အေလီယန် ယူရိုပွဲ ကြည့်နေသည်။

မြစပဲရိုးJune 15, 20121min21717

E.T. ဆိုတဲ့ တစ်ခြား ဂြိုလ်က ဂြိုလ်သားလေး ကမ္ဘာပေါ်လမ်းမှား ရောက်လာတဲ့ ဇာတ်လမ်းလေးကို ကြည့်ဘူး ကြမှာပါ။

ကြည့်တဲ့ လူတိုင်း အီးတီ လေးကို မချစ်သူမရှိ။

အီးတီ လေး ကို သနား လိုက်တာ လွန်ပါရော။

သူ့ကို  ကြင်ကြင်နာနာ နဲ့ ကူညီကြတဲ့ ကလေးတွေ ကို အလွန်သဘောကျ ကြသလား မမေးနဲ့။

မဆီမဆိုင် သူတို့ စီးတဲ့ BMX စက်ဘီး တွေ အပြင်လောကမှာ ရောင်းမလောက်ဘဲ။

ဒီ  ဂြိုလ်သားလေး ကို အတင်းဖမ်းဖို့ ကြိုးစား တဲ့ လူတွေ ကို မုန်းလိုက်တာများ။

တီဗီ ကြီး ကွဲ မှာစိုးလို့ သာ ခဲ နဲ့ ဝင်မထုသာ။

လယ်က ယား နေတာဘဲ။

 

နောက် နဲနဲ လေး ကြာတော့ Independence Day ဆိုပြီး ကမ္ဘာကို ဖျက်ဆီးဖို့ ရောက်လာတဲ့ တစ်ခြား ဂြိုလ်က ဂြိုလ်သားတွေ ကို ကမ္ဘာ့လူသား တွေ က ဝိုင်းပြီး နှိမ်နင်း ကြရ တဲ့ ကားကို ကြည့် ရပြန်ရော။

ဒီကောင် တွေ ကတော့ ပန်းကန်ပြားပျံ အကြီး နဲ့ လာတာမှ ကမ္ဘာကနေ ကြည့်လိုက်ရင် ကောင်းကင်အပြည့် ဘဲ။

သူတို့ အပြားကြီးမှာ မီးရောင်တွေက လဲ ပျိုးပျိုးပြက်ပြက် နဲ့ပေါ့။

ဟား …. အဲဒီကား မှာတော့ ဘာပြောကောင်း မလဲ။

ကိုယ်တိုင် ဝင်ပြီးတောင် တိုက်လေယာဉ်မောင်းပြီး အဲဒီကောင် တွေ ကို အပြုတ်ဖြုတ် လိုက်ချင်တာ။

အောင်မယ်။

အဲဒီအထဲ မှာ သူကြီးတို့ သမ္မတကြီး ကိုယ်တိုင် တိုက်လေယာဉ် ဝင်မောင်းတာဗျား။

အဲဒါကို ကြည့်ပြီး လေသူရဲ ဘဝ ကို အရှင်လတ်လတ် ပြောင်းလိုက်ချင်တာ။

နောက်ဆုံး မင်းသား နှစ်ယောက် (အိုင်တီ ပညာရှင် နဲ့ လေသူရဲ) ပေါင်းပြီး အဲဒီ အပြားကြီး ကို ထိန်းချုပ်တဲ့ စနစ်ထဲ ဗိုင်းရပ်စ် ထည့် လိုက်တာ နောက်ဆုံး နိုင်သွားလေ သတည်းပေါ့။

ယုတ္တိရှိရှိ မရှိရှိ။

ဝမ်းသာ အားရ လက်ခုတ်တီး လိုက်ရတာ လက်ကို ညောင်းရော။

 

ဒီနေ့ ယူရိုဖလားမှာ အင်္ဂလန် နဲ့ ဆွီဒင် ကန်ကြမယ်။

မြင်ရသမျှ တော့ ကားတွေ မှာ အင်္ဂင်္လန် အလံ တွေ နဲ့။

လူတွေက လဲ အင်မတန် တက်ကြွ နေတာ။

သူတို့ အသင်း ကို နိုင်မယ် ကြီးကို အတတ်မှန်းတာဘဲ။

ပြီးခဲ့တဲ့ ပွဲတုန်းက လဲ ဒီလောက် နာမယ်ကြီး ၂၁ပွဲ နန်းစတော့ပ် နိုင်လာတဲ့  ပြင်သစ် ကို ၂ဂိုး ပြတ်နဲ့ တောင် နိုင်မှာလို့ မှန်းသဗျား။

