“ဆုံစည်းပါရစေ” အပိုင်း(၂)

aung nainglinJune 15, 20121min703

“လာ…..သူငယ်ချင်း”

“ပြော….ဘယ်ကိုသွားမှာလဲ….ထွန်းဇော်.”

“ကန်ဘောင်ပေါ်သွားမယ်…….ဖြစ်တယ်မလား……….”

“မသွားချင်ဘူးကွာ………နောက်တစ်နေရာ    ရှာကွာ….နော်”

“ပြီးရောကွာ………..ကန်တော်ကြီးထဲသွားမယ်….ဘယ်လိုလဲ….”

“ကန်ထဲကို  မထွက်တော့ဘူး…………..လုပ်ထားအုံးပေါ့ကွာ     မင်းအလှည် ့ဆိုတော့လဲလုပ်ထားအုံးပေါ့…………..”

“သွားမယ်ကွာ……….ဟဲဟဲ……..”

သူငယ်ချင်းတွေဆိုတော့လဲ  ဘယ်လိုလုပ်ငြင်းလို ့ကောင် းပါ့မလဲ။    အချစ်ဆုံး  သူငယ်ချင်းတွေဆိုလို ့    တစ်ယောက်ပဲရှိတာ     ကောင်းတူဆိုးတူငယ်ပေါင်းကြီးပေါ်ဖြစ်နေတော့လဲ   မလိုက်ရောလို ့မဖြစ်ဘူးလေ    ချစ်သူငယ်ချင်းလေးစိတ်ဆိုးသွားရင်  ချော့ရခက်မယ်မဟုတ်လား။   သူတို ့နှစ်ယောက်က  အရမ်းချမ်းသာတဲ ့သူတွေမဟုတ်ကြပေမဲ ့   နိမ် ့ပါးတဲ ့သူတွေထဲမှာလဲမပါဘူးလေ။      ဘာဖြစ်ဖြစ်ပေါ့သူငယ်ချင်းလေး   ခေါ်ရာနောက်ကို    လိုက်ခဲ ့သည်လေ။      ချစ်သူ    အသစ်တိုင်း  သူ ့ကိုမိတ်ဆက်ပေးတက်တာ   သူငယ်ချင်းထွန်းဇော်ရဲ ့အကျင် ့ပဲလေ။

“ဟေ့ကောင်..လာလေကွာ………ဘာလုပ်နေလဲမသိဘူးကွာ   ကြာလိုက်တာ………….”

“လာပါပြီကွာ…..မင်းကလဲ    သိပ်လောလွန်းတယ်……….”

 

 

 

နှစ်ယောက်သား    ကန်တော်ကြီးထဲကိုရောက်တော့   ဆိုင်တစ်ဆိုင်ထဲသို ့ဝင်လိုက်ကြလေသည်။     ဝိတ်တာကောင်လေး  စားပွဲဝိုင်းသို ့ရောက်လာတော့………..

“အစ်ကို      ဘာများသုံးဆောင်မလဲခင်ဗျာ……………”

“အင်း………….မှာတော့မှာမယ်ကွာ….အခုတော့     မိတ်ဆွေတွေကိုစောင့်လိုက်အုံးမယ်……”

“ဟုတ်ကဲ ့အစ်ကို……………”

 

“မင်းကလဲကွာ….တစ်ခုခုမှာလိုက်ရောပေါ့ကွာ…….”

“ခဏလေးစောင့်ပါ    သက်ပိုင်ရယ်……”

“လုပ်ပေါ့ကွာ…..မင်းက  အခုချိန်မှာအပေါ်က  ဖြစ်နေတာကိုကွ…………”

“အဲ ့ဒီလိုတော့မပြောပါနဲ ့ကွာ…….ခဏလေးပါ……”

“အေးပါကွာ……..မင်းချစ်သူက  ဘယ်အချိန်လာမှာလဲ………”

“၉နာရီလာမှာကွ…….”

“တော်သေးတာပေါ့ကွာ……..ငါက    နေ ့လည်၁၁နာရီလောက်  လာမယ်မှတ်တာ…..၉နာရီက   ထိုးတော့မှာဆိုတော့    ဆက်စောင့်ရမှာပေါ့…..”

“ဟော……..ပြောရင်ဆိုရင်   ရောက်လာပြီ…………”

“ကိုတို ့ရောက်နေတာကြာပြီလား…သဲ…..တု်ိ ့နဲနဲနောက်ကြသွားတယ်….စောရီးနော်…….”

“ရပါတယ်    သဲရယ်….ကိုတို ့လဲ    အခုမှရောက်တာပါ……”

“ညီလေးရေ    လာပါအုံးကွာ……”

“အစ်ကိုတို ့    ဘာသုံးဆောင်မလဲခင်ဗျာ……………”

“သဲ    ဘာစားမလဲမှာလေ…..သဲရဲ  ့သူငယ်ချင်းကိုလဲ   တစ်ခုခုမှာမှာခိုင်းလိုက်လေ  ဘာမှမစားလာခဲ ့ရသေးဘူးမလား……”

“သူငယ်ချင်း…..မင်းလဲမှာလေကွာ……”

“ကျမကို   ကော်ဖီတစ်ခွက်ပေးပါ….နို ့ဆီသိပ်မထဲနဲ ့…..”

“ညီလေး   အစ်ကို ့ကို  ထမင်းကျော်    တစ်ပွဲ    ကြက်သားနဲ ့ပေးကွာ….မြန်မြန်လေးလုပ်ပေးနော်….”

ဝိတ်တာကောင်လေး   ထွက်သွားတော့ထွန်းဇော်က      စကားစပြောလေတော့သည်……….

