ဟူး…

chityimhtooJune 15, 20121min30860

တာမွေမြို့နယ်တွင် အုန်းခိုင် ဓါးခုတ်ခံရပြီး
သာကေတနှင့် တောင်ဒဂုံတို့တွင် လည်း ပန်းပဲဖို များတွင်
ထုရိုက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး အင်းစိန် ကြို့ကုန်းတွင်လည်း ဆေးလိပ်ထိပ် တွင်မီးလောင်ကျွမ်းလျက်ရှိကြောင်း ကြားသိရပါသည်. . ။ ရှစ်မိုင်အနီးရှိ လက်ဖက်ရည်ဆိုင်များတွင် ဆူပူလျက်ရှိသော ရေးနွေးအိုးများကိုလည်း တွေ့ ရှိနေရကြောင်း ထပ်မံကြားသိရပါသည်.. ။ ။

60 comments

  • water-melon

    June 15, 2012 at 6:49 pm

    အမရေး
    တိုဂျီးတို့ကလည်း
    အားအားရားရား
    အရေမရအဖတ်မရတွေတင်တယ်တော့
    ကျူပ်တို့မှာ ပတ်ကျိလောက် ကော်နက်ရှင်ကို အံတုပြီးတက်လာရတာပါ
    အားယားနေရင်လည်း များတို့အခြောက်တွေဖင်လာကုတ်ပေးပါလား :mrgreen:

    • စိန်ဗိုက်ဗိုက်

      June 16, 2012 at 6:11 pm

      မာမီပုကို လွှတ်လိုက်မယ်နော့..
      အဲကျမှ အာယားအာယားဆိုပြီး ထွက်ပြေးနဲ ့

      အိုင်လက်ဖ်ဖြူ ပုတ်ဂိုရေ..ဟိုလူဝင် ဒီလူဝင်နဲ ့ခင်ဗျားတော့ ပွိုင့်တွေ တထောကြီးခိုင်တော့မယ်.. 😆

  • chityimhtoo

    June 15, 2012 at 7:02 pm

    ဟဟ ရွာထဲကလူတွေလောဘ ဒေါသ မောဟတွေနဲ့ သတင်းတွေဖတ်ရတာ ချိတ်ညစ်မှာချိုးရို့ပါ ဖရဲရယ်။
    ခွဲစားလိုက်ရ…:P

    • water-melon

      June 15, 2012 at 7:08 pm

      စိတ်မရှိပါနဲ့ ကိုချစ်ရင်ထုရေ
      သများ နည်းနည်းစိတ်တိုနေလို့ပါနော်
      အဟီ အာဘွားပေးမယ်

  • စိန်ဗိုက်ဗိုက်

    June 15, 2012 at 7:10 pm

    တော်သေးတယ်..
    ဘီအီးဆိုင်မှာ ဗိုက်ကလေး ရှကီချနေတယ် သတင်းမပါတာ..

  • မောင်ပေ

    June 15, 2012 at 7:14 pm

    ရအိမ်တန်းတွင်လဲ ကြက်များရက်စက်စွာ ခေါင်းအဖြတ်ခံရလျှက်ရှိနေကြောင်း ။
    သက်ဆိုင်ရာ နယ်မြေစခန်းမှူးကတော်ကိုယ်တိုင် သူ ့ယောက်ျားအတွက် ကြက်ခေါင်းကြော် အမြည်းအလို ့ငှါ အားပေးသွားကြောင်း။

  • Azzurri

    June 15, 2012 at 7:16 pm

    လှည်းတန်းမီးပွို့င့်နားတွင် တကိုယ်လုံးနီရဲလျက်ရှိသောဘဲကြီး
    လည်ပင်းမှ သံချိတ်ဖြင့် ရက်ရက်စက်စက် ချိတ်ဆွဲ တွဲလောင်းချခံထားရသည် ကိုတွေ့ရ

  • water-melon

    June 15, 2012 at 7:25 pm

    ကျုံးဘေးတွင် ပုရွတ်ဆိတ်နှစ်ကောင် ကားကြိတ်ပြီး ပွဲချင်းပြီးသေဆုံးကြောင်း

    • Azzurri

      June 15, 2012 at 9:41 pm

      သေဆုံးသွားသော ပုရွက်စိတ်များ၏ ဆွေတော်မျိုးတော် အပေါင်းမှ
      လူတို့၏ မဆင်မခြင် လုပ်ရပ်ကို ပြင်းထန်စွာ ရှုံ့ချသည့်အနေဖြင့်
      ပုရွက်ဆိတ် အခွင့်အရေး အတွက်…
      လူတို့နေအိမ်များ၏ သကြားပုလင်း နို့ဆီ ခွက်များ တွင်
      ငြိမ်းချမ်းစွာ စုရုံး စန္ဒာ ပြလျက်ရှိ…

  • Thel Nu Aye

    June 15, 2012 at 9:09 pm

    မြောက်အမေကြီးကားတိုက်သွားသည်ကို ကိုလံဘတ်ဆိုသူမှတွေ့ရှိ။

  • chityimhtoo

    June 15, 2012 at 9:23 pm

    ခုမှဘဲသိတော့တယ် ရွာထဲကလူတွေတော်တော်ပေါကျတာဗျဲ..

    • Mလုလင်

      June 16, 2012 at 1:22 am

      ဆိုတော့ .. chityimhtoo ရဲ့ လက်ရှိ comment ရဲ့ အပေါ်က မန့် ပိုင်ရှင် တွေကို ငပေါ တွေလို့ ပြောချင်တာ ပေါ့ …

  • ပေါရုံတင်မက ဘူး တဏှာရူးတွေမှတ်လို့ ကော့ကော်ကန်ကားနဲ့စော်ပုံတွေတောင်တင်ပေးနေသေးတယ်။

    • Mလုလင်

      June 15, 2012 at 11:19 pm

      ပြောပြီး ပြီဗျာ .. စိတ်လေ တယ် … … မုန်းချင်လဲ မုန်းတော့

    • Azzurri

      June 16, 2012 at 12:08 am

      မေးပါရစေ လေးပေါက် …

      သည် ပိုစ့်ထဲမှာ ကောမန့်ရေးထားသူတွေ နောက်ထား ပြောင်ထားတာကြောင့်
      ဂေဇက် သိက္ခာကျပြီး ရှိသမျှလူ အထင်သေးခံရပြီး
      ဟိုဘက်က စာရေးသူတစ်ယောက်က အညှီအဟောက်တွေ တင်တယ်..
      ဆိုချင်တာလားဗျ…

      ခွဲပြောမယ်ဗျ… ဟိုက လူသစ် ချစ်ရင်ထူးက လူဟောင်း..
      အဲ… သူ နောက်ပြောင်ထားပါတယ်.. ပေါ့ပေါ့ပါးပါးဖြစ်စေချင်လို့ပါ ဆိုပီး
      ရှင်းတောင် ရှင်းထားသေးတဲ့ ကောမန့် အပေါ်မှာ ရှိရဲ့ မဟုတ်လား …

      နောက်တချက် ချစ်ရင်ထူးက တောက်လျောက် ပေါက်ကရ တင်နေတဲ့
      စာရေးသူလည်း မဟုတ်ဘူး… ဒါကိုလည်း မေ့လို့မဖြစ်ပါ …

