သောကြာသားသမီးများအတွက် …ကံဇာတာ

khinmintatthuJune 23, 20101min1476

သောကြာသားသမီးအတွက် … ကံဇာတာ(၁၃၇၂ခုနှစ်) ကောဇာမြန်မာခုနှစ် ၁၃၇၂ခုနှစ်အတွင်း မှာ ..သောကြာသားသမီးများအတွက်ကံဇာတာအကျိုးပေးအချို့ ကို တွက်စစ်ရေးသားဖော်ပြပေးအပ်ပါသည်။ ကောဇာခုနှစ်နှင့် နေ့နံ ဒီကောဇာခုနှစ်မှာ သောကြာသားသမီးများ အတွက် အပြောင်းအလည်း များ ရှိလာနိုင်သော ကာလဖြစ်ပါတယ်။ အပြောင်းအလည်းဆိုရာမှာလည်း …..အဓိကအားဖြင့် သောကြာသားသမီးများအဖို့ မိမိတို့အနေနဲ့ ယခင်ကအတိုင်း အကျိုးစီးပွားရှာဖွေလို့မရတော့တာ၊ အခြေအနေက အပြောင်းအလည်း လုပ်ဖို့တောင်းဆို လာတာ မျိုးတွေ ကြုံကြိုက်ရတာမျိုးတွေ …..ပိုမိုကြုံတွေ့ရတတ်ချိန်ပါ။ စီးပွားရေးရာ…….. စီးပွားရေးရာ အပိုင်းမှာလည်း ဒီကောဇာနှစ်ဟာ ပြသနာနဲ့ အခက်အခဲအချို့ ကို ဖြစ်ပေါ်လာစေတတ်သော ကာလဖြစ်ပါတယ်။ မည်သည့်အကျိုးစီးပွားမျိုးကိုရှာဖွေနေသူမျိုးမဆို အခက်အခဲ အနဲအကျဉ်းမှ အမြောက်အများ ..မည်သူမဆို …ကြုံကြိုက်ရတတ်သောကာလဖြစ်တာမို့ ယခင်ကထက် ဇွဲလုံလ ဝီရိယကို တိုးမြင့်ထားနိုင်မှ တော်ရုံကာကျမယ့်ကာလမျိုးပါ။ ဆန့်ကျင်ဘက်လုပ်လာမယ့်အနေအထားတွေ ..အတားအဆီး တွေများပြားတတ်ချိန်မို့ ….ပါးပါးနပ်နပ် နဲ့ ဆင်ဆင်ခြင်ခြင် လုပ်ကိုင်နိုင်ဖို့လည်းလိုပါမယ်။ အဓိကအားဖြင့်တော့ ဒီတစ်နှစ်စီးပွားရေးရာမှာ …..သတိ ….. ကိုလက်မလွှတ်ကြဖို့ပါပဲ။ စီးပွားရေးရာတွေမှာ ….ခုသာခံသာ အရာရာအဆိုးညံ့သက်သာစေဖို့အတွက် ….ဗုဒ္ဓဟူးထောင့်နဲ့ရာဟုထောင့်.. တွေမှာ အမှိုက်သရိုက်ရှင်းလင်း တံမြက်လှည်းစသည်ဖြင့် ဝေရာဝစ္စကုသိုလ်မျိုး ပြုပေးပါ။ လမ်းသွားရင်းလာရင်း တွေ့သမျှသော ခလုတ်ကန်သင်း ဆူးညောင့် စသည်တို့ကို တတ်နိုင်သမျှ ဖယ်ရှားသော ကုသိုလ်မျိုးယူပါ။ မေတ္တာရေးရာ …. မေတ္တာရေးရာ….ကဏ္ဍမှာတော့ သည်တစ်နှစ်မှာ …..ထက်မြက်ပြီးအရည်အသွေးရှိတဲ့ ချစ်သူမျိုး ရနိုင်သောကာလဖြစ်ပါတယ်။ မိမိတို့သတ်မှတ်ထားတဲ့စံအရည်အသွေးမျိုးနဲ့ ကိုက်ညီနေတဲ့ ချစ်သူမျိုးနဲ့ ဆုံဆည်း ရတတ်ချိန်လို့ဆိုကြပါစို့။ အများအားဖြင့်တော့ စစ်ဘက် ဆေးဘက် စက်မှုနယ်ပယ်ဘက်က ချစ်သူမျိုး ၊ ထက်မြက်သလို …ဦးဆောင်ဦးရွက်ပြုနိုင်စွမ်းရှိတဲ့ချစ်သူမျိုး ..၊ စိတ်ဆတ်ပြီးရန်လိုတဲ့ချစ်သူမျိုးနဲ့ ဆုံရတတ်သော ကာလဖြစ်ပါတယ်။ အိမ်ထောင်သည်များအဖို့ မိမိတို့အိမ်ထောင်ဖက် က ပိုမိုစိတ်ဆတ်ပြီး စိတ်တိုလွယ်လာတတ် တာမို့ အရိပ်အချည်နဲနဲအကဲခတ်ပြီး အဆင်ပြေအောင် ညှိနှိုင်းဖို့လိုကောင်းလိုပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မေတ္တာ ရေးရာအခြေအနေမဆိုးလှတဲ့နှစ်ပါ။ မေတ္တာရေးရာ ပိုမိုအားကောင်းစေလိုပါက …….