“သဲ       သူက    ကို ယ် ့ရဲ  ့အချစ်ဆုံးသူငယ်ချင်း   သက်ပိုင်တဲ ့…………..”

“တွေ ့ရတာ  ဝမ်းသာပါတယ်      ကိုသက်ပိုင်…….ကျမ  နာမည်က   သဲနုပါ..သူကတော့     ကျမရဲ ့သူငယ်ချင်း    သွန်းဖြူသင်းပါ…..”

“ဟုတ်ကဲ ့      တွေ ့ရတာဝမ်းသာပါတယ်……………လမ်းမှာတွေ ့လဲခေါ်ပေါ့ဗျာ   သူငယ်ချင်းတွေဖြစ်သွားပြီပဲ    ခင်ခင်မင်မင်ပေါ့…….”

“ဟုတ်ကဲ ့…..ဒါနဲ ့   ကိုသက်ပိုင်ကို     သဲနုတစ်ခုလောက်မေးလို ့ရမလား……”

“မေးလေ…..ရပါတယ်……..”

“အဆိုတော်    သက်ပိုင်ဆိုတာ     အစ်ကိုလား………….”

“ဟုတ်တယ်………..”

“မဟုတ်ဘူး………….”

“ဟင်…ဘယ်လိုကြီးလဲ…..တစ်ယာက်က  ဟုတ်တယ်    နောက်တစ်ယောက်က    မဟုတ်ဘူးတဲ ့……..ဘယ်ဟာကိုအမှန်ယူရမှာလဲ……”

“အော်….ဒီလိုပါထွန်းဇော်ပြောတဲ ့ဟုတ်တယ်ဆိုတာ       အစ်ကိုက    သီချင်းဆိုတက်တယ်လို ့ပြောတာာပါ……အစ်ကိုပြောတဲ ့မဟုတ်ဘူးဆိုတာ     အဆိုတော်   မဟုတ်ဘူးလို ့ပြောတာပါ……”

“အဲ ့ဒီလိုပြောပေါ့……”

“အော်…ဒါနဲ ့  သဲနုကို  ခင်သလို   သဲနုရဲ  ့သူငယ်ချင်း    သွန်းကိုလဲ   ခင်နိုင်ပါတယ်……”

“ဟုတ်ကဲ ့ပါဗျာ….ခင်ပါတယ်……”

လှလိုက်တာကောင်မလေးရယ်      ဘယ်ပန်းချီရေးဆွဲလို ့မမှီတဲ ့အလှပိုင်ရှင်လေးပါပဲကွာ။     မျက်နှာသွယ်သွယ်လေးကို    လှသထက်ပိုလှအောင်ကူညီနေတဲ ့  အနက်ရောင်  မျက်ခုံးထူထူလေးဟာ   လိုက်ဖက်ညီအောင်လှနိုင်ရက်ပါတယ်။  အထူးခြားဆုံးကတော့     စူးရှတဲ ့မျက်ဝန်းတစ်စုံရယ်           လေးညို  ့တံလိုကွေးကောက်နေတဲ ့နိုတ်ခမ်းလွှာ  တစ်စုံရယ်ပါပဲ။         အားလုံးကို  ပေါင်းစပ်လိုက်တော့   ပန်းချီဆရာတွေငိုလောက်တဲ ့    အလှပိုင်ရှင်လေးပါပဲ။  ကောင်မလေးရယ်  မင်းနဲ ့ ဆုံစည်းခွင် ့သာရခဲ ့မယ်ဆိုရင်…….

 

ရှေ ့သို ့ဆကိပါအုံးမည်……ခင်မင်လေးစားလျှက်…………….။………………………..

3 comments

  • မောင်ပေ

    June 15, 2012 at 10:05 pm

    သဲနု ဆိုတာ ဖတ်ရလို ့၊ ကျုပ်တို ့ရွာထဲက “သဲနုအေး” တော့ မဟုတ်လောက်ပါဘူးနော် ။
    ရွာထဲက ကျုပ် သဲနုလေး ကို တော့ မထိဘာနဲ ့ဗျာ ။

  • ညလေး

    June 16, 2012 at 10:33 pm

    မျက်နှာသွယ်သွယ်လေးကို လှသထက်ပိုလှအောင်ကူညီနေတဲ ့ အနက်ရောင် မျက်ခုံးထူထူလေးဟာ လိုက်ဖက်ညီအောင်လှနိုင်ရက်ပါတယ်။ အထူးခြားဆုံးကတော့ စူးရှတဲ ့မျက်ဝန်းတစ်စုံရယ် လေးညို ့တံလိုကွေးကောက်နေတဲ ့နိုတ်ခမ်းလွှာ တစ်စုံရယ်ပါပဲ။ အားလုံးကို ပေါင်းစပ်လိုက်တော့ ပန်းချီဆရာတွေငိုလောက်တဲ ့ အလှပိုင်ရှင်လေးပါပဲ။
    ……..ကောင်မလေးအလှကို တင်စားထားတာတော့….ရှယ်ပဲဗျို…
    ဆက်လက်အားပေးထားပါတယ်…….

  • aung nainglin

    June 17, 2012 at 8:55 pm

    မဟုတ်ရပါဘူး အစ်ကိုမောင်ပေရယ်….
    အစ်ကိုတို ့ ရွာထဲက သဲနုအေး မဟုတ်ပါဘူး…..
    တိုက်ဆိုင်သွားရင်တော့ ခွင် ့လွှတ်ပေးပါနော်
    နောက်လဲအားပေးပါအုံးနော်
    ကျေးဇူးတင်လျှက် ခင်မင်လေးစားလျှက်

Leave a Reply