      ဆိုတော့ … လူသစ်အနေနဲ့ ရွာအကြောင်းမသိလို့ ဟော့မယ်ထင်တာ
      တင်မိကောင်းတင်မိမယ်… အဲ့ဘက် သွားပြောပေါ့ဗျာ ..
      သည်နဲ့ ဘာလို့ လာဆက်စပ်တာတုန်း …

      ကျုပ်တို့ စ နောက် ပီး မန့်ထားလို့ အရိုအသေတန်ပြီး အကြည်ညိုပျက်ပြီး
      ဟိုဘက်က ဒါမျိုး တင်တာ ပါ ဆိုရင်တော့ အချက် ၂ချက် ကိုင်ဆွဲပြီး
      ငြင်းပါ့မယ် ကန့်ကွက်ပါ့မယ်…။

      ၁။
      သည်ထဲ မန့်ထားတဲ့ လူတွေ ဖြစ်တဲ့ ကျုပ်တို့ သည် အမြဲတမ်း ပေါက်ကရ
      ရေးနေသူတွေ ဂေဇက်သိက္ခာ ချနေသူတွေ မဟုတ်ပါ…။ ဟုတ်ခဲ့ရင်တောင်

      Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

      နဲ့ ငြိ ပါတယ် … တယောက်ကိုတောင် မဟုတ်ဘူးနော ..
      သိမ်းကျုံးစွပ်စွဲတာ …

      ၂။
      ၆မျက်နှာ ပို့စ် မှာထင်ရဲ့ ..
      လွတ်လပ်ချင်လို့ …အင်တာနက်မှာရေးတာ ဒါတွေလာမပြောနဲ့ ဆြာ မလုပ်နဲ့လို့
      လေးပေါက်ရေးခဲ့တယ်…မကျေနပ်ရင် အယ်ဒီတာ တယောက်ထား ..စီစစ်ပြီးမှ တင်
      ဆိုတာတောင် ပါသေးတယ် … ဆိုတော့..
      သည်စကား အရပြောရရင် …သည်နေရာမှာ …သည်လို လာမဝေဖန်သင့်တာ အမှန်ပဲ …
      ၆မျက်နှာ စာသားတွေကို အတိအကျ ထောက်ခံသူ တယောက် လာပြောရင်တော့…
      ဟုတ်ကဲ့ ကျနော် နာခံပါ့မယ် လို့ ပြောဖို့ ဝန်မလေးပါဘူး … သူပြောသွားတာ..
      အက်တီကတ် အပိုင်း …နီတိ တွေကိုး …..

      ရင်းနှီးမှုအရ ပျော်စေပျက်စေ မန့်နေတာတွေ ရှိခဲ့ ရှိဆဲ ရှိဦးမှာပါပဲ …
      ဒါပေမယ့် ဒါဟာ အမှားအယွင်းမဟုတ်ဘူး …ရှိသင့်တယ်.. အဲ ..အက်တီကတ်ကို
      လိုက်နာ တဲ့ မန့်တာတွေလည်း ရှိရမယ်…။ ဒါ အမှန်တရားပဲ..။

      ဥပမာဗျာ ..ကိုမှော်ရေးတဲ့ မှော်ဆြာ့ ပန်းသည် လိုပိုစ့်မျိုးမှာ
      အားပေးသွားပါသည် တခွန်းတည်းပြောပြီး ထွက်သွားရင် ဒါဟာ
      စော်ကားမှုမြောက်တယ် လို့သတ်မှတ်နိုင်တယ်..(ကျင့်ဝတ်ပိုင်းအရနော…)
      (မန့်ထားသူ ရှိမရှိမသိပါ. ..လက်တလော ခေါင်းထဲပေါ်တဲ့ ဥပမာပြောပြတာပါ..)
      မမန့်ဘဲ နေလိုက်တာကမှ ဒါမှမဟုတ် တခြား ဟာသပြောပြီး ထွက်သွားတာကမှ
      ချစ်ကြည်ရေး သဘော ဆောင်ဦးမယ် မဟုတ်လား..

      ဆိုတော့ … ဆြာလာမလုပ်နဲ့ ရေးချင်ရာရေး ကွာ ..ဆိုတဲ့ မူကို လက်ကိုင်ထားတဲ့ ကွန်းမန့်ပိုင်ရှင်က
      ဒါမျိုး လာစွပ်စွဲတာ … လုံးဝ အဓိပ္ပါယ် မရှိပါကြောင်း…။

      မဆိုင်တဲ့ ပိုစ့် ပိုင်ရှင် နောက်ပြီး ..မဆိုင်တဲ့ မန့်သူတွေ ဖြစ်နေတဲ့အပြင် …
      ပေါ်လစီ ပိုင်းအရပါ ..ဘာမှ မဆိုင်တဲ့ ရှေ့နောက် မညီမှု သက်သက်ဖြစ်နေတာကြောင့်…

      စာအလွန်အရေးကောင်းလို့ လေးစားရတဲ့ လူကြီးသူမတယောက်
      ဖြစ်တာ ကြောင့် သည်လိုတွေ လွဲနေပါကြောင်း လေးလေးစားစား တင်ပြလိုက်ရပါတယ်ဗျား…

      တော်သေးပြီ
      ခင်တဲ့
      ဂီ

      • အရီး Khin Latt

        June 16, 2012 at 2:21 am

        လုပ်ပြီ မောင်ဂီ။
        ဘာလို့ ဒီလောက်ပေါက်ကွဲ သွားသလဲ။
        အချင်းချင်း မသိကြတာလဲ မဟုတ်။
        မင်း တို့ ဒီလိုဘဲ နောက်ပြောင်တတ်တာ အားလုံးသိပါတယ် ဟယ်။
        တကယ်တော့ ပါးစပ် ကပေါက်ကရ လျှောက်ပြောတဲ့သူဟာ ကုတ်ကမြင်း မဟုတ်ပါဘူး။
        ဘာမှမပြောဘဲ ငြိမ်ငြိမ်ကြီး နေတာက နောက်ကွယ်မှာ ပိုလို့ ကဲတတ်ပါတယ်။
        (ဥပမာ ပြောရရင် 🙄 😉 )

        ကိုပေါက် ကလဲ နောက်ပြောတာပါ။

        စိတ်အထိခိုက်ပါနဲ့။
        ငိုမနေနဲ့။ တိတ် တိတ်။
        ရော့ တစ်ရှုး။ နှပ်ညစ်လိုက်။
        လာ၊ လာ၊ပွဲလာကြည့်။
        အင်္ဂလန် တော့ half time မှာ ၁ဂိုးရနေပြီ။
        ပွဲစပြီး ဘယ်နှစ်မိနှစ် မှာ ဂိုးပြန်ပေးရမယ် မသိ။
        ဟူး ….. 😛

        • အရီး Khin Latt

          June 16, 2012 at 3:24 am

          ဟူး ….
          Finally …. they won 3:2. 🙂

        • kai

          June 16, 2012 at 3:34 am

          ဟူး..
          နောက်နေကြတာမဟုတ်ဖူးလားဟင်င်င်..

