မြို့ထဲမှာ ဖြစ်နေတာတွေ မယုံရင်ကြည့်ကြ

Wai PhyoeJune 15, 20121min36123

ရန်ကုန်မြို့တွင်း၌ ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခများဖြစ်ပေါ်မည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ပုံမှန် အခြေအနေအတိုင်း အေးချမ်းစွာရှိခဲ့ကြောင်း သိရသည်။

မြို့တော်ခန်းမအနီးရှိ ဘန်ဂါလီစွန္နီဂျာမေဗလီအား ဇွန်လ ၁၅ ရက်နေ့ကတွေ့ရစဉ်

ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များ ဗလီအဆင်း၌ ဗုဒ္ဓဘာသာဝင်များနှင့် ပဋိပက္ခဖြစ်ပွားမှုများ ဖြစ်ပေါ်လိမ့်မည်ဟု လှုံ့ဆော်သော စာရွက်စာတမ်းများ ယင်းနေ့မတိုင်မီရက်များက ရန်ကုန်မြို့အတွင်း ပျံ့နှံ့ခဲ့ပြီး မြို့နေပြည်သူများအနေဖြင့် အထိတ်တလန့်များ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဇွန်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗလီအချို့နှင့် အစ္စလာမ်ဘာသာဝင်များ အများဆုံးနေထိုင်သော မြို့နယ်များ၌ လုံခြုံရေးများ တင်း ကြပ်စွာချထားခဲ့ကြောင်းသိရသည်။

မင်္ဂလာဈေးရှေ့ရှိ ကာလာဘတ်စ်တီး စွန္နီဂျာမေဗလီအား ဇွန်လ ၁၅ ရက်နေ့ကတွေ့ရစဉ်

သို့ရာတွင် ရန်ကုန်မြို့အတွင်း ဗလီများအနီးတွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သောကြောင့် ဈေးဆိုင်ခန်းအချို့ ဖွင့်လှစ်ခြင်းမရှိသည်ကို တွေ့ခဲ့ရပြီး အခြေခံပညာ ကျောင်းအချို့တွင်လည်း ကျောင်းသားမိဘအချို့က ၎င်းတို့၏ သားသမီးများအား စေလွှတ်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်မြို့တော်ခန်းမအနီးရှိ ဘန်ဂါလီစွန္နီဂျာမေဗလီ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တခြမ်းပဲ့ဗလီနှင့် ကာလာဘတ်စ်တီးစွန္နီ ဂျာမေဗလီများ ရှေ့တွင် သတင်းထောက်များ၊ စောင့်ကြည့်သူများ၊ လုံခြုံရေးဝန်ထမ်းများ အများအပြားရှိခဲ့ပြီး ပဋိပက္ခ တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာဘင်္ဂါလီများ၊ ဆူပူအကြမ်းဖက်မှုများဖြစ်ပွားပြီး ရက်သတ္တပတ်အတွင်း၌ ထိုသို့ ကောလာဟလများ ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အောင်ဆန်းကွင်းရှေ့ တခြမ်းပဲ့ဗလီအနီးရှိ အခြေခံပညာကျောင်းတစ်ကျောင်းအား ဇွန်လ ၁၅ ရက်နေ့ကတွေ့ရစဉ်

23 comments

  • water-melon

    June 15, 2012 at 6:00 pm

    တော်သေးတာပေါ့တော်
    ကျုပ်တို့ဖြင့် ထမင်းတောင်မစားနိုင်ဘူး စိတ်ပူလွန်းလို့ ( ခေါက်ဆွဲပြုတ်စားတာ)
    ဒါကြောင့် စနီ္ဒမြင့်လွင်ကပြောတာပေါ့ ကောလဟာလပြောကြတာက လောကဘဝတဲ့
    ကဲကဲ ညနေပိုင်းထိတော့ အေးဆေးဘဲ ညမှ ထဖောက်ရင်တော့ မပြောတတ်
    ဗိုက်ဆာလို့လစ်လိုက်အုန်းမယ်
    ဒိုင်း ညောင့်

  • water-melon

    June 15, 2012 at 6:01 pm

    ကောလဟာလ ပြောကြတာက လောကသဘာဝလို့ ပြင်ဆင်ဖတ်ရှုပါရန်

  • the best

    June 15, 2012 at 6:06 pm

    ကျက်သရေ မင်္ဂလာအပေါင်းနဲ ့ပြည့်စုံပါတယ်ဗျာ။

  • အရီး Khin Latt

    June 15, 2012 at 6:10 pm

    မင်္ဂလာ အပေါင်း နဲ့ ပြည့်စုံတဲ့ သတင်းပါဘဲ မောင်ဝေဖြိုး ရေ။
    ကျေးဇူးပါကွယ်။ 🙂

  • Myo Min Oo

    June 15, 2012 at 6:15 pm

    ဒါဘဲပေါ့၊ ဒါရန်ကုန်လေ၊ (ဘာမှလည်းမဆိုင်ဘူး)

