဆူး

      June 18, 2012 at 5:23 pm

      လာထား အနီ တခု

  • အာ ချောင်

    June 21, 2012 at 3:19 pm

    မဖြစ်နိုင်ဘူးလို့ပြောတဲ့သူတွေအတွက်ပါ..
    ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာ ရဲ့ “သေခြင်း၏အခြားမဲ့၌“ ဆိုတဲ့ တရားလေးကိုနားထောင်ကြည့်စေချင်ပါတယ်။
    ဘဝကူးနည်း ၄ မျိုးကိုဟောထားတာပါ။
    သတ္တဝါတွေ သေတဲ့အခါ စက္ကန် ့မခြား ဘဝသစ်မှာ သွားပြီး သန္ဓေ တည်တယ်ဆိုတာမှန်ပါတယ်။
    ဒွေးဟာ လူပြန်မဖြစ်ခင်စပ်ကြား အတိုဆုံးဘဝအနေနဲ့ တစ်ခုခုကိုစွဲလမ်းပြီးအကောင်လိုက်ဖွားတဲ့
    “ပြိတ္တာ” လိုဘဝမျိုးကို ရောက်ခဲ့ရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲ့ဒီမှာ ဝေမာနိကလို့ခေါ်တဲ့ လူတွေကလှူဒါန်းပြီးပေးတဲ့အမျှကိုသာဓုခေါ်နိုင်တဲ့ ပြိတ္တာ အမျိုးအစားဖြစ်ရင် ပြိတ္တာဘဝကကျွတ်လွတ်ပြီး သူ့ကုသိုလ်ကံအလိုက် လူပြန်ဖြစ်နိုင်ရင်လည်း ဘဝပြန်ကူးနိုင်တာမျိုးပါ။

  • Phaung Phaung

    June 21, 2012 at 4:13 pm

    ဟမလေး…အခုမှပြန်ကြည့်မိတယ်။ ဘာများမှားလို့လဲဟင် ????
    အားကျနေကြပီပေါ့…ဟီ…ဟီ ။ ပေးကြပါစေ… စံချိန်ချိုးလိုက်တာပေါ့နော် 🙂

  • ရန်ကုန်သား

    June 22, 2012 at 11:50 am

    အနော့် post ထဲ လာပြီး Phaung Phaung က စံချိန်သစ်တွေ တင်သွားတယ်ပေါ့…
    Phaung Phaung တော့ နာမည်ကြီးပြီ။

Leave a Reply