          အနိစ္စ..

        • Foreign Resident

          June 16, 2012 at 8:11 am

          ကဲ အရီးလတ် မထူးတော့ပါဘူး ။
          ရွာသူား လူဟောင်းကြီးတွေ ၊
          စီနီယာကြီးတွေပါ ချ ကုန်ကြပြီဆိုတော့ ၊
          လူစုံသွားအောင် အရီးလတ် နှင့်
          ကျနော်ပါ တဖက်စီ ဝင်ပြီး ရန်ဖြစ်ကြရအောင် ။

          ” ဘာမှမပြောဘဲ ငြိမ်ငြိမ်ကြီး နေတာက
          နောက်ကွယ်မှာ ပိုလို့ ကဲတတ်ပါတယ်။
          (ဥပမာ ပြောရရင် 🙄 😉 ) ”

          ဒါ ကျနော့်ကို သက်သက် ရွဲ့ပြောတာမဟုတ်လား ။
          အရီးလတ် !@#$%^&*() !@#$%^&*() ။
          ဒါဗျဲ ။ 😛

      • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

        June 16, 2012 at 4:01 pm

        to … Azzurri says:
        ညီလေးရဲ့ဘောထားကို ခိုက်သွားပြီ

  • Mလုလင်

    June 16, 2012 at 12:49 am

    ရန်ကုန်မြို့ တွင်း ဖြစ်ပေါ်နေသော မငြိမ်သက်မှူများ သတင်း ~~
    Credit to Nay Ag Win

    တာမွေမြို့နယ်တွင် အုန်းခိုင် ဓါးခုတ်ခံရပြီး
    သာကေတနှင့် တောင်ဒဂုံတို့တွင် လည်း ပန်းပဲဖို များတွင်
    ထုရိုက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး အင်းစိန် ကြို့ကုန်းတွင်လည်း ဆေးလိပ်ထိပ် တွင်မီးလောင်ကျွမ်းလျက်ရှိကြောင်း ကြားသိရပါသည်. . ။ ရှစ်မိုင်အနီးရှိ လက်ဖက်ရည်ဆိုင်များတွင် ဆူပူလျက်ရှိသော ရေးနွေးအိုးများကိုလည်း တွေ့ ရှိနေရကြောင်း ထပ်မံကြားသိရပါသည်.. ။ ။

    ကို Kyaw Zay Win Facebook Account မှာ ကြည့်နိုင်ပါကြောင်း …။
    ဆိုတော့ ချစ်ရင်ထူး က Nay Ag Win လားဗျ။

  • chityimhtoo

    June 16, 2012 at 2:40 am

    Nay Ag win မဟုတ်ပါဘူး ကျွန်တော်လွင်မိုးပါ။ ပြုံး ပြုံး ဖါးပြုံး ပြုံး။ပေါ့ပေါ့ပါးပါးလေးပြုံး။စိုးရိမ်ပူပန်ပြီး
    သွားလည်းဒီဘဝဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သွားလည်းဒီဘဝပါဘဲ။လူတိုင်းလူတိုင်းမှာ ပြုံးပြုံးလေးနေဖို့
    အခွင့်အရေးရှိရဲ့သားနဲ့ အချိန်ကုန်ခံပြီး မဲ့မနေချင်ပါနဲ့။တစ်ချို့ စာတွေကိုပေါ့ပေါ့ပါးပါးလေးဖတ်ပြီး
    ပေါ့ပေါ့ပါးပါးလေးဘဲ ပြုံးစေချင်လို့ပါ။

    • အရီး Khin Latt

      June 16, 2012 at 2:43 am

      ငါးရှဉ့် ပြုံး ပြုံး သွားပါတယ် ချစ်ရင်ထူး ရေ။ 🙂

    • Mလုလင်

      June 16, 2012 at 4:41 am

      ပေါ့ပေါ့ပါးပါး ကနေ ပေါ့ပေါ့နေ .. ပေါ့ပေါ့စား ဖြစ်သွားတတ်တယ်။ ကိုယ့်ဟာမဟုတ်လို့ ကူး ပြီးရင် Credit ပေးရတယ်။ လူဟောင်း ဆိုပြီး မေ့လို့မဖြစ်ဘူး ဆိုတဲ့ အင်ဇာဂီ .. မင်း ကြည့်ထား ..။ .. ဒါမျိုးက ဟောင်းတာ သစ်တာ နဲ့ မဆိုင်ဘူး … Mandalay Gazette မှာ လူအထင်ကြီးအောင် ရေးတဲ့စာနဲ့ ပြင်ပ က လူ့စိတ်ဓာတ်နဲ့ တောင် မတူလို့ ငါ တို့ခံလိုက်ရသေးတယ်။ ဘာမဆို အပေါ်ယံ ကိုမကြည့်နဲ့ … သေချာစဉ်းစား …။ ဒီပိုစ့်ပိုင်ရှင် ကိုမင်း ဘယ်လို ပြောမလဲ ဆိုတာ ငါစောင့်ကြည့်ဦးမယ်။

      • Azzurri

        June 16, 2012 at 11:04 am

        သည်လိုဗျ …
        အနှီ ကွန်းမန့် ၂ခုက အချိန် မခြားဘဲ တက်သွားတာ…
        ၁နာရီ အတွင်း လောက်ထင့် …(အထင်)
        ကျနော်က ပို့စ်ပိုင်ရှင် ရေးတာကို ကိုပေါက် ပြန်ဖြေ ထားပြီးမှ တွေ့တာ ဆိုပါတော့

        ငပေါ လို့ ပြောတာ ပေါတောတော ရေးထားတဲ့ ပြောင်ထားတဲ့ ပိုစ့် ဖြစ်လို့…
        အပြောင် ဝင်ရေးမိတဲ့ လူတွေ ကို ပိုစ့် ပိုင်ရှင် ပြန်ရေးတာ ဖြစ်လို့ …
        (anyway, within this post) ဖြစ်နေတယ်ဗျာ..

        ဒါပေမယ့် သူသည်လို မရေးသင့်တာ တော့ အမှန်ပါပဲ..
        ပိုစ့်ပိုင်ရှင် ကို ၂ချက်နဲ့ ကန့်ကွက်ရရင်တော့
        ၁။ ခရက်ဒစ် ကိစ္စ .. ပေါ့
        ၂။ သည်လို မန့်တဲ့ကိစ္စ ပါ
        ဆိုတော့ … လူဟောင်း(အသစ်အဟောင်း ဒစ်ခရစ်မီနိတ် လုပ်တာမဟုတ်ပါ)
        ရွာနဲ့ အသားကျပြီးသား လူအနေနဲ့ အထက်ပါ အချက် ၂ချက် မဖြစ်သင့်ပါ…

        လေးပေါက် ကွန်းမန့်နဲ့ ပတ်သတ်ပြီး ပြောရရင်တော့
        တဏှာရူး လို့ ရေးတာက ဟိုဘက်က မဆိုင်တဲ့ အပေါက် ကို
        ဂလိုင်နဲ့ ခေါက် လို့ ပြောသင့်တယ် ထင်တာ ပြောတာပါပဲ …