ဒီလောက် မျိုးချစ်စိတ်ပြင်းထန်ကြတာ။

 

သူတို့နိုင်ငံထဲက အေလီယန် တစ်ယောက်ကတော့ အုပ်စုပွဲ မှာတင် ရှုံးမဲ့ အသင်း ကို များ ဆိုပြီး အထင်သေးနေတာ။

ပြီးတော့ တွေး နေမိသေး သူတို့ဘဲ အမှန်မမြင်တာလား၊ ငါ့မှာဘဲ မျိုးချစ်စိတ် မရှိတာလားလို့။

ဒါပေမဲ့ ရှုံးမယ် သိလဲ လက်သီးလက်မောင်းတန်းပြီး အားပေးနေပါတယ်။

 

မဆီ မဆိုင် ဆရာကြီး ရွှေဥဒေါင်း စကားဆိုလား။ (အနားက တစ်ယောက် ပြောတာ၊ မှားရင် လွှဲချလို့ ရအောင်)

မြန်မာအသင်း နဲ့ တစ်ခြားနိုင်ငံက အသင်း ဘောလုံးကန် ရင် သူဟာ မြန်မာအသင်း ကို ဘဲ မျိုးချစ်စိတ် အပြည့်နဲ့ အားပေးမှာဘဲတဲ့။

ဒါပေမဲ့ မြန်မာအသင်း က သူများ အသင်း ကို လူချပြီး ညစ် ကစားရင်တော့ အားမပေးတော့ ဘူးတဲ့။

သူဟာ အမျိုး ကို ချစ်ပေမဲ့ ဥပဒေမဲ့ လုပ်ရပ် ကို ဆန့်ကျင်တဲ့ စိတ်ဓာတ်ကို ဖော်ပြခဲ့တာ ထင်ပါတယ်။

တစ်ခါက မြန်မာကွင်း မှာ မြန်မာအသင်းစရှုံးတော့ ပွဲတောင် မပြီးသေး မျိုးချစ်စိတ် ထက်သန်သူ ပရိတ်သတ်ကြီး ကနေ ပါသမျှ ပစ္စည်းစုံ နဲ့ ပစ်ပေါက် လိုက်ကြတာ ပွဲတောင် ပျက်တယ် လို့ ကြားဘူးတယ်။

ကျွန်မ တို့ အားလုံး သတိထား စရာပေါ့။

 

အခု ယူရိုပွဲ ကျင်းပ တဲ့ ပိုလန် နဲ့ ယူကရိန်း မှာလဲ နှစ်နိုင်ငံ လုံးက အဖြူကြီးစိုး ရေး နဲ့ လူမျိုး ရေး ခွဲခြားတာ နာမယ်ကြီး ပါသတဲ့။

အာရှတိုက်သား တွေ ဆို အဲဒီကို ဘောလုံးပွဲကြည့်သွားဖို့ တောင် မသွားဖို့ သတိပေး ထား တယ် ပြောပါတယ်။

ပွဲကြည့်ပရိတ် သတ် ကို မပြော နဲ့ ဘောလုံးအသင်းတွေ ထဲမှာ ကစား တဲ့ အာဖရိကန် လူမျိုးများ ကို သူတို့ လေ့ကျင့်ကွင်းရဲ့ အပြင်က နေ “မျောက်တွေ” ဆိုပြီး ခေါ်လို့ ဆိုလား။

အဲလို နောက်ထပ် စော်ကားတာ ကို သက်ဆိုင်ရာက မထိန်းသိမ်း ရင် ပွဲကို ဝင်မပြိုင်ဘဲ တစ်သင်းလုံး ပြန် မယ်လို့ တောင် သတိပေးရသတဲ့။

ဟော်လန်အသင်းက  လူတွေ အခေါ်ခံ ခဲ့ရတာပါ။

http://www.dailymail.co.uk/sport/euro2012/article-2155926/Euro-2012-Holland-stars-subjected-racist-monkey-chants-open-training.html

 

