လက်ဆောင်

မနက်ဖြန်….

နိုဗယ်လ် ဆုပေးပွဲမှာ  ချစ်ခင်လေးစားရတဲ့ အမေနဲ ့တွေ ့ရတော့မယ်…

အမေ့ကို လက်ဆောင်ပေးဘို ့ ကျနော်  ကျိုးစားရေးဆွဲထားပါတယ်…

မှီတော့ မမှီနိုင်ပါဘူး အမေ..

 

 

 

70×90 cm                           ခဲဆေး

ကျော်စွာခေါင်

.

 

 

9 comments

  • မောင်ပေ

    June 15, 2012 at 9:04 pm

    အားပေးပါတယ် ကိုကျော်စွာခေါင်…
    ဝေဖန်ရရင်တော့.. အမေ့မျက်နှာက နဲနဲရင့်နေသလိုဘဲ
    တခြား ကားချပ်လေးတွေကိုလဲ ပြန်လည်ဝေမျှပေးပါဦး။

  • Thel Nu Aye

    June 15, 2012 at 9:11 pm

    အမေကျန်းကျန်းမာမာနဲ့ နိုဘယ်ဆုရော ဒီပုံကိုရော လက်ခံနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ အမေစု ကျန်းမာပါစေ။

  • aye.kk

    June 16, 2012 at 5:53 am

    ကိုကျော်စွာခေါင်ရေ..
    အမေစု..
    ပုံရိပ်ပန်းချီကားချပ်လေးက..
    အမေစုကိုတန်ဘိုးထားချစ်မြတ်နိုးမှု..
    အပြည့်အဝဖော်ပြနေတာ…
    အားပေးသွားပါတယ်လို ့ပြောလိုက်ပါရစေ…။။

  • လူ ဟား

    June 16, 2012 at 6:55 am

    လက်ရာကတော့ ပရော်ဖက်ရှင်နယ်ဘဲဗျို့..။ ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ တည်ကြည်ဖြောင့်မတ်ခြင်း၊ ရိုးသားခြင်း၊ မေတ္တာကြီးမားခြင်းတို့ အမေ့ရဲ့ မျက်နှာသွင်ပြင်မှာ အထင်းသား မြင်နေရပါတယ်..။
    လက်မ အကြီးကြီးထောင်သွားခင်ည။

  • MaMa

    June 16, 2012 at 8:25 am

    တော်လိုက်တဲ့ စုတ်ချက်။ အားပေးပါတယ်။
    ကိုယ်ပိုင်စွမ်းအားနဲ့ ရေးဆွဲထားတာမို့ အများသူငါနဲ့မတူ ထူးခြားတဲ့ လက်ဆောင်လေးမို့ တန်ဖိုးရှိလှပါတယ်။
    ဒါတွေဟာလည်း အမေစုအတွက် အားတက်စေတဲ့ လိုအပ်တဲ့ အားဆေးဖြစ်ပါလိမ့်မယ်။ 🙂

  • စိတ်မဆိုးနဲ့နော်
    ဟီလာရီကလင်တန်နဲ့ နည်းနည်းလေးဆင်တူနေသလိုဘဲ
    ကျနော်မြင်တာပြောတာနော်။

    ကိုယ်လက်ဖြစ်လေးနဲ့ဂုဏ်ပြု တာလေးစားပါ၏။

  • Shwe Tike Soe

    June 16, 2012 at 9:41 am

    မိုက်တယ်ဗျာ အားပေးတယ်.. တကယ့် လက်ရာပဲ..ကျွန်တော်လဲ ပန်းချီဝါသနာပါတယ်.. အမေစု ပန်းချီက တကယ့်အသက်ဝင်နေတယ်ဗျာ…….. အစ်ကိုရေ. ပန်းချီပညာပို.လေးတွေနဲ. အစ်ကိုဆွဲတဲ့ လက်ရာလေးတွေလဲ ပို.စ်တင်အုံးနော်.. စောင့်နေမယ်.. 😀

  • shwe kyi

    June 16, 2012 at 11:19 am

    ကိုယ်တိုင်ရေးဆွဲ ဂုဏ်ပြုနိုင်တာကောင်းလိုက်တာရှင်။
    အားကျမိပါရဲ့ ။
    အန်တီအတွက် အမှတ်တရတခုခုကို ကိုယ်တိုင်ဖန်တီးပေးချင်ခဲ့တာ ရင်ထဲကစေတနာပါ။

  • KZ

    September 16, 2013 at 11:59 am

    အဟောင်းတွေ ပြန်မွှေရင်း လာသွားတယ်။
    မနှစ်က ဂျွန် လ (မေစု မွေးလ) မှာ ကတည်းက တင်ထားတဲ့ ပို့(စ) လေးးးးး၊ ကျနော် ရွာထဲမရောက်သေးလို့ မမြင်လိုက်ရတာ။
    ဒါမဲ့ ဓာတ်ပုံက သေးသွားတယ်။
    ကူးချင်လိုက်တာ။

Leave a Reply