        ရွာမှာ ကြိုကြား …သည်လို ပုံတွေ တက်တတ်တာ ကိုယ့်ဆြာလည်း အသိပါဗျာ..
        ပုံတွေရဲ့ သိက္ခာ နဲ့ ခရက်ဒစ်ကိစ္စလည်း .. စိုးရိမ်ရတာ ဝင်ပြောရတာ လည်း ခနခနပါပဲ
        ဆိုတော့ …အနှီ ပိုစ့်ကိုလည်း ရှုံ့ချပါကြောင်း…တခါတည်း အတိအလင်း ပြောခဲ့ပါရစေ..။

        နောက်ဆုံး ပြောချင်တာက ..ကျနော် တင်းတာ ပေါက်ကွဲတာ မဟုတ်ပါကြောင်း..။
        ပြောသင့်တယ်ထင်လို့ ပြောလိုက်တာ သက်သက်ဖြစ်ပါကြောင်း..။
        အရေးအသား ဒေါသဂိုဏ်း သင့်တယ် လို့ မြင်ကြတဲ့အတွက်…
        ကျနော့် အရေးအသား မပြေပြစ်ပုံအတွက်
        အားလုံး ကို အနူးအညွတ် တောင်းပန်ပါကြောင်း..။

        အဲ. .. သက်ဆိုင်သူ ကာယကံရှင်များကိုလည်း အပြန်အလှန် တောင်းပန် ကျေအေးသင့်ကြောင်း
        တိုက်တွန်းလိုပါတယ်…။

        တော်သေးပီ…

  • ကိုရင်မောင်

    June 16, 2012 at 3:52 am

    ချစ်ရင်ဟောင် ရေလို့မပြောပါဘူး ကိုချစ်ရင်ထူးရေ
    ကျောင်းသားဘဝတုန်းကကျောင်းရဲ့အိမ်သာထဲမှာ ပါ နေရင်း…
    ရှေ့တံခါးမှာဆော့မင်နဲ့လက်ဆော့နဲ့ရေးထားတယ်မျှားကိုအပေါ်ထောင်ထားတယ်
    အပေါ်ကိုကြည့်ပေါ့ သဘောက အပေါ်ကိုကြည့်တော့ မျှားကဘေးကိုကွေ့သွာပြန်ရော
    ဒီလိုနဲ့အိမ်သာတစ်ပါတ်နီးပါး..မျှားဆုံးတော့စာရေးထားတာတွေ့တယ် စောက်ရူးတဲ့
    ဘာဖြစ်လို့လျှောက်ကြည့်နေတာလဲတဲ့ အေးအေးဆေးဆေးပါတာမဟုတ်ဘူးတဲ့……..

    • ကိုရင်မောင်

      June 16, 2012 at 8:50 am

      မင်းရေးထားတဲ့ ဟာသ ပို့စ်ကိုအားပေးဖတ်ယင် ကွန်မန်းတွေပေးကြတယ်..
      မင်းကိုအားပေးကြတယ်…ဒါပေမဲ့ မင်းက ( ခုမှဘဲသိတော့တယ် ရွာထဲကလူတွေတော်တော်ပေါကျတာဗျဲ..) ဆိုတော့
      မင်းရေးထားတဲ့မျှားဆုံးအောင်လိုက်ကြည့်ပြီးမှအဆဲခံရတဲ့အဖြစ်မျိုး…
      စိတ်ချနောက်ဆိုယင် မင်းပို့ကိုသတိထားပါ့မယ်….

      • chityimhtoo

        June 16, 2012 at 10:28 am

        အော်…မောင်ရင်မောင်ရယ် မမယ်မြကိုဘယ်မှာထားခဲ့ သလည်း…ဟာသရေးရင်ဟာသလို
        ဘဲဖတ်သင့်တာပေါ့၊*ခုမှဘဲသိတော့တယ် ရွာထဲကလူတွေတော်တော်ပေါကျတာဗျဲ..*
        (ဗျဲ)လို့ ရေးလိုက်လို့ 😛 ဟာသသင်္ကေတလေးမထည့်လိုက်တာပါ။ဒီစာကြောင်းလေးကိုဘာလို့
        နာလုံးပေါက်နေကျပါလိမ့်။

        • amatmin

          June 16, 2012 at 3:16 pm

          နာလုံးပေါက်နေတယ်လို့ ဆိုတာထက်..
          ရွာသူားဟောင်းတဦးမို့..
          ကိုယ့်ပို့စ်မှာ ပြသာနာ(ဖြစ်ချင်ချင်)ကို..
          တနည်းနည်းလေးနဲ့ ပြေရာပြေကြောင်းပြောပေးတာ..
          မကောင်းဘူးလားဗျာ..
          ခင်ဗျားက ကောင်းမွန်စွာပြောပေးခဲ့ရင်
          ခင်ဗျားပို့စ်.စကားရပ်တခုခုကို.လေးစားမှုနဲ့..
          ကိုယ့်ရွာသားတွေ ချုပ်လိုက်ကြမယ်ထင်ပ..

  • Mလုလင်

    June 16, 2012 at 5:07 am

    နောက်ဆုံးကနေ စရေတွက် မယ်။
    ၁။ ဟူး … (Credit မပေး)

    ၂။ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍
    http://www.thithtoolwin.com/2012/06/blog-post_5039.html

    ၃။ စည်းလုံးကြပါ။
    Myo set
    http://www.facebook.com/myo.set.10/posts/264594323648080

    ၄။ သံတွဲမှနောက်ဆုံးရသတင်း
    ၆ ကြောင်း

    ၅။ မောင်းတောမှာ ရဲ၂ယောက်သေသွားတယ်
    ၃ ကြောင်း

    ၆။ တောင်ကုတ်ကိစ္စ ဖြစ်ရပ်မှန်ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီးလုပ်ဆောင်မည်။
    http://www.thithtoolwin.com/2012/06/blog-post_5059.html#comment-form

    ၇။ နွားစာလုစားတဲ့လူတွေ
    မိုးနတ်မောင်

    ၈။ ကျောက်နီမော်မှ မုဒိန်းကျင့်လူသတ်ကောင် ထက်ထက်၏ ဖြစ်ရပ်မှန်ဇာတ်လမ်း
    http://www.facebook.com/photo.php?fbid=110916929049501&set=a.108953565912504.10233.100003935835322&type=1

    ၉။ ပြည်တန်ဆာမှတ်စု
    မောင်ယုပိုင် ၂၀၀၄

    ၁၀။ ချကုန်ပြီ
    http://www.facebook.com/thevoiceweekly/posts/423457481007850

    ၁၁။ ၂၉-၅-၂၀၁၂နှစ် ည၁ဝ နာရီအချိန်တွင်မြန်မာန်မာနယ်စပ်နစ်မြစ်အနောက်ဖက်ဘင်္ဂလာဒေ့ချ်နိုင်ငံ မြစ်နားရွာ။ခြံချောင်းအနီး
    http://www.facebook.com/photo.php?fbid=4070268993450&set=a.4070253953074.2174963.1184117983&type=1&theater

