ချွေးတစ်စက်တန်ဖိုး

အမေ့ရဲ့နို့တစ်စက်
တန်ဖိုးဖြတ်ဖို့ခက်ခဲ့တယ်
အမေ့နို့ချို
သားသောက်စို့တာ
သုံးနှစ်တာကာလ
သုံးနှစ်စာနို့ဖိုး
ကျေးဇူးဆပ်ဖို့
အလွန်ခက်ခဲ့သလို..
အဖေ့ရဲ့ချွေး
သားသမီးအတွက်
ထွက်ခဲ့တာက
နှစ်ပေါင်းနှစ်ဆယ်ကျော်..
အမေက
နို့တစ်စက်ဖြစ်လာဖို့
အသက်နဲ့မေတ္တာကို
စိုက်ခဲ့ရသလို..
အဖေ့ရဲ့
ချွေးတစ်စက်ကလဲ
သွေးပါထွက်တဲ့
ခွန်အားနဲ့
ချွေးတစ်စက်
ဖြစ်စေခဲ့တယ်..
အဖေ့ရဲ့
ချွေးတစ်စက်တန်ဖိုး
သားသမီးတွေ
ဘယ်လိုကြိုးစားပြီး
ဆပ်မလဲ…

7 comments

  • ဘဲဥ

    June 15, 2012 at 6:21 pm

    တစ်ရက်ထဲ သုံးပုဒ် မတင်ရဘူးလေ ကို့ဆရာရဲ့ တဂျီးမင်းကဆူလိမ့်မယ် (လဘ္ကခြောက်ခပ်ဖို့ ပြင်ထား) 😀

    • သုနောင် မန်း

      June 17, 2012 at 3:52 pm

      တစ်ရက်ကို ဘယ်နှစ်ပုဒ် အများဆုံးတင်လို့ ရလဲ.. တဂျီးမင်းကရော ငွေဓားကိုင်တဲ့ တဂျီးမင်းလား ရွှေဓားကိုင်တဲ့ တဂျီးမင်းလား အခုမ အသစ်ဝင်တာ ဆိုတော့ အဲဒါတွေ မသိဘူးလေ…

      • စိန်ဗိုက်ဗိုက်

        June 17, 2012 at 3:58 pm

        ညာဘက်က How to Write a Post ဆိုတဲ့အောက်က စာတွေ အရင်ဖတ်သင့်ပါတယ်..အူးလေး..
        အနီတွေ အပြာတွေ နဲ ့ရေးထားပါအိ

        • သုနောင် မန်း

          June 17, 2012 at 4:05 pm

          ဟုတ်ကဲ့ အခုလို လမ်းညွန်ပေးတာ ကျေးဇူး တင်ပါတယ်ဗျာ. အဲဒါတွေ မကြည့်လိုက်မိဘူး.. ဆူတော့လဲ ညိမ်နေလိုက်ရုံ မသိလိုက်လို့ မှားတာပဲ တစ်ခါတစ်လေတော့ ခွင့်လွှတ်ရမှာပေါ့.. နောက်တော့ နှစ်ခုပဲ တင်တော့မယ်.. တစ်ရက်ကို..

  • စိန်ဗိုက်ဗိုက်

    June 15, 2012 at 6:48 pm

    လဘက်ခြောက် မာကတ်တာလားဗျာ.. 😀

  • မောင်ပေ

    June 15, 2012 at 9:58 pm

    မိဘကျေးဇူး ဆပ်ချင်ရင်တော့ ပုံမှန်ထက် ပိုကြိုးစားပြီးမှ ဆပ်လို ့ရမယ် ။

    • သုနောင် မန်း

      June 17, 2012 at 3:58 pm

      မိဘကျေးဇူးက အလုပ်ကြိုးစားပြီး ဆပ်ရုံနဲ့ မကျေနိုင်ပါဘူး ပိုက်ဆံ ပြည့်စုံအောင် ထားရုံနဲ့လဲ မကျေနိုင်ပါဘူး သဒ္ဓါတရားနည်းတဲ့ မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင် သီလမလုံတဲ့ မိဘကို သီလလုံအောင် သားသမီးတွေက လမ်းမှာနေတဲ့ မိဘကို လမ်းမှန်ရောက်အောင် လက်တွဲခေါ်နိုင်မှ ကျေးဇူးဆပ်ရာ ရောက်ပါမယ်… အခုခေတ် သားသမီးတွေက မိဘတွေ ဘာလုပ်နေနေ မိဘ ပြန်ပြောရင် အပြစ်ဖြစ်မှာ ဆိုးလို့ ဆိုတဲ့ အကြောင်းပြချက်လေးနဲ့တင် ကိုအပြစ်ဖြစ်မှာကိုတော့ ကြောက်တယ် မိဘတွေ လမ်းမှားရောက်ပြီး အပြစ်ဖြစ်မှာကိုတော့ လမ်းမညွန်နိုင်ကြဘူးဆိုတော့ မိဘကို ဘယ်လောက်ပဲ ငွေကျေးပြည့်စုံအောင်ထားထား ကျေးဇူးဆပ်တယ်လို့ ခေါ်နိုင်ပါ့မလား..

Leave a Reply