  • Myo Min Oo

    June 15, 2012 at 6:18 pm

    ဒီလိုလေးရောပြောလို့မရဘူးလား
    ဆူးလေနားမှာ ကုလားတွေရိုက်နေကြပြီတဲ့ (ပလာတာကိုပြောတာပါ)

  • ဦးဦးပါလေရာ

    June 15, 2012 at 6:21 pm

    မနေ့ကတည်းက လုံခြုံရေးနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ သေသေချာချာ ညှိနှိုင်းဆောင်ရွက်ခဲ့ကြတဲ့ အကျိုးကျေးဇူးပါ။
    ဘာသာရေး လူမျိုးရေး ခေါင်းဆောင်အသီးသီးရဲ့ အခြေအနေကို သဘောပေါက်မှု့နဲ့ တာဝန်သိမှု့ကြောင့်လဲပါပါတယ်။
    ချီးကျူးစရာကောင်းပါတယ်။

  • စိန်ဗိုက်ဗိုက်

    June 15, 2012 at 6:33 pm

    အင်း..ဗျာ..ကောင်းသတင်းလေးပါပဲ..
    တွေ ့မိသမျှ ဗလီနားမှာ လုံခြုံရေးရဲတွေလဲ ထားထားတာတွေ ့မိပါရဲ့..
    တစ်ချို ့လဲ ကောလဟလကို ယုံပြီး အပြင်မထွက် ၊ လုပ်ငန်းနားထားတာတွေလဲ တွေ ့မိပါရဲ့
    ဒါဟာ ကောင်းတဲ့စနစ်လို ့ပြောရင် မမှားပါဘူး…
    သာဓု.သာဓု..စာတတ်ကြပါစေ..

  • padonmar

    June 15, 2012 at 6:43 pm

    စိတ်ပူကြသူတွေအတွက် ခုလိုလက်တွေ့ပြသပေးတာ ကျေးဇူးတင်ပါတယ်။

  • MaMa

    June 15, 2012 at 6:55 pm

    ကောင်းပါလေ့။
    ကောင်းတာလေးတွေလည်း တင်ပေးကြဦးပါမှပဲ။
    ဟူးးးးးးးးးးးးးး
    (မူရင်း-ချစ်ရင်ထူး)

  • Aung AungMya

    June 15, 2012 at 7:14 pm

    ရန်ကုန်သားတွေပါ။ ဒီလောက်မှ နိုင်ငံရေးနားမလည်ရင်
    ရခိုင်တွေလိုဖြစ်သွားမှာပေါ့။ ကျေးဇူးတင်ပါတယ်ဗျာ။
    ခုလို လှည့်ကွက်ထဲဝင်မသွားတော့ သူတို့တွေချီးနဲနဲပိတ်သွားမှာ။
    ဒါကြောင့် အမေစု ပြောတာရှင်းတာပေါ့။
    “ဒီလိုပြသနာတွေဖြစ်လို့ရှိရင်ကျမရဲ့အတွေးကကိစ္စနှစ်ခုဆီကိုရောက်သွားတယ်…
    နံပါတ်တစ်က တရားဥပဒေစိုးမိုးရေးပေါ့၊ နံပါတ်နှစ်က လှုံဆော်တဲ့သူများရှိလား
    ဆိုတဲ့စိုးရိမ်ပူပင်မှုပါပဲ… ” ကဲ အမေ တာဝန်ကျေသလို ကျွန်တော်တို့လည်း
    တာဝန်ကျေရမှာပေါ့။ အမေစု ကျန်းမာပါစေဗျား။ I Love All.All Love My Country.

  • the best

    June 15, 2012 at 7:16 pm

    မနေ ့က SKYNET ကပြသွားတဲ့
    ရခိုင် နဲ ့ အစ္စလာမ်ဘာသာဝင် တို ့ဆွေးနွေးပွဲ လေးကို အထူးကြိုဆိုပါတယ်။
    လက်ချင်းချိတ်ပြီး ဓါတ်ပုံ ရိုက်ထားတဲ့ ပြကွက်က ကျက်သရေအရှိဆုံးပဲ။
    လူကြီး၊လူငယ် တွေ ချစ်ချစ် ခင်ခင် ဆွေးနွေး သွားကြတာ၊
    ဒီကနေ ့ရလဒ်က အဖြေပဲလေ။
    ထာဝရတည်တံ့ခိုင်မြဲပါစေ။

    ဒါကိုအတုယူပြီး တိုင်းရင်းသားများငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ
    လူငယ်တွေကို လည်းနေရာပေး၊လက်တွဲခေါ်ပြီး ဆွေးနွေးစေသင့်ပါကြောင်း
    အကြံပြုလိုပါတယ်။

  • မောင်ပေ

    June 15, 2012 at 7:22 pm

    အခုပို ့စ်ထဲကလိုမျိုးဘဲ အမြဲတမ်းအေးချမ်းသာယာပါစေဗျား ။

  • ရွာစားကျော်

    June 15, 2012 at 7:34 pm

    ခုလို ငြိမ်းငြိမ်းချမ်းချမ်းရှိနေတယ်ဆိုတာ သက်သေနှင့်တကွ ပြပေးတဲ့သူရှိတော့ တွေးပူနေရတဲ့သူတွေ စိတ်ချမ်းသာသွားရပြီပေါ့..
    ကျေးဇူးပါဗျာ