    ၁၂။ ရှမ်းလမ်းဂွဈေးမီးလောင်ကျွမ်းခဲ့ ည၁နာရီကျော်ခန့်က
    ကိုယ်တိုင်ရိုက် လို့ ထင်

    ၁၃။ Y-talk မှလွဲပြီးကျန်အွန်လိုင်းမှဖုန်းခေါ်ဆိုမှူ့များကိုအရေးယူတော့မည်လို့ဆို။
    http://www.thithtoolwin.com/2012/05/y-talk.html

    ၁၄။ စက်ခေါင်းမှူးလက်ထောက် ဦးဌေးနိုင်ရဲ ့ သက်စွန့်ဆံဖျား အသက်ကယ်တင်ဆောင်ရွက်မှုကို လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်
    http://www.facebook.com/photo.php?fbid=3826651152856&set=a.3390189321583.2157207.1475121874&type=1

    ၁၅။ Red Link ဘာလည်းဘယ်လည်း
    စာ ၁၄ ကြောင်း နဲ့ ပုံတစ်ပုံ။

    ၁၆။ ဒီရက်ပိုင်း google က gtalk ဆာဗာဘာဖြစ်လည်းမသိပါဘူး။
    စာ ၅ ကြောင်း

    ၁၇။ ဆူနာမီနှင့်ပတ်သတ် ဦးထွန်းလွင် ဗျူး
    http://www.thithtoolwin.com/2012/04/blog-post_2958.html

    ၁၈။ မောင်မင်းလူ့ဘဝမှာဘာတွေလုပ်ခဲ့သလည်း…..
    ပုံ တစ်ပုံ Credit မပါ။ စာ “ခွိခွိ”

    ၁၉။ ကဲလုပ်ကျပါဦး Red link
    ပုံ တစ်ပုံ။ စာ ၆ ကြောင်း

    ၂၀။ မိုးမမြင်လေမမြင် ဝန်ကြီးများလုပ်ရပ်လုပ်ဇတ်များ…
    http://www.demowaiyan.org/2012/03/blog-post_346.htm

    • Mလုလင်

      June 16, 2012 at 5:08 am

      Credit မပေး 2 ပိုစ့်
      ကူး ပြီး ပြန်တင် (Credit ပေး) တာက 12
      ကိုယ်တိုင် ရေး 6 ပိုစ့် စုစုပေါင်း စာကြောင်းရေ 34 ကြောင်း ပုံ 8 ခု

      • Mလုလင်

        June 16, 2012 at 5:14 am

        ဒါမျိုး နည်းနဲ့ တော့ မဟောင်းစေချင်ဘူး …။ ပြန်ကြည့်ပြီး မမေ့ အောင် ပိုစ့် အခု 20 ပြန်တင်ပေးလိုက်တယ်။ “ခုမှဘဲသိတော့တယ် ရွာထဲကလူတွေတော်တော်ပေါကျတာဗျဲ..” တစ်ရွာ လုံးကို ငပေါတွေ လို့ပြောတာကျ .. ညိမ်ခံ နေပြီး။ တဏှာရူး ဆိုတဲ့ စကားလုံးပါလာမှ ထပေါက်ကွဲ တယ်ဆိုတော့ ….. ဟဲ ဟဲ ဟဲ …။

  • kai

    June 16, 2012 at 6:11 am

    ဒီလို ထူးထူးဆန်းဆန်းနာမယ်က.. ဘာလို့ ၂ယောက်ဖြစ်နေတာလည်း…

    စကားအတင်းစပ်..
    chityimhtoo ရဲ့မန့်ထားတာတွေ.. အောက်ကလင့်ကနေ… တပေါင်းတည်းကြည့်နိုင်ကြောင်း..
    http://myanmargazette.net/wp-admin/edit-comments.php?s=chityimhtoo&comment_status=all&pagegen_timestamp=2012-06-15+23%3A40%3A28&_total=181974&_per_page=20&_page=1&_ajax_fetch_list_nonce=7f4e8547a0&action=-1&comment_type&paged=1&action2=-1

    • Victory

      June 16, 2012 at 6:29 am

      ကိုလုလင်ရေ ကျနော်လဲမန်းဂေဇက်ကိုဝင်ဖတ်နေတာတော်တော်ကြာခဲ့ပါပြီ။
      အဲဒီကိတ်စတွေအတွက် စည်းကမ်းတွေကို အဒ်မင်က မကြာကဏထုတ်ပြောလေ့
      ရှိပါတယ်။ ပြောရုံပါဘဲ။
      ဥပမာ တခုပြောရရင် အီလည်းဗင်းဂျာနယ်ကနေ မကူးပါနဲ့လို့ အတိအလင်းပြောခဲ့သော်လည်း
      ကူးဆဲ ကူးတုန်းပါဘဲ။
      ပို့စ်တခုရဲ့စာလုံးရေ သတ်မှတ်ချက်ဆိုတာကလည်း စည်းကမ်းအနေနဲ့ ရေးထားရုံသက်သက်ပါဘဲ။
      မလိုက်နာသူတွေ ရှိနေတာပါဘဲ။
      ခုတလော ပိုလို့ဆိုးပါတယ်။ လေး ငါး ကြောင်းနဲ့ ပို့စ်တင်နေကြတာ (နှေးကွေးလွန်းတဲ့အင်တာနက်သုံးသူ
      တွေကို) အားမနာသလိုကြီးပါ။
      အဲဒီလိုတင်သူများရဲ့ စိတ်ခံစားမှုက
      သူများပို့စ်တင်လို့ ကိုယ်လဲပို့စ်တင်ချင်တယ်။
      သူများကော်မန့်တွေရပြီးပျော်ရွှင်ချင်တယ်။
      လူ့နဂိုမူလစိတ်အရ လူအထင်ကြီးစေချင်တယ်။
      ဆိုတာတွေကို နားလည်ပါတယ်။(နားလည်ပေးလို့ရပါတယ်၊
      ဒါပေမဲ့ ဒီလိုဆိုဒ်မှာတော့ မဖြစ်သင့်ဘူးလို့တော့ ပြောချင်ပါတယ်)
      ဒါပေမဲ့ သစ်ထူးလွင်(ဒုတိယဆိုဒ်)
      ဖေ့စ်ဘုတ် ကော်ပီဆိုဒ်
      ဂျာနယ်တဆင့်ခံဆိုဒ်
      စာ ၅ ကြောင်း ဆိုဒ်
      သူများရိုက်ပြီးသားဓာတ်ပုံကူးတင်ဆိုဒ်
      မတိကျ မသေ မချာ အချက်အလေးတွေ ရေးတဲ့ ဆိုဒ် လို့ ပုံဖော်နေကြရင်
      တကယ်တမ်း သေသေချာချာ အားထုတ်ပြီး ရေးနေကြတဲ့၊ အရည်အချင်းအစွမ်းအစကြီးမားလှ
      တဲ့ ဂေဇတ်ရဲ့ပင်တိုင် စာရေးဆရာများ အတွက် ဝမ်းနဲစရာပါဘဲ။ အားနာစရာလည်းအရမ်းကောင်းပါ
      တယ်။ တန်ဖိုးရှိလှတဲ့သူတို့ရဲ့စာတွေဟာ အပေါ်ကအချက်အလက်တွေရဲ့အရိပ်ထိုးမှာ ကျနော်လဲ
      မလိုလားပါဘူး။
      စာပေဟာတန်ဖိုးရှိလှပါတယ်ဆိုတာ စာရေးသူက တန်ဖိုးတခု ထားပြီးရေးဖို့လိုတယ်ဆိုတာပြောစရာ
      မလိုတဲ့ကိတ်စပါဗျာ။
      (ကျနော်ရိုးရိုးသားသားပြောတာပါ၊ ဘယ်သူ့ကိုမှမုန်းလို့ပြောခြင်းမဟုတ်ပါ။တချိန်ကပို့စ်တခုမှာ
      ကော်မန့်ပေးတဲ့ကျနော့ကိုတိုက်ခိုက်စော်ကားသူကိုတောင်မမုန်းပါဘူး၊သူ့စိတ်နဲ့သူ့အခွင့်အရေးပါ၊
      ဒါပေမဲ့ ဒီအထက်ပါ ကူးချ၊စာလုံးရေနည်း တဲ့ ကိတ်စတွေကိုတော့ ပြောင်းလဲဖို့လိုကိုလိုပါတယ်လို့…
      အဒ်မင်များခင်ဗျား)

