အမေ့ရဲ့နို့တစ်စက်
တန်ဖိုးဖြတ်ဖို့ခက်ခဲ့တယ်
အမေ့နို့ချို
သားသောက်စို့တာ
သုံးနှစ်တာကာလ
သုံးနှစ်စာနို့ဖိုး
ကျေးဇူးဆပ်ဖို့
အလွန်ခက်ခဲ့သလို..
အဖေ့ရဲ့ချွေး
သားသမီးအတွက်
ထွက်ခဲ့တာက
နှစ်ပေါင်းနှစ်ဆယ်ကျော်..
အမေက
နို့တစ်စက်ဖြစ်လာဖို့
အသက်နဲ့မေတ္တာကို
စိုက်ခဲ့ရသလို..
အဖေ့ရဲ့
ချွေးတစ်စက်ကလဲ
သွေးပါထွက်တဲ့
ခွန်အားနဲ့
ချွေးတစ်စက်
ဖြစ်စေခဲ့တယ်..
အဖေ့ရဲ့
ချွေးတစ်စက်တန်ဖိုး
သားသမီးတွေ
ဘယ်လိုကြိုးစားပြီး
ဆပ်မလဲ…

About သုနောင် မန်း

သုနောင် မန်း has written 7 post in this Website..