  • သားဦး၊မြေးဦး

    June 15, 2012 at 9:05 pm

    အင်းဗျာ အားလုံးညီအကိုတွေလို နေလာကြပြီးမှ ဆက်ပြီးတော့လဲ
    အတူတူယှဉ်တွဲနေထိုင်ကြရင်း တိုင်းကျိုးပြည်ကျိုးထမ်းကြမယ်ဗျာ။

  • ကိုရင်စည်သူ

    June 15, 2012 at 9:12 pm

    ဒီနေ့ ကီကီလေးတောင် ဗုံးပေါက်မယ့် သတင်းကြားလို့
    အလုပ်မသွားရဲဘူး။
    ကိုရင်တော့ ပြောပါတယ်… ဘာမှမဖြစ်ပါဘူးလို့…
    ဘာမှမဖြစ်ရင် … ဘာမှမဖြစ်ဘူး…
    မြန်မာပြည်မှာ ဘယ်နှစ်ခါ သတင်းကြိုထွက်ပြီး
    ရုတ်ရုတ်ဖြစ်တာ ရှိခဲ့ဖူးလို့လဲ….
    အဲ့တော့… ဖြစ်ကာမှ ဖြစ်ရော…. 😕

    • မောင်ပေ

      June 15, 2012 at 9:25 pm

      အဲဒါနဲ ့ဘဲ
      ကိုရင်နဲ ့ကီကီ တစ်ယောက်
      တိမ်ပြာပြာဖရိုင်းဒေး နေ ့တစ်နေ ့ဖြစ်ခဲ့ရလေသတည်း။

  • ဒီလိုလေး အားလုံးစိတ်ချမ်းသာအောင်တင်ပေးတဲ့သူကို အလွန်ကျေးဇူးတင်ပါတယ်။
    လေးလဲ လေးစားပါတယ်။

  • ငပွကြီး

    June 15, 2012 at 10:22 pm

    သတင်းအတွက်ကတော့ကောင်းပါရဲ့ဗျာ ဒါပေမယ့် eleven ကတော့ မန်းဂေဇက်ကို ပြောစရာတွေဖြစ်ကုန်မှာစိုးသဗျာ…
    နဲနဲလေးတော့ သတိပြုစေချင်တယ်..eleven ကလဲ ပွင့်လင်းစွာပြောထားတယ်ဆိုတော့လေ..
    ကူးရင်လဲကူးကြောင်းလေး ထည့်ရေးပေါ့…..အကူးခံရသူ ကြေနပ်အောင်လို့ပါ…
    http://www.weeklyeleven.com/index.php?option=com_content&view=article&id=14102:2012-06-15-10-25-43&catid=43:2009-11-10-07-39-09&Itemid=111

    • kai

      June 15, 2012 at 10:55 pm

      EMG က မတင်ဖို့ပြောဖူးပါတယ်..
      ဆိုတော့..အခုက..
      …ခရက်ဒစ်တောင်မပေးထားတော့ကာ..ခဏနေဖျက်ပစ်မယ်ဖြစ်ပါတယ်နော..။

      ထောက်ပြတာအတွက်..ကျေးဇူးပါ

  • burma wantharnu

    June 15, 2012 at 10:28 pm

    ကျွန်တော်တို့နိုင်ငံမှာအစိုးရအား တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားအဖွဲ့များစွာရှိပါတယ် တကယ်လို့များပြည်တွင်းစစ်ဖြစ်ခဲ့လျှင် ဘယ်သူ့အဖေခေါ်ရမှန်း မသိသလို အရမ်းထိက်လန့်စရာကောင်းပါတယ် အဲဒီလိုများပြားလှတဲ့ အဖွဲ့တွေကို သစ္စာရှိ မျိုးချစ်စိတ်ရှိတဲ့ သူပုန်ကလွှက်ပေးလည်းပြန်လါလျှင် ထောင်ကျမဲ့စစ်သားလေးတွေက နှစ်ပေါင်းမျာစွာအကာအကွယ် ပေးနိုင်ခဲ့လျှင် ဘာမဟုက်တဲ့ တောင်ကုက်လို အကြမ်းဖက်မူ့၊ မောင်တောအကြမ်းဖက်မူ့ လောက်က အမှန်တကယ် ဖြစ်စရာအကြောင်း မရှိနိုင်တဲ့အတွက် အသုံးချဖန်တီးနေမူ့ကို သတိထားပြီး ပြည်ထောင်စု နိုင်ငံသားများ ယခင်အတိုင်း ချစ်ခင်စွာ နေပေးပါရန် မေတ္တာရပ်ခံပါသည်။ ပုံ/ ဝံသာနု

  • Phaung Phaung

    June 16, 2012 at 11:46 am

    အင်… အဲဒီဝံသာနုကြောင့် တောင်ကုတ်(10)ဦးလူသတ်မှုဖြစ်တွားတာမဝုတ်ဘူးလားဟင်…..။

Leave a Reply