  • chityimhtoo

    June 16, 2012 at 7:38 am

    နေစမ်းပါဦး ဒီဟာသစာသားလေးက ဘယ်သူကဘယ်လိုစရေးလည်းတောင်မပါဘူး။အေးဖေ့ဘုတ်တွေ
    မှာလည်းပျံ့နှံ့နေတာ။တမင်ရီရလို့ဟာသအနေနဲ့ တင်ပေးလိုက်တာ။ဘာကိစ္စဒီလောက်ကြီးကျယ်
    သွားရတာလည်း၊Mလုလင် ဖင်ခေါင်းတော့လာမကျယ်နဲ့ မကျေနပ်ရင်ဘလော့လိုက်။မင်းတို့ပွိုင့်ကိုလို
    ချင်စရာအကြောင်းလည်းမရှိဘူး။တော်တော်ခက်တဲ့လူတွေ ရွာထဲမှာနည်းနည်းအာဏာရှိတဲ့လူတွေ
    ဆဲတာတို့ စည်းကမ်းမလိုက်နာတာတို့ကျတော့ မင်းတို့ပါးစပ်တွေပိတ်နေကျတယ်။သူကြီးကတော်တော်
    မင်းတို့ကပိုဆိုးနေတယ်။ chityimhtoo ဆိုတဲ့ နာမည်ကလည်း နာမည်တူမရှိလို့ငါရွေးခဲ့တာ။ငါ မန်ဝင်တုန်း
    တာလည်း၁နှစ်ကျော်ကြာပြီ။အေးနာမည်တူရှိလည်း ငါဒီနာမည်ပေးစရာအကြောင်းမရှိဘူး။ငါတို့လည်း ၂၄
    နာရီအွန်းလိုင်းရှိနေတဲ့လူတွေ mandalaygazette ကို တစ်နေ့ကို အကြိမ်၃ဝလောက်ဝင်ဖတ်တယ်။
    ဒီဟာသစာကြောင်းလေးနဲ့တော့ ဒီလောက်ဖြစ်စရာမလိုဘူး။

  • Foreign Resident

    June 16, 2012 at 7:53 am

    ဟယ် ။ မလုပ်ကြပါနှင့်ကွယ် ။
    ဘာမဟုတ်တဲ့ ကိစ္စလေးနှင့် ။
    တကယ့် ရွာသူား လူဟောင်းကြီးတွေပါ ချ ကုန်ရတယ်လို့ ။
    ” Clashes of Titan ”
    တော်ကြပါတော့ကွယ် ။ ချုပ်တီးကြပါအုန်း ။

    • chityimhtoo

      June 16, 2012 at 8:01 am

      အသိ..သတိရှိပါတယ်ဂျာ..ဒါဗျဲ ခုအထက်ပစ္စယံဂိုးတော့မယ်…

  • မောင်ပေ

    June 16, 2012 at 11:11 am

    ရဲဘော်မောင်ပေ….. ရှိ
    ဒုအကြိမ်ဝင်ရောက်ကြောင်း သတင်းးးးးး ပို့

    • water-melon

      June 16, 2012 at 11:38 am

      ရဲဘော် ဘိန်းစားဖရဲရှိ
      အကြိမ် ၃၀၂ ကြိမ် ဝင်ရောက်ကြောင်း သတင်းပို့
      😀

        • water-melon

          June 16, 2012 at 3:38 pm

          ရဲဘော်ဖရဲမ……ရှိ
          ၂၂၉ကြိမ်ဝင်ရောက်ကြည့်ရှုပါကြောင်း

  • အခုဖြစ်သွားတာနဲ့ပါတ်သက်လို့ပြောရရင်
    “ဘာမဟုတ်တာလေးနဲ့ကွာ”လို့ပြောရပါမယ်။
    ဒီနေ့မနက် အလုပ်မစခင် ရွာထဲဝင်တယ်။
    ရဲဘော်မောင်ထူး ပိုစ်ကို တွေ့တယ်။
    ရွာသူ မသဲနုအေးက မန်းထားတယ်။
    အစကတော့ ဒီပုံတွေကို မနှစ်သက်လု့ိ မန်းမလို့ဘဲ။
    တော်ကြာထုံးစံအတိုင်း လူဟောင်းက ဖိတယ်ဖြစ်မှာစိုးလို့မမန်းဘူး။
    ချစ်ရင်ထူ း ပိုစ်ဝင်မန်းတယ်။
    သူကိုယ်တိုင် ငပေါတွေလို့ ဟာသလုပ်ထားတာဖတ်ပြီး ပထမပိုစ်က ဖတ်ထားတာနဲ့ဆက်ပြီး မန်းလိုက်တယ်။
    ဒီလိုရေးတာက ဘယ်သူ့မှ မထိခိုက်ဘူးလို့ ယုံကြည်လို့
    (ပေါရုံတင်မက ဘူး တဏှာရူးတွေမှတ်လို့ ကော့ကော်ကန်ကားနဲ့
    စော်ပုံတွေတောင်တင်ပေးနေသေးတယ်။)ဒီအတိုင်းမန်းခဲ့ပါတယ်။
    ဒီလိုမန်းတဲ့အတွက်ချစ်ရင်ထူး မှာ ဘာမှထိခို်က်မသွားပါ.။
    ချစ်ရင်ထူးကလဲ ဒီလိုပြောလို့ စိတ်ဆိုးမယ်မထင်ပါ။
    ကျနော်ရည်ရွယ်တာ ကလဲ ချစ်ရင်ထူးကို မဟုတ်မှန်း သိနိုင်ပါတယ်။
    နောက်ကျနော်ရေးသောစာထဲမှာလဲ ရွာထဲကလူပေါတွေများလို့ တဏှာရူးတွေထင်တယ်လို့သဘောသက်ရောက်သော အရေးအသားမပါပါ။
    တဏှားရူးတွေထင်လို့ ဆိုသော စကားရပ်က လဲ လူတစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိပါတယ်လို့မယူဆလို့ရေးခြင်းဖြစ်ပါတယ်။
    အရင်ပြောခဲ့တဲ့အန်စာတုန်းကိစ္စမှာ ကော်မင်းပေးတာနဲ့ပါတ်သက်လို့ ပြန်ရေးခဲ့တယ်။
    ကော်မင်းပေးတာ တိုတိုရှည်ရှည် ဘာရေးရေး မကန့်သတ်သင့်ကြောင်းပြောတာဖြစ်ပါတယ်။
    မလုံတလုံပုံတွေ တင်တာနဲ့ ကျနော်ရေးတာနဲ့မပါတ်သက်ပါ။
    ဒါကလဲရှင်းနေအောင်ရေးထားတာပါ။
    ဒီလိုပြောလို့လဲ ရေးလို့လဲ အန်စာတုန်းနှင့်ကျနော့်ကြားမှာ ပြဿနာမရှိပါ။
    အယူအဆတစ်ခုအတွက် ကိုယ်ဘက်သူ့ဘက်ပြောကြတာလို့ခံယူပါတယ်။