ဒီတော့ လူမျိုးရေး ခွဲခြား ဆက်ဆံတာဟာ ကမ္ဘာပေါ်မှာ ရှိနေဆဲပါဘဲ။

ဒါပေမဲ့ တစ်ချို့ ကတော့ အတော်လေးအစွန်းရောက်ပါတယ်။

အဓိက ဥရောပ က လူဖြူကြီးစိုး ရေးနိုင်ငံ တွေမှာပေါ့။

သူတို့ မျက်စိ နဲ့ ကြည့် ရင် ကျွန်မတို့လို အေရှန် (တရုတ်၊ ကုလား၊ မြန်မာ မခွဲ အေရှန် လို့ ရောခေါ်ကြသည်) နဲ့ အာဖရိကန် တွေဟာ “မျိုးဖျက် အေလီယန်” တွေပါဘဲ။

Independence Day ထဲ က သူတို့ ကို တိုက်ခိုက် လာသူ တွေ လို့ ထင်တာကိုး။

ဒီတော့ အဲဒီ အေလီယန် တွေ ကို အမှုန့်ကြိတ် ပစ်ချင်နေတာ။

 

ဒါပေမဲ့ သူတို့ လဲ ချစ်စရာ အီးတီ ကား ကို ကြိုက်မှာပါ။

အီးတီ လေးကို သနားလဲ သနားမှာပါ။

အီးတီ လေး က သူတို့ ကို အန္တရာယ်မှ မပြု တာကိုး။

 

ဒီတော့ အေလီယန် များ သတိပြုရပါမယ်။

သူများ ပြည်မှာ နေခွင့် ရခဲ့ရင် အီးတီ လေး လို နေကြပါ။

Independence Day ထဲ က ဟာ တွေ လိုမျိုး ဆိုရင်တော့ နယ်ချဲ့တွေမို့ နှင်ထုတ်ခံ ရမှာဘဲ။

 

ကျွန်မ အေလီယန်ပါ။

ဒါပေမဲ့ အီးတီ လေးပါ။ (ရွာထဲ က အီးတီ များ မဟုတ်)

အခုချိန် မှာတော့ သူများ ပြည်ထဲ မှာ အေလီယန် အီးတီ လေး တစ်ယောက် ယူရိုပွဲ ကို မျိုးချစ်စိတ် အပြည့်ဖြင့် ကြည့်နေပါ သည်။ 🙂

 Image From – http://www.sodahead.com/

 

 

17 comments

  • စိန်ဗိုက်ဗိုက်

    June 15, 2012 at 6:36 pm

    အီလီယန်တော့ သိဘူး..အင်္ဂလန်တော့ ကြိုက်သဗျ 😀

  • htoosan

    June 15, 2012 at 6:46 pm

    အရီးရေ သူကြီးရဲ့ စည်းကမ်းဘောင်က လွတ်ကင်းသွားပြီ.. ၂၆ ပုဒ်ဖြစ်သွားပြီ။ 😀
    အတုယူကြဟေ့လို့သာ လှမ်းအော်ရမယ်ထင်ပါ.့

    • Myo Min Oo

      June 15, 2012 at 7:29 pm

      ဘာကိုဆိုလိုတာလဲဟင်၊ စာဖတ်ရအုန်းမယ်ထင်တယ်

  • စိန်ဗိုက်ဗိုက်

    June 15, 2012 at 7:06 pm

    မေ့လို ့.
    လက်မလေးပြန်ထောင်ပြီး..
    ဘယာကြော်လို ့ပြောဖို ့ ကျန်ခဲ့လို ့..
    ဒါနဲ ့..
    လာထားတစ်ဆယ်လို ့ပြောလို ့မရတော့တာ နာတယ်..
    တိန်..ကိန်…

    • အရီး Khin Latt

      June 15, 2012 at 7:13 pm

      ဟုတ်ပါ့။
      😆

      • Azzurri

        June 15, 2012 at 7:18 pm

        စိတ်မဆိုးပါနဲ့အရီးရာ
        အင့်၂ကျပ်
        ဘောပွဲလောင်းဖို့

        🙂

      • ကြောင်ဝတုတ်

        June 15, 2012 at 8:49 pm

        ခုနကတော့ အင်္ဂလန်ပရိတ်သတ်ကြီးဆိုင်ထိုင်ရင်းထီးမေ့သွားသည်
        အဇူရီနှင့်ဗိုလ်လုပွဲတွင်တွေ့ရန် အင်္ဂလန် ဘင်သံဖြင့်လာခဲ့ပါ
        နှစ်တစ်ရာကျော် အုပ်ချုပ်သွားတဲ့ အင်္ဂလန်နှင့် သံယောဇဉ်ကြိုး မျှင်မျှင်လေး
        ရှိသည်ဟုလည်းဆိုသွားသေး၏
        အင်္ဂလန် အုပ်စုမှတက်ရန်ဆုတောင်းပေးပါသည်