အင်္ဂါထောင့်မှာ အစိမ်းရောင် ဝတ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ခြင်း၊ မေတ္တာပို့ခြင်းတို့ကို ပြုလုပ်အပ်သောကာလဖြစ်ပါကြောင်း။ ကျန်းမာရေးရာ ရောက်ဆဲကောဇာခုနှစ်ကတော့ …….ကျန်းမာရေးရာတွေမှာ အနှုတ်လက္ခဏာပြတဲ့ နှစ်မျိုးဖြစ်ပါလိမ့်မယ်။ နဂိုက ကျန်းမာကြံ့ခိုင်သူတွေတောင် ဒီနှစ်မျိုးမှာ ကိုယ်ခံအား အနဲငယ်လျော့ပါးနေတတ်ပါတယ်။ ဖျားလွယ်နာလွယ်ပြီး၊ ရောဂါဘယ ထူပြောလွယ်တဲ့ကာလမို့ ကျန်းမာရေးဂရုစိုက်ကြပါလို့ပဲ တိုက်တွန်းလိုက်ရပါတယ်။ အထူးသဖြင့် နာမည်အဖျားစာလုံးကို သောကြာနံ သ၊ဟ နဲ့ ပဲ ပိတ်ပြီးမှည့်ထားသော သန်းသန်း၊ သိန်းမြင့်ဟန်၊ ထွန်းသိန်း၊ နှင်းနှင်းသော် ၊ စသည်ဖြင့်သော သောကြာသားသမီးများအဖို့ ကျန်းမာရေးကို ပိုမိုဂရုစိုက်ကြဖို့လိုပါမယ်။ ကျန်းမာရေးရာ တိုးတက်ကောင်းမွန်စေရန်အတွက် …..ရေသတ္တဝါလေးတွေကို အစာကျွေးတာ။ ဘေးမဲ့လွှတ်ပေး တာမျုးိလေးတွေ လုပ်ပေးသင့်သောကာလဖြစ်ပါတယ်။ နေရေးထိုင်ရေး………….. နေရေးထိုင်ရေး မှာတော့ ဒီယခုရောက်ဆဲခုနှစ်မှာ အခြေအနေတိုးတက်ကောင်းမွန်မှုတွေ ရရှိလာနိုင်သော အနေအထားများရှိလာပါတယ်။ ကာယကံရှင်တွေကိုယ်တိုင်လည်း ဒီနှစ်မျိုးမှာ နေရာထိုင်ခင်း၊ နေရေးထိုင်ရေး၊ နေရာဌာနဆိုင်ရာ ရည်မှန်းချက်မျိုး ..တောင့်တလိုလားချက်မျိုးလေးတွေပိုမိုဖြစ်တည်လာတတ်ပြီး ….အများစု အဖို့ ကြိုးစားအားထုတ်သလောက်အဆင်ပြေမှုလေးတွေလည်း ကြုံတွေ့ကြရပါလိမ့်မယ်။ တစ်ခုတော့ရှိပါတယ်။ နာမည်အဖျားစာလုံးကို တနင်္လာနံ ဖြစ်သော….က၊ခ၊ဂ၊ဃ၊င နဲ့မှည့်ခေါ်ထားသူများအဖို့တော့ …နေရေးထိုင်ရေးနဲ့ နေရာထိုင်ခင်း ဆိုင်ရာကိစ္စတွေမှာ အခက်အခဲ အနဲနဲ့အများပေါ်ပေါက်လာတတ်ပါတယ်။ နေရေးထိုင်ရေး အဆင်ပြေချောမွေ့စေရန်အတွက် တနင်္ဂနွေထောင့်မှာ ကြာသာပတေးနံ အပွင့်အခက် တစ်မျိုးမျိုးကို အရေအတွက်ဖြင့် ၁၉ညွန့် တိတိ ကပ်လှုပူဇော်ပေးသင့်ပြီး..ဖြစ်နိုင်ရင်တော့ တနင်္ဂနွေနေ့မှာ .. သံဃာငါးပါးကိုး ဆွမ်းပင့်ဖိတ်ပြီးဆွမ်းကပ်လှုပြီးတဲ့နောက်…အခင်းအကာတစ်မျိုးမျိုးကိုပါတွဲပြီးလှုဒါန်းသင့်ချိန်ပါ။ ထီကံစမ်းလိုသူများအတွက် … ထီကံမဆိုးလှတဲ့ကာလပါ။ အထူးသဖြင့် နာမည်အဖျားစာလုံးကို ပ၊ဖ၊ဗ၊ဘ၊မ နဲ့မှည့်ခေါ်ထားသူများပိုမိုထီကံပွင့် ချိန်လို့ဆိုနိုင်ပြီး၊ ၄၅၇ဝ ဂဏန်းများနဲ့ထီကံစမ်းပါ။ လမ်းသွားရင်းလာရင်းထိုးတာ။ လမ်းမှာလှည့်ပတ်ပြီးသွားလာ လှုပ်ရှားပြီးရောင်းချတဲ့ထီဆိုင်လေးတွေကနေကံစမ်းတာမျိုးပြုလုပ်ပါ။ အနှစ်ချုပ်သုံးသပ်ချက် ။ ။ အကြီးအကဲအဖြစ် အသိမှတ်ပြုခံရတာ၊ လူသိများပြီး ပိုမိုအပေါင်းအသင်းဆန့် လာတာမျိုး ကြုံရမယ့်ကာလဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ စီးပွားရေးရာမှာ အားနည်းချက်များရှိလာတတ်သောကာ လမို့ ဂရုုစိုက်ဖြတ်သန်းဖို့တော့လိုပါမယ်။ အားလုံးချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