    ကျနော်တကယ်လို့သာ မောင်ဂီပြောသလို ငါတို့ရွာ က လူပေါမို့ တဏှာရူးထင်ခံရတာလို့ ပြောချင်ရင်လဲ
    သွယ်ဝိုက်ပြောမှာမဟုတ်ပါ။
    ဒဲ့ပြောမှာဖြစ်ပါတယ်။
    နောက်မဆိုင်သောကိစ္စမန်းတယ်လို့ပြောရရင်တော့ ဒီရွာထဲမှာ တင်ထားတဲ့ပိုစ်အကြောင်းအရာကနေပြီး
    သွေလွဲစွာ ကွဲလွဲစွာမန်းကြသော ပို့စ်ပေါင်းမြောက်များစွာရှိပါတယ်။
    မှတ်မှတ်ရရပြောရလျင် ကျနော့် မအမ်းစကောင်း အမ်းစကောင်းမှာ တွေ့နိုင်ပါတယ်။
    ဒါကလဲ စည်းကမ်းရှိမရှိ တော့ ကျနော်မသိပါ။.

    ကိုယ်ရေးကိုယ်တာနဲ့ပါတ်သက်လို့ပြောရရင်
    ကျနော်ရေးသမျှတွေမှာ စတာနောက်တာက လွဲလို့ လူတစ်ယောက်ကို ထိခိုက်အောင်ရေးလိုသောဆန္ဒ
    ရေးခဲ့သော အကြောင်းအရာမရှိဘူးလို့ယုံကြည်ပါတယ်။
    ကျနော်ကို လေးစားပါ ရိုသေကြပါ အထင်ကြီးပါလို့ မပြောသလို
    တမင်သက်သက် လူအထင်ကြီးအောင် ရေးတာ ပြောတာမျိုးလဲမရှိပါ။
    ကိုယ်သိသလောက်ကို ပြန်ဖြန့်ဝေတာက လွဲလို့ ဘာမှခံစားချက်မထားပါ။
    သေချာတာတစ်ခုပြောရင် စာထဲမှာဖြစ်စေ အပြင်လောကမှာဖြစ်စေ သူများမလေးစားလောက်သော
    အနေအထို်င် အပြောအဆို အမူအကျင့်မရှိတာကတော့ သေချာပါတယ်။
    ရွာထဲမှာ တင်တာနဲ့ပါတ်သက်လို့ပြောမယ်ဆိုရင်တော့
    အရှင်းဆုံးပြောရင် သူများမထိခို်က်တာ မှန်သမျှ ကိုယ်တွေးမိတာ ကိုယ်ရေးပြီးတင်
    ကိုယ်နှစ်သက်တဲ့ကိုယ်ရိုက်ထားတဲ့ဓါတ်ပုံတွေကို တင်နေအုံးမှာပါဘဲ။

    မောင်ဂီ စိတ်ဆိုးလို့ပြောတာမဟုတ်ဘူး။
    ကျနော်အယူအဆ ကျနော်ပြောတာ။

    လုလင်နဲ့ချစ်ရင်ထူး ဘာမဟုတ်တာလေးနဲ့ ခင်မင်တဲ့သူငယ်ချင်းတွေ စိတ်မဆိုးကြပါနဲ။
    ကိုယ်ပြောချင်တာကိုယ်ဝအောင်ပြောပြီးရင် အရင်လို လယ်ပင်းဖက်ပေါင်းကြပါ။

    • မောင်ပေ

      June 16, 2012 at 1:24 pm

      မှတ်ချက် အပေါ် လယ်ပင်းဟု မှတ်စေကြောင်း ရယ်ပါ

    • Mလုလင်

      June 16, 2012 at 3:08 pm

      လည်ပင်းဖက် ဆိုလို့ …. ( ချစ်ရင်ထူး – ၂ ) နဲ့ မှားနေတာလား ဦးပေါက်ရေ …။

    • ချစ်စ/ဆရာ

      June 16, 2012 at 4:05 pm

      ဟုတ်ပါတယ် လေးလေးအန်ကယ်ဦးပေါက် ခင်ဗျ
      ဆုံးမပလိုက်ပါခင်ဗျ
      ညီလေးတို့ မြန်မာစာကို သေခြာဖတ်တတ်အောင် လေ့ကျင့်ကြပါ လို့
      ဆုံးမပလိုက်ပါ
      လေးစာလျှက်
      ချစ်စရာကောင်းသော ချစ်စရာ အချစ်တို့၏ဆရာ ချစ်ဆရာ
      ချစ်စ/ ဆရာ

  • ကိုရင်စည်သူ

    June 16, 2012 at 1:43 pm

    ဒီကွင်းကြမ်းနေတယ်ကြားလို့ လာဝင်ကြည့်တာ
    ကိုယ့် ရွာသား အချင်းချင်းတွေ အဲ့လောက်အထိ ပြောစရာမလိုပါဘူးဗျာ…
    တခြား ကျွန်တော်တို့တွေ မစည်းမလုံးဖြစ်နေတာမြင်ရင်
    တခြား မကြည်တဲ့ အုပ်စုတွေ ဝမ်းသာနေကြမှာ အမှန်ပါပဲ။
    နွားကွဲရင် ကျားဆွဲလိမ့်မယ်…။
    ကျနော်ကတော့ ကိုယ့် ရွာသားအချင်းချင်း ရည်ရွယ်ချက်ရှိရှိ
    ပြောဆိုတယ်လို့ မထင်ဘူးဗျာ…။

    • မောင်ပေ

      June 16, 2012 at 3:18 pm

      ကိုရင့်ကိုလဲ အဖြေအရွေးတော်လို့ အံ့ဩမိတယ်။

  • ကိုရင်စည်သူ
    အဲလောက်ပြောစရာမလိုမှန်းသိပါတယ်။
    ဒါပေမယ့် စပြောတဲ့သူက ကိုပေါက်မဟုတ်ဘူး။

    • Azzurri

      June 16, 2012 at 2:33 pm

      စပြောတဲ့လူက ကိုပေါက်မဟုတ်ဘူး ..
      ဟုတ်ကဲ့ ..ဘယ်သူလို့ ဆိုလိုချင်တာပါလိမ့် …???