        အဇူရီကြောင်ဝတုတ်

  • MaMa

    June 15, 2012 at 7:10 pm

    လူ့ယဉ်ကျေးမှု အဆင့်အတန်း မြင့်လှပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် ခွဲခြားမှုတွေက ရှိနေတာပဲနော်။
    ဘယ်မိသားစုမဆို ကိုယ့်မိသားစုနဲ့ ဧည့်သည်ကို ခွဲခြားမှုတော့ ရှိကြမှာပါ။
    ဧည့်သည်ကို ဧည့်ဝတ်ကျေပွန်တတ်တဲ့ မိသားစုကတောင်မှ
    ကိုယ့်ကိုဒုက္ခပေးမယ့် ဧည့်သည်ဆိုးကိုတော့ လက်ခံကြမှာ မဟုတ်ပါဘူး။

    ဘောလုံးပွဲဆိုရင် မျိုးချစ်စိတ်ဓာတ်နဲ့ အားပေးတတ်ကြလွန်းလို့
    တခါက သူငယ်ချင်းတွေကို မြန်မာပါတဲ့ပွဲဆိုရင် တဖက်အသင်းကပဲလောင်း နိုင်စေရမယ်လို့ ပြောခဲ့ဖူးလို့
    ဝိုင်းပြီးဆွမ်းကြီးလောင်းလိုက်ကြတာ နောက်ကို မပြောရဲတော့ဘူး။ :mrgreen:

  • Azzurri

    June 15, 2012 at 7:12 pm

    အဟိ.
    သည်ည ဘောပွဲရှိတယ်လား
    သိပါဘူး ဟာသကားပြမှာမှတ်လို့

    အဆာဟိ နဲ့ ငဇာဂိ လည်း
    အားပေးနေကြောင်းပါ

    အိုဘယ့် အီဘရာဟီမိုဗစ်ချ်

  • မောင်ပေ

    June 15, 2012 at 7:18 pm

    ကျုပ်တို ့မြန်မာပြည်က မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီးမှာပေါ့
    “ဇေယျာရွှေမြေ” ကလပ်အသင်း နဲ ့“ရတနာပုံ” ကလပ်အသင်းတို ့အမှတ်ပေးပွဲစဉ်တစ်ခုမှာ ကစားခဲ့တုန်းကပေါ့ ။
    ဇေယျာရွှေမြေ အားပေးတဲ့ ပရိသတ်တွေက ကွင်းထဲကို ငှက်ပျောသီးတွေနဲ ့လှမ်းပစ်ကြတယ် ။
    ရတနာပုံ က ကစားသမားတွေကလဲ ဘယ်ရမလဲ ။ ချက်ချင်း ကို ကောက်စားပစ်ပြလိုက်တယ် ။ ပြီးတော့ပြောသေးတယ် ။ ရှိသေးရင်နဲနဲကျွေးပါတဲ့ ။
    (ရတနာပုံမှာ နစ်ကာ၃ကောင်ရှိတုန်းကပေါ့ )

  • hein latt

    June 15, 2012 at 7:18 pm

    အဟီး…….နာလည်းအင်ဂလန်ဂိုနိုင်စေချင်တာပ……..
    သူ.ဘက်ကထိုင်ထားလို.လေ………

  • ရဲစည်

    June 15, 2012 at 8:06 pm

    လက်မလေး ထောင်ကာပြီး အားပေးသွားပါကြောင်း
    အော် တိမ်တွေဖုံးတဲ့လ ….ဒီည အိပ်ရေးပျက်အုံးမယ်..