မှတ်ချက်။   ။ မေးလ်ထဲမှ တစ်ဆင့်ဖော်ပြရေးသားလိုက်ပါသည်။

6 comments

  • snow

    June 23, 2010 at 1:02 pm

    ဟင် ………..သောကြာအတွက်ပဲလား..
    မတရားဘူး
    တင်တဲ့လူကလဲ
    နေ ့နံအကုန်တင်ပေးပါလား
    တောင်းဆိုပါတယ်

  • snow

    June 23, 2010 at 1:05 pm

    fiber ဆက်ကြောင်းဟာဖတ်လို့ မရဘူး
    ဖတ်လို့ရအောင်ပြန်လုပ်ပေးပါ လား
    သိချင်လို့
    ငါ့တို ့ဆီကfiber ကဘာမှလဲမကြားတော့ဘူး
    ငါတို ့ဆီက ဟာကိုလဲ တင်ပေးပါလား
    ကျေးဇူးတင်ပါတယ်

  • yannaingech

    June 23, 2010 at 2:22 pm

    ဗေဒင်မှတ်လို့ဖတ်တာ…ဟဲ..ဟဲ။ ဗေဒင်မဟုတ်ဘူးပဲ။ သောကြာသား ကို ကျန်းမာရေးကောင်းအောင်ယတျာ မပေးနဲ့နော်။ သူက ဆေးမမှီတော့ဘူး…

  • ghost

    June 23, 2010 at 9:35 pm

    ွှအဲဒီ သောက်ကြာသား အတွက် ယတျာ ကလှေခါး ၁ထင့် ဆင်းရင်ရပြီ

  • SoeLin

    July 10, 2010 at 10:23 am

    ဖြည့်စွက်ချက်။
    တနင်္လာနံနှင့်စသော အမှုကိစ္စများ ဆောင်ရွက်ရကိန်းရှိသည်။
    (ဥပမာ .. ခွေးပြေးဝက်ပြေးပြေးရခြင်း ၊ ခွေးရုူးပြန်ရောဂါရခြင်း၊ ချောင်းရိုက်ခံရခြင်း)

  • mr.dark blood

    August 3, 2010 at 7:38 am

    လောလောဆယ်တော့
    ဒုက္ခနဲ့ကောက်ပေါက်ခံနေရတဲ့ ကောင်ပေ့ါဗျာ။

Leave a Reply