      ကိုပေါက် သည်လိုမန့်တယ်..
      မောင်ဂီ့ သည်လိုပြန်မန့်တယ်…
      အဲ့သည့်မှာ
      လုလင်ဝင်လာတယ် …ချစ်ရင်ထူး ဝင်လာတယ် …
      ဘယ်သူစတာတုန်းဟင်င်င်င်င် …

      ကျနော် ရှင်းပြစရာ ရှိတာ အားလုံး ရှင်းပြခဲ့ပြီး ရေးခဲ့ပြီး
      တောင်းပန်ခဲ့ပြီး မို့ ဘာမှ ဆက်ပြောစရာ မကျန်ပါ …

      သဘောထား ကွဲလွဲလို့ ရတယ် ..
      မမြင်မတူလို့ ရတယ် …တူတာတွေ ပေါင်းလုပ်မယ် ဆိုတဲ့ ဆြာတို့ ….
      ပြောကြပါဦး …ဘယ်လိုတုန်း …

      6/16/2012/ 5’02

      • စိန်ဗိုက်ဗိုက်

        June 16, 2012 at 3:23 pm

        မောင်ဂီ..စိတ်လျှော့
        အပြင်မှာ နင်က နာ့ထက် ဆယ်နှစ်ကြီးပေမဲ့ ရွာထဲမှာတော့ နင်က ခလေးလိုနေတာ..
        ရွာထဲမှာ နာက လူကြီးလိုနေတာ.. 😆
        အဲတော့ နာ့စကားနားထောင်.. ဘီအီးတစ်စိတ်တိုက်.. ဟိုက်စ်..
        လဂါးပြောတာပါဗျာ.
        ပေါ့ပေါ့ပါးပါးနေကြပါ..
        ကျနော်ဆို ပေါ့ပါးလွန်းလို ့ အင်္ကျ ီတောင် မပါဘူး.. ( လျှော်ထားတာ မခြောက်သေးလို ့)
        အပျော်အပျက်ပို ့စ်ကနေ စိတ်ဝမ်းမကွဲကြပါနဲ ့
        အချင်းချင်းတွေဘဲ….အပြန်အလှန် နားလည်ပေးလိုက်ကြပါ..တော်သင့်ကြပြီနော….
        အူးကြောင်ဂျီးနဲ ့ကြေးမုံဂျီးလို ချစ်ချစ်ခင်ခင် ကျီစားကြနော…
        ပျံလာခဲ့မယ်နော်..
        ကျလိ..ကျလိ..

  • chityimhtoo

    June 16, 2012 at 3:14 pm

    အားလုံးကိုဂျစ်တယ်…အိုင်လက်ဖြူ…:P

    • amatmin

      June 16, 2012 at 3:19 pm

      ကိုချစ်ရင်ထူးရေ..
      ကျနော်မန့်တာ နောက်ကျပီး
      ခင်ဗျားချစ်ပြလိုက်တာ စောသွားတာမို့
      ဝင်ပွားမိလိုက်တာ ဆောရီးပါဗျ.. 😛

  • အရင့်ရောင်

    June 16, 2012 at 3:30 pm

    အိုင်…လက်ဖြူ………….. တဲ့……အဟင့်
    အိုင် ဆိုတာ………ရန်ကုန် မြို့ ကားလမ်းပေါ်မှာ ယခုချိန်မြင်တွေ့နိုင်ပါ၏။
    လက်ဖြူ ဆိုတာ….ရေနွေးပူ လောင်းမိလို့ပဲဖြစ်ပါတယ်
    ငှဲငှဲငှဲ…………ငှဲငှဲငှဲ

    • Mလုလင်

      June 16, 2012 at 10:43 pm

      ထုံးအိုးထဲ လက်နှိုက်ပြီး ပဲ ဖြူလိုက်ပါဗျာ .. ရေနွေးနဲ့ က ပူပါတယ်။

  • kai

    June 16, 2012 at 3:38 pm

    ဒီလို ရွာသူားတွေအချင်းချင်း.. စိတ်ဝမ်းကွဲပြားအောင်.. ကော်ပီပို့တင်တဲ့..ကိုရင်chityimhtooကို.. ပြင်းပြင်:ထန်ထန်.. သတိပေး. .တောင်းပန်လိုက်တယ်ဆို.. တကယ်ထင်ကြမှာလား… ဟင်င်င်… :mrgreen:

    အနိစ္စ..

    • water-melon

      June 16, 2012 at 4:04 pm

      အမလေး သူဂျီးကလည်း
      မူးရင်လဲအိပ်တော့
      လူကြီးတွေ စကားပြောနေတယ် 😆

  • kyeemite

    June 16, 2012 at 4:50 pm

    ဝမ်းသာပါသဗျာ..ဖတ်ရင်းနဲ့ အခြေအနေဆိုးလာလို့စိတ်မကောင်းဖြစ်နေတာ
    ခုလိုပြေလည်သွားတာ ကောင်းပါဒယ်..ကျုပ်ကတော့ ဟာသဆို ဟာသဘဲ..
    အဲ..အတည်အတံ့လည်းတစ်ခုမှမရပါဂျောင်း…
    ရွာသူားအားလုံးကိုခင်တဲ့..
    ကြီးမိုက်။

  • Gipsy

    June 16, 2012 at 5:10 pm

    ဆင်ခြင်တုံတရားနဲ့ အညီ ညီရင်းအကိုများကဲ့သို့ အေးချမ်းကြပါစေ….
    ရင်ဝယ်ထား သားသမီးများကဲ့သို့ မေတ္တာပွါးများနိုင်ကြပါစေကုန်…..။

  • chityimhtoo

    June 16, 2012 at 6:04 pm

    ဟုတ်ပါတယ်ရွာသားအချင်းချင်း ချစ်ချစ်ခင်ခင်ပေါ့။ မနောဖြူလေးတို့၊အိတုန်တို့၊သဲနုအေးတို့ကို chityimhtoo
    မှားခဲ့ရင်တောင်းပန်ပါတယ်။မိန်းမပျိုလေးတွေအားလုံးကိုလည်းချစ်ပါတယ်လို့ပြောပါရစေ။
    ဒါဗျဲ…နော် အိုင်လက်ဖြူ….:P

  • မိုးတိမ်

    June 16, 2012 at 11:33 pm

    ဝင်ဖတ်ပြီးတာကြာပေါ့။
    ရယ်ပြီးဘာမှမဟုတ်တာနဲ့ ဝင်မမန့်တော့တာဗျ။
    အခုမှ ကော်မန့်တွေကြည့်ရင်း တော်တော်ရန်ဖြစ်နေကြသကိုး ဟဟ
    တော်ပါတော့ဗျာ ညီအစ်ကို၊မောင်နှမတွေပဲ ရန်မဖြစ်ကြပါနဲ့
    အချင်းချင်းမှမညီညွတ်ရင် သွားဘီ။ကိုချစ်ရင်ထူးက ပျော်စေချင်လို့ ရွာသူားတွေကို စတာပါဗျာ…

Leave a Reply