  • padonmar

    June 15, 2012 at 8:41 pm

    မလတ်ရေ
    မလတ်ရဲ့ အေလီယန်ဆိုးတွေနဲ့ အီးတီလေးကို ပစ္စုပ္ပန်မြန်မာပြည်ထဲချကြည့်လိုက်တော့
    အယ်ကိုင်ဒါလို့ခေါ်နေကြတဲ့ အကြမ်ဖက်သမားတွေနဲ့
    ရိုဟင်ဂျာလို့ခေါ်နေကြတဲ့ဘင်္ဂါလီ ကလေးငယ်လေးတွေကို
    မျက်စိထဲမြင်ယောင်မိပါတယ်။

    ရေကြည်ရာမြက်နုရာရှာရင်း
    ကမ္ဘာအနှံ့ရောက်နေတဲ့ ကျမတို့ရဲ့ အေလီယန်တွေလည်း
    အီးတီလေးလို ကြင်နာမှုရယူနိုင်ကြပါစေ။
    (ကိုယ့်ကိုကိုယ် အေလီယန်ဆိုတာသိပြီး မရသင့်တဲ့ သီးခြားပြည်နယ်လို အခွင့်အရေးတွေလည်း သွားမတောင်းကြပါနဲ့။မြေကမ္ဘာကိုလည်း ရန်မပြုကြရင် လူသားဆိုတာ မေတ္တာဓာတ်ရှိပါတယ်)

  • ကိုရင်စည်သူ

    June 15, 2012 at 8:45 pm

    ဘာပဲဖြစ်ဖြစ် ဂီ့ကြီးတို့ အင်္ဂလန်ကို အလန်ဝေဖန်လည်း အားပေးရမှာပဲ
    ၂၂ရက်နေ့ မြန်မာအသင်း ဖားတွေနဲ့ ကန်ရင်လည်း အားပေးရမှာပဲ
    ညစ်လည်း အားပေးမှာပဲ ရှူံးလည်း အားပေးရမှာပဲ…
    ဘာပဲဖြစ်ဖြစ်… မော့ကြီး အရီးလတ်ကိုလည်း ဘာရေးရေး ဆက်အားပေးနေမှာပဲ…

    အပျိုမြင်ရင်ခုန်တတ်သူ
    အာလီယန် အီးစည်လေး…. 😳

  • နေဝန်းနီ

    June 15, 2012 at 9:22 pm

    အရီးပြေမှသတိရတယ်…။ ဘောလုံးပွဲလာင်းဖို့…။ ဘယ်သူပိုက်ဆံချေးမလဲ သူကြီးဆီက ပွိုင့် တစ်သိန်းပြည့်တဲ့နေ့ပြန်ဆပ်မယ်….။ 😛

  • ကြောင်ကြီး

    June 16, 2012 at 12:08 pm

    ဒီနေ့ အင်္ဂလန်ဂ ဆွီဒင်ကို နိုင်သွားဒေါ့ ဒုတိယအဆင့် ကွာတားဖိုင်နယ် တက်ဖို့ သေချာနေပီ။ ကျန်တဲ့ပွဲက ယူကရိန်းနဲ့ဆိုဒေါ့ အနိုင်နဲ့ သရေတခုခုပဲ။ ခက်တာဂ အင်္ဂလန်အသင်း ကွာတားထက် ပိုမတက်နိုင်တာ ကြာပီ။ ပြင်သစ်နဲ့ သရေကျသာကျသွားတာ ဟိုက ခြေပိုသာဒယ်။ ဘာပဲဖြစ်ဖြစ် ပရီးမီးယားလိဂ်အစွဲကြောင့်လားမသိ အင်္ဂလန်အသင်းရဲ အဝေးပြေး ကန်တင် တိုက်စစ်ဦးစားပေး ကစားပုံကို ကြိုက်တယ်။ နောက်ဆုံး ဆီမီးလေးသင်းမှာ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ ပေါ်တူဂီတို့တက်မယ်ဖြစ်ပီး ပြင်သစ်နဲ့ ဂျာမနီ ဗိုလ်လုကာ ပြင်သစ်အသင်း ဆုဖလားရမည်ထင်၏။

  • pooch

    June 16, 2012 at 12:26 pm

    အရီးက အီးတီလေးနဲ့ သရုပ်ခွဲပြတာ သဘောတော့ အတော်ကျတယ်။

    အနော့်သူငယ်ချင်း အရင်းခေါက်ခေါက်( ချီကာဂိုကတယောက် ) သူ့ရုံးမှာ အသစ်ဝင်တဲ့ဘိုတွေက အေရှန်တွေကို ဘယ်တော့မှ မသိတာမေးလေ့မရှိတဲ့။ မသိတာကို သူတို့ ဘိုအချင်းချင်းသာ မေးလေ့ရှိတယ်တဲ့။ အဲ့ဒါ ချီကာဂိုနော် အရီး။ ရှိသေးတယ် ပြောတော့ပါဘူး